ကျောက်ဖြူမှ မွတ်စလင်များ၏ နေအိမ်များကို မကျူးကျော်ရန် မြို့နယ် အုပ်ချုပ်ရေးမှ ကြေညာချက်ထုတ်
RB News
13.3.2016
ကျောက်ဖြူ ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၌ ၂၀၁၂ ခုနှစ် ပဋိပက္ခ အတွင်း ဒေသခံ မွတ်စလင်များသည် မိမိတို့၏ အိုးအိမ်များ စွန့်ခွာ၍ ဒုက္ခသည် စခန်းများသို့ ပြောင်းရွှေ့ နေခဲ့ရသည်မှာ ယခုဆိုလျှင် လေးနှစ်နီးပါးပင် ရှိတော့မည် ဖြစ်သည်။
ဒေသခံ မွတ်စလင်များ ပိုင်ဆိုင်သည့် မြေနေရာများ၊ နေအိမ်များကို ရခိုင် - ဗုဒ္ဓဘာသာဝင် များက အကြိမ်ကြိမ် ကျူးကျော် ၀င်ရောက် နေထိုင်ရန် ကြိုးစားနေခြင်းကြောင့် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ကျူးကျော် ၀င်ရောက် နေထိုင်သူ များကို ပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က အောက်ပါ အမိန့် ကြေညာစာကို ထုတ်ပြန်ခဲ့သည်။