March 28, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့ပေါ်တွင် ငွေကြေးမတတ်နိုင်၍ မီးသတ်ဂက်စ်ဗူး မ၀ယ်နိုင်ဟု ပြောသူများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆူပူကြိမ်းမောင်း ပါးရိုက်

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး ငွေကြေးမတတ်နိုင်၍ မ၀ယ်နိုင်ဟု ပြောဆိုသူများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆူပူကြိမ်းမောင်းခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မတောင်ရပ်ကွက် သီရိမင်္ဂလာခန်းမ ရှေ့လိုင်းတန်းရှိ ဦးမူဆာ၏ ဆိုင်ကယ်ပြင်ဆိုင်သို့ ရောက်ရှိလာပြီး မီးသတ်ဂက်စ်ဗူးတစ်ဗူးကို ငွေကျပ် လေးသောင်းဖြင့် ၀ယ်ယူရန် ပြောဆိုခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ ဦးမူဆာက ဆိုင်မှရရှိသော ၀င်ငွေဖြင့် မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း၊ မီးသတ်ဂက်စ်ဗူး ၀ယ်ယူရန် ငွေမတတ်နိုင်ကြောင်း ကောင်းမွန်စွာ ပြောပြသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက [...] အပြည့်အစုံသို့ »

ဘူးသီးတောင် သပိတ်တောင် ဆွဲ၊တင်၊စစ် စစ်ဆေးမှုတွင် ငွေကြေး အဆမတန်ကောက်ခံနေသဖြင့် ရိုဟင်ဂျာများ အခက်ကြုံနေရ

ကျော်စိုး Rohingya Today 29.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေး အဆမတန် ကောက်ခံမှုကြောင့် ရိုဟင်ဂျာများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။  ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပိတ်တောင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ စစ်ဆေးရေးအဖွဲ့ အတွက် ထမင်းစရိတ်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၅၀၀/-၊ ကလေးမွေးတိုးတစ်ဦးကို အိမ်ထောင်စုလူဦးရေစာရင်းတွင် တင်ပေးရန် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အတွက် ငွေကျပ် ၅၀၀၀/- မှ ၁၀၀၀၀/- အထိ၊ ကျန်းမာရေး ထောက်ခံချက်အတွက် ငွေကျပ် ၁၀၀၀/-၊ စစ်ဆေးရေးအဖွဲ့အတွက် ငွေကျပ် ၁၀၀၀၀/- မှ ၁၅၀၀၀/-၊  စုစုပေါင်း ငွေကျပ် ၃၀၀၀၀/- [...] အပြည့်အစုံသို့ »

ဘူးသီးတောင် ဦးလှဖေမှ တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ အိမ်ခြံဝင်းများထဲရှိ သစ်ပင်ကြီးများကို တပ်ရင်း ၅၅၁ က ခုတ်လှဲနေ

အောင်မင်း Rohingya Today 28.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စုမှ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသူများ၏ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကြီးများကို တပ်ရင်း ၅၅၁ မှ လာရောက် ခုတ်လှဲလျက်ရှိသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ပြုလုပ်ခဲ့သည့် အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေးဒဏ်ကို မခံနိုင်၍ နေရပ်စွန့်ခွာခဲ့ရပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် (၇) သိန်းကျော်သော ရိုဟင်ဂျာများတွင် ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာအုပ်စုရှိ အိမ်ခြေ ၁၀၀ ခန့်မှ မိသားစုများလည်း ပါဝင်သည်။ တပ်ရင်း ၅၅၁ မှ စစ်သားများသည် [...] အပြည့်အစုံသို့ »

ဘူးသီးတောင် မိကျောင်းဈေး၌ ဆွဲ၊တင်၊စစ် စစ်ဆေးရေးတွင် မွေးတိုးနှင့် အပြောင်းအရွှေ့များ ပြုလုပ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ငွေအလွန်အကျွံပေးရ

သိမ်းဝေ Rohingya Today 27.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု၌ ဆွဲ၊တင်၊စစ် စတင်စစ်ဆေးရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးနှင့် လူအပြောင်းအရွှေ့များ ပြုလုပ်ပေးရန် ရွာသားများထံမှ ငွေအလွန်အကျွံ ကောက်ခံလျက်ရှိသည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲ ၂၀ ဦးနှင့် လ.၀.က ၀န်ထမ်း ၇ ဦးတို့သည် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေးကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာများအား ဆွဲ၊တင်၊စစ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးစာရင်းသွင်းရန်နှင့် အိမ်ထောင်စုစာရင်း တစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် ထောက်ခံသည့်အမှုတွဲ ထုတ်ပေးရန် ငွေအလွန်အကျွံ ကောက်ခံကြောင်း ဒေသခံများက [...] အပြည့်အစုံသို့ »

ဘူးသီးတောင် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က အာလူးစိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး ငွေအဆမတန် ကောက်ခံနေ

ကျော်စိုး Rohingya Today 27.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အာလူး စိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး အဆမတန် ငွေကောက်ခံနေသည်။ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း ၃၅၂ က တပ်မင်းချောင်းရှိ ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် အာလူးစိုက်ခင်းများတွင် ၎င်းတို့နှင့် ရင်းနှီးသည့် လူတစ်ဦးကို စေလွှတ်၍ စက်နှစ်လုံးတပ်ဆင်ကာ ရေလောင်းပေးလျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် နှစ်သောင်းစီ ကောက်ခံလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ တပ်မင်းချောင်း ကျေးရွာအုပ်စုရှိ လယ်ယာမြေများအနက် [...] အပြည့်အစုံသို့ »

မောင်တောမြို့တွင် အစိုးရ စီမံချက်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် မီတာများ တပ်ဆင်ပေးနေသော်လည်း ငွေကြေး မြောက်မြားစွာ သုံးမှ တပ်ဆင်ခွင့်ရ

မောင်ဝံ့သ Rohingya Today 26.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် အကောင်အထည်ဖော်လျက်ရှိသော်လည်း မီတာရရှိရေးအတွက် ငွေကြေး မြောက်မြားစွာ ကုန်ကျလျက်ရှိသည်။  မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် ဓါတ်တိုင်များ စိုက်ထူလျက်ရှိရာ ယခင်ရှိခဲ့သည့် ဓါတ်တိုင်မှာ ကိုက် ၁၀၀ အကွာအဝေးရှိ မီတာဘောက် ပိုင်ရှင်က ဓါတ်တိုင် အသစ်စိုက်ထူရန်အတွက် ငွေကျပ် ၅ သိန်း ပေးရကြောင်း ဒေသခံများက Rohingya Today သို့ ပြောပါသည်။  “မြို့မတောင်ရပ်ကွက် ဥက္ကဌဟောင်း ဦးဘော်ရှော်ရ်တို့ရဲ့ ၀န်းကျင်မှာ ဓါတ်တိုင် ၅ တိုင်အတွက် ၂၅ သိန်း၊ ဖေဇီရွာ အနောက်တောင်ဘက် [...] အပြည့်အစုံသို့ »

မောင်တော မြို့မအရှေ့ရပ်ကွက်ရှိ အသိုင်းအ၀ိုင်းနှစ်ခုကြား တည်ငြိမ်မှု ပျက်ပြားအောင် ဒေသခံတစ်ဦးက ရည်ရွယ်ရှိရှိ လုပ်ဆောင်နေ

မောင်ဝံ့သ Rohingya Today 25.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက်တောင်ဘက်တွင် တည်ရှိသော အသိုင်းအ၀ိုင်းနှစ်ခုကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဒေသခံရခိုင်မိသားစုတစ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လျက်ရှိသည်။ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက် တောင်ဘက်တွင် တည်ရှိသော ရခိုင်ရွာသည် ရိုဟင်ဂျာရွာနှင့် ကပ်လျက် တည်ရှိပြီး၊ ယင်းရွာမှ ကြက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ဖြူနှင့် ၎င်း၏ သားဖြစ်သူတို့သည် ၂၀၁၂ ခုနှစ် ပဋိပက္ခကာလတွင် အနီးတစ်ဝိုက်ရှိ ရိုဟင်ဂျာနေအိမမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်းများကို အဓိက လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။  ၂၀၁၂ ခုနှစ် ပဋိပက္ခကာလအတွင်းတွင် ရခိုင်အိမ်များနှင့် ကပ်လျက်ရှိသည့် ရိုဟင်ဂျာများသည် ရိုဟင်ဂျာရွာများသို့ ထွက်ပြေး၍ ယာယီခိုလှုံခဲ့သည်။ [...] အပြည့်အစုံသို့ »

မောင်တော မြောက်ပိုင်း သရက်အုပ်ကျေးရွာမှ ကျောက်လှေကားသို့ အသွားတွင် NVC မရှိလျှင် ပေးမသွားကြောင့် ဒေသခံများက အခက်အခဲပေါင်းစုံ ကြုံတွေ့နေ

မောင်ဝံ့သ Rohingya Today 25.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ သရက်အုပ်ကျေးရွာမှ ကျောက်လှေကားဈေးသို့ သွားရာလမ်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကင်းစခန်းချ၍ NVC မရှိသူများကို ဖြတ်သန်းသွားလာခွင့် မပေးသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရသည်။ မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့အကြား ကူတို့ချောင်းတစ်ခုရှိပြီး၊ သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာများသည် ယင်းကူတို့ချောင်းကို လှေဖြင့် ကူးဖြတ်၍ ကျောက်လှေကားဈေးသို့ သွားရောက်၍ စားသုံးကုန်များဝယ်ယူကြရသည့်အပြင် သားငါးများကို ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်ကြသည်။ လွန်ခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့မှစတင်၍ နယ်မြေ (၆) ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးမှ မင်္ဂလာကြီးကျေးရွာအနီးရှိ အဆိုပါ ချောင်းအနီးတွင် ကင်းစခန်းချခဲ့သည်။ အဆိုပါကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကူတို့ချောင်းကို ဖြတ်သန်း၍ ရောက်ရှိလာသူများထံမှ NVC ကဒ်များ တောင်းခံခြင်း၊ ရွာထွက်လက်မှတ်များ တောင်းခံခြင်း တို့ကြောင့် [...] အပြည့်အစုံသို့ »

မောင်တော ရေတွင်းပြင်ရွာမှ ရိုဟင်ဂျာများကို အနီးအနားရှိ ရခိုင်ရွာများမှ သတ်ဖြတ်မည်ဟု ပြောဆိုမှုကြောင့် ရွာအပြင်မထွက်နိုင်ဘဲ အခက်အခဲကြုံတွေ့နေရ

ရန်နိုင် Rohingya Today 25.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင်ရွာရှိ ရိုဟင်ဂျာများကို အနီးအနားရှိ ရခိုင်ရွာများက သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများကြောင့် ရွာအပြင်သို့ မထွက်နိုင်တော့ဘဲ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်။ မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ တစ်ရက်အတွက် တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး မာရမာကြီး နှစ်ဦး ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း ရခိုင်လူမျိုး နှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ရုပ်အလောင်းများ တွေ့ရှိခဲ့သည်။  တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာ၏ အနီးအနားတွင် ရခိုင်ကျေးရွာများသာရှိကြပြီး ရိုဟင်ဂျာကျေးရွာများ မရှိသော်လည်း [...] အပြည့်အစုံသို့ »

ဘူးသီးတောင် တပ်ရင်း ၅၅၁ မှ ဒုတပ်ကြပ်တစ်ဦးနှင့် လက်ကိုင်တုတ်များ ပူးပေါင်း၍ ၀ါး၊ သစ်သား ရောင်းချသည့် ရိုဟင်ဂျာများထံမှ ငွေညှစ်

ကျော်စိုး Rohingya Today 24.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၅၅၁) တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးသည် ၎င်း၏ လက်ကိုင်တုတ်တစ်ဦးနှင့် ပူးပေါင်း၍ ၀ါးနှင့် သစ်သားများ ရောင်းချနေသည့် ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စုမှ ၀ါးလုပ်ငန်းရှင် ဦးဖိုးခင် (ဘ) ဦးအီလီယာစ် (အသက် ၄၅ နှစ်) သည် တပ်ရင်း ၅၅၁ ၏ လက်ကိုင်တုတ်ဖြစ်ပြီး၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က ၀ါးခုတ်သမား ခေါင်းဆောင် ဦးမိုဟမ္မဒ်အာမီးန် (ဘ) ဦးဟာဖီးဇ်အဟ်မဒ် (အသက် ၃၀ နှစ်) နှင့် [...] အပြည့်အစုံသို့ »

Rohingya Exodus