နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲများနှင့် စစ်သားများက ရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖြိုဖျက်နေသည့် ဗီဒီယိုထွက်လာ



RB News
22.1.2017

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာတွင် ဒေသခံရိုဟင်ဂျာများကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုထွက်ပေါ်ပြီးနောက် ယနေ့ ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖြိုဖျက်နေသည့် ဗီဒီယိုတစ်ခု ထွက်လာသည်။

ယခုထွက်လာသည့် ဗီဒီယိုမှာ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာတွင် ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ပြီး၊ မည်သည့်နေ့ရက်တွင် ရိုက်ကူးထားသည်ကို စုံစမ်းနေဆဲဖြစ်သည်။

ဗီဒီယိုအပြည့်အစုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။




Comment ရေးရန်

Rohingya Exodus