April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သရက်အုပ်ဓါးကြီးစားရွာမှ အသက် (၁၈) လ ကလေးအပါအ၀င် ဒေသခံ (၃၀) ကျော် အသတ်ခံရ

MYARF
RB News
15.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာအုပ်စု သရက်အုပ်ဓါးကြီးစားရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ (၃၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာအုပ်စု၊ သရက်အုပ်ဓါးကြီးစားရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပါဝင်သော (၁၀၀) ဦးကျော် ရှိသည့် အဖွဲ့တစ်ဖွဲ့ ၀င်ရောက်ပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ရွာအနောက်ဘက်ရှိ ဆားချက်ကွင်းသို့ ခေါ်သွားကာ အမျိုးသမီးများကို အ၀တ်အစားများ အတင်းချွတ်ခိုင်းပြီး ရိုက်နှက် စစ်ဆေးခဲ့သည့် အပြင် အမျိုးသမီးများ၏ ခေါင်းများကိုလည်း ရွံ့ထဲသို့ နှစ်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် အမျိုးသား (၃၀) ကျော်ကို ဖမ်းဆီးပြီး အချို့ကို သေနတ်ဖြင့် ပစ်သတ်၊ အချို့ကို ဓါးဖြင့် လည်လှီး သတ်ဖြတ်ခဲ့သည်။ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၎င်းတို့ သတ်ဖြတ်ထားသည့် အလောင်းများကို တလင်းမှ ကောက်ရိုးပုံများထဲ ချကာ မီးရှို့ပစ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ထွက်သွားပြီးနောက် အမျိုးသမီးများနှင့် ကလေးများသည် အနီးအနားရှိ ကျေးရွာများသို့ သွားရောက် ခိုလှုံခဲ့ကြကြောင်း သိရှိရပါသည်။

ယနေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် သရက်အုပ်ဓါးကြီးစားရွာသို့ စစ်သားများ ထပ်မံရောက်ရှိလာပြီး နေအိမ် (၁၀၀) ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ပစ်သတ်၊ လည်လှီး သတ်ဖြတ်ခံရသူများမှာ --

(၁) ဦးအာဘူကာလာမ် (ဘ) ဦးရှော်မ်ရှု (အသက် ၂၈ နှစ်)
(၂) ဦးရှောမ်ရှု (ဘ) ဦးဆောဒူရာန် (အသက် ၅၀ နှစ်)
(၃) ဦးအိဇ်ဇောတ်အလီ (ဘ) ဦးအီဆုပ် (အသက် ၂၅ နှစ်)
(၄) ဦးမူဆာအလီ (ဘ) ဦးအီဆုပ် (အသက် ၄၀ နှစ်)
(၅) ဦးရှုနာအလီ (ဘ) ဦးအီဆုပ် (အသက် ၃၅ နှစ်)
(၆) ဦးဆော်ယာဒ်အလီ (ဘ) ဦးအီဆုပ် (အသက် ၃၀ နှစ်)
(၇) ဦးအီဆုပ် (ဘ) ဦးဆော်ဒူရာမန်  (အသက် ၈၀ နှစ်)
(၈) ဦးဂူလာမ်ကာဒိရ် (ဘ) ဦးဂေါ်နူ (အသက် ၂၈ နှစ်)
(၉) ဦးဂေါ်နူ (ဘ) ဦးဆော်ဒူရာမန် (အသက် ၅၀ နှစ်)
(၁၀) ဦးနူရ်အာလောမ် (ဘ) ဦးဆော်ဒူရာမန် (အသက် ၄၅ နှစ်)
(၁၁) အီဗြာဟိမ်း (ဘ) ဦးနူရ်အာလောမ် (အသက် ၂၀ နှစ်)
(၁၂) ဦးမာမတ်ဆာလဲခ် (ဘ) ဦးအဒူလာကိမ်း (အသက် ၃၀ နှစ်)
(၁၃) ဦးမာမတ်ဆီဒိခ် (ဘ) ? (အသက် ၂၇ နှစ်)
(၁၄) ဦးမုစ်တာမတ် (ဘ) ? (အသက် ၄၅ နှစ်)
(၁၅) ဦးလာလူး (ဘ) ဦးနူရ်ဟာရှိမ်း (အသက် ၂၅ နှစ်)
(၁၆) ဦးနူရ်ဟာရှိမ်း (ဘ) ဦးဘော်နီအာမီးန် (အသက် ၄၅ နှစ်)
(၁၇) ဦးဟိုင်ရုလ်အာမီးန် (ဘ) ဦးဟိုရ်ဟူစိန်း (အသက် ၂၅ နှစ်)
(၁၈) ဦးဟိုရ်ဟူစိန်း (ဘ) ဦးနော်ဇိရ်အာမတ် (အသ်က ၄၅ နှစ်)
(၁၉) ဦးအဒူလ်ဟာဘီ (ဘ) ဦးဆော်ဒူရာမန် (အသက် ၃၅ နှစ်) - မသန်စွမ်းသူ
(၂၀) ဦးနူရ်မာမတ် (ဘ) ဦးရာမတ်အုလ္လာ (အသက် ၂၅ နှစ်)
(၂၁) ဦးရာမတ်အုလ္လာ (ဘ) ? (အသက် ၄၂ နှစ်)
(၂၂) ဦးနူရ်မာမတ် (ဘ) ? (ဖားဝပ်ချောင်းမှ အလည်ရောက်နေသူ) -- အပါအ၀င် (၃၀) ကျော် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ဦးနူရ်မာမတ်၏ အသက် (၁၈) လ အရွယ် သားငယ်ကို စစ်သားတစ်ဦးက ခြေထောက်မှ ဆွဲကိုင်၍ သစ်ပင်ကြီးတစ်ပင်၏ အရင်းသို့ လွှဲရိုက်ကာ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus