နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက ဒေသခံ ရိုဟင်ဂျာများ ထံမှ ငွေညှစ်ရန် နယ်ထိန်း အဖွဲ့ဖွဲ့



Rohingya Eye
RB News
26.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးလင်းလင်းနိုင်သည် ၎င်း၏ လက်အောက်ခံ ကျေးရွာများရှိ ဒေသခံ ရိုဟင်ဂျာများ ထံမှ ငွေညှစ်နိုင်ရေး အတွက် နယ်ထိန်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ 

အဆိုပါ အဖွဲ့သည် ရိုဟင်ဂျာ အများစု နေထိုင်ရာ ရွာများသို့ သွားရောက်၍ ကင်းလှည့်နေစဉ် အတွင်း ဖုန်းကိုင်ဆောင် နေသည့် ရိုဟင်ဂျာများကို တွေ့လျှင် ဘင်္ဂလားဆင်းမ်ကဒ် ထည့်ပေး၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသလို၊ အရောင်းအ၀ယ် လုပ်နေသည့် ရိုဟင်ဂျာများကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ စ၍ အင်တာနက် အသုံးပြုနိုင်သည့် မည်သည့် ဖုန်းကိုမဆို တွေ့ရှိပါက သိမ်းယူရန် (သို့) ဒဏ်ငွေယူရန် အဆိုပါ နယ်ထိန်း အဖွဲ့အား ရဲမှူးလင်းလင်းနိုင်က အမိန့်ပေးထားသဖြင့် ရိုဟင်ဂျာများသည် မြန်မာ့ ဆက်သွယ်ရေး ရုံးမှ ထုတ်ပေးသည့် MPT ဆင်းမ်ကဒ်သုံး ဖုန်းများကို ကိုင်ဆောင်ရန်ပင် အခက်အခဲ ဖြစ်လျက် ရှိနေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရွာကြီးဈေးနှင့် ကပ်လျက် ရှိသည့် ဗလီငယ်တစ်လုံးကို မှတ်ပုံတင်ထားခြင်း မရှိဟု အကြောင်းပြ၍ ဖျက်ဆီးခဲ့သည့် သတင်း အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် အတွက် ရဲမှူးလင်းလင်းနိုင်က ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် နယ်ခြားစောင့်ရဲများ စေလွှတ်၍ အဆိုပါ ဗလီငယ်ကို ထပ်မံ ဖျက်ဆီးခိုင်းခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် သင်္ဘောကွေ့ ကျေးရွာအုပ်စု၊ ခလုံးရွာမှ အန်ဒါတ်အူလ္လာ (ဘ) မော်လ၀ီရှော်ဖီအုလ္လာ (အသက် ၁၈ နှစ်) သည် ညနေ ၄း၃၀ နာရီ အချိန်တွင် ၎င်း၏ အိမ်ရှေ့တွင် ရပ်နေစဉ် အဆိုပါ နယ်ထိန်း အဖွဲ့က စစ်ဆေးခဲ့ရာ ဖုန်းထဲတွင် Youtube မှ ရိုဟင်ဂျာ သတင်းများ တွေ့ရှိသဖြင့် ဖမ်းဆီးသွားကာ ငွေကျပ် (၅) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus