March 16, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

ကျားခေါင်းတောင်နှင့် မျောတောင်မှ ရိုဟင်ဂျာ အမျိုးသမီး အများအပြား မုဒိမ်းကျင့်ခံရ၊ အမျိုးသားများကို ဖမ်းဆီးထား

MYARF
RB News
21.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအုပ်စုနှင့် မျောတောင် ကျေးရွာအုပ်စုတို့မှ ရိုဟင်ဂျာ အမျိုးသမီး အများအပြား မုဒိမ်းကျင့်ခံရပြီး၊ အမျိုးသား ၂၅ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား ၂၀၀ ဦးခန့်သည် ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်လာပြီး အစည်းအဝေးပြုလုပ်ရန် ရှိကြောင်း၊ ရွာသားများကို ဖမ်းဆီးရန် မဟုတ်ကြောင်း အသံချဲ့စက်ဖြင့် အော်ခဲ့သည်။ သို့သော်လည်း အမျိုးသားများသည် ဖမ်းဆီး ရိုက်နှက်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့ကြသည်။ စစ်သားများက ရွာအတွင်းရှိ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီးများကို ရွာ၏ လယ်ကွင်းတစ်နေရာတွင် စုဝေးစေခဲ့ပြီး နေ့လည် (၃) နာရီခန့်တွင် အမျိုးသမီးများကို နေအိမ်များသို့ ပြန်စေခဲ့သည်။ 

ညနေ (၅) နာရီခန့်တွင် စစ်သားများသည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ စစ်ဆေးရန်ဟု ဆိုကာ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်သည့် အပြင် အမျိုးသမီး အချို့ကို မုဒိမ်းကျင့်ခဲ့သည်။ ရွာအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အချို့ကိုလည်း ရိုက်နှက်ခဲ့သည်။ 

ကျားခေါင်းတောင် ကျေးရွာအုပ်စု၊ တောင်ရွာရှိ အုပ်ချုပ်ရေးမှူး ဦး ----- ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ၎င်း၏ ဇနီး၊ သမီးပျိုတစ်ဦးနှင့် အိမ်ဖော် မိန်းမပျိုနှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။ 

နေအိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးစဉ် တွေ့ရှိခဲ့သော အမျိုးသား (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ နေ၀င်သည့် အချိန်တွင် အမျိုးသမီးများကို နေအိမ်များ အတွင်းမှ ပြန်ထွက်ခိုင်းကာ ည ၁၁ နာရီ အချိန်ထိ လယ်ကွင်းပြင်တွင် စုထားခဲ့သည်။ ထိုနေရာမှ အမျိုးသမီး အချို့ကို ခေါ်ထုတ်သွားပြီး မုဒိမ်းကျင့်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော် သိရသလောက် အနည်းဆုံး အမျိုးသမီး ၅၀ လောက် မုဒိမ်းကျင့်ခံရတယ်။ အမျိုးသား ၂၅ ယောက် ဖမ်းခံထားရတယ်။ သူတို့ကို အခုထိ ချုပ်နှောင်ထားဆဲပါ။ စစ်သားတွေကတော့ အခုထိ မပြန်သေးဘူး” ဟု အဆိုပါ ဒေသခံက ယနေ့ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီခန့်တွင် ပြောပါသည်။ 

ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် ကျားခေါင်းတောင်၊ တောင်ရွာမှ ဦးအာမီးရ်ဟူစိန်း၏ နွားထီးကြီး တစ်ကောင်ကို စစ်သားများက သတ်ဖြတ်၍ ချက်ပြုတ် စားသောက်ခဲ့သည်။ ရွာအတွင်းမှာ ဆိုင်ကယ်ငါးစီး၊ ဆိုလာပြားများနှင့် အခြားသော တန်ဖိုးရှိ ပစ္စည်းများ လုယက်ထားသည်ဟု သိရှိရသည်။

ယနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် နွားထီးကြီး လုယက်ခံရသူ ဦးအာမီးရ်ဟူစိန်း၏ နေအိမ်နှင့် ဆာမွန်နာရွာမှ နေအိမ်အချို့ကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။

အလားတူ ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မျောတောင် ကျေးရွာအုပ်စု ကို စစ်သား ၃၀၀ ကျော်က ၀န်းရံ ပိတ်ဆို့ စစ်ဆေးခဲ့သည်။ ရွာအတွင်း အမျိုးသားများ မရှိသဖြင့် မတွေ့ရှိခဲ့သော်လည်း သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်း ဖြစ်နေသည့် အမျိုးသားများကို ရိုက်နှက်ခဲ့သည်။ ညပိုင်းတွင် အမျိုးသမီးများကို ရွာလယ်တွင် စုထားခဲ့ပြီး၊ အမျိုးသမီး အချို့ကို ခေါ်ထုတ်သွားကာ မုဒိမ်းကျင့်ခဲ့ကြောင်း၊ စစ်သားများမှာ ယခုအချိန်တွင် ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus