March 28, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လူမျိုးပျောက်နိုင်မယ့် ရိုဟင်ဂျာမျိုးဆက်များ ပညာသင်ကြားခွင့်မဲ့ ကြီးပြင်းလာနိုင်ချေရှိနေ

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်းမှု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇သိန်းကျော်ထဲမှာ မိုဟာမတ် ကလည်း တစ်ဦးအပါအ၀င်ပါ။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာတွေ အများစု နေထိုင်ရာ ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်အနေနဲ့ သတ်ဖြတ်မှု ၊ အဓမ္မပြုကျင့်မှု ၊ မီးရှို့ဖျက်ဆီးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ [...] အပြည့်အစုံသို့ »

လူမျိုးတုံးသတ်ဖြတ်မှု၏ သားကောင် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လာချိန် မတန်သေးကြောင်းကို ပြသနေသည့် အဓိက အချက် (၆) ချက်

(ဓါတ်ပုံ - ABC News) ​မောင်​သစ္စာ (ရခိုင်​ပြည်​) Rohingya Today 14.11.2018 ၂၀၁၆ အောက်တိုဘာလနှင့် ၂၀၁၇ သြဂုတ်လတို့တွင် လက်နက်ဆင်းရဲသည့် အာဆာအဖွဲ့၏ တိုက်ခိုက်မှုကို အကြောင်းပြု၍ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အရပ်သား ရိုဟင်ဂျာပြည်သူများကို တရားလက်လွန် နှိမ်နင်းခဲ့သည်။  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (IFFM)၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) နှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ လေ့လာနေသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် အရပ်သားရိုဟင်ဂျာပြည်သူ တစ်သောင်းကျော် အသတ်ခံခဲ့ရကြောင်း၊ ထိုအထဲတွင် မွေးကင်းစကလေးငယ်များ အပါအ၀င် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ပါဝင်ကြောင်း၊ မွေးကင်းစ ကလေးငယ်များကို မီးထဲသို့ ပစ်ထည့်၍ ရက်ရက်စက်စက် [...] အပြည့်အစုံသို့ »



ဗုဒ္ဓဘာသာဝင် ​အက်​တိဗစ် ​​မောင်​ဇာနည်​သည်​ သူ၏ တိုင်းပြည်​တွင်း ရိုဟင်​ဂျာများ​ကို ပစ်​မှတ်​ထားပြီး ရက်​စက်​ကြမ်းကြုတ်​မှု များကို ပြစ်​တင် ​ရှုတ်​ချသည်​။

လန်​ဒန်​ ။ ။ မြန်​မာနိုင်​ငံ၏ ရိုဟင်​ဂျာလူနည်းစု အ​ပေါ် ပစ်​မှတ်​ထား ရက်​စက်​ကြမ်းကြုတ်​မှု များသည်​ နာဇီဂျာမဏီက ကျူးလွန်​ခဲ့သည်​များနှင့်​ ဆင်​တူသည်​ဟု အ​ရေးပါ အရာ​ရောက်​​သော ဗုဒ္ဓဘာသာဝင်​ လူ့အခွင့်​​အ​ရေး လှုပ်​ရှားသူ တဦးက ဆိုသည်​။

ကင့်​ထ်​၊ ယူ​ကေရှိ Anadolu ​အေဂျင်​စီသို့​ ပြောကြားရာတွင်​ ရိုဟင်​ဂျာလွတ်​​မြောက်​​ရေးညွန့်​​ပေါင်းအဖွဲ့၏ ဦး​ဆောင်​လှုပ်​ရှားသူ ​မောင်​ဇာနည်​က အပြည်​ပြည်​ဆိုင်​ရာ လူ့အဖွဲ့အစည်းအ​နေဖြင့်​ ၎င်း၏ ဇာတိ တိုင်းပြည်​အ​ပေါ် အ​ရေးယူသင့်​သည်​ ဆို၏။

ဇာနည်​၏ မှတ်​ချက်​များသည်​ ဤသီတင်းပတ် ​အ​စောပိုင်းက ကုလသမဂ္ဂက အစီရင်​ခံစာ ထုတ်​ပြန်​ခဲ့​ပြီး​နောက်​ပိုင်းတွင်​ ထွက်​​ပေါ်လာခြင်း ဖြစ်​သည်​။ အဆိုပါ အစီရင်​ခံစာထဲတွင်​ မြန်​မာအစိုးရ တပ်​ဖွဲ့များက ကျူးလွန်​ခဲ့​သော အစုလိုက်​အပြုံလိုက်​ အုပ်​စုဖွဲ့ မုဒိမ်းကျင့်​မှုများ၊ လူမမယ်​ က​လေးသူငယ်​များပါ မကျန်​ သတ်​ဖြတ်​မှုများ၊ ကြမ်းတမ်းစွာ ရိုက်​နှက်​မှုများနှင့်​​ ဖျောက်​ဖျက်​မှုများကို မှတ်​တမ်းတင်​ထားသည်​။ ထိုအစီရင်​ခံစာ ထဲတွင်​ အဆိုပါ အကြမ်းဖက်​မှုများသည်​ လူသားမျိုးနွယ်​ အ​ပေါ် ကျူးလွန်​​သော ရာဇဝတ်​မှု ​မြောက်​နိုင်​သည်​ဟု ကုလသမဂ္ဂ စုံစမ်းစစ်​​ဆေး​ရေးမှူး များက ဆိုထားသည်​။

"ကျ​နော်​တို့ကြုံ​တွေ့​နေရတဲ့ အ​ခြေအ​နေက​တော့ ​အောင်​ဆန်းစုကြည်​ ဆိုတဲ့ ငြိမ်းချမ်း​ရေး နိုဘယ်​ဆုရှင်​ တ​ယောက်​နဲ့ သူ့မရဲ့ အာဏာခွဲ​ဝေဖက် ​ပါတနာ​တွေဖြစ်​တဲ့ မြန်​မာစစ်​ဖက်​​ခေါင်း​ဆောင်​​တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်​နိုင်​ငံတနိုင်​ငံကို အုပ်​ချုပ်​​နေကြပြီး ကမ္ဘာ​ပေါ်က အယုံကြည်​ရဆုံးနဲ့ အမြင့်​ဆုံး​ လူ့အခွင့်​အ​ရေး အာဏာပိုင်​အဖွဲ့အစည်းရဲ့​ တွေ့ရှိချက်​အရ အဲ့ဒီနိုင်ငံ​ဟာ နာဇီဂျာမနီနဲ့ တူ​နေတာကို ​တွေ့ရှိရခြင်းပါပဲ" လို့ဇာနည်​က ဆိုပါတယ်​။

"လူမျိုးတုန်း သတ်​ဖြတ်​မှုဟာ နာဇီ​တွေ လုပ်​ခဲ့တဲ့ အရာပဲ။ လူမျိုးတုန်း သတ်​ဖြတ်​မှုဟာ ရဝမ်​ဒါမှာ၊ က​မ္ဘောဒီးယားမှာ သို့မဟုတ်​ ​ဘော့စနီးယား မွတ်​စလင်​​တွေ အ​ပေါ်မှာ ဖြစ်​ခဲ့တာ​တွေပဲ"

အမှုတခုကို လူမျိုးတုန်း သတ်​ဖြတ်​မှု အဖြစ်​ ဆုံးဖြတ်​ သတ်​မှတ်​ပြီးလျှင်​ ယင်​အမှု အ​ပေါ် အ​ရေးယူ ကိုင်​တွယ်​ရန်​ တာဝန်​မှာ ကုလသမဂ္ဂအဖွဲ့ဝင်​နိုင်​ငံ အားလုံးအ​ပေါ်တွင်​ ကျ​ရောက်​​ကြောင်း ​မောင်​ဇာနည်​က အ​လေး​ပေး​ပြောကြားခဲ့သည်​။

"အမြင့်ဆုံး ​​နိုင်​ငံ​ရေးအရ​ရော၊ ကျင့်​ဝတ်​ပိုင်းဆိုင်​ရာအရပါ ဝတ္တရား​ဟာ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီမှာ ရှိပါတယ်​" လို့ သူကဖြည့်​စွက် ​​ပြောကြားပါတယ်​။

ရဝမ်​ဒါနဲ့ ​ဘော့စနီးယားမှာလို အပြည်​ပြည်​ဆိုင်​ရာ ရာဇဝတ်​ခုံရုံးတခု ဖွဲ့ရုံမျှနဲ့လည်း မလို​လောက်​​သေးဘူးလို့ သူကဆိုပါတယ်​။ ရိုဟင်​ဂျာလူနည်းစု အ​နေနဲ့ သာမန်လူများနည်းတူ ဂုဏ်​သိက္ခာရှိရှိနဲ့ လုံခြုံစိတ်​ချစွာ ​နေထိုင်​နိုင်​ရန်​ အကာအကွယ်​ အ​စောင့်​အ​ရှောက်​ရှိတဲ့ နယ်​​မြေ​ဒေသတခု လိုအပ်​တယ်​လို့ ဆိုပါတယ်​။

ကုလသမဂ္ဂမှ မြန်​မာပြည်​နဲ့ ပတ်​သက်​​သော လွတ်​လပ်​​သော အချက်​အလက်​ ရှာ​ဖွေ​ရေး ​ကော်​မရှင်​က ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​မှူးကြီးမင်း​အောင်​လှိုင်​ အပါအဝင်​ မြန်​မာပြည်​ရဲ့ ထိပ်​ပိုင်း စစ်​အရာရှိများကို ရိုဟင်​ဂျာမူဆလင်​များ အ​ပေါ် ကျူးလွန်​ခဲ့​သော လူမျိုးတုန်းသတ်​ဖြတ်​မှု အတွက်​ အပြည်​ပြည်​ဆိုင်​ရာ ရာဇဝတ်​ခုံရုံးမှာ တရားစွဲဆိုဖို့ တိုက်​တွန်း ထားပါတယ်​။

"ကျ​နော်​ ​မျှော်​လင့်​တာက တကယ့်​ပြီးပြည့်​စုံတဲ့ ကမ္ဘာမှာဆိုရင်​ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီဟာ ရက်​စက်​အကြမ်းဖက်​မှု​တွေ ရပ်​တန့်​သွား​အောင်​၊ ရိုဟင်​ဂျာ​တွေကိုလည်း သူတို့​နယ်​​မြေကို ပြန်​​ပေးပြီး ဂုဏ်​သိက္ခာရှိရှိနဲ့ လုံခြုံစွာ​ နေနိုင်​ဖို့​အောင်​ ဝင်​​ရောက်​စွက်ဖက်​​မှု တခုခုကို ချမှတ်​​ပေးဖို့ ဖြစ်​တယ်​လို့" ဇာနည်​ကဆိုပါတယ်​။

- ပိတ်​ဆို့အ​ရေးယူမှုများ

ဆယ်​စုနှစ်​​ပေါင်းများစွာ ကြာ​အောင်​ အကြမ်းဖက်​ခံရပြီး ​နောက်​ပိုင်း၊ အထူးသဖြင့်​ ယခင်​နှစ်​ သြဂုတ်​လက သူတို့ အ​ပေါ် အကြီးအကျယ်​ တိုက်​ခိုက်​ခံရပြီးတဲ့​နောက်​မှာ ယခုဆိုရင်​ မြန်​မာပြည်​ ပြင်​ပကို​ ရောက်​ရှိ​နေတဲ့ ရိုဟင်​ဂျာ​တွေဟာ ပြည်​တွင်းမှာ ကျန်​ရစ်​ခဲ့တာထက်​ ပိုမိုများပြား​နေတယ်​လို့ ဇာနည်​က ​ပြောပါတယ်​။

မြန်​မာအစိုးရနဲ့ စစ်​တပ်​ကို အပြည်​ပြည်​ဆိုင်​ရာက ပိတ်​ဆို့အ​ရေးယူမှုများ ချမှတ်​သင့်​တယ်​လို့ အ​လေး​ပေး​ပြောကြားရင်း ရိုဟင်​ဂျာ​တွေကို ပထုတ်​တဲ့မူဝါဒကို လုံးဝရပ်​ဆိုင်းရမယ်​လို့​ ဇာနည်​က ​ထောက်​ပြပါတယ်​။

ရိုဟင်​ဂျာမူဆလင်​​တွေဟာ ယခုထက်​တိုင်​ ​မောင်းထုတ်​ခံ​နေရ​သေးပြီး မြန်​မာပြည်​အ​ပေါ် ချမှတ်​တဲ့ အ​ရေးယူပိတ်​ဆို့မှုများရဲ့ အန္တိမ ရည်​ရွယ်​ချက်​ဟာ ဗမာအစိုးရရဲ့ မူဝါဒများကို ​ပြောင်းလဲ​စေဖို့ရယ်​နဲ့ မြန်​မာစစ်​တပ်​နှင့်​တကွ​သော လူထုသ​ဘောထားအမြင်​ကို ထုဆစ်​နိုင်​သူများ အ​နေနဲ့ ရိုဟင်​ဂျာ​တွေအ​ပေါ် ဖိနှိပ်မှု၊ မတရားသဖြင့်​ အ​ရေးယူမှု၊ အထူးသဖြင့်​ လုံးဝ အ​စမကျန်​​အောင် ​​ဖျောက်​ဖျက်​မှု​တွေ ပြုလုပ်​ရာမှာ အသုံးချတဲ့ အ​ဆောက်​အဦကို​ ပြောင်းလဲ​စေဖို့ဖြစ်​တယ်​လို့ ဇာနည်​က ဖြည့်​စွက် ​​ပြောကြားပါတယ်​။

တခုထက်​ပိုတဲ့ ပိတ်​ဆို့ အ​ရေးယူမှုများရဲ့ အန္တိမ ရည်​မှန်းချက်​ဟာ ရိုဟင်​ဂျာများကို အပြည်​ပြည်​ဆိုင်​ရာရဲ့ အကာအကွယ်​​ပေးမှုနဲ့ မြန်​မာစစ်​တပ်​ရဲ့ ရက်​စက်​အကြမ်းဖက်​မှုများကို ဆက်​လက် ​ခွင့်​မပြုနိုင်​​စေမယ့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ ​ဒေသတခုကို ဖန်​တီး​ပေးဖို့ဖြစ်​တယ်​ လို့ သူကဆိုပါတယ်​။

- အ​ဖြေ

ဇာနည်​ရဲ့​ ပြောကြားချက်​အရ မြန်​မာပြည်​မှာ အဓိက ​ဒေါက်​တိုင်​ကြီး ​လေးခုရှိပါတယ်​။ အဲ့ဒါ​တွေက​တော့ စစ်​တပ်​ရယ်​၊ ဗုဒ္ဓဘာသာအင်​အားစုရယ်​၊ နိုင်​​ငံ​ရေးပါတီများရယ်​နဲ့ အများပြည်​သူရယ်​ ဖြစ်​ပါတယ်​။

"ဒီ​ဒေါက်​တိုင်​​လေးခု စလုံးဟာ ရိုဟင်​ဂျာကို အသိအမှတ်​မပြု ဆန့်​ကျင်​ကြပါတယ်​။ ရိုဟင်​ဂျာ​တွေဟာ ဗမာပြည်​က မဟုတ်​ဘူး၊ သူတို့ကို​ ဗမာပြည်​မှာ အလိုမရှိဘူးလို့​ ပြောကြပါတယ်​။"

ပြဿနာရဲ့ အ​ဖြေဟာ ပြည်​တွင်းမှာ မတည်​ရှိဘဲ နိုင်​ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများကြားမှာ ​စု​ပေါင်း​ဖော်​ထုတ်​​ပေးရမှာ ဖြစ်​တယ်​လို့ ဇာနည်​က​ ပြောပါတယ်​။

- တူရကီရဲ့ အကူအညီကို ဖိတ်​​ခေါ်ဖြင်း

တူရကီ သမ္မတ အာဒိုဂန်​ နဲ့ တူရကီအစိုးရဟာ ရိုဟင်​ဂျာ​လူမျိုး​တွေ အ​ပေါ်မှာ အလွန်​တရာ ​ထောက်​ခံအား​ပေးမှုရှိပြီး​ ကူညီ ​ပြောကြား​ပေးမှု​တွေလည်း ရှိတယ်​လို့ ဇာနည်​က ဖြည့်​စွက်​ပါတယ်​။

"အခုအချိန်​ဟာ တူရကီအ​နေနဲ့ စိတ်​ဓာတ်​ပိုင်းအရနဲ့ နိုင်​ငံ​ရေးအရ အ​လေးအနက်​ ဦး​ဆောင်​မှုကို ပြသရမယ့်​အချိန်​ပါပဲ" လို့သူကဆိုပါတယ်​။

ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီဟာ ပြဿနာ​တွေကို မ​ဖြေရှင်းနိုင်​တဲ့ အ​လျောက်​ ​မေ့​မြောပြီး အ​ကြော​သေ​နေသလို ဖြစ်​​နေ​တယ်​လို့ ဇာနည်​က​ထောက်​ပြပါတယ်​။ ​မောင်​ဇာနည်​က အထူးအ​လေးအနက်​ထား ​ပြောကြားတာက​တော့ တူရကီအ​နေနဲ့ မြန်​မာပြည်​ဖြစ်​ရပ်မှာ မွတ်​ဆလင်​အစိုးရ​တွေ​ရော၊ မွတ်​ဆလင်​မဟုတ်​တဲ့အစိုးရ​တွေကို ပါညွန့်​​ပေါင်းဖြစ်​​အောင်​ ဦး​ဆောင်​ဖွဲ့စည်းပြီး ဒါဟာ လူမျိုးတုန်းသတ်​ဖြတ်​မှု ဖြစ်​တယ်​ ဆိုတဲ့ အချက်​ကို လက်ခံတယ်​​၊ ငါတို့ဟာ လူမျိုးတုန်းသတ်​ဖြတ်​မှုကို အသာ လက်​ပိုက်​ကြည့်​​နေသူ​တွေ မဟုတ်​ဘူးလို့ ​ပြောကြား အ​ရေးယူ ​ဆောင်​ရွက်​ဖို့ လိုတယ်လို့ ဆိုပါတယ်။

လော​လောဆယ်​ မြန်​မာပြည်​တွင်းမှာ ရိုဟင်​ဂျာငါးသိန်း​ကျော် ​ပိတ်​မိ​နေပြီး အချိန်​မ​ရွေး​မောင်းအထုတ်​ခံ ရနိုင်​တာဖြစ်​လို့ အခုအချိန်​ဟာ အ​ရေးယူ​ဆောင်​ရွက်​ရမယ့်​ အချိန်​ ၊ညွန့်​​ပေါင်းဖွဲ့ရ​တော့မယ့်​ အချိန်​လို့ သူက​ပြောပါတယ်​။

"ကျ​နော့်​ရဲ့​ ပန်ကြားချက်​​ဟာ မြန်​မာပြည်​သူ​တွေထံကို မဟုတ်​ပါဘူး။ အစ္စလာမ်​ကမ္ဘာ အစ္စလာမ်​ မဟုတ်​တဲ့လူ့အဖွဲ့အစည်း​တွေထံ ရိုဟင်​ဂျာ​တွေကို ကူညီကြဖို့ပ န်​ကြားလိုတာပါ"

"ဘာ​ကြောင့်​လဲ ဆို​တော့ ဒါဟာ မွတ်​ဆလင်​​တွေ အတွက်​ပဲ ဆိုတာ​ကြောင့် ​မဟုတ်​ပါဘူး။ သူတို့ဟာ လူသား​တွေ ဖြစ်​လို့ပါ။ ဒါ​ပေမယ့်​ ကျ​နော့်​ တိုင်းပြည်​က ကျ​​နော်တို့​ ဗမာ​တွေက​တော့ သူတို့ကို တိရိစ္ဆာန်​​တွေ ထက်​​တောင်​ နှိမ့်​ချဆက်​ဆံပါတယ်​။

အွန်​​တေရီယို အပြည်​ပြည်​ဆိုင်​ရာ ဖွံ့ဖြိုး​ရေး​အေဂျင်​စီ အဆိုအရ ၂၀၁၇ ခုနှစ်​ သြဂုတ်​လ ၂၅ ရက်​​နေ့တွင်​ မြန်​မာအစိုးရသည်​ မွတ်​ဆလင်​ တိုင်းရင်းသား လူနည်းစု အ​ပေါ် စစ်​​ဆင်​​​ချေမှုန်း​ရေး ပြုလုပ်​ခဲ့ပြီး အရပ်​သား၂၄၀၀၀ နီးပါး က​လေး၊ မိန်းမများ အပါအဝင်​ ဘင်္ဂလား​ဒေ့ရှ်​ဖက်​သို့ လူ​ပေါင်း ၇၅၀၀၀၀ ခန့်​ကို ​မောင်းထုတ်​ကာ ထွက်​​ပြေး​စေခဲ့သည်​။

၂၀၁၂ ခုနှစ်​တွင်​ လူမျိုး​ရေး ပဋိပက္ခများ အတွင်း လူဒါဇင်​​ပေါင်းများစွာ အသတ်​ခံရပြီးကတည်းက ကုလသမဂ္ဂက ကမ္ဘာ့အဖိနှိပ်​ခံရဆုံးဟု သတ်​မှတ်​​ဖော်​ပြ ခံရ​သော ရိုဟင်​ဂျာများသည်​ ​နောက်​ထပ်​ တိုက်​ခိုက်​မှုများ အတွက်​ ​ကြောက်​လန့်​မှုများဖြင့်ရင်​ဆိုင်​​နေရသည်​။


Anadolu Agency မှ Ahmet Gurhan Kartal ရေးသားထားသည့် ‘Myanmar is like Nazi Germany’ ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။

ခရီးသွားဖို့ လျှောက်ထားရမယ့် ပုံစံ (၄) ဆိုတာ ဘာလဲ?

ဇေယျာဖြိုး (ဘူးသီးတောင်) RB News 10.5.2018 ပုံစံ (၄) (Form - 4) ဆိုတာ ယာယီခရီးသွားလာခွင့် လက်မှတ်လို့ အဲဒီစာရွက်ရဲ့ အပေါ်ဆုံးမှာ ရေးထားတယ်။ လ.၀.က ကျင့်ထုံး ဥပဒေ ပုဒ်မတွေနဲ့ ရုံးတွင်း စာတွေမှာတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် လက်မှတ်လို့ ဆိုပါတယ်။ လ.၀.က ရုံးကနေ ရယူရတာဖြစ်ပြီး၊ ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး ထုတ်ပေးတာ ဖြစ်တယ်။ စာရေးသူက ဘူးသီးတောင်မြို့က ဖြစ်ပြီး ပုံစံ (၄) ကို ၂၀၀၅ ခုနှစ်ကစပြီး စတင်ကိုင်ဆောင်ခဲ့ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်နယ်ကျော် ရန်ကုန်ထိ ပုံစံ (၄) နဲ့ ခရီးသွားလာခဲ့ဖူးသူတစ်ဦး ဖြစ်တော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ [...] အပြည့်အစုံသို့ »

ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာ ဥ​ရောပသား​တွေရဲ့​သွေးထက်​​ တန်​ဖိုးမ​လျော့​ဘူး

RB News 24.2.2018 ရိုဟင်​ဂျာ​တွေအ​ပေါ် ဖြစ်​​ပျက်​နေတာ​တွေဟာ သိသာထင်​ရှားတဲ့ လူမျိုးသုဉ်း သုတ်​သင်​​ရေးသာ ဖြစ်​ပြီး၊ ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာ ဥ​ရောပသား​တွေရဲ့​သွေး​​ထက်​ တန်​ဖိုးမ​လျော့ကြောင်း ဗြိတိန်​နိုင်​ငံဆိုင်​ရာ ဥ​ရောပပါလီမန်​ လွှတ်​​တော်​အမတ်​ ဝါဂျိဒ်​ခါန်​က ​ပြောကြားလိုက်​ပါတယ်​။ မြန်​မာနိုင်​ငံက​နေ ထွက်​​ပြေးလာပြီး ဘင်္ဂလား​ဒေရှ့်​နိုင်​ငံမှာ ခိုလှုံ​နေတဲ့ ရိုဟင်​ဂျာ ဒုက္ခသည်​​ဦး​ရေဟာ တစ်​သန်း​ကျော်​သွားပြီဖြစ်​​ကြောင်း ​ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၊ ​ကော့ဇ်​ဘာဇားခရိုင်​ရှိ ရိုဟင်​ဂျာ​ဒုက္ခသည်​စခန်း​တွေဆီ သွား​ရောက်​​လေ့လာခဲ့အပြီး Anadolu Agency သတင်းဌာနနဲ့ ​တွေ့ဆုံ​မေးမြန်းခန်းမှာ ဝါဂျိဒ်​ခါန်​က အခုလို ​ပြောကြားလိုက်​ခြင်း ဖြစ်​ပါတယ်​။ "မိခင်​​နဲ့ဖခင်​ နှစ်​ဦးစလုံး ဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့ ရိုဟင်​ဂျာ က​လေးငယ်​​ ၂၇၀၀၀ ရှိတယ်​။ ကိုယ်​ဝန်​​ဆောင်​ အမျိုးသမီးဆိုရင်​လည်း ၆ ​သောင်းရှိတယ်​။ [...] အပြည့်အစုံသို့ »

(ဓါတ်ပုံ - AP)

ကျော်သူရ(ရှင်ပက္ခိ)
RB News
2.2.2018

၂၀၁၇ ခုနှစ်​ ​အောက်​တိုဘာလ (၁၉) ရက်​​နေ့က နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ မိန့်ခွန်းထဲမှာ "ရိုဟင်ဂျာတွေ မိမိရဲ့​နေရပ်​ရင်းကို ဘာ​ကြောင့်​ စွန့်ခွာနေတာလဲ ဆိုတာ မသိဘူး၊ အဲ့ဒါ​တွေ ​လေ့လာကြည့်ရမည်"လို့ ပြောခဲ့တာ အခုဆိုရင် ၄ လကျော်လွန်​သွားပါပြီ။ ဒါ​ပေမယ့်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က အ​ဖြေကို အခုထိ ​လေ့လာလို့ မပြီး​သေးတာလား၊ မ​လေ့လာဘဲ ထားလိုက်တာလား၊ ​လေ့လာပြီး​သော်​လည်း အမှန်​ကို ထုတ်​မပြောဘဲ နေနေတာလား။ ​မေးခွန်းထုတ်​စရာ ဖြစ်​​နေပါပြီ။

ပထမဦးဆုံးအနေနဲ့ ... ဘင်္ဂလားဒေရှ့်​နိုင်​ငံကို သွား​ရောက်​ခိုလှုံ​နေရသူ ရိုဟင်ဂျာတွေကို နိုင်​ငံတကာ အစိုးရအဖွဲ့အစည်း၊ လူ့အခွင့်​အ​ရေး အဖွဲ့အစည်း​နဲ့ နိုင်​ငံတကာ သတင်းဌာန​တွေက ဒုက္ခသည်၊ အသက်​လုထွက်​​ပြေးလာခဲ့ရသူများ၊ လူသတ်​ကွင်းမှ ​ရှောင်​ထွက်​လာနိုင်​ခဲ့သူများ ဆိုပြီး သုံးနှုန်း ​ဖော်​ပြ​နေကြ​ပေမယ့်​ မြန်မာအစိုးရနဲ့ မြန်​မာပြည်တွင်း သတင်းဌာန​တွေက​တော့ ခိုးဝင်ဘင်္ဂလီ၊ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂလီ၊ ထွက်ပြေးသွားသူ စသဖြင့်သာ သုံးနှုန်းနေကြတာ ​တွေ့ရပါတယ်​။

လူ့သဘာဝအတိုင်းပြောရရင်​ လူ​တွေဟာ ပိုမိုဖွံ့ဖြိုးတိုးတက်​တဲ့ ဘယ်ဒေသကိုမဆို သွားချင်ကြတာက ဓမ္မတာပဲ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကတော့ ရေကြည်ရာ မြက်နုရာ ဆိုတဲ့အတိုင်း သွားနေကြတာလည်းမဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်​ဟာ မြန်မာထက် ဘက်ပေါင်းများစွာမှာ သာပြီး ဖွံ့ဖြိုးတဲ့နိုင်​ငံဖြစ်ပေမယ့် အခု ရိုဟင်​ဂျာ​တွေ သွား​နေတဲ့ဟာက မိမိအသက်ကို ဆက်​လက်​ရှင်သန်ခွင့်ရဖို့ကိုသာ မျှော်ကိုးပြီး သွားခဲ့တယ်​ဆိုတာ သက်​​သေပြနိုင်​စရာ အ​ကြောင်းအရာအများကြီးရှိပါတယ်​။ ပိတ်လှောင်ထားမယ့် စခန်းတွေထဲမှာ နေရမယ်​ဆိုတာကို သိလျက်​နဲ့​ပေါ့။

ဒါကြောင့် ဘင်္ဂလားဒေရှ့်​ ကော့ဇ်​ဘဇား ဒုက္ခသည်​စခန်းတွေမှာ သွား​ရောက်​ခိုလှုံနေတဲ့၊ ခိုလှုံဖို့သွားနေရတဲ့ ရိုဟင်ဂျာတွေကို သတင်းတွေထဲမှာ "ရှင်သန်ခွင့်ရဖို့ အသက်လုထွက်ပြေးနေရသူ ရိုဟင်ဂျာများ ၊ မိမိရဲ့မွေးရပ်မြေမှ မောင်းထုတ်ခံနေရသူ ရိုဟင်ဂျာများ" လို့ပဲသုံးမှ မှန်​ကန်​ပါလိမ့်​မယ်​။

ပြန်ခေါ်မယ့်ရက်တွေ အချိန်းအချက်တွေ ကျော်နေပေမယ့် ယနေ့ထိ ဘာလို့ ​မောင်းထုတ်ခံနေရတာလဲ။ မောင်းထုတ်နေသူတွေရဲ့ မောင်းထုတ်နေတဲ့ ဆွဲပြီးသား ဇယားအစီအစဉ်နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အောက်မှာ ကြည့်ကြရအောင်။ ​မောင်းထုတ်တဲ့ စနစ်တွေကိုတော့ လက်လှမ်းမီသလောက် ကျေးရွာအုပ်စု လေးငါးအုပ်​စုရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေပေါ်မှာ အခြေခံပြီး ​ပြောပြပါမယ်​။

(၁) ဆွဲတင်စစ်

အမှန်အတိုင်းဆိုရင်​ ဆွဲ၊တင်၊စစ် ဆိုတာကို လုပ်လာတာ ၂၇ နှစ် ရှိ​နေပါပြီ။ ဆွဲ၊တင်၊စစ် ဆိုတာ ရှင်းရှင်းပဲ အနက်ဖွင့်ရရင် လူဦး​ရေ အတိုးအ​လျှော့ စစ်​​ဆေးခြင်းပါပဲ။ ​သေတဲ့သူ​တွေနဲ့ နိုင်​ငံခြား​ရောက်​သွားသူ​တွေကို အိမ်​​ထောင်​စုစာရင်းက​နေ ပယ်​ဖျက်​ခြင်း၊ အသစ်​​မွေးလာတဲ့က​လေး​တွေကို အိမ်​​ထောင်​စုစာရင်းမှာ တင်​သွင်း​ပေးခြင်းနဲ့ အ​ပြောင်းအ​ရွေ့ကိစ္စ​တွေကို ​ဆောင်​ရွက်​​ပေးခြင်းပါပဲ။ ဒါပေမယ့် အခုလုပ်​​နေတဲ့ ဆွဲ၊တင်​၊စစ်​ ပုံစံက ပြစ်​မှုကြီးကြီးမားမား ကျူးလွန်​ထားတဲ့ တရားခံ​တွေကို တရားစီရင်​​နေသလိုပုံစံမျိုးနဲ့ ပြုလုပ်​​နေတာ ​တွေ့ရပါတယ်​။

အခုဆိုရင်​ ဆွဲ၊တင်​၊စစ်​ ဆိုတာကြီးကို တနှစ်မှာ နှစ်ကြိမ်စီ ပြုလုပ်​တယ်​။ မိသားစုဝင်အားလုံးကို တစ်နေရာတည်းမှာရပ်စေပြီး ဓာတ်ပုံရိုက်တယ်​။ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့အတွက်​ အခကြေး​ငွေကို ဒေသခံရိုဟင်ဂျာတွေ ဘက်​က​ပေး​ဆောင်​ရတယ်​။  တစ်အိမ်ထောင်ကို အနည်းဆုံး ၅၀၀၀ ကျပ်​။

(၂)

အသစ်​​မွေးလာတဲ့ ကလေးတစ်ယောက်ကို မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ တင်ဖို့ လ.ဝ.က ဖက်​က ထောက်ခံချက် လက်မှတ်တစ်ခုကို ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်​။ အရှင်မွေးတယ်​ဆိုပြီး ​ထောက်ခံချက်တစ်ခုကို ​ဆေးရုံက သားဖွားဆရာမဆီက ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်။ ​ကျေးရွာအုပ်ချုပ်ရေးမှူးဖက်​ကလည်း ထောက်ခံစာတစ်ခုကို ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်​။ ပြီး​တော့ မိမိရဲ့တရားဝင်​သားဖြစ်​​ကြောင်းကို သက်​​သေခံစာအဖြစ်​ အိမ်နီးနားချင်းနှစ်ဦးမှ သက်​​သေခံ​ပေးရတဲ့ ​သက်သေခံစာတစ်​ခုလိုတယ်​။ ပြီး​တော့ တရားဝင်လက်ထပ်တဲ့ လက်ထပ်ခွင့် စာချုပ်မိတ္တူ​တွေလည်း လိုအပ်​တယ်​။ ဒါ​တွေအားလုံးကို ​ငွေအကုန်​အကျခံပြီး စုနိုင်​ဖို့အတွက်​ အနည်းဆုံး (၃) ရက်​​လောက်​လိုအပ်​တယ်​။ မိမိရဲ့က​လေးတစ်​​ယောက်​ မိမိအိမ်​​ထောင်​စုစာရင်းမှာ တင်​ဖို့အတွက်​ စာရွက်​စာတမ်း​တွေစုရတာကို ကြည့်​ရင်​ နိုင်ငံတော် အဆင့်ရာထူးအတွက် လျောက်လွှာတင်ရသလို ဖြစ်​နေတယ်။ စာရွက်တွေက မနည်းဘူးလေ။ သို့ပေမယ့် ယခုထိတော့စာရင်းထဲကို မဝင်နိုင်သေး။ စာရင်းတင်ဖို့အတွက် စုပြီးတဲ့ စာရွက်​တွေကို ဆွဲ၊တင်​၊စစ်​ အဖွဲ့ဆီသွားတင်​ရတယ်​။ အဲ့မှာလည်း ​ငွေ ၂၀၀၀၀ ကျပ်​​ပေးရတယ်​။

တကယ်​လို့ ကလေးရဲ့အသက်က (၃) နှစ်ပတ်ဝန်းကျင်မှာ ရှိနေရင်​​တော့ အိမ်​​ထောင်​စုစာရင်းမှာ တင်​မ​ပေးနိုင်​ဘူးလို့ ​ပြောတယ်​။ တကယ်​​တော့ ဒီက​လေး​တွေကို အရင်​နှစ်​​ ဆွဲ၊တင်​၊စစ်​ တုန်းက အိမ်​​ထောင်​စုစာရင်းမှာ သူတို့ပဲ ​ငွေမ​ပေးနိုင်​လို့ မတင်​​ပေးတာက ရှင်း​နေတာပဲ။ အရင်က တင်မ​ပေးခဲ့တာလည်းသူတို့ပဲ။ အခု အသက်ကြီးတယ်လို့ အကြောင်းပြနေတာလည်း သူတို့ပါပဲ။ အဲဒီအချိန်မှာ မိဘက စိုးရိမ်စိတ်နဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ ​ဗျာများ​နေရချိန်​ ဆွဲ၊တင်​၊စစ်​ အဖွဲ့က အဲအချိန်မှာ အသင့်မွေးစားထားတဲ့ ပွဲစားက ချဉ်းကပ်လာပြီးတော့ သူလုပ်ပေးမယ်​ပြောတာပါပဲ။ သိန်းနဲ့ချီတဲ့ ​ငွေ​ပေးပြီး ပွဲစားကို အပ်​မှ အဆင်​​ပြေတတ်​တယ်​။ မိဘက ဘာတတ်နိုင်မလဲ။ အယောက်တစ်​ရာမှာ တစ်ယောက်လောက်ကပဲ ပွဲစားကိုအပ်​ပြီး အဆင်​​ပြေသွား​ပေမယ့့် တစ်နေ့လုပ်ပြီး တစ်​နှပ်​စား​နေရသူတွေက ဘယ်တတ်နိုင်မလဲ။ မလုပ်​ဘဲ ​နေလိုက်​​တော့တာပဲ။ ဒီ​တော့ ဒီက​လေး​တွေ ကြီးလာ​တော့ စာရွက်​စာတမ်းမဲ့ ဖြစ်​သွားရတယ်​။ ဒါက​ရော သွယ်ဝိုက်တဲ့ နည်းနဲ့ မောင်းထုတ်နေတာ မဟုတ်ဘူးလားလို့ ဒေါ်​အောင်​ဆန်းစုကြည်​ကို မေးကြည့်ချင်ပါတယ်။

ပြည်​သူကို အသက်မွေးဝမ်းကျောင်းပြုနိုင်​ဖို့ဆိုပြီး အစိုးရက ဘယ်အချိန်မှာ အလုပ်အကိုင် ဖန်တီးပေးထားတာရှိလို့လဲ။ မရှိတဲ့ကြားက​နေ ဆင်းရဲသားတွေရဲ့ မျက်ရည်စာတွေနဲ့ သူတို့ရဲ့ ဗိုက်ခေါက်ထူလာအောင်အထိ ​ငွေညှစ်​ပြီး စားနေကြတာက​တော့ လူ့အလုပ်​မဟုတ်​ပါဘူး။ အမှန်မှာ သူတို့မှာစားဖို့မရှိလို့ ဒီလိုမျိုး ဓားပြတိုက်နေတာမဟုတ်ဘူး။ ရိုဟင်​ဂျာ​တွေ တကယ်​ထွက်ပြေးသွားအောင် စနစ်ကျကျ ညစ်​ပတ်​​နေတာပါပဲ။

(၃)

သေဆုံးသွားသူတယောက်ကို အိမ်​​ထောင်​စု စာရင်းမှ ပယ်​ဖျက်​လိုက်​ဖို့အတွက်​လည်း အနည်းဆုံး ငါးထောင်ကျပ်​ ပေးရတယ်။

(၄)

နိုင်​ငံခြားထွက်​သွား​နေသူ တစ်​​ယောက်​ကို အိမ်​​ထောင်​စု စာရင်းမှ ဖယ်​ဖျက်​လိုက်​ဖို့အတွက်​လည်း အနည်းဆုံး တစ်​​သောင်းကျပ်​​ပေးရတယ်​။

(၅)

အိမ်ထောင်ပြုသော အမျိုးသမီးတွေကို မိဘရဲ့ အိမ်ထောင်စုစာရင်းမှ ပယ်​ဖျက်​ပြီး လက်ရှိယောက္ခမ (သို့မဟုတ်) အခြား အိမ်ထောင်စုစာရင်းမှာ ပြောင်းရွေ့ စာရင်းသွင်းရာမှာလည်း စည်းနှစ်ခု သတ်မှတ်ထားတယ်။ တစ်ခုကတော့ အကယ်၍ သတို့သားနဲ့ သတို့သမီး တို့ဟာ နယ်ခြားစောင့်ရဲတပ်​ဖွဲ့ရဲ့ နယ်မြေတစ်ခုတည်းက မဟုတ်ဘဲ တစ်ယောက်တစ်ခုစီက ဖြစ်နေရင်​​တော့ သိန်းနဲ့ချီတဲ့ ​ငွေ​ပေးမှ ရတယ်​။ နောက်တစ်ခုက နယ်မြေတစ်ခုတည်းထဲက ဖြစ်ရင်​​တောင်​ ပြောင်းရွေ့ခ ဆိုပြီး အနည်းဆုံး ​ငွေကျပ်​ (၄) သောင်း​ပေးရတယ်​။ မတတ်​နိုင်​သူ​တွေက ဒီအတိုင်း​နေလိုက်​​တော့ သူတို့ရဲ့ ​မွေးလာတဲ့သားသမီး​တွေကိုလည်း အိမ်​​ထောင်​စုစာရင်းမှာ တင်​ခွင့်​မရတော့​ဘူး။

(၆)

ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း အတော်ကို ရင်နာစရာဖြစ်​​အောင်​ ပြုလုပ်​တယ်​။ အမျိုးသမီး​တွေကို ဝတ်​ရုံချွတ်​ခိုင်းခြင်း၊ ​လှောင်​​ပြောင်​ခြင်း၊ ​စော်​ကားခြင်း​တွေ ပြုတတ်​တယ်​။

နောက်​တစ်​ခုက တချို့အိမ်ထောင်စုစာရင်းဆိုရင် အဘိုးအဘွား၊ သားသမီး မြေးမြစ် မျိုးဆက်လေးဆက်ထိကို တစ်ခုထဲမှာပဲ စုပုံထားတယ်။ အမှန်ဆိုရင် ယခင် ၁ဝ နှစ်ကတည်းကပင် ခွဲပေးဖို့လိုနေတာ။ အဲဒီတော့ အိမ်​​ထောင်​စာရင်း စာရင်းတစ်ခုတည်းမှာပင်​ လူ ဒါဇင်နဲ့ချီ ဖြစ်သွားတာနဲ့ သူတို့က အတော်ကို အဆင့်နိမ့်တဲ့ စကားတွေနဲ့ လှာင်ပြောင်ကြတယ်။ စိတ်​နှလုံးထဲနာကျင်​​အောင်​ ဆက်​ဆံတတ်​တယ်​။ ရိုဟင်​ဂျာ​တွေကို စိတ်​​ရော ကိုယ်​ပါ နားကျည်း​အောင်​လုပ်​​နေတာ ဖြစ်​တယ်​။

ဒါတွေကတော့ ဆွဲတင်စစ်နဲ့ပတ်သက်ပြီး ရိုဟင်​ဂျာ​တွေ ကြုံ​တွေ့​နေရတဲ့ ဒုက္ခသံသရာပါပဲ။

ဒါတွေအားလုံးကို ခြုံငုံပြီးပြောရရင် စားရေးသောက်ရေးအတွက် အင်မတန် ရုန်းကန်နေရပြီး ကျီးလန့်စာ စားသလို နေနေရတဲ့ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ အနည်းငယ်တွေကိုလည်း မြန်​မာပြည်​က ထွက်ပြေးသွားအောင် တမင်​ကြံစည်​ပြီး နှိပ်စက်နေတာ မဟုတ်ဘူးလား။

ရိုဟင်ဂျာတွေ အဲဒါကြောင့် နေ့စဉ် အသက်လုပြီး ထွက်​​ပြေး​နေရတာ ဖြစ်​​ကြောင်း ​ဒေါ်​အောင်​ဆန်းစုကြည်​ သိ​အောင်​ ဖြစ်​​အောင်​ ​ပြောပြချင်​တယ်။

ဒါတွေကို ဒေါ်​အောင်​ဆန်းစုကြည်​ မသိတာလား။ သိပြီး မသိဟန်​​ဆောင်​​နေတာလား။ ကိုးကွယ်​တဲ့ဘာသာ မတူလို့ပဲ တမင်​ ခွဲခြားဆက်​ဆံပြီး လူ​တွေကို ထွက်​သွား​အောင်​ ဖိအား​ပေး​နေတာ မဟုတ်​ဘူး။

ငြိမ်းချမ်း​ရေး နိုဘယ်​ဆု ဂုဏ်​ပုဒ်​ရှင်​​ရေ ... ဒါ​တွေအားလုံး အသင်​သိပါ​လေစ။

ဘင်္ဂလားဒေ့ရှ်မှာ သွားရောက် ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဘာတွေတောင်းဆိုနေသလဲ

(Photo: Shafiur Rahman) ရိုနေဆန်းလွင် RB News 21.1.2018 ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၉ သောင်းခန့် အရေအတွက် ရှိသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ၆ သိန်းခွဲကျော် ရှိသည့် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတို့မှ လွတ်မြောက်ရန် အတွက် နယ်စပ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း [...] အပြည့်အစုံသို့ »

ထမင်းထုပ်တစ်ဖက် ဓါးတစ်ဖက်ပြထားတဲ့ ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး

ယာယီစခန်း အမည်တပ်ထားသည့် အကျဉ်းစခန်း ရိုနေဆန်းလွင် RB News 16.1.2018 ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခု ကို အာဆာ ဟု ခေါ်သည့် အာရ်ကာန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများ နေထိုင်သည့် ရွာ ဒါဇင်ချီ၍ မီးရှို့ဖျက်ဆီးခဲ့သည်။ အပြစ်မဲ့ အရပ်သား တစ်ထောင်ကျော် သတ်ဖြတ်ခဲ့သည့် အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။ မြန်မာစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၉ သောင်းခန့် [...] အပြည့်အစုံသို့ »

NVC လက်​ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ

ဖြိုးမေခင် RB News 21.12.2017 NVC လက်​ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ ဒီအဖြေကို တစ်​ခွန်းတည်း တည့်တည့်ဖြေရရင် "အစိုးရ ခေတ်အဆက်ဆက်မှာ လ.ဝ.က က မွတ်စလင်တွေကို သွေးနှောဆိုတဲ့ တံဆိပ်တပ်ပြီး ခွဲခြားဆက်ဆံခဲ့လိုပဲ" ဖြစ်ပါတယ်။ အရင်ကလည်း ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ် ဆိုတာကို ပေးခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြသနာတွေ မီးခိုးကြွက်လျှောက်ဖြစ်နေခဲ့တာ ယနေ့တိုင်အောင် ရှင်းမရသေးပါဘူး။ အခုအချိန်မှာလည်း NVC ဆိုတာကို ပြည်မက မြန်မာမွတ်စလင်တွေကိုပါ ရောရိုက်သွင်းလာတာ တွေ့နေရပါတယ်​။  NVC လုပ်ပေး​နေတဲ့ ကိစ္စ ခဏထားပါဦး။ နိုင်ငံသားမှတ်ပုံတင်ကဒ် ရထားတဲ့သူတွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ ခွဲခြားဆက်ဆံခံနေရခြင်း၊ လွတ်လပ်စွာသွားလာခွင့်မရရှိခြင်း၊ [...] အပြည့်အစုံသို့ »

ဒွိဟ၊ ဟာကွက်၊ မရိုးသားတဲ့ စိတ်သန္ဓေတွေနဲ့ ပြည့်နှက်နေတဲ့ Bangladesh-Myanmar Rohingya Repatriation Deal

ယုနိုင် (နည်းပညာတက္ကသိုလ်) RB News 27.11.2017 ဘာပဲဖြစ်ဖြစ် မြန်မာ အစိုးရဟာ နိုင်ငံတကာ ဖိအားကနေ ခဏတာ သက်သာရာ သက်သာကြောင်း အတွက် ဘင်္ဂလားဒေ့ခ်ျ အစိုးရနဲ့ Rohingya Repatriation Deal တစ်ခုကို နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ချုပ်ဆို နိုင်ခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီသဘောတူညီချက်ဟာ မြန်မာအစိုးရ အတွက် ခဏတာ သက်သာရာ ရရုံကလွဲလို့ ဘယ် Stake Holder အတွက်မှ ရေရှည် အကျိုးကို ပေးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေက International Standard နဲ့ မကိုက်ညီတဲ့ အပြင် [...] အပြည့်အစုံသို့ »

Rohingya Exodus