နောက်ဆုံးသတင်း/ဆောင်းပါးများ

စုပေါင်း၍ ဘာသာရေးစာ ဖတ်ပြီး တရားအားထုတ်နေသူများကို ရဲများက ဖမ်းဆီး၍ ငွေညှစ်

RB News
9.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု တောင်ရွာရှိ နေအိမ်တစ်အိမ်တွင် စုပေါင်း၍ ဘာသာရေးစာ ဖတ်နေသူများကို ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၉) ရက်နေ့ နံနက် ၁၀း၃၀ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု တောင်ရွာရှိ ဒေသခံရိုဟင်ဂျာ တစ်ဦး၏ နေအိမ်တွင် ရွာသားအချို့ စုပေါင်း၍ ဘာသာရေးစာ ဖတ်၍ တရားအားထုတ်နေကြစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့သည်။ 

စုပေါင်း၍ ဘာသာရေးစာ ဖတ်၍ တရားအားထုတ်နေသူ (၈) ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို နေ့လည် (၁) နာရီခွဲ အချိန်တွင် ငွေကျပ် ၅ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဖမ်းဆီးခံရသူများမှာ --

(၁) ဦးနူရ်ဟူဆောင်း
(၂) ဟာဘေဇုလ်လ္လာ (ဘ) ဦးနူရ်ဟူဆောင်း
(၃) ဦးအုမောရ် (ဘ) ဦးမာမတ်နော်ဆိမ်း
(၄) ဦးမာမတ်ဖိုက်ဆဲလ် (ဘ) ဦးအဗ်ဒူမူနာဖ် 
(၅) ဦးဟာဖီးဇ် အဗ်ဒုလ်ကူဒူစ် (ဘ) ဦးနူရ်မာမတ်
(၆) ဦးနော်ဇူမျာ 
(၇) ဦးအာနိုဝါရ်ဆာဒဲခ်
(၈) ဦးအီနုစ် -- တို့ဖြစ်ကြသည်။ 



Comment ရေးရန်

Rohingya Exodus