March 17, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ဓါးပြတိုက်ခဲ့သည့် ကျီးကန်းပြင်ရွာသားများ၏ ကျွဲ၊ နွားများကို ပိုင်ရှင်များက တောင်းသော်လည်း ပြန်မပေး

(ဓါတ်ပုံ - AP)


RB News
1.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဩဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့၌ မီးရှို့ခဲ့ပြီး အဆိုပါကျေးရွာသူကျေးရွာသားများ၏ ကျွဲ၊ နွား များကိုလည်း ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့သည်။

ထိုသို့ ဓားပြတိုက်လုယက် သွားခဲ့သည့် ကျွဲ၊ နွား များထဲတွင် ကျီးကန်းပြင်တောင်ရွာမှ ၁။ ဦးဒိလ်မာမတ်၊ ၂။ ဦးအီမာန်ဟူးဆောင်း နှင့် ၃။ ဦးဘော်ရှောရ်တို့ သုံးဦးပိုင်ဆိုင် ကျွဲ၊ နွား (၄၅) ကောင်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး သူရစန်းလွင်၏ အမာခံလူများဖြစ်ကြသည့် ရွှေဇားကျေးရွာမှ ဦးရွှေမောင်နှင့် လိပ်ရကျေးရွာမှ ဦးကာသိမ်းတို့ကို အပ်ထားခဲ့သည်။

ထိုသို့ အပ်ထားသည်ကို ကြားသိ၍ ကျွဲ၊ နွား ပိုင်ရှင်များ၏ ဆွေမျိုးများက စက်တင်ဘာလ (၂၉) ရက်နေ့တွင် ဦးရွှေမောင်နှင့် ဦးကာသိမ်းတို့ထံ သွားရောက်၍ ၎င်းတို့၏ ကျွဲ၊ နွား များကို ပြန်ပေးရန်တောင်းဆိုခဲ့သည်။ သို့သော် ဦးရွှေမောင်နှင့် ဦးကာသိမ်းတို့က ၎င်း ကျွဲ၊ နွားများကို ကွပ်ကဲရေးမှူးက အပ်ထားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်ပေး၍ မရကြောင်း ဖြေဆိုခဲ့သည်။

"သူတို့က လယ်သမားကြီးတွေ၊ အိမ်တွေဘာတွေလည်း အကုန် မီးရှို့ခံရတာ၊ ကျွဲ နွားတွေလည်း အလုခံရတယ်၊ ဘာဆိုဘာမှမကျန်တော့တာ၊ ဒီတော့ သူတို့ခမျာ သူတို့ရဲ့ ကျွဲ နွားတွေ ပြန်ရမလား ဆိုပြီး သွားတောင်းတာ၊ ဟိုက ကွပ်ကဲရေးမှူးနဲ့ကိုင်ပြောတော့ သူတို့ခမျာ မရဘဲ ပြန်လာရတယ်ပေါ့နော်" ဟု ကျွဲ၊ နွားပိုင်ရှင်များနှင့် နီးစပ်သူတစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျွဲ၊ နွား များကို စက်တင်ဘာလ (၃၀) ရက်နေ့တွင် ရွှေဇားကျေးရွာမှ တဆင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့ရောင်းချလိုက်သည်ဟု ဒေသခံများက ပြောပါသည်။

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် မြန်မာအစိုးရ၏ လက်နက်ကိုင်များက ရိုဟင်ဂျာများ၏ အိမ်များကို လာရောက်မီးရှို့မှုကြောင့် ဒေသခံရိုဟင်ဂျာများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့၏ အိမ်မွေး တိရစ္ဆာန်များ၊ ဥစ္စာပစ္စည်းများကို အာဏာပိုင်များနှင့် အစွန်းရောက်ရခိုင်များက လုယက်ယူဆောင် သွားခဲ့သည်။ လုယက်ထားသည်များထဲမှ ပစ္စည်းအချို့ကို ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ရန် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့ရောင်းချချင်သည်များကို ကွပ်ကဲရေးမှူးက ၎င်းနှင့်နီးစပ်သည့် ရိုဟင်ဂျာများကို ပြန်၍ အသုံးချသည်ဟု အဆိုပါဒေသခံက ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus