March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကျောက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံများက ခြိမ်းခြောက်၍ ငွေကြေးများ ကောက်ခံ၊ လူမှောင်ခို လုပ်ငန်းစတင်

RB News
22.11.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ကျောက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ဒေသခံ ပြည်သူများကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် လူများ ဖမ်းနိုင်ဖွယ် ရှိသောကြောင့် စစ်ကြောင်းမှူး၊ တပ်ရင်းမှူးတို့ အတွက်ဟု ဆိုကာ ရွာသားများထံမှ ငွေကျပ် သိန်း ၃၀ ကောက်ခံခဲ့သည်။ ယင်းငွေမှ စစ်ကြောင်းမှူးနှင့် တပ်ရင်းမှူး တို့ကို ငွေကျပ် သိန်း ၁၀ ပေးခဲ့ကြောင်း သိရှိရသည်။ လိပ်ရမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးကို ငွေကျပ် ၅ သိန်း ပေးပြီး၊ ကျန်သည့် ၁၅ သိန်းမှာ ၎င်း၏ လက်ထဲတွင် ရှိသည်ဟု ရွာသားများကို အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကျန်သည့် ငွေများကို ရွာသားများက ပြန်ပေးရန် တောင်းခံသည့် အခါ အမျိုးမျိုး ခြိမ်းခြောက်ကြောင်း၊ ရွာသား အချို့က မတတ်နိုင်သည့်ကြားက ပေးခဲ့ရသောကြောင့် ၎င်းတို့ စားဝတ်နေရေး အတွက် ပြန်လည် ရယူလိုကြောင်း၊ လုပ်ကိုင်စားသောက်ရန် ခက်နေသည့် အချိန်တွင် မိမိတို့၏ ငွေများ ပြန်မရသည့် အတွက် အခက်အခဲ ကြုံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅) ရက်နေ့ကလည်း လိပ်ရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူး ရဲမှူးပြည်ဖြိုးအောင်က ကျောက်ချောင်း ကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖိ လူကြီး ၂၀ ဦးကို အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးမှ တဆင့် အစည်းအဝေး တက်ရန် ဆင့်ခေါ်ခဲ့သည်။ ရပ်မိရပ်ဖများက အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အစည်းအဝေးသို့ မသွားဘဲ အုပ်ချုပ်ရေးမှူးမှ တဆင့် ငွေကျပ် နှစ်သိန်းစီ - စုစုပေါင်း ငွေကျပ် သိန်း ၄၀ ပေးရန် အုပ်ချုပ်ရေးမှူးက တဆင့် ပေးခဲ့သည်။ သို့သော်လည်း နယ်မြေမှူးက ငွေကို လက်မခဲ့ဘဲ အုပ်ချုပ်ရေးမှူးကို ငွေပေးထားသူများကို ပြန်ပေးရန် မှာကြားခဲ့သည်။ 

ငွေပြန်လိုက်သည့် သတင်းကို သက်ဆိုင်သူများက သိရှိသောအခါ အုပ်ချုပ်ရေးမှူး ထံမှ ပြန်တောင်းသော်လည်း ပေးပါမည်၊ နယ်မြေမှူးက လက်ခံလာအောင်သာ ပြောကြားခဲ့သည်။ ငွေပေးထားသူများကလည်း နယ်မြေမှူးကို ကြောက်လန့်ပြီး အုပ်ချုပ်ရေးမှူး ပြောသမျှကို ခေါင်းညိတ်ခဲ့ရသည်။ နယ်မြေမှူးက ငွေပြန်မပေးသေးသည့် သတင်းကို ရရှိသွားပြီး အုပ်ချုပ်ရေးမှူးထံ လူလွှတ်၍ ပြောဆိုသောအခါ အုပ်ချုပ်ရေးမှူးက နယ်မြေမှူးကို သတင်းပို့သူအား စုံစမ်းပြီးနောက် နယ်မြေမှူးထံသို့ နိုဝင်ဘာလ (၂၀) ရက်နေ့က မဟုတ်မမှန်သည့် အစီရင်ခံစာများ ပေးပို့ခဲ့သည်။

“၁၂ ရက်နေ့ နောက်ပိုင်းမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို ပွဲစားတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ငွေယူပြီး ပို့ပေးနေတာတွေ ရှိတယ်။ အဲဒါကို အုပ်ချုပ်ရေးမှူးက သူတစ်ဦးတည်း လုပ်ချင်တော့ ရွာသား ပွဲစားတွေကို လူပို့ချင်ရင် သူ့ကို တစ်ယောက်အတွက် ငွေ ၁၀ သိန်းစီ ပေးရမယ်ဆိုပြီး တောင်းတယ်။ ပွဲစားတွေကို ဆယ်သိန်းစီ မပေးနိုင်ရင် မလုပ်နဲ့ဆိုပြီး တားပေမယ့်လည်း ပွဲစားတွေက သူ့စကားနားမထောင်ကြဘူး။ အဲဒီတော့ ၂၀ ရက်နေ့မှာ နယ်မြေမှူးဆီကို ရွာသားတွေက တဖက်နိုင်ငံကို လူမှောင်ခို လုပ်နေတယ် ဆိုပြီး အစီရင်ခံစာ တင်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အစီရင်ခံစာ တင်ပြီးနောက် နယ်မြေမှူးက ရေတပ်မှ အရာရှိထံ ဖုန်းဆက်၍ နတ်မြစ်တစ်လျှောက် လှည့်ကင်းချထားရန် မှာကြားထားသောကြောင့် ယင်းနေ့ညတွင် လူပေါင်း ၅၀၀ နီးပါး တဖက်နိုင်ငံသို့ မကူးနိုင်ဘဲ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ အစီရင်ခံစာ တင်ရခြင်းမှာလည်း ပွဲစားအလုပ်ကို ၎င်းကိုယ်တိုင် လုပ်ချင်သည့် အတွက် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး များကို တဖက်နိုင်ငံသို့ သွားချင်သူများကို ငွေကျပ် ၂၅၀၀၀ ဖြင့် ပို့ပေးမည်ဟု ဆိုကာ ဒေသခံများကို လိုက်လံ စည်းရုံးခိုင်းခဲ့သည်။ ငွေကျပ် ၂၅၀၀၀ တွင် ရဲမှူးအတွက် ငွေကျပ် ၁၀၀၀၀၊ လှေပွဲစား အတွက် ငွေကျပ် ၁၀၀၀၀ နှင့် အုပ်ချုပ်ရေးမှူး အတွက် ၅၀၀၀ ဖြစ်ကြောင်း စည်းရုံးသူများက ပြောဆိုကြောင်း သိရှိရသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးသည် အခြေအနေကို အခွင့်ကောင်းယူ၍ ရွာသားများထံမှ ငွေညှစ်လျက် ရှိသည့် အပြင် ဒုက္ခရောက်နေသူ များနှင့် စီးပွားရှာရန်ပင် ပြုလုပ်နေသဖြင့် သက်ဆိုင်ရာမှ အရေးယူပေးရန် ဒေသခံများက တောင်းဆိုသည်ဟု ပြောပါသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus