ခရီးသွားဖို့ လျှောက်ထားရမယ့် ပုံစံ (၄) ဆိုတာ ဘာလဲ?
ပုံစံ (၄) (Form - 4) ဆိုတာ ယာယီခရီးသွားလာခွင့် လက်မှတ်လို့ အဲဒီစာရွက်ရဲ့ အပေါ်ဆုံးမှာ ရေးထားတယ်။ လ.၀.က ကျင့်ထုံး ဥပဒေ ပုဒ်မတွေနဲ့ ရုံးတွင်း စာတွေမှာတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် လက်မှတ်လို့ ဆိုပါတယ်။ လ.၀.က ရုံးကနေ ရယူရတာဖြစ်ပြီး၊ ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး ထုတ်ပေးတာ ဖြစ်တယ်။
ပုံစံ (၄) သက်တမ်း ကုန်သွားရင် သက်ဆိုင်ရာ လ.၀.က ရုံးကို ကိုယ်တိုင်သွားပြီး အချိန်မီ အပ်နှံပြီး လျှောက်ထားတုန်းက အပ်နှံထားခဲ့ရတဲ့ မှတ်ပုံတင်မူရင်းကို ပြန်လည် ထုတ်ယူရတယ်။ သက်တမ်းကုန်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်နှစ်ရက် အတွက် သွားမအပ်နိုင်ရင် အချိန်မီ လာရောက် မအပ်နှံတဲ့အတွက်ဆိုပြီး အပ်ထားခဲ့တဲ့ မှတ်ပုံတင်ကို ပြန်ထုတ်မပေးဘူး။ အချို့ကို ဒဏ်ငွေယူပြီး ပေးပေမယ့်လည်း အချို့ကို လုံးဝ ပြန်မပေးတော့ဘူး။ ဒါကလည်း ငွေညှစ်နိုင်ဖို့ အတွက် အသင့်ရှိနေတဲ့ ပွဲစားတွေကနေ တဆင့် ချဉ်းကပ်လာအောင် အကွက်ဆင်ထားတာပါ။
စာရေးသူ ရခိုင်စကား၊ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်တယ်။ အာဏာပိုင်တွေ မတရားလုပ်ရင် လွယ်လွယ်နဲ့ ခေါင်းမညိတ်ဘူး။ ပိုက်ဆံမတရားတောင်းရင်လည်း အပြန်အလှန်ပြောပြီး မပေးဘူး။ ရိုဟင်ဂျာအများစုက ကြောက်တာရယ်၊ အပြန်အလှန် စကားမပြောဝံ့တာရယ်ကြောင့် ပိုပြီးခံရတယ်။
နိဂုံးအနေနဲ့ အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးက စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး၊ မျက်စိနဲ့ အကြိမ်ကြိမ် မြင်ခဲ့တာတွေကို ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာတွေကို မယုံရင် မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်ပါလို့ ထပ်ပြောချင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
အထက်မှာ ဖော်ပြရေးသားခဲ့တာတွေ အားလုံးက ခရိုင်အတွင်း ခရီးသွားလာရင် ကြုံရတဲ့ အခက်အခဲ ဒုက္ခတွေ ဖြစ်ပါတယ်။ ခရိုင်ခြား၊ ပြည်နယ်ကျော်ဆိုရင် ဒီထက် အဆင့်တွေ အများကြီး လုပ်ရတယ်။
ပုံစံ (၄) ဆိုတာ သက်တမ်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သက်တမ်းကို တစ်ခါမှာ (၄၅) ရက်၊ (၃၀) ရက်၊ (၁၄) ရက်၊ (၇) ရက်၊ (၃) ရက်နဲ့ တစ်ရက် စသည်ဖြင့် အချိန်နဲ့ နေရာ၊ အခြေအနေပေါ် မူတည်ပြီး ထုတ်ပေးတယ်။ ရုံးပိတ်ရက်တွေမှာ ထုတ်မပေးတာကြောင့် တကယ်လို့ တနင်္လာနေ့ မနက်ပိုင်း သွားချင်ရင် သောကြာနေ့ ကတည်းက ကြိုတင်လုပ်ထားရတယ်။ မောင်တောခရိုင် လ.၀.က ရုံးတွေ မနက်အစောပိုင်းကတည်း ဖွင့်ပေမယ့်လည်း ၀န်ထမ်းတွေကတော့ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရုံးတက်ကြတယ်။
အရင်တုန်းက ရက်ပေါင်း (၃၀) ထိခွင့်ပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ (၁၄) ရက်ထိသာ ပေးတယ်။ အခြေအနေအရ ပုံစံ (၄) ကို ယာယီရပ်ဆိုင်းတာ၊ ရက်အကန့်အသတ် လုပ်တာလည်း ရှိတယ်။ ဥပမာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်တုန်းက ပုံစံ (၄) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ပြီး၊ အခြေအနေ တည်ငြိမ်လာမှ ၁ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက် စသည်ဖြင့် အဆင့်ဆင့် ထုတ်ပေးခဲ့တယ်။
ခရိုင်တွင်း ပုံစံ (၄) သက်တမ်းရှိနေရင် အကြိမ်ကြိမ် သွားလာခွင့် ရှိပေမယ့်လည်း ခရိုင်ကျော်၊ ပြည်နယ်ကျော်ဆိုရင် သက်တမ်း (၄၅) ရက် ဆိုရင်လည်း တစ်ကြိမ်သာ သွားလာခွင့်ပြုတယ်။
လေးစားအပ်တဲ့ စာဖတ်သူများခင်ဗျား ..
စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပုံစံ (၄) အကြောင်းရဲ့ အပိုင်းများအားလုံးက မြန်မာအစိုးရ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက် ဖိနှိပ်နှိပ်စက်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ စာဖတ်သူအနေနဲ့ ဒီစာဖတ်အပြီးမှာ ခေတ်အဆက်ဆက် မတရားနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာမိရင် ကျွန်တော် ဒီစာရေးရကျိုး နပ်ပါပြီ။
စာရေးသူက ဘူးသီးတောင်မြို့က ဖြစ်ပြီး ပုံစံ (၄) ကို ၂၀၀၅ ခုနှစ်ကစပြီး စတင်ကိုင်ဆောင်ခဲ့ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်နယ်ကျော် ရန်ကုန်ထိ ပုံစံ (၄) နဲ့ ခရီးသွားလာခဲ့ဖူးသူတစ်ဦး ဖြစ်တော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ အချိန်နဲ့ ငွေကြေး၊ ဒုက္ခသုခ စတာတွေကို ရှင်းလင်းတိကျစွာ အပိုင်းခွဲပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဖော်ပြပေးမယ့် အပိုင်းတွေကတော့ --
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း -- တို့ဖြစ်ပါတယ်။
အခု တစ်ပိုင်းချင်းစီ ရေးပြပါမယ်။
(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
အဓိက ပါဝင်တဲ့ အချက်အလက်တွေကတော့ --

- အမည်၊
- အဘအမည်၊
- မှတ်ပုံတင်နံပါတ်၊
- ကျား/မ၊
- မွေးသက္ကရာဇ်၊
- နေရပ်လိပ်စာ၊
- ခရီးသွားလိုသည့်နေရာ/ဒေသ၊
- ခရီးသွားလိုသည့်ကိစ္စ၊
- တည်းခိုမည့်လိပ်စာ
- ခွင့်ပြုရက်ပေါင်း၊ (မှ အထိ)
- ဓာတ်ပုံကပ်ရန်နေရာ၊
- အသိသက်သေနှစ်ဦး၊ (သူတို့၏မှတ်ပုံတင်နံပါတ်နဲ့ လိပ်စာလည်းပါ)
- သက်တမ်းကုန်ဆုံးကလူကိုယ်တိုင်ပြန်လည်အပ်နှံရမည့်မှတ်ချက်၊
- ရုံးတွင်းဖြည့်ရတဲ့အချက်များ (ဒါကရုံးမှတ်တမ်းအတွက် သက်ဆိုင်ရာရုံးက ဖြည့်ရတာဖြစ်တယ်) စသည်
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
အဓိကလိုအပ်သောအထောက်အထားတွေကတော့
- ပြစ်မှုကင်းရှင်းကြောင်း ရ.ယ.က ထောက်ခံချက် (အသိသက်သေနှစ်ဦးပါရ)
- ပတ်စ်ပို့ဒ် ဓာတ်ပုံ (၂ ပုံ သို့ ၃ ပုံ)
- မှတ်ပုံတင်ကဒ်မူရင်း/မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ

ပုံစံ (၄) ဆိုတာ တစ်ခုနဲ့ တစ်ခု မတူဘူး။ ခရီးစဉ်အလိုက် ပုံစံ (၄) ရဲ့ process ကွဲပြားတယ်။ ဘူးသီးတောင်ကနေ မောင်တော - ခရိုင်အတွင်း ခရီးသွားလိုရင် process တစ်မျိုး၊ ခရိုင်မတူရင် (ဘူးသီးတောင်ကနေ စစ်တွေ၊ မောင်တောကနေ စစ်တွေ) သွားလိုရင် တစ်မျိုး၊ ပြည်နယ်အဆင့် / ပြည်နယ်ကျော် (ရခိုင်ပြည်နယ် မြို့နယ် တစ်မြို့နယ်ကနေ အခြားပြည်နယ်/တိုင်းရှိ မြို့နယ်တွေကို) သွားလိုရင် process တစ်မျိုး - စသည်ဖြင့် အမျိုးမျိုး ရှိတယ်။
ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ခရိုင်အတွင်း သွားလိုရင် မြို့နယ် လ.၀.က ဦးစီးမှူးက ထုတ်ပေးနိုင်ပေမယ့် ပြည်နယ်ကျော် (ဥပမာ ရန်ကုန်သွားလိုရင်) ပြည်နယ် လ.၀.က မှူးက ထုတ်ပေးခွင့် မရှိဘူး။ နယ်လုံ ၀န်ကြီးနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက ခွင့်ပြုချက် အဆင့်ဆင့် ပေးမှသာ ပြည်နယ် လ.၀.က ရုံးက ထုတ်ပေးခွင့် ရှိတယ်။ လုပ်ဆောင်ပုံတွေက အရမ်းရှုပ်ထွေးပြီး အချိန်လည်း အများကြီး လိုပါတယ်။
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(ခရိုင်အတွင်း ခရီးသွားလာရန် အတွက် လိုအပ်တဲ့ အထောက်အထားများကိုသာ ဖော်ပြပေးသွားမှာပါ)
- ပြစ်မှုကင်းရှင်းကြောင်း ရ.ယ.က ထောက်ခံချက် (အသိသက်သေနှစ်ဦးပါရ)
- ပတ်စ်ပို့ဒ် ဓာတ်ပုံ (၂ ပုံ သို့ ၃ ပုံ)
- မှတ်ပုံတင်ကဒ်မူရင်း/မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ
- ပုံစံ (၄) လျှောက်ထားချိန်မှာ သက်ကြီးရွယ်အိုမရွေး လူကိုယ်တိုင် လျှောက်ထားရ (ကျန်းမာရေး မကောင်းလို့ လူကိုယ်တိုင် မသွားနိုင်လျှင် မြို့နယ် ဆရာဝန် ထောက်ခံစာ ပါရတယ်)
မှတ်ချက် ။ ။ ဒီအဆင့်ထိ ရ.ယ.က အုပ်ချုပ်ရေးမှူးကို ပေးရတာ၊ မိတ္တူဖိုးနဲ့ ဓါတ်ပုံဖိုးသာ ကုန်ပါတယ်။
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း (လ.၀.က ရုံးထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ)

အပိုင်း (၃) မှာ ဖော်ပြထားတဲ့ အထောက်အထားတွေကို paper clip နဲ့ စနစ်တကျညှပ်ပြီး စာရွက်ကြားထဲမှာ တိရစ္ဆာန်ပုံပါတဲ့ စာရွက်လေးတွေကို ထည့်ပေးရတယ်။ ပြီးမှာ ရုံးမှာ လျှောက်လွှာလက်ခံတဲ့ ၀န်ထမ်းကို သွားပေးရတယ်။ ချက်ချင်း လက်ခံချင်မှ လက်ခံတယ်။ အချို့ကို တမင်အချိန်အကြာကြီး စောင့်ခိုင်းတယ်။ စစ်ဆေးပြီး အထောက်အထား မပြည့်စုံရင် (သို့မဟုတ်) အလိုမကျဖြစ်ရင် ချက်ချင်း ပြန်ပေးတယ်။ ဒီနေရာမှာ ခြင်္သေ့၊ ဆင်တွေလို တိရစ္ဆာန်ပုံပါတဲ့ စာရွက်တွေက အဓိက အထောက်အထား ဖြစ်သွားတာပါ။
ဝန်ထမ်းက မျိုးချစ်၊ လျှောက်ထားသူက ရခိုင်စကားမပီ (သို့မဟုတ်) မုတ်ဆိတ်နဲ့ဆိုရင်၊ နယ်ဘက်က ဖြစ်နေရင် တိရစ္ဆာန်ပုံပါ စာရွက်တွေ မပါမဖြစ်ပါရတယ်။ မပါဘူးဆိုရင် အထောက်အထား စာရွက်အတွဲလိုက်ကို လျှောက်ထားသူရဲ့ မျက်နှာကို ပေါက်ပြီး ဆဲလွှတ်လိုက်တာမျိုးလုပ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် လွတ်သွားတာမျိုး မရှိဘူး။
ရိုဟင်ဂျာအများစုက ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်လွဲဖို့ အတွက် ရုံးပတ်ဝန်းကျင်မှာ အသင့်ရှိနေတတ်တဲ့ ပွဲစားတွေကို ချဉ်းကပ်ရတယ်။ ပွဲစားလက်ထဲ ငွေပေးပြီး အပ်လိုက်ရင် အဆူအငေါက်၊ ရိုင်းပျစွာ ဆက်ဆံမခံရတော့တဲ့ အပြင် အထောက်အထား မပြည့်စုံရင်လည်း အဆင်ပြေသွားတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ရုံးနားမှာ စောင့်နေရုံပဲ။ အင်မတန်လူမှုရေးရှိပြီး အထောက်အထားမစုံလည်း တာဝန်ခံပြီး လုပ်ပေးတဲ့ ပွဲစားတွေက ထိုင်စောင့်နေတဲ့ နေရာကို ရှာဖွေပြီး ပြန်လာပေးတယ်။
အဲလိုအချိန်မှာ အခြားလူတွေ ဘယ်လိုခံစားရလဲဆိုတာတော့ မသိဘူး။ စာရေးသူအနေနဲ့ ပုံစံ (၄) လက်ထဲရောက်လာရင် ရုတ်တရက် အမေရိကားတို့ ဥရောပနိုင်ငံတွေ သွားခွင့်ရသလို ကြည်နူးသွားမိတယ်။ ဒီလိုခံစားချက်မျိုးကို ပုံစံ (၄) ကိုင်ပြီး စစ်တွေတက္ကသိုလ်မှာ တက်ဖူးတဲ့ မောင်တောခရိုင်က ရိုဟင်ဂျာကျောင်းသား/သူတွေ သိကြမှာပါ။
အမှန်တကယ် သွားခွင့်ရတာက ခရိုင်အတွင်း မောင်တောမြို့အထိပါ။ ကားနဲ့ ၄၅ မိနစ်လောက်သာ သွားရတဲ့ခရီး .. ဒီနေရာ စာဖတ်သူတွေက ကျွန်တော်က စိတ်ခံစားချက်နဲ့ရေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖြစ်ရပ်တွေကလည်း ဇတ်လမ်းဆန်သလို ဖြစ်နေတယ်။
စာဖတ်သူများအနေနဲ့ မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်နိုင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးထားတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကို မျက်နှာစာမှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ရုံးတွေဆိုရင် ရိုဟင်ဂျာတွေကို လူလို မဆက်ဆံတဲ့ ရုံးတွေ ဖြစ်တယ်။ တစ်ချို့ရိုဟင်ဂျာတွေဆိုရင် လ.၀.က ရုံးသွားဖို့ ဆိုရင် ကျားမြီးဆွဲရတာထက် ပိုကြောက်ကြတယ်။
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
ပုံစံ (၄) ရောက်လာပြီကွ အခု ခရီးသွားဖို့ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူးလို့ ဘ၀လေမြင့်ခဲ့သူတွေ အများကြီး .. မနက် (၁၀) နာရီလောက် လ.၀.က ရုံးကနေ ကားဂိတ်ကို တန်းသွားပြီး အရင်ဆုံး ထွက်မယ့် ကားတစ်စီးပေါ်တက်လိုက်တယ်။ ကားဂိတ်က ဘူးသီးတောင် မြို့မဈေး ရှေ့တည့်တည့်မှာပါ။ ကားထဲမှာ ထိုင်ပြီးမှ ရုတ်တရက် သတိဝင်လာလို့ ပုံစံ (၄) ကို မိတ္တူ ပြေးဆွဲရတယ်။
ဘူးသီးတောင် - မောင်တော ကားလမ်း (၁၆) မိုင် တစ်လျှောက်မှာ ရိုဟင်ဂျာ စစ်ဆေးရေး စခန်း (၃) ခု ထက် မနည်း ပုံမှန်ရှိတယ်။ ဌာနပေါင်းစုံ ရှောင်တခင် စစ်ဆေးရေး လမ်းမှာ မကြာခဏ ကြုံရတာ မပါဝင်ဘူး။ ကားထွက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ဘူးသီးတောင် (၆) မိုင် တံတာရောက်ရင် ကားရပ်တယ်။ ရိုဟင်ဂျာတွေချည်း ဆင်းခိုင်းတယ်။ အဲဒီတံတားမှာ ရှိတဲ့ ရဲတွေနဲ့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေကို ပုံစံ (၄) သွားပြရတယ်။
ရဲတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပုံစံ (၄) ကို ယူပြီး ဟိုဟိုဒီဒီမေး .. ပုံစံနဲ့ တိုက်ဆိုင်ကြည့်တယ်။ တကယ်တမ်း သူတို့နဲ့ ဘာမှမဆိုင်ဘူး။ လ.၀.က၊ မ.က.ဖ စတဲ့အဖွဲ့အစည်းတွေနဲ့သာ ဆိုင်တာ။ ကားပေါ်က ဆင်းပြီး ပုံစံ (၄) မပြရင် ဒါမှမဟုတ် ပုံစံထဲမှာ တစ်ခုခု လွှဲချော်နေရင် ဘာဖြစ်မလဲဆိုတာ စာဖတ်သူတွေ မှန်းဆလို့ရမှာပါ။
အဲဒီဂိတ်ပြီးတဲ့နောက် မိနစ် (၂၀) လောက် ထပ်သွားရင် လိုဏ်ဂူကြီး ကျော်ပြီး မောင်တော (၆) မိုင် စခန်းကို ရောက်တယ်။ အဲဒီမှာလည်း အလားတူပါပဲ။ ရိုဟင်ဂျာတွေ အားလုံးက ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ ဒီဂိတ်မှာ ဌာန သုံးလေးခု ရှိတယ်။ ပိုတာတစ်ခုက ပုံစံ (၄) မူရင်းရဲ့ နောက်မှာ လက်မှတ်ထိုးယူပြီး မိတ္တူ နှစ်စောင်စီ ပေးရတယ်။ အဲဒီကနေ နောက်ထပ် (၁၀) မိနစ်လောက် သွားရင် ဘူးသီးတောင်၊ မောင်တောရဲ့ အကြီးဆုံး ကုလား စစ်ဆေးရေး စခန်း မောင်တော (၃) မိုင်ကို ရောက်တယ်။ “မည်သူမဆို စစ်ဆေးခြင်း ခံရမည် -- ပုံ/ တိုင်းမှူး” လို့ ဆိုင်းဘုတ်တပ်ထားပေမယ့်လည်း ရိုဟင်ဂျာမပါတဲ့ ကားဆိုရင် ရပ်ပြီး သတင်းတောင် ပို့စရာမလိုဘူး။
ဒီဂိတ်က အကြီးဆုံးဆိုတော့ ပုံစံ (၄) မူရင်းမှာ မှတ်ချက်၊ လက်မှတ်နဲ့ တံဆိပ်တုံးထု၊ မိတ္တူ နှစ်စောင်နဲ့ အတူ တိရစ္ဆာန်ပုံပါတဲ့ စက္ကူငယ်တွေလည်း ပေးရတယ်။ ဆက်သွားရင် မောင်တောမြို့သူကြီး အကျော်က ကညင်တန်း မြို့ဝင်တံတားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးခြင်းကို ခံရတယ်။ ဒီဂိတ်ကတော့ လူထက် မူးယစ်ဆေးဝါးကို အဓိက စစ်ဆေးတာပါ။ အဲဒီဂိတ်ကျော်ပြီးရင်တော့ (၁၆) မိုင်ဝေးတဲ့ မောင်တောမြို့ကို ရောက်ပါပြီ။
မောင်တောမြို့ရဲ့ အနီးအနားက ရွာတွေကို သွားရင်လည်း မှိုလိုပေါက်နေတဲ့ ဂိတ်တွေကို ကျော်ဖြတ်ရတယ်။ မောင်တောကနေ ဘူးသီးတောင် အပြန်လမ်းမှာလည်း ဂိတ်တွေမှာ အသွားတုန်းကလို အလားတူ စစ်ဆေးခြင်း ခံရတယ်။
ဒီမှာ ပြောချင်တာတစ်ခုက ဂိတ်တိုင်းမှာ သိက္ခာရှိရှိ စစ်ဆေးခံရတာလို့ မထင်လိုက်နဲ့။ သင် ဘယ်သူပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာဖြစ်ရင် တရားခံလို ဆက်ဆံခံရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာ အဆဲခံရတာတွေလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတယ်။ အသတ်ခံရတာတွေလည်း ရှိတယ်။ ဥပမာတစ်ခု အနေနဲ့ ပြောရရင် ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းက ၀ါရင့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးအာဘူကာလာမ်ရဲ့ သား အသက် (၂၄) နှစ် အရွယ် မောင်မောင် ဆိုသူကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ည (၇) နာရီကျော်လောက်မှာ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့ အတူ ပြန်လာနေတဲ့ အချိန် ဖားဝပ်ချောင်းဂိတ်နားက နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။
နောက်တစ်နေ့မှာ နယ်ခြားစောင့်ရဲ အကြီးအကဲတွေ ကိုယ်တိုင် အဲဒီဆရာရဲ့ အိမ်ထိ လိုက်လာပြီး မှားပြီး မတော်တဆ ကျည်ဆံထိသွားခဲ့တာပါ။ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးပါမယ်ဆိုပြီး တောင်းပန်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေ မနည်းဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြောရင် ကုန်မှာ မဟုတ်ဘူး။
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း