လူငယ် (၄) ဦးကို ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲ ဖမ်းဆီး၍ ငွေညှစ်
Rohingya Eye
RB News
16.2.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ အောက်ရွာမှ အဒူဟာဘဲစ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၃ နှစ်)၊ မာမတ်ရီယာစ် (ဘ) ဦးမူတာရ်အာမတ် (အသက် ၁၅ နှစ်)၊ မာဘူရာမန် (ဘ) ဟာဂျီရှာကဲရ်အာမတ် (အသက် ၁၅ နှစ်) နှင့် မာမတ်အာယာစ် (ဘ) ဦးဘော်ဒူရာမန် (အသက် ၂၀ နှစ်) တို့သည် ည (၉) နာရီအချိန်တွင် ဈေးမှ ပြန်လာနေစဉ် လမ်းတစ်ဝက်တွင် ဘော်ဒူဖာရာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက တွေ့ရှိပြီး စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် လူငယ် (၄) ဦးကို ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲ၍ ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ၎င်းတို့တွင် ပါလာသည့် ငွေကျပ် (၂) သိန်းကို ပေးလိုက်မှ ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ညမထွက်ရ အမိန့်မှာ ည (၁၁) နာရီမှ နံနက် (၄) နာရီ အချိန်ထိ ဖြစ်သော်လည်း၊ နယ်ခြားစောင့်ရဲ များသည် ညအချိန်တွင် လမ်းတွင် တွေ့သူများကို ဖမ်းဆီး၍ ညမထွက်ရ အမိန့်ကို ကျူးလွန်သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်နေခြင်းသည် ဥပဒေကို လိုသလို အသုံးချ၍ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။