နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦး ပေါင်းတုတ်ရွာမှ ရေကြီး ဒုက္ခသည်များ စာရင်းသွင်းရန်ဟု ဆိုကာ ငွေကောက်ခံနေ

Rohingya Eye
RB News
15.7.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ အိမ်ခြေ (၁၀၀၃) အိမ်ခြေ ရှိပြီး လွန်ခဲ့သည့် အပတ်က အိမ်ခြေ (၃၀၀) ကျော် ရေကြီးမှုနှင့် ရင်ဆိုင်ခဲ့ရသဖြင့် နီးစပ်ရာ အာရဗီ စာသင်ကျောင်းတွင် ယာယီ ခိုလှုံခဲ့ရသည်။

ယခုရေလျော့နည်းလာသဖြင့် ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်လျက် ရှိနေကြသည်။ ယခုအချိန်ထိ မည်သည့် အဖွဲ့အစည်းမှ အကူအညီ ရရှိခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွန်ကြားချက်ဖြင့် ရာအိမ်မှူး ဦးရှော်ဘိရ်က စာရင်းရေးသွင်းရန်ဟု ဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀) စီ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ UNDP မှ အထောက်အပံ့ဖြင့် တပိုင်တနိုင် လုပ်ငန်းလုပ်နေသည့် အမျိုးသမီး (၂၀) ဦးထံကလည်း စာရင်းသွင်းရန်ဟု ဆိုကာ ငွေကျပ် (၂၀၀) စီ ကောက်ခံနေသည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့သည် ယခင်ကလည်း UNDP မှ ထောက်ပံ့ခဲ့သည့် ငွေအချို့ကို အလွှဲသုံးစား ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။







ဓါတ်ပုံ - မြောက်ဦး ပေါင်းတုတ်ရွာမှ -

Comment ရေးရန်

Rohingya Exodus