![]() |
| အင်ဒိုနီးရှား အစိုးရ ကယ်တင်ထားတဲ့ လှေစီးပြေး ဒုက္ခသည်များ။ (မေ ၁၃၊ ၂၀၁၅) |
14.5.2015
မြန်မာ အစိုးရ ဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာကြောင့် အခု မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဆီကို ရောက်ရှိလာတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံတွင်းက ထွက်ပြေး လာကြသူတွေကို ရိုဟင်ဂျာ တွေလို့ သုံးနှုန်း ရင် ဆွေးနွေးလို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို လိုက်ပါတယ်။ အခု အချိန်ထိလည်း မလေးရှား နိုင်ငံဆီကို ဦးတည် သွားနေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးလည်း တရားဝင် သံတမန်ရေး အရ ဆွေးနွေးမှုတွေ မရှိသေးသလို မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ဘက် ကလည်း မြန်မာ သံရုံးတွေဆီကို တရားဝင် အကြောင်းကြား ထားတာ မရှိသေးတဲ့ အကြောင်းလည်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် စုံစမ်းထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေ မလေးရှားနိုင်ငံဆီကို ဦးတည်ပြီး ပင်လယ်ပြင် ကို လှေတွေနဲ့ ဖြတ်ကျော် လာရောက်ကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါရှိတယ်လို့ သက်ဆိုင်ရာ အစိုးရတွေက တရားဝင် အကြောင်းကြားလာခဲ့ရင် မြန်မာ အစိုးရဘက်က မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးပေးဖို့ တာဝန်ရှိတယ်လို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့် ဒီရက်ပိုင်းအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်ကနေ ကယ်ဆယ်လိုက်ရတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းက ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေလို့ သုံးနှုန်းရင်တော့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနဘက်က စိစစ်ဆောင်ရွက်ဖို့ မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။
"ကျနော်တို့ တရားဝင်တော့ ဆွေးနွေးဖို့ တရားဝင် ညှိနှိုင်းဖို့ ဆိုတဲ့ဟာမျိုးကိုတော့ စာနဲ့ပေနဲ့ မရှိဘူး။ သို့သော်လည်း လာတွေ့တဲ့အခါ ဆွေးနွေးတာ ပြောချင်တယ် ဆိုတဲ့ အရိပ်အယောင်ပြ တာလေးတွေရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါ ရိုဟင်ဂျာ ဆိုလို့ရှိရင်တော့ ဆွေးနွေးလို့ ဘာမှ အကျိုးမရှိနိုင်ဘူးလေ။ ကျနော်တို့ နိုင်ငံကလည်း ဒါကို ပြည်သူလူထုရော အစိုးရရောက လက်မခံတဲ့ ဟာဖြစ်နေတဲ့အတွက် ဒါကို ဆွေးနွေးလို့ရှိရင် ဘာမှ အဓိပ္ပါယ်မရှိဘူး။
ကျနော်တို့ အနေနဲ့ကတော့ ဒါ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကိုတော့ ကျနော်တို့က ဒါက လိုအပ်လို့ရှိရင် စိစစ်ပေးပါတယ်။ စစ်ပေးတယ်။ မြန်မာနိုင်ငံသား မှန်ရင်တော့ ကိုယ့်နိုင်ငံမှာ Residence ပေါ့လေ။ သူတို့ပြနိုင်တယ်ဆိုရင်တော့ ကျနော်တို့က အချိန်မရွေး သူတို့ကို ပြန်ပြီးတော့ လက်ခံပေးဖို့ ရှိပါတယ်။
ရိုဟင်ဂျာ ဆိုရင်တော့ ကျနော်တို့က ဆွေးကို မဆွေးနွေးတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ဒီကိစ္စက ဘယ်လိုခေါ်မလဲ ရိုဟင်ဂျာနဲ့ -ရိုဟင်ဂျာလို့ပြော ရင် နိုင်ငံသားဖြစ်မှု ဆွေးနွေးဖို့တောင် ပိုပြီးတော့ ဝေးသွားတာပေါ့နော်။"
ဒီရက်ပိုင်းအတွင်းမှာဘဲ မလေးရှားနိုင်ငံဘက်ဆီကို ဦးတည်ထွက်လာတဲ့ လှေစီးပြေး ဒုက္ခသည် ၂ ထောင် တို့ကို အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့က ကယ်ဆယ် ထားရတာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ဖြစ် တယ်ဆိုတာနဲ့ ဒီလို ထွက်ပြေးလာသူတွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံ ကလည်း ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြတာပါ။
ဒါပေမယ့် ဒီလှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံ ဘက်ကရော မလေးရှားနိုင်ငံဘက်ကပါ သက်ဆိုင်ရာ မြန်မာ သံရုံးတွေကို အကြောင်းကြားတာ မရှိသေးတဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန့်ကျော် ကပြောပါတယ်။
အစိုးရချင်း သံတမန် နည်းလမ်းအရ တရားဝင် ပြောဆိုမှုတွေ မရှိပေမယ့်လည်း ကြာသပတေးနေ့မှာဘဲ မလေးရှား ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ပြင်သစ် သတင်းအေဂျင်စီ AFP ကို ပြောဆိုတာမှာတော့ အခု လှေစီး ထွက်ပြေး လာကြသူတွေဟာ မြန်မာပြည်တွင်းမှာ ဖိနှိပ်ခံရတာကြောင့် ဌာနေပြန်ဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ပြည်သူတွေကို လူလိုသူလို ဆက်ဆံ အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ပြောဆိုဖို့ လိုအပ်နေပြီ ဆိုပြီး မလေးရှား ပြည်ထဲရေး ဒုတိယ ၀န်ကြီး Wan Junaidi က ပြောဆိုခဲ့တဲ့ အကြောင်း သတင်းမီဒီယာတွေက AFP သတင်းဌာနကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။
မီဒီယာတွေမှာ ဖော်ပြကြတဲ့ ရိုဟင်ဂျာအရေး မြန်မာ အစိုးရ အပေါ်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။
" ကျနော်တို့ မနေ့တနေ့ကပဲ အာဆီယံ အစည်းအဝေး Summit လုပ်သွားတာပဲလေ။ အာဆီယံ အစည်းအဝေးမှာ လည်း ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးလို့ရတဲ့ နေရာပဲလေ။ အဲ့ဒီ့မှာတောင်မှ ဘာမှ မဆွေးနွေးခဲ့ဘူး။ သို့သော်လည်း မီဒီယာပေါ့နော်။ သူတို့လည်း အလျင်းသင့်ရင် သင့်သလို မေးတဲ့မေးခွန်းပေါ်မှာ မူတည်ပြီးတော့ သူတို့လည်း ဖြေသွား တာလေးတွေ ရှိတာပေါ့လေ။ အဲ့ဒီ့တော့ ကျနော်တို့ကလည်း မီဒီယာပေါ်မှာ ပြောတဲ့ ဥစ္စာတွေကိုတော့ သိပ်ပြီးတော့ ကျနော်တို့အနေနဲ့ အထကောက်ဖို့တော့ ခက်တာပေါ့။ "
မြန်မာအစိုးရဘက် ကလည်း ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် လက်မခံပါဘူး။ ရိုဟင်ဂျာလို့ ပြောဆိုနေကြသူတွေဟာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က ပြောင်းရွှေ့ ၀င်ရောက် လာကြတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကလည်း ဒါကို လက်မခံတာကြောင့် ရိုဟင်ဂျာတို့ဟာ နိုင်ငံမဲ့ ဖြစ်နေကြတာ ဖြစ်ပါတယ်။
ဖိနှိပ်ခံရမှု အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မလေးရှားနိုင်ငံဆီကို ဦးတည် ထွက်ပြေးလာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာ အရေအတွက်ဟာလည်း ဒီနှစ် ပထမ ၃ လ အတွင်းမှာ ခန့်မှန်းခြေ ၂ သောင်းခွဲ နီးပါး ရှိနေပြီး ဒီအရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ပြီးခဲ့တဲ့ ၃ လ အတွင်း ထွက်ပြေးကြတဲ့ အရေအတွက်ရဲ့ ၂ ဆ ဖြစ်လာတာလို့ လည်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး က ပြောဆို ထားပါတယ်။ လှေစီးပြေး ဒုက္ခသည်တွေကို ပြန်ပြီး မောင်းမထုတ်ကြဖို့ အကူအညီပေးကြဖို့ကိုလည်း ကုလ သမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တိုက်တွန်းထားပါတယ်။
14.5.2015
မြန်မာပြည်က ထွက်ခွာ လာခဲ့တဲ့ လှေစင်းလုံးပြည့် ရွှေ့ပြောင်းသူ တွေ ဟာ Andaman ပင်လယ် ပြင် မှာ မျောပါ နေပြီး အကူအညီ အရေးတကြီး လိုအပ် နေတဲ့ အတွက် ထိုင်း အစိုးရ က လက်ခံမယ့် အကြောင်း ကမ်းလှမ်း ခဲ့တယ် လို့ လူ ရွှေ့ပြောင်း ဝင်ရောက်မှု ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။
ဒါ ပေမယ့်၊ အဲဒီ့ သူတွေ ဟာ ထိုင်း နိုင်ငံ ကို ဝင်ရောက် ရင် ထိန်းသိမ်းခံ ရမှာ ကို စိုးရိမ် တဲ့ အတွက် သူတို့ ရောက်ဖို့ ရည်ရွယ် ကြိုးစား နေတဲ့ မလေးရှား ကိုပဲ ဆက်လက် သွားလို နေကြတယ် ဆိုပြီး IOM ပြောခွင့်ရ Jeff Labovitz က ဘီဘီစီ ကို ပြောပါတယ်။
မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံ တွေ ဟာ အဲဒီလို လှေမျိုး တွေ ကို ပြန်လည် နှင်ထုတ် တာမျိုး စတင် လုပ်ဆောင် လာခဲ့ ကြပြီး၊ အခုဆို ပင်လယ်ပြင် မှာ ရွှေ့ပြောင်း ဝင်ရောက် သူတွေ ထောင်နဲ့ ချီပြီး ရှိနေ နိုင်ပါတယ်။
အဲဒီလို နှင်ထုတ် မှုတွေ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းက အထူး စိုးရိမ်ပြီး၊ ပင်လယ်ပြင် မှာ ဒုက္ခ ရောက် နေသူ တွေ ကို ကယ်ဆယ်ရမယ့် ဝတ္တရား အပေါ် မပျက်ကွက် ကြဖို့ လည်း တိုက်တွန်း လိုက် တယ်လို့ မစ္စတာ ဘဲန် ရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ် က ပြောပါတယ်။
လူမှောင်ခို တွေ က စွန့်ပစ် ထားခဲ့လို့ ပင်လယ်ပြင် ထဲမှာ လှေအို လှေဟောင်းတွေ နဲ့ မျောပါ နေကြရသူ တွေကို အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပြီး ကယ်ဆယ် ကြပါ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကလည်း တောင်းဆို လိုက်ပါတယ်။

| (ဓါတ်ပုံ - AFP) |
14.5.2015
မြန်မာနိုင်ငံက ထွက်လာတယ်လို့ ဆိုတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် အတွင်း လှေတစ်စီးပေါ်မှာ အစားအစာနဲ့ ရေ မရှိဘဲ တစ်ပတ်ကြာ ပိတ်မိနေကာ၊ အချို့က ကျင်ငယ်ရေကို ပြန်သောက် နေကြရပြီး လူ ၁၀ ယောက်လည်း သေဆုံး သွားတယ်လို့ သိရှိရပါတယ်။
မွတ်ဆလင် ရိုဟင်ဂျာ အများစု ပါဝင်တဲ့ လူ ၃၅၀ ကို တင်ဆောင်လာတဲ့ အဲဒီ ငါးဖမ်း စက်လှေဟာ ထိုင်း နိုင်ငံ ကမ်းလွန်က Kho Lipe ကျွန်းအနီး ရောက်ရှိနေပြီး ကမ်းကပ်ခွင့် မရဘဲ ဖြစ်နေပါတယ်။
သင်္ဘော အဖွဲ့သားတွေက ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ကတည်းက စက်လှေကို စွန့်ခွာသွားခဲ့ပြီး အင်ဂျင်စက်ကိုလည်း ဖျက်ဆီး ပစ်ခဲ့တယ်လို့ အဲဒီ လှပေါ်က လူတွေက ဘီဘီစီကို ပြောပါတယ်။
သူတို့ဟာ မြန်မာ ပြည်ကနေ ထွက်ပြေး လာကြပြီး မလေးရှားကို သွားဖို့ လူမှောင်ခိုကူးသူ တွေနောက်ကို စက်လှေနဲ့ လိုက်လာကြသူတွေပါ။ ပုံမှန်အားဖြင့် သုံးပတ်လောက် သွားရတဲ့ ခရီးကို သူတို့ ဖြတ်သန်းလာတာ အခုသုံးလ ကြာခဲ့ပြီလို့ ပြောပါတယ်။
သူတို့ရဲ့ စက်လှေ နံဘေးအထိ သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် Jonathan Head က စက်လှေပေါ်က လူတွေဟာ အစားအစာနဲ့ ရေတွေ ပေးဖို့ တောင်းပံ တိုးလျှိုးနေကြတယ်လို့ ပြောပါတယ်။
အလားတူ တခြား ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ စက်လှတွေလည်း အများအပြား ရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတို့က အဲဒီ လှေတွေကို အကပ်မခံဘဲ ပြန်လွှတ်နေပါတယ်။
ထိုင်းနိုင်ငံ အတွင်း လူကုန်ကူးတဲ့ လမ်းကြောင်းပေါ်က စခန်းတွေမှာ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ တူးဖော် တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအစိုးရက စတင် ခဲ့တဲ့အတွက် ခိုးဝင် ရွှေ့ပြောင်းလာသူတွေ ကမ်းကပ်ခွင့် မရတော့တာ ဖြစ်ပါတယ်။
13.5.2015
မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တဦး အပါအ၀င် ဒုက္ခသည် ၄ ဦးဟာ သြစတေးလျနိုင်ငံ အစီအစဉ်နဲ့ ကမ္ဘောဒီယား နိုင်ငံကို သွားရောက် အခြေချ နေထိုင် တော့မယ်လို့ သြစတေးလျ သတင်းတွေက ဖော်ပြနေပါတယ်။ သူတို့ ၄ ဦးကို Nauru နိုင်ငံကနေ အခု သြစတေးလျ နိုင်ငံ ဒါဝင်မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး စခန်းကို ခေါ်ယူ ထားပြီး၊ လာမယ့် သီတင်း နှစ်ပတ် အတွင်း ကမ္ဘောဒီယား နိုင်ငံကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
သူတို့ တဦးချင်း အတွက် ဒေါ်လာ တသောင်း ငါးထောင် ပေးပြီး၊ အလုပ်အကိုင်၊ နေစရာအိမ်၊ အမြဲတမ်းနေထိုင်ခွင့် ဗီဇာနဲ့ တခြား အခွင့်အလမ်း တွေလည်း ဖန်တီး ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည်တွေ ရွှေ့ပြောင်း အခြေချနိုင်ဖို့ စီစဉ်ဆောင်ရွက် ပေးနေပါတယ်ဆိုတာကို သြစတေးလျ လူဝင်မှု ကြီးကြပ်ရေး ဌာန ပြောခွင့်ရသူက ၀န်ခံထားပေမဲ့ အသေးစိတ်ပြောဖို့ ငြင်းထားတယ်လို့ Sydney Morning Herald က ရေးပါတယ်။ ကမ္ဘောဒီယား ဖက်ကတော့ သီးခြား အတည်ပြုချက် မရှိသေးပါဘူး။
သြစတေးလျနိုင်ငံ အနေနဲ့ သူ့ဆီခိုလှုံဖို့လာတဲ့ ဒုက္ခသည်တွေကို Nauru နိုင်ငံမှာ ယာယီထားပြီး တခြားနိုင်ငံတွေကို ရွှေ့ပြောင်း အခြေချနိုင်အောင် စီစဉ် ဆောင်ရွက် ပေးနေတာပါ။ သြစတေးလျ အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး နိုင်ငံတကာ အကူအညီ အတော်များများကို လျှော့ချခဲ့ပေမဲ့၊ ကမ္ဘောဒီယားနိုင်ငံကိုတော့ အကူအညီမလျှော့တဲ့အပြင်၊ ဒုက္ခသည်တွေ လက်ခံပေးဖို့ အစီအစဉ်အတွက် နောက်ထပ် ဒေါ်လာ သန်း ၄၀ ထောက်ပံ့ကူညီဖို့ ကတိပြုထားတယ်လို့ Sydney Morning Herald က ရေးထားပါတယ်။
ကမ္ဘောဒီယား အတိုက်အခံတွေ ကတော့ ၀န်ကြီးချုပ် ဟွန်ဆင်ရဲ့ သြစတေးလျနဲ့ ဒီသဘောတူညီချက် အပေါ်မှာ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

Rohingya Eye
RB News
13.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားသူများကို နယ်ခြားစောင့် ရဲများက ဆိုင်ကယ်များ ရပ်တန့်ခိုင်းပြီး လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ ဘီးခွန် ရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်၍ လူနှစ်ဦးထက် ပိုစီးသည် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခြင်းများ ယခုလမှ စ၍ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မေလ (၈) ရက်နေ့က မော်လ၀ီ ဘောရှောရ်အူလ္လာ (ဘ) ဆရာ ဟိုက်ရ်ဘော်ရှော်ရ် (အသက် ၃၂ နှစ်) ထံမှ ငွေကျပ် တစ်သောင်း၊ မေလ (၅) ရက်နေ့က ဦးမာမတ်အလီ (ဘ) ဦးအီဆုပ်အာမတ် (အသက် ၃၀ နှစ်) နှင့် ဦးနော်ဘီဟူစိန်း (ဘ) ဦးနူရ်အာမတ် (အသက် ၂၂ နှစ်) တို့နှစ်ဦးထံမှ ငွေကျပ် (၇) သောင်းကို ကျားခေါင်းတောင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားစဉ် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
နယ်ခြားစောင့် ရဲတပ်သား တစ်ဦး ဖြစ်သည့် ကျော်ကျော်နိုင်သည် ကျေးရွာသား များ၏ ဆိုင်ကယ်များကို ခဏ အတွက်ဟု ဆိုကာ အကူအညီ တောင်းခံသည့် ပုံစံမျိုးဖြင့် ယူ၍ ကံပြင် ကျေးရွာသို့ သွားရောက်ကာ အရက်သေစာ မူးယစ်ပြီး တစ်နေကုန် စီးကာ ညနေပိုင်း အချိန်တွင် ပိုင်ရှင်ထံသို့ ဆိုင်ကယ် ပြန်လည် အပ်နှံသည့်အခါ ၎င်း၏ မဆင်မခြင် စီးနင်းမှုကြောင့် ဆိုင်ကယ်မှ အစိတ်အပိုင်းများ ချို့ယွင်းသွားသော်လည်း ဆိုင်ကယ် ပြုပြင်ရန် ငွေကြေး တစ်စုံတစ်ရာ မပေးကြောင်း ကျေးရွာသားများက ပြောပါသည်။
မေလ (၆) ရက်နေ့က အဒူလ္လာ (ဘ) ဦးအဒူဘာရီ (အသက် ၂၂ နှစ်) ၏ ဆိုင်ကယ်ကို အဆိုပါ တပ်သား ကျော်ကျော်နိုင်က ခဏအတွက်ဟု ဆိုကာ ငှားယူသွားပြီး တစ်နေကုန် စီး၍ ပြန်လည် အပ်နှံချိန်တွင် ဆိုင်ကယ် အစိတ်အပိုင်းများ ပျက်ယွင်းနေခဲ့သော်လည်း လျော်ကြေး တစ်စုံတစ်ရာ ပေးခြင်း မရှိခဲ့ဟု ဒေသခံများက ပြောပါသည်။
နယ်ခြားစောင့် ရဲများ၏ တာဝန်မှာ ရပ်ရွာ လုံခြုံရေး တာဝန်သာ ဖြစ်သော်လည်း ယာဉ်ထိန်းရဲ များ၏ တာဝန်ကို စွက်ဖက်၍ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံ ရိုဟင်ဂျာများမှာ ဆိုင်ကယ် စီးနင်း သွားလာရန်ပင် အလွန် ခက်ခဲလျက် ရှိကြောင်း ဒေသခံများက ဆိုသည်။
RB News
13.5.2015
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုင်လက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ လူမျိုး ၉၇ ရာခိုင်နှုန်းခန့် ရှိပြီး၊ ရခိုင်နှင့် အခြားလူမျိုး ၃ ရာခိုင်နှုန်းသာ ရှိသော ကျေးရွာအုပ်စု တစ်စု ဖြစ်သော်လည်း ရခိုင် အစွန်းရောက် တစ်ဦးလည်းဖြစ်၊ ရခိုင့် တပ်မတော် (AA) ၏ မောင်တောမြို့နယ် မြောက်ပိုင်း တပ်သား စည်းရုံးရေး တာဝန်ခံ တစ်ဦးလည်း ဖြစ်သူ နံ့သာတောင် ရွာသား ဦးအထွန်းချေသည် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ရာတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသဖွယ် ဧကရာဇ် တစ်ဦးကဲ့သို့ ဗိုလ်ကျ စိုးမိုး၍ ဒေသခံ ရွာသားများကို ဖိနှိပ် အုပ်ချုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။
ထို့အပြင် ၎င်း၏ စာရေး ဖြစ်သူ ဦးသူရိန်မိုးကျော်သည် ဒေသခံ ရိုဟင်ဂျာများနှင့် အမြဲတစေ ရိုင်းပျစွာ ဆက်ဆံခြင်း၊ လူမျိုး၊ ဘာသာ ခွဲခြား ဆက်ဆံ၍ ရန်ရှာခြင်းများ ပြုလုပ်လေ့ ရှိသည့်အပြင် လက်ထပ်ခွင့်များ ထုတ်ပေးရာတွင် မလိုလားအပ်သည့် ကြန့်ကြာမှုများ ပြုလုပ်ခြင်း၊ ရိုင်းပျစွာ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်သဖြင့် ဒေသခံများ စိတ်ပျက်လျက် ရှိနေကြသည်။
လွန်ခဲ့သည့် ကြာသပတေးနေ့ နံနက် (၁၀) နာရီခန့်တွင် နံ့သာတောင် ကျေးရွာမှ ဦးဟူဆောင်းအာမတ်နှင့် ဦးနော်ဇိရ်အာမတ် တို့၏ နေအိမ်များ ရုတ်တရက် မီးလောင်ကျွမ်းခဲ့သည်။ ထိုသို့ မီးလောင်ကျွမ်း ခဲ့ရခြင်းမှာ ညအချိန်တွင် ရခိုင် အစွန်းရောက်များ လာရောက်၍ အပူရလျှင် မီးလောင်စေနိုင်သည့် ဓာတုပစ္စည်းများကို ရိုဟင်ဂျာများ၏ နေအိမ် ခေါင်မိုးပေါ်သို့ ပစ်ချခဲ့ပြီး၊ ထိုဓာတုပစ္စည်းများ နံနက် နေရောင်ခြည် ရသည့်အခါ တဖြေးဖြေး အပူရှိန် ရလာပြီး မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်းတွင် နိုင်ငံတော် အစိုးရက ရခိုင်အစွန်းရောက်များ ထံမှ အလားတူ ဓာတုပစ္စည်းများ သိမ်းဆည်းခဲ့သည့် သာဓက မြောက်မြားစွာ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ထိုကဲ့သို့ နေအိမ်များ မီးလောင်ခံရပြီး မီးလောင် ဆုံးရှုံးသူများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ကူညီရမည့် အစား ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဦးအထွန်းချေသည် ဌာနဆိုင်ရာ အကြီးအကဲ များသို့ လာဘ်ငွေပေးရန် လိုအပ်နေသည်ဟု ဆိုကာ ပုဇွန်ကန် တစ်ဧကလျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၆၀၀၀ စီ ပေးသွင်းရမည်ဟု အသိပေးကာ တာကာငွေ ၄၀၀၀ စီကို ပထမ အရစ်အဖြစ် ကောက်ခံခဲ့ရာ ပြီးစီးလု နီးပါး ဖြစ်နေကြောင်း ဒေသခံများက ပြောပါသည်။ ကွမ်းသီးပင် ကျေးရွာအုပ်စုတွင် ပုဇွန်ကန် ဧကပေါင်း ၁၂၀ ကျော်ရှိကြောင်း သိရှိရသည်။
ဒေသခံများက ဦးအထွန်းချေသည် အစိုးရ အရာရှိများ၏ အမည်များကို အလွဲသုံးစား ပြုလုပ်ကာ ငွေကြေး ကောက်ခံ၍ ရခိုင့်တပ်မတော် (AA) ကို ရန်ပုံငွေ ထောက်ပံ့နေခြင်းသာ ဖြစ်သည်ဟု သုံးသပ် နေကြသည်။
ပုဇွန်ကန် တစ်ဧကအတွက် ပထမ အရစ် အဖြစ် တာကာငွေ ၄၀၀၀ စီ ပေးရသူ အချို့မှာ --
နံ့သာတောင် ကျေးရွာမှ --
(၁) ဦးအာရာဖတ် (ဘ) ဦးမာဘူရာမန်
(၂) ဦးနူရ်ဟူဆောင်း (ဘ) ဦးဟာလာဖူးတူ
(၃) ဦးအာတိခ် (ဘ) ဦးနူရ်အာလောမ်
(၄) ဦးမာမတ်အာမီးန် (ဘ) ဦးကော်ဘိရ်ရာမန်
(၅) ဦးရော်ရှိဒုလ္လာ (ဘ) ဦးအဘူဆီဒိတ်
(၆) ဦးဆော်ဒူရောန် (ဘ) ဦးဂူရာမျာ
(၇) ဦးအဒူမာလဲတ်
(၈) ဦးအာလောမ်
(၉) ဦးဟာမိတ်ဟူဆောင်း
(၁) ဦးအာရာဖတ် (ဘ) ဦးမာဘူရာမန်
(၂) ဦးနူရ်ဟူဆောင်း (ဘ) ဦးဟာလာဖူးတူ
(၃) ဦးအာတိခ် (ဘ) ဦးနူရ်အာလောမ်
(၄) ဦးမာမတ်အာမီးန် (ဘ) ဦးကော်ဘိရ်ရာမန်
(၅) ဦးရော်ရှိဒုလ္လာ (ဘ) ဦးအဘူဆီဒိတ်
(၆) ဦးဆော်ဒူရောန် (ဘ) ဦးဂူရာမျာ
(၇) ဦးအဒူမာလဲတ်
(၈) ဦးအာလောမ်
(၉) ဦးဟာမိတ်ဟူဆောင်း
လက်ဖွဲ့ကျ ကျေးရွာမှ --
(၁) ဦးဆော်ဒုလ်အာမီးန် (ဘ) ဦးကော်ဘိရ်ရာမန်
(၂) ဦးဇာဖောရ် (ဘ) ဦးရော်ရှိတ်အာမတ်
(၃) ဦးယာဟာယာ (ဘ) ဦးဖေရုစ်
(၄) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးနာဇိရ်ဟူစိန်း
(၅) ဦးတာရဲခ် (ဘ) ဦးအဒူဆူဗာန်
(၆) ဦးဆွေတာမောတ်
(၂) ဦးဇာဖောရ် (ဘ) ဦးရော်ရှိတ်အာမတ်
(၃) ဦးယာဟာယာ (ဘ) ဦးဖေရုစ်
(၄) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးနာဇိရ်ဟူစိန်း
(၅) ဦးတာရဲခ် (ဘ) ဦးအဒူဆူဗာန်
(၆) ဦးဆွေတာမောတ်
ကွမ်းသီးပင် ကျေးရွာအုပ်စု (အလယ်၊ အရှေ့၊ အနောက် ကျေးရွာများမှ) –
(၁) ဦးအာရ်ဖာတ် (ဘ) ဦးဇာဖောရ်
(၂) ဦးဟာလဲတ် (ဘ) ဦးနော်မာန်
(၃) ဦးရှာကဲရ်အလီ (ဘ) ဦးအော်လီဆာန်
(၄) ဦးမာမတ်ဒုလ်ဟောက်
(၅) ဦးဆော်ယောတ်ဆလာမ်
(၆) ဦးအာလောမ် -- တို့ဖြစ်သည်။
(၂) ဦးဟာလဲတ် (ဘ) ဦးနော်မာန်
(၃) ဦးရှာကဲရ်အလီ (ဘ) ဦးအော်လီဆာန်
(၄) ဦးမာမတ်ဒုလ်ဟောက်
(၅) ဦးဆော်ယောတ်ဆလာမ်
(၆) ဦးအာလောမ် -- တို့ဖြစ်သည်။
![]() |
| အင်ဒိုနီးရှား နိုင်ငံကို ရောက်လာသူ ရိုဟင်ဂျာ တချို့ |
သားညွန့်ဦး
13.5.2015
အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ အနေနဲ့ အတူ ပူးပေါင်းပြီး ပင်လယ်ထဲ မျောနေတဲ့ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေကို ကယ်တယ်ဖို့၊ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေ ခိုလှုံ လာသူတွေကို အကူအညီပေးကြဖို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့ကြီးက တိုက်တွန်း တောင်းဆို ပါတယ်။
အစိုးရ အာဏာပိုင်တွေ အနေနဲ့ လူကုန်ကူးမှု ပြဿနာကို အလေးထား ကိုင်တွယ်လာကြတယ် ဆိုပေမဲ့ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေကိုတော့ ကာကွယ်ကူညီမှု အားနည်းနေတုန်းပဲလို့ ထောက်ပြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ပင်လယ်ထဲ လှေတစင်းနဲ့တွေ့ရတဲ့ ရာဂဏန်းရှိမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အင်ဒိုနီးရှားရေတပ်က အစားအသောက်တွေပေးပြီး ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့နောက်၊ ပင်လယ်ထဲမှာ လှေတွေနဲ့ မျောနေသေးတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးကိစ္စအပေါ် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ပင်လယ်ထဲ မျောနေတဲ့ လှေတွေကို ကယ်ဆယ် ကူညီရေးအတွက် ပတ်ဝန်းကျင် နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ လှေတွေ ကမ်းကပ်လာရင်လည်း သူတို့ကို မပိတ်ပင်ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း တိုက်တွန်းထားပါတယ်။
ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ပင်လယ်ထဲ အတင်းပြန်ပို့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Matthew Smith က ဗွီအိုအေကို ပြောပါတယ်။
“ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ပင်လယ်ထဲမှာ လှေတွေနဲ့ ဟိုမရောက်ဒီမရောက် လည်နေတဲ့ အပေါ်မှာ ကျနော်တို့ အတော်လေး စိုးရိမ်ပူပမ် ဖြစ်မိပါတယ်။ ဒါကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ အနေနဲ့ အတူပူးပေါင်းပြီး ဒီလူတွေကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ကြဖို့ တောင်းဆိုတာပါ။ ဒါ့အပြင် ကမ်းပေါ်ရောက်လာတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်တွေကို အဲဒီနိုင်ငံတွေ အနေနဲ့ အကာအကွယ်ပေး ကူညီကြဖို့ တောင်းဆိုပါတယ်။ ကမ်းကပ်ဖို့ ရောက်လာတဲ့ လှေတွေကို အာဏာပိုင်တွေက ပင်လယ်ထဲ အတင်းပြန်ခိုင်းနေတယ်လို့ သိရပါတယ်။ ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို အတင်းပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ပါတယ်။”
ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ထိုင်းရေတပ်ကနေ လှေတွေနဲ့ ရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို စားသောက်စရာတွေပေးပြီး ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့တဲ့ အထောက်အထားတွေကြောင့် ထိုင်းအာဏာပိုင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန် ဝေဖန်ခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင် အခုအချိန်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာတာတွေ့ရပြီး၊ ဒီကနေ့မှာဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မလေးရှားအစိုးရနဲ့ နားလည်မှုစာချွန် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုအခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုဟာ ထိုင်းနိုင်ငံကို Tier-3 လူကုန်ကူးမှု အဆိုးဆုံးအဆင့် သတ်မှတ်ထားတာကြောင့် ထိုင်းနိုင်ငံ စီးပွားရေးကို အတော်လေး ထိခိုက်သက်ရောက်မှု ရှိစေတယ်လို့ ထိုင်းရဲချုပ်က အဲဒီလက်မှတ်ထိုးပွဲမှာ ပြောပါတယ်။ အလားတူ အရေးယူမှုမျိုး ဥရောပသမဂ္ဂကလည်း လုပ်လာဖို့ရှိတယ်လို့ ဆိုပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအနေနဲ့ အပြင်းအထန် လုပ်ဆောင်လာတဲ့ နေရာမှာ လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးမှု ပိုလုပ်သင့်တယ်လို့ Fortify Rights က Matthew Smith က ပြောပါတယ်။
“ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု အခြေအနေကို ထိုင်းအစိုးရက သတိပြု အလေးထား လာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာရပ်ပါ။ ဒါပေမဲ့လည်း လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးဖို့ဆိုတာ သတိပြုမိတယ်ဆိုတဲ့ အချက်နဲ့ မလုံလောက်ပါဘူး။ အခု ထိုင်းအစိုးရက အာရုံထားလုပ်နေတာ လူကုန်ကူးသူတွေကို ဖမ်းဆီးတာနဲ့၊ အဲဒီမှာ ပါဝင်ပတ်သက်တဲ့ အစိုးရအရာရှိတွေကို စုံစမ်းဖော်ထုတ်ဖို့ပါ။ ဒါတွေ လုပ်တာလည်း ကောင်းပါတယ်၊ ဒါပေမယ့် လူကုန်ကူးခံရသူတွေ လုံခြုံရေး အကာအကွယ်ပေးမှု အကူအညီပေးမှု ပိုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။”
တချိန်တည်းမှာတော့ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဖြစ်တယ်လို့ Matthew Smith က ပြောပါတယ်။ ကမ္ဘာမှာ နိုင်ငံမဲ့လူဦးရေ အများဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားတွေ ပိုပေးဖို့လိုမယ်လို့ဆိုပါတယ်။ ပြဿနာဟာလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကြောင့်လို့ ထောက်ပြပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာ ပြဿနာဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း ပြဿနာမဟုတ်တော့ဘဲ ပတ်ဝန်းကျင်နိုင်ငံတွေကိုပါ ကူးစက်လာတာကြောင့် အာဆီယံအသင်းကြီး အနေနဲ့ ထိထိရောက်ရောက်ရောက် ကိုင်တွယ်ဖို့လိုမယ်လို့ သူကမြင်ပါတယ်။
“အခုကိစ္စဟာ နိုင်ငံအစိုးရ တရပ်တည်းရဲ့ ပြဿနာ မဟုတ်တော့ပါဘူး။ ဒေသတွင်း ပြဿနာ ဖြစ်နေပါပြီ။ ဒါကြောင့် ကိုင်တွယ်ဖြေရှင်းမှု ထိရောက်ဖို့ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမှဖြစ်ပါလိမ့်မယ်။ အရင်းအမြစ် ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံထဲမှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်မှုတွေ ခံခဲ့ရသလို၊ ဘင်္ဂလားဒေ့ရှ်မှာလည်း ရပ်တည်စားသောက်ဖို့ အခက်အခဲကြီးမားနေတာကြောင့်ပါ။ ဒါကြောင့် အရင်းအမြစ် ပြဿနာက ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပါတယ်။ ဒါကို အာဆီယံအသင်းကြီး အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။”
ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြဿနာ မဟုတ်တော့ပဲ အာဆီယံတခုလုံးရဲ့ စိုးရိမ်မကင်းစရာ အခြေအနေ ဖြစ်တယ်လို့ အလှည့်ကျ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Anifah Aman က ပြီးခဲ့တဲ့လ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဖက်ကတော့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် လက်မခံပါဘူး။
MYARF
RB News
13.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဆိုင်တန်း တစ်တန်း မေလ (၁၂) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် စတင်၍ မီးလောင်ကျွမ်း ခဲ့သည်။ ယူနိုက်တက် တည်းခိုခန်း၏ တောင်ဖက်၊ မြို့မ ဗလီကြီး၏ အရှေ့ဘက်ရှိ ဗလီပိုင် ဆိုင်ခန်းများ ဖြစ်သည်။ မီးစလောင်ချိန်တွင် မီးသတ်ကား တစ်စီး ရောက်ရှိလာခဲ့သော်လည်း တစ်ခဏတာ မီးငြိမ်းသတ်ပြီး ရေကုန်သွား၍ ပြန်သွားရာ အချိန်အတန်ကြာ မီးငြိမ်းသတ်မှု မရှိ ဖြစ်နေခဲ့သည်။
ည (၉) နာရီကျော်ခန့်တွင် မီးသတ် (၃) စီး ရောက်ရှိလာခဲ့သော်လည်း အင်တိုက်အားတိုက် မီးငြိမ်းသတ်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မီးလောင်ကျွမ်းသွားသည့် ဆိုင်များ၏ ပိုင်ရှင် အများစုမှာ ဒေသခံ ရိုဟင်ဂျာများ ဖြစ်သည်။ အနီးအနားရှိ ဒေသခံ ရိုဟင်ဂျာများကိုလည်း မီးငြိမ်းသတ် နိုင်ရန် အနားပင် ကပ်ခွင့် မပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ည (၁၀) နာရီ အချိန်တွင် စစ်တပ် ရောက်ရှိလာမှသာ မီးသတ်ကားများက မီးငြိမ်းသတ်ခဲ့သည်။ လောင်ကျွမ်း သွားသည့် ဆိုင်အများစုမှာ စားကုန်ဆိုင် ဖြစ်ပြီး၊ အိမ်သုံး ပစ္စည်း အရောင်းဆိုင်၊ အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်၊ ရွှေဆိုင်နှင့် အခြားဆိုင်များလည်း ပါဝင်သည်။ ဦးနူရ်ဟူဒါ (မောင်နီရွာ) နှင့် ဦးဖော်ယာစ် (အမှတ် (၅) ရပ်ကွက်) တို့၏ အိမ်သုံး ပစ္စည်း အရောင်းဆိုင် နှစ်ဆိုင်မှာ သိန်းထောင်ချီ နီးပါး တန်သည်ဟု ဒေသခံများက ဆိုသည်။
မီးလောင်ကျွမ်း ရခြင်း အကြောင်းရင်းကို မသိရှိရသော်လည်း ဦးနူရ်ဟူဒါ၏ အိမ်သုံး ပစ္စည်း အရောင်းဆိုင် အနီးမှ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မီးလောင်ကျွမ်းနေစဉ် မီးသတ်ကားများက မီးမငြိမ်းသတ်သောကြောင့် မီးငြိမ်းသတ်ရန် သွားသည့် ရိုဟင်ဂျာ လူငယ် (၃) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ မီးလောင်စဉ် အချိန်တွင် ရဲများနှင့် ဒေသခံ ရခိုင် အချို့က ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရှိရပါသည်။
![]() |
| အာချေးခရိုင်၊ ဆန်နူဒွန်က ယာယီ နေထိုင်ရာကို ပို့ပေးမယ့် ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ။ (မေ ၁၀၊ ၂၀၁၅) |
အင်ကြင်းနိုင်
12.5.2015
ဘင်္ဂလား ပင်လယ်အော် ကနေ တဆင့် အရှေ့တောင် အာရှ နိုင်ငံ တွေကို လှေစီးပြီး ထွက်ပြေး လာကြတဲ့ ဒုက္ခသည် အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း မရှိတဲ့ ကာလပတ်လုံး ဒေသတွင်း နိုင်ငံတွေမှာ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ ဒီထက်ပိုပြီး များလာဖို့ ရှိတယ်လို့လည်း သတိပေးပြောဆို လိုက်ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့က အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ ပိုင်နက်ပင်လယ်ပြင်တွေမှာ လူမှောင်ခိုကူးသူတွေရဲ့ လှေတွေနဲ့လိုက်ပါခဲ့ကြတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီရှိနေတာပါ။ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင်ရေး အကူအညီပေးရေးအဖွဲ့ IOM ရဲ့ပြောဆိုချက်အရဆိုရင် ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးမှုကို စတင်တိုက်ဖျက်နှိမ်နင်းနေတာကြောင့် လူမှောင်ခိုကူးသူတွေဟာ လှေပေါ်က လူတွေကို ကမ်းပေါ်မတင်တဲ့အတွက် အခုလို လှေတွေနဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ ပင်လယ်ပြင်မှာ မျောနေကြတာဖြစ်တယ်လို့ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်ဘက်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ သူတို့တွေထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအများစုဖြစ်ပြီး သူတို့တွေဟာ ညှင်းပမ်းနှိပ်စက်မှုကနေ လွတ်မြောက်အောင်ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Babar Baloch က ဗွီအိုအေကို ပြောပါတယ်။
“ဘင်္ဂလားပင်လယ်အော်မှာ လှေတွေနဲ့လိုက်ပါလာခဲ့ကြသူတွေထဲက၄၀%ကနေ ၆၀% လောက်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက လာသူတွေ ဖြစ်ပါတယ်။ သူတို့ထွက်လာရတဲ့ အဓိကအကြောင်းအရင်းကလည်းရခိုင်ပြည်ထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပါ တယ်။ ဒါကို ဖြေရှင်းနိုင်တဲ့နည်းလမ်းလဲမရှိသေးတဲ့အခါမှာ ဖိအားပေးခံရတဲ့သူတွေဟာ အဲဒီနေရာကနေထွက်ပြေးပြီး လုံခြုံစိတ်ချရတဲ့ ဒေသတွေဆီလွတ်မြောက်ဖို့ ကြိုးစားလာတဲ့အရေအတွက် ပိုပြီးများလာမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင် ဦးရေ နှစ်သန်းခွဲလောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်တွင်း အသိုင်းအ၀ိုင်းနှစ်ခုကြားပဋိပက္ခတွေဖြစ်ပွားတဲ့အခြေအနေတွေဆိုးရွားလာပြီးနောက် ရိုဟာဂျာတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ထွက်ပြေးပျံ့နှံရောက်ရှိလာနေတာဖြစ်ပါတယ်။
ဒါ့အပြင် UNHCR ရဲ့အစီရင်ခံစာအရ ဘင်္ဂလားပင်လယ်အော်မှာ အခုလို လှေစီးပြီးစွန့်စွန့်စားစားထွက်ပြေးကြသူအရေအတွက်ဟာ ၂၀၁၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် နှစ်ဆပိုပြီးများလာတာဖြစ်တယ်လို့ Babar Baloch ကဆိုပါတယ်။
“လက်ရှိ UNHCR ရဲ့အစီရင်ခံစာအရ ၂၀၁၅ခုနှစ် ပထမသုံးလပတ်အတွင်း ခန့်မှန်းခြေ လူပေါင်း ၂၅,၀၀၀ လောက် လုံခြုံမှုရှိတဲ့ အရှေ့တောင် အာရှနိုင်ငံတွေဆီကို ထွက်ပြေးဖို့ခဲ့ကြပါတယ်။ ဒီလူတွေဟာမြန်မာနိုင်ငံက ရိုဟင်ဂျာအများစုဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။”
ပြီးခဲ့တဲ့လက ထိုင်းနဲ့မလေးရှားနယ်စပ်အနီး လူမှောင်ခိုကူးသူတွေရဲ့ တောတွင်းစန်းတွေဆီမှာတွေ့ရှိခဲ့တဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကလို့ ယုံကြည်ရတဲ့အလောင်း (၃၀) ကျော် အမှုနဲ့ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန်ကိုင်တွယ်စစ်ဆေးဖို့ ထိုင်းအစိုးရကို UNHCR က တိုက်တွန်းထားပါတယ်။
မနေ့ကတော့မလေးရှား ကမ်းလွန်ရေပြင် လန်ကာဝီကျွန်းကိုလှေလေးစင်းနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ တစ်ထောင်ကျော် ရောက်လာခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေကပြောပါတယ်။
ဒါ့အပြင် တနင်္ဂနွေနေ့ကမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ယူဆရတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ ၆၀၀ နီးပါးလောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရောက်ရှိခဲ့ကြပါတယ်။ ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး လူတွေအပြည့်အသိပ်တင်ဆောင်ထားတဲ့ စက်လှေနှစ်စီးဟာ အင်ဒိုနီးရှားရေပိုင်နက်မှာ မျောနေတဲ့အတွက် ဒေသခံ ငါးဖမ်းလုပ်သားတွေက ကမ်းခြေကို သင်္ဘောနဲ့ ဆွဲယူ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။
RB News
12.5.2015
လယ်ယာ အလုပ်ဖြစ်ဖြစ်၊ ကျဘန်း အလုပ်ဖြစ်ဖြစ်၊ ငါးဖမ်းတာ ဖြစ်ဖြစ် - မိမိဝမ်းစာ အတွက် ဘယ်အလုပ်ဆိုတာကိုမရွေးဘဲ .. ရတဲ့ငွေလေးနဲ့ ဟင်းကောင်းတစ်ခွက်မပါရင်တောင် ထမင်းနဲ့ မူရူဆူရာ (ငရုတ်သီးသုတ်) နဲ့ မြိန်မြိန်လေးစားပြီး ကိုယ့်မွေးရပ်မှာ ဘ၀ကို ကျေနပ်စွာနဲ့ နေတတ်ကြသူတွေပါ။ လူမချမ်းသာရင်နေပါစေ၊ စိတ်ချမ်းသာရင် ပြီးရောဆိုတဲ့ လူတွေလို့ ပြောလို့ရတယ်။ ၀ါးထရံနဲ့ အိမ်ဖြစ်ဖြစ် .. မြေနဲ့ဆောက်ထားတဲ့ အိမ်ဖြစ်ဖြစ် သူတို့အတွက် အေးချမ်းတယ်။
ဒါပေမယ့် .. လယ်ထွန်ဖို့ သွားရင်းနဲ့ လမ်းမှာ နယ်ခြားစောင့်ရဲတွေက အကြောင်းမဲ့ ရိုက်ပြီး ငွေညှစ်တာတစ်မျိုး၊ စစ်သားတွေက စစ်ဖိနပ်နဲ့ ကန်တာတစ်မျိုး .. ငါးဖမ်းသွားရင်လည်း နယ်ခြားစောင့်ရဲတွေက ငါးလုတာနဲ့ ခွင့်ပြုချက်အတွက် ငွေပေးရတာနဲ့ .. ရတာနဲ့ ပေးနေတာ တွက်ချေမကိုက်တဲ့အပြင် စားစရာပါ မကျန်တဲ့ အခါမျိုးက ခပ်များများရယ် .. အိမ်မှာ ထရံအပေါက်လေး ဖာရင်တောင် ခွင့်ပြုချက်မယူဘူးဆိုပြီး တစ်လမက ရှာထားတဲ့ ငွေတွေပေးလိုက်ရပြန်တယ်။ မရှိရင် ချေးငှားပြီး ပေးပေါ့။ ဒီလိုနဲ့ စားစရာမကျန် ထမင်းတနပ် လျှော့စား၊ မစားရတဲ့နေ့ ဆိုတာမျိုးတွေ ကြုံတွေ့ရတဲ့ မိသားစုတွေ မနည်းဘူး။
ရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ နည်းတွေ ပြောရရင်တော့ ပြောဆုံးမှာ မဟုတ်ဘူး။
လက်နက်ကိုင် အာဏာပိုင်တွေက နှိပ်စက် - ပြီးတော့ သူတို့ကိုယ်တိုင် အဲဒီ ညှဉ်းပန်းနှိပ်စက်မှုတွေက ရှောင်ထွက်သွားဖို့ လမ်းဖွင့်ပေးတယ်။
နောက်ဆုံးတော့ လူမှောင်ခိုဂိုဏ်းရဲ့ သားကောင်တွေ ဖြစ်သူကဖြစ်ပြီး အသတ်ခံရတဲ့သူက အသတ်ခံရ .. ပင်လယ်ခရီးကြမ်းမှာ အသက်ဆုံးရှုံးတဲ့လူက ဆုံးရှုံး .. ကံကောင်းတဲ့သူတွေကတော့ ရက်အနည်းငယ် အစာရေစာ ငတ်ပြတ်ပြီးတဲ့နောက်မှာ ထိုင်း (သို့) မလေးရှား (သို့) အင်ဒိုနီးရှားမှာ ကမ်းကပ်ခွင့်ရကြတယ်။ ကမ်းကပ်ခွင့်မရဘဲ ပင်လယ်ထဲ ပြန်မောင်းထုတ်ခံရသူများကတော့ လူမှောင်ခိုဂိုဏ်းတစ်ဖြစ်လဲ ထိုင်းအာဏာပိုင်များရဲ့ ရောင်းစားခြင်းကို ခံရတော့တာပဲ။ သက်ဆိုင်ရာ အစိုးရက ကယ်တင်ရင် ရောင်းစားမခံရပေမယ့် နားလည်မှုနဲ့ ကမ်းကပ်ခွင့်ရရင်တောင် ရောင်းစားခံရတာချည်းပဲ။
ဒီလို အဖြစ်ဆိုးပေါင်းများစွာ ကြုံတွေ့ရအောင် ဖန်တီးသူကတော့ သိန်းစိန်အစိုးရပဲ ..
နယ်ခြားစောင့်ရဲတွေက ညှဉ်းပန်းနှိပ်စက်မှုကစပြီး .. စက်လှေထွက်သွားတဲ့ အချိန်ထိ .. မြန်မာအစိုးရမှာ တာဝန်ရှိတယ်။
ဒီကိစ္စတွေကို လွှတ်တော်ထဲမှာ အသံကျယ်ကျယ်နဲ့ ဘယ်သူအော်မှာလဲ?
သက်ဆိုင်ရာအမတ်တွေကို မဲဆန္ဒရှင်တွေ မေးကြပါဦးလို့ တိုက်တွန်းပါရစေ ..

ဘရာဆဲလ် ။ ။ ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရာဆဲလ်မြို့ရှိ ဥရောပ ပါလီမန်တွင် ကမ္ဘာ့ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို မေလ (၅) ရက်နေ့မှ (၇) ရက်နေ့ထိနှင့် မေလ (၁၁) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အစည်းအရုံး (BROUK) မှ ဥက္ကဌ ဦးထွန်းခင်၊ Christian Solidarity Worldwide မှ အရှေ့အာရှ တာဝန်ခံ Ben Roger, Ranieri Sabatucci, EEAS, Head of the South-East Asia Division, Barbara Lochbihler, Director General of Foreign Affairs and Human Rights from EEAS တို့က မြန်မာ့အရေးနှင့် ပတ်သက်၍ ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဥရောပ ပါလီအမန်များ၊ အရှေ့တောင်အာရှ ဆိုင်ရာ ဥရောပ ပါလီမန် အရာရှိကြီးများ၊ မြန်မာ သံရုံးနှင့် အခြား သံရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Ben Roger က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး၊ မြန်မာ ရိုဟင်ဂျာ အစည်းအရုံး (ယူကေ) ဥက္ကဌ ဦးထွန်းခင်၊ Ranieri Sabatucci, EEAS, Head of the South-East Asia Division, Barbara Lochbihler, Director General of Foreign Affairs and Human Rights from EEAS တို့က အလှည့်ကျ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ မစတင်မှီ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိတ္တီလာ အရေးအခင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပတ်သက်သည့် ရုပ်ရှင်ကား နှစ်ကား ပြသခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲတွင် ဦးထွန်းခင်က မြန်မာ အစိုးရမှ ရိုဟင်ဂျာ လူမျိုးများအား စနစ်တကျ လူမျိုးတုန်း သတ်ဖြတ်နေခြင်းများ၊ လူမျိုးရေး ဘာသာရေး မုန်းတီးရန် ဟောပြောမှုများကို အစိုးရ ကိုယ်တိုင်က လွတ်လပ်စွာ ဟောပြောခွင့် ပြုထားငြ်း၊ ၀ှိုက်ကဒ်များ သိမ်းဆည်းနေမှု အခြေအနေ၊ ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်ခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ ထိုင်းနိုင်ငံတွင် ရိုဟင်ဂျာများ လူကုန်ကူးခံနေရခြင်းများနှင့် ပတ်သက်၍ နိုင်ငံတကာမှ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး အမြန်ဆုံး စုံစမ်း စစ်ဆေးပေးရန် လိုအပ်ကြောင်း အသေးစိတ် ဆွေးနွေး တင်ပြခဲ့သည်။

ဦးထွန်းခင်က “ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အစုလိုက် အပြုံလိုက် မြှပ်နှံထားတာတွေ တူးဖော်လို့ ရတဲ့ အချိန်မှာ အခုဆွေးနွေးပွဲမှာ ၀င်ရောက် တင်ပြခွင့်ရတာ အချိန်ကောင်း တစ်ခု ဖြစ်နေပါတယ်။ ကျွန်တော့် အနေနဲ့ ဥရောပ သမဂ္ဂက အာဆီယံနဲ့ ပူးပေါင်းပြီး ရိုဟင်ဂျာအရေးနဲ့ ၀ှိုက်ကဒ် ကိစ္စတွေကို ဖြေရှင်းမယ်လို့ သိရတော့ တော်တော်လေး ၀မ်းသာတယ်။ အာဆီယံ အနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို မြန်မာပြည်တွင်းရေးလို့ မသတ်မှတ်တော့ဘူး ဆိုတာကို ဥရောပ ထိပ်ပိုင်း အရာရှိတွေက ပြောပါတယ်။ ကျွန်တော့် အနေနဲ့ ဥရောပဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ထိုင်းမှာ ရိုဟင်ဂျာတွေကို သတ်ပြီး အစုလိုက် အပြုံလိုက် မြှပ်နှံ ထားတဲ့ ကိစ္စတွေ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဥရောပ နိုင်ငံတွေမှာ အမြန်ဆုံး အခြေချ နေထိုင်ခွင့် ပြုဖို့ ကိစ္စတွေကို တင်ပြခဲ့တယ်” ဟု RB News သို့ပြောသည်။
Ranieri Sabatucci, EEAS, Head of the South-East Asia Division နှင့် Barbara Lochbihler Director General of Foreign Affairs and Human Rights from EEAS တို့က ၎င်းတို့၏ ရခိုင်ပြည်နယ် ခရီးစဉ်၊ မြန်မာ အစိုးရ ၀န်ကြီးများနှင့် ၀ှိုက်ကဒ် ကိစ္စ ဆွေးနွေးခဲ့သည်များ၊ လူသားချင်း ဆိုင်ရာ အထောက်အကူများ ပေးရေး ကိစ္စနှင့် အမုန်းတရား ဟောပြောနေခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
MYARF
RB News
12.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ ကမ်းလွန် ဘင်္ဂလား ပင်လယ်အော်တွင် လူကုန်ကူးရန် သင်္ဘော ၆ စီး လူအပြည့်ဖြင့် အသင့်စောင့်ဆိုင်း လျက်ရှိနေကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ ကမ်းလွန် ဘင်္ဂလား ပင်လယ်အော်တွင် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံသို့ လူကုန်ကူးသည့် သင်္ဘော (၆) စီး ခရီးသည် အပြည့်တင်လျက် ထိုင်းနိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင် နေကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထိုသင်္ဘောများတွင် လူမှောင်ခို ပွဲစား (၃၀) ဦးလည်း ပါဝင်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် လူမှောင်ခို ပွဲစားများ ဖမ်းဆီးခံရသည့် သတင်းကြား၍ ထိုင်းနိုင်ငံသို့ မထွက်ခွာသေးဘဲ အခြေအနေကို စောင်းဆိုင်းလျက် ရှိနေသည်ဟု ဆိုသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ (နားရိဘိလ်) တွင် မလေးရှားနိုင်ငံမှ လူမှောင်ခို ပွဲစား တစ်ဦး ဖြစ်သူ ဦးမာဒူလ္လာ (ဘ) ဦးမာတာမီးန် ရောက်ရှိနေပြီး ရွာထဲတွင် နေထိုင်ခွင့် ရရှိရေး အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကော်လီမူလ္လာနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး ဦးဆော်လီမူလ္လာ တို့ကို ငွေပေးထားပြီး၊ မလေးရှားနိုင်ငံသို့ လူကုန်ကူးရန် လူများ ရှာဖွေ စုဆောင်းလျက် ရှိကြောင်း သိရသည်။
Rohingya Eye
RB News
12.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ရွာထွက် လက်မှတ်များ ထုတ်ပေးရန် ကိုယ်စားလှယ် နှစ်ဦးကို လစဉ် နှစ်သိန်းကျပ်ဖြင့် ကိုယ်စားလှယ် ခန့်ထားကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်သည် ရာအိမ်မှူးများ ခန့်ထားရာတွင် ၎င်းအား ငွေရှာပေးနိုင်မည့်သူများ၊ ရွာသားများအား မတော်မတရား ပြုမှု ဆက်ဆံနိုင်မည့်သူ များကိုသာ ရွေးချယ်၍ ခန့်လေ့ရှိသည်။ ရာအိမ်မှူးများ ဖြစ်သည့် ကျော်ဇေယျာဦး၊ ဂျာမာလ်၊ မောန်ဇူရ်ရာမန် စသည်တို့သည အကျင့်ပျက် ရာအိမ်မှူးများ ဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အလိုကျ လုပ်ဆောင်ပေး နေသူများ ဖြစ်သည်။
ဦးမောင်သက်နိုင်မှ အုပ်ချုပ်ရေးမှူး တာဝန်ယူသည့် ကာလမှ နှစ်နှစ်သာ ရှိသော်လည်း ၎င်းသည် အာဏာရှင် ဆန်ဆန် အုပ်ချုပ်ကာ ရွာသားများထံမှ အမြဲတစေ မတရားသဖြင့် ငွေညှစ်လေ့ ရှိသည်။ ၎င်းကို အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ခဲ့သည့် အချိန်ကလည်း ဒေသခံ ရိုဟင်ဂျာများ၏ သဘော ဆန္ဒရယူခဲ့ခြင်း မရှိခဲ့သလို အသိပေးခြင်းလည်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးကို အလုပ်အကျွေး ပြုမည့်သူကို ရွေးချယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
၂၀၁၅ ခုနှစ် ဧပြီလမှစ၍ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်သည် အဆိုပါ ကျေးရွာရှိ ဒေသခံ ရွာသားများအား အသွားအလာ အတွက် ထောက်ခံစာ ထုတ်ပေးမည့် တာဝန်ကို တစ်လလျှင် နှစ်သိန်းကျပ်ဖြင့် ကိုယ်စားလှယ် ပေးထားကြောင်း သိရသည်။ အဆိုပါ ကိုယ်စားလှယ် နှစ်ဦးမှာ အလယ်သံကျော် ဒေးလ်ဖာရာ ရွာသား ဂျာမာလ် (ဘ) ဦးဆော်ယောဒ် (အသက် ၂၇ နှစ်) နှင့် အေနာတ်အုလ္လာ (ဘ) ဦးမော်နူ (အသက် ၃၂ နှစ်) တို့ဖြစ်ကြသည်။
ရပ်မိရပ်ဖ တစ်ဦးက “ဒီအုပ်ချုပ်ရေးမှူးကို ရွေးချယ် တင်မြှောက် ထားတာ မဟုတ်ဘူး၊ တိုက်ရိုက် ခန့်အပ်ခဲ့တာ။ ၂၀၁၂ ခုနှစ် ရပ်/ကျေး ဥပဒေနဲ့ ကိုက်ညီမှု မရှိသလို အခုလုပ်ရပ်ကလည်း ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး၊ ဥပဒေနဲ့ မညီဘဲ ခန့်အပ် ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်က ဥပဒေ ပြင်ပက အလုပ်တွေကို လုပ်မှာဘဲ၊ ဧည့်စာရင်း၊ ထောက်ခံစာ တွေမှာ အခကြေးငွေ မယူရဘူးလို့ အဲဒီ ဥပဒေမှာ အတိအလင်း ဖော်ပြထားပြီးသား အဲဒီ ဥပဒေကို ပြင်းပြင်း ထန်ထန် ချိုးဖောက် နေတာ” ဟု သုံးသပ် ပြောဆိုသည်။
![]() |
| မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံတွေ ဆီက လှေစီးပြီး တရားမဝင် ရွှေ့ပြောင်း လာသူ တွေကို မလေးရှား နိုင်ငံ၊ Langkawi ရဲစခန်းရှေ့မှာ တွေ့ရစဉ်။ (မေ ၁၁၊ ၂၀၁၅) |
11.5.2015
အင်ဒိုနီးရှားနဲ့ မလေးရှား ကမ်းလွန် ရေပြင်မှာ လှေလေးစင်းနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၀၀ ကျော်ကို တင်္လာနေ့မှာ ကယ်တင် ရမိတယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ ကတော့ လူပေါင်း ၆၀၀ လောက်ဟာ သစ်သား လှေကြီး နှစ်စင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းကို ရောက်လာခဲ့တာပါ။
အမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်တဲ့ အဲဒီရွှေ့ပြောင်းရောက်လာသူတွေဟာ သူတို့ကို မလေးရှားကမ်းရိုးတန်းမှာ ရောက်နေတယ်လို့ လိမ်ပြောတာခံရပြီး အင်ဒိုနီးရှားကမ်းခြေကို ရေကူးသွားဖို့ ပြောဆိုတာခံခဲ့ရတယ်လို့ အင်ဒိုနီးရှားအရာရှိတဦးက ပြောပြပါတယ်။ သတင်းထုတ်ပြန်ရေးဌာနရဲ့အဆိုအရ သူတို့ဟာ မြန်မာနိုင်ငံက မူဆလင်တွေဖြစ်တယ်လို့ အာချေဒေသရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ ပြောခွင့်ရက ပြောပါတယ်
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM က တော့ ဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်တွေလည်းပါတယ်လို့ ဆိုပါတယ်။ သူတို့ဟာ သီတင်းပတ်များစွာ လှေပေါ်မှာနေခဲ့ရတယ်လို့ ဒုက္ခသည်တဦးက ပြောပါတယ်။ ဒီနှစ် ပထမသုံးလတွင်း ခုလို လှေနဲ့ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူဆလင်တွေ နဲ့ ဘင်္ဂလားဒေ့ရှ် ခန့်မှန်းခြေ ၂၅၀၀ လောက် ရှိပြီး ဒါဟာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်ကထက် အရေအတွက် နှစ်ဆ ပိုများလာတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကူအညီပေးရေးအဖွဲ့ UNHCR က ပြောပါတယ်။
![]() |
| (ဓါတ်ပုံ - ရိုက်တာ) |
10.5.2015
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိ ထိန်းသိမ်း ထားတဲ့ တရားမ၀င် ပြောင်းရွှေ့အခြေချသူ ၁၀၀ ကျော်ဟာ လူကုန်းသူတွေရဲ့ ဓားစားခံတွေ ဖြစ်ခဲ့သလား ဆိုတာကို အာဏာပိုင်တွေက မေးမြန်း စစ်ဆေး နေပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်တကျောမှာ လူကုန်ကူးတဲ့ စခန်းတွေရှိနေတာကို ၁၀ ရက်အတွင်း ဖော်ထုတ်ဖို့ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက အမိန့်ပေးထားပါတယ်။
အရင်တပတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ယူဆရတဲ့ အလောင်း ၃၃ လောင်းကို စွန်ကလာ ပြည်နယ်မှာ တွေ့ရှိခဲ့ပါတယ်။ လူကုန်ကူးသူတွေ အသုံးပြုတဲ့ လျှို့ဝှက်စခန်း ၃ ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒီလို ပြဿ နာတွေ ပေါ်ပေါက်ပြီးနောက် ဒေသတွင်းမှာ လူကုန်ကူးမှုတွေကို နှိမ်နင်းမယ့် နည်းလမ်းတွေကို ထိုင်း၊ မြန်မာ၊ မလေးရှားတို့နဲ့ သုံးနိုင်ငံ အစည်းအဝေးကို ခေါ်ဖို့ ထိုင်းဝန်ကြီးချုပ်က ဆော်သြလိုက်ပါတယ်။
အခု စစ်ဆေးနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၁၇ ယောက်ကိုလည်း မလေးရှားနဲ့ နယ်စပ် စွန်ကလာ ပြည်နယ်မှာပဲ တွေ့ရှိခဲ့တယ်လို့ ပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်က ဖြစ်ပါတယ်။
ဒီနှစ် ပထမသုံးလအတွင်း ရိုဟင်ဂျာနဲ့ ဘင်္ဂလားလူမျိုး ၂၅၀၀၀ လောက်ဟာ ရေလမ်းကတဆင့် နေရပ်ရင်းကို စွန့်ခွာခဲ့ကြတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုပါတယ်။
ဒါကြောင့် မနှစ်ကထက် နှစ်ဆ တိုးလာတယ်လို့ ဆိုပါတယ်။လှေစီးပြေး ဒုက္ခသည်တွေဟာ မူလနေရာမှာ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အန္တရာယ်များတဲ့ ခရီးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
![]() |
| အင်ဒိုနီးရှား နိုင်ငံ ဆူမာတြာကျွန်းကို လှေစီးပြီး ရောက်လာ ကြတဲ့ ရိုဟင်ဂျာ တွေကို ယာယီ ခိုလှုံ နေထိုင်ရမယ့် ဆဲန်နူဒဲန်ကို ပို့ပေးဖို့ စောင့်ဆိုင်း နေကြစဉ်။ (မေ ၁၀၊ ၂၀၁၅) |
10.5.2015
မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင် ၅၀၀ လောက် တင်ဆောင် ထားတဲ့ လှေတွေ အင်ဒိုနီးရှား အနောက်ဘက် ကမ်းခြေကို ဆိုက်ကပ် လာခဲ့ပါတယ်။ ဒီလှေစီးပြေး ဒုက္ခသည် တွေထဲက တချို့ဟာ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် အားအင် ကုန်ခန်းပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်နေကြောင်း ရွှေ့ပြောင်း အခြေချမှုနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူ တွေက ပြောပါတယ်။
ဂျကာတာ မြို့တော်က IOM လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အခြေချနေထိုင်ရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ လက်ထောက်အကြီးအကဲ Steve Hamilton က အကူအညီပေးရေးအဖွဲ့တွေဟာ အာချေးဒေသကို သွားရောက်နေကြတယ်ဆိုပြီးတော့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ခွဲခြား ဆက်ဆံခံနေရတာကြောင့် ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြ ရတယ်လို့ ရိုဟင်ဂျာအရေး စောင့်ကြည့်လေ့လာနေတဲ့ Arakan Project အဖွဲ့ ညွှန်ကြားရေးမှူး Chris Lewa က ပြောဆိုကြောင်းကိုလည်း အေပီ သတင်း မှာ ဖေါ်ပြထားပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရိုဟင်ဂျာ ၅၀၀ နီးပါး အင်ဒိုနီးရှားကို ရောက်ရှိလာကြောင်းကိုလည်း သူက အတည်ပြုပြောဆိုပါတယ်။
ရိုဟင်ဂျာတိုင်းရင်းသား တည်ရှိမှုကို လက်ခံထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂလီတွေအဖြစ် အစိုးရနဲ့ ဒေသခံတွေက မြင်ထားကြတာပါ။ ဟိုတုန်းကတော့ လူကုန်ကူးသူတွေဟာ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံတောတွင်းက စခန်းတွေမှာ ထားပြီး သူတို့ တောင်းတဲ့ငွေပေးမှသာ လိုရာ ခရီးကို ဆက်ထွက်ခွာခွင့်ပြုပါတယ်။ ဒါပေမယ့်လည်း ထိုင်းနဲ့မလေးရှားမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြင်း အထန် ဆောင်ရွက်လာတာကြောင့် အခုလို နည်းနာပြောင်းလဲပြီး အင်ဒိုနီးရှား ကမ်းခြေအထိ တိုက်ရိုက် ရောက်ရှိလာတာပါ။
အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာဦးရေ ခန့်မှန်းခြေ - (၇,၀၀၀) – (၈,၀၀၀) လောက်ဟာ မလက္ကာရေလက်ကြားက ရပ်နားထားတဲ့ သဘောင်္ပေါ်တွေမှာ ရှိနေတယ်လို့လည်း Lewa က ပြောပါတယ်။ အစားအစာနဲ့ရေ ပြတ်လပ်မှုကြောင့် ဒီလှေစီးပြေး ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ဆိုးရွားလာနေပြီး ပြီးခဲ့တဲ့လတွေအတွင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စခန်းမှ တာဝန်ခံ ဆိုသူက သေနတ်လွယ်၍ အရပ်ဝတ်ဖြင့် အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ ဗျူဟာမှူး ကျေးရွာ အခြေစိုက် တပ်မတော် စစ်စခန်းမှ တာဝန်ခံ ဆိုသူသည် အရပ်ဝတ်စုံဖြင့် သေနတ်လွယ်၍ ၎င်း၏ တပည့်ဖြစ်သူ ဦးမောန်ဇူရ် (ဘ) ဦးရာဟာမောတ်အာလီ (အသက် ၃၀ နှစ်) နှင့် ပူးပေါင်း၍ ကံပူး ကျေးရွာနှင့် လေယာဉ်ကွင်း ကျေးရွာ (မဒီနာဖာရီ) တို့တွင် ည ၈ နာရီ အချိန်မှ စတင်ကာ ညသန်းခေါင်ယံ အချိန်ထိ ရွာထဲသို့ လည်ပတ်၍ ဒေသခံ ရွာသားများ၏ နေအိမ် ခြံဝင်း အတွင်းသို့ ၀င်ရောက်ပြီး အိမ်ထဲတွင် စကားပြောသံကြားလျှင် ဘင်္ဂလားဖုန်း သုံးစွဲ၍ ဖုန်းစကား ပြောနေသည်ဟု စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ အလားတူ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ရှောင်တိမ်း သွားလျှင်လည်း လိုက်လံ ဖမ်းဆီးပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
မေလ (၅) ရက်နေ့ ည ၈ နာရီ အချိန်တွင် မာမတ်ယူဆုဖ် (ဘ) ဦးရာဟာမတ်အလီ (အသက် ၁၇ နှစ်) သည် မိမိ၏ နေအိမ်မှာ အခြားအိမ် တစ်အိမ်သို့ သွားရောက်နေစဉ် လမ်းတစ်ဝက်တွင် အဆိုပါ စစ်စခန်း တာဝန်ခံကို တွေ့၍ ရှောင်သွားရာ လိုက်လံဖမ်းဆီးပြီး ဘင်္ဂလား ဆင်းမ်ကဒ် အသုံးပြုနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရပ်မိရပ်ဖ တစ်ဦးက “ညအချိန်မတော် ရွာထဲမှာ လက်နက်နဲ့ အရပ်သား ၀တ်စုံဝတ်ပြီး ပုန်းအောင်း နေတယ်ဆိုတော့ ရွာသားတွေက ဓါးပြလို့ ထင်ပြီး တုံ့ပြန်လို့ ရှိရင် ဘယ်လိုလုပ်မလဲ၊ နည်းဗျူဟာ ပြောင်းပြီး ငွေရှာပေမယ့် လုပ်တဲ့ ပုံစံက အတော်လေး အန္တရာယ် ရှိတယ်။ အဲဒီ စခန်း တာဝန်ခံ ဆိုသူက ကျွန်တော်တို့ ရပ်ရွာ တည်ငြိမ် အေးချမ်းအောင် လုပ်နေတာ မဟုတ်ဘဲ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်နေတဲ့ အတွက် အထက် အရာရှိကြီးတွေ အနေနဲ့ ထိရောက်စွာ အရေးယူ ပေးဖို့ လိုပါတယ်” ဟု ပြောပါသည်။
MYARF
RB News
9.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (နယ်မြေ ၇ စခန်း) မှ နယ်ခြားစောင့် ရဲအချို့သည် မေလ (၆) ရက်နေ့ ည ၉ နာရီ အချိန်တွင် ကားတစ်စီးဖြင့် ကံပူး ကျေးရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ်ကို ခေါ်ယူပြီး အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စောင့်နေခဲ့သည်။ ထိုအချိန်တွင် ၎င်းကျေးရွာမှ အုစ်မာန် (ဘ) မော်လ၀ီ အဒူလ်အလီ (အသက် ၁၈ နှစ်) နှင့် မာမတ်ရော်ရှိတ် (အသက် ၂၀ နှစ်) တို့သည် ဆိုင်မှ ကွမ်းယာနှင့် ဆေးလိပ်များ ၀ယ်ယူ၍ အိမ်ပြန်နေစဉ် နယ်ခြားစောင့် ရဲများက ညမထွက်ရ အမိန့်ကို ဖောက်ဖျက်၍ အပြင်ထွက်သည်ဟု ဆိုကာ ဖမ်းဆီးပြီး ငွေတောင်းရာ လူငယ် နှစ်ဦးက ညမထွက်ရ အမိန့်မှာ ည (၁၁) နာရီမှ စကြောင်း ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲများက ညမထွက်ရ အမိန့် ည (၉) နာရီသို့ ရှေ့ထိုး ထားသည်ဟု လိမ်ညာ ပြောဆို၍ လူငယ်နှစ်ဦးထံမှ ငွေကျပ် တစ်သောင်းတန် ကြက်ဖ နှစ်ကောင်ကို ငွေအစား ညှစ်ယူခဲ့သည်။
ထို့နောက် ဦးမာဒူလ္လာ (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၂ နှစ်) သည် ညစာစားပြီး ကွမ်းယာ ၀ယ်ရန် ထွက်လာရာ ၎င်းကိုလည်း ဖမ်းဆီးပြီး ကြက်ဖ တစ်ကောင် ညှစ်ယူခဲ့သည်။ နယ်ခြားစောင့် ရဲများက ၎င်းတို့ ရရှိသည့် ကြက်ဖ ၃ ကောင်ကို အုပ်ချုပ်ရေးမှူး ရုံးတွင် ချက်ပြုတ် ခိုင်းပြီး လမ်းပေါ်တွင် ဆက်လက်၍ စောင့်နေခဲ့သည်။ ည ၁၀ နာရီ အချိန်တွင် ဦးမာမတ်ဇူဘိုင်ရ် (ဘ) ဦးနူရိုဇာမာ (အသက် ၃၂ နှစ်) သည် ဓါတ်မီးထိုး၍ လမ်းလျှောက် သွားနေစဉ် နယ်ခြားစောင့် ရဲများ ခေါ်ယူ၍ စစ်ဆေးမည်ဟု ဆိုကာ ၎င်း၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်း၍ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ထို့နောက် ချက်ပြုတ်ထားသည့် ကြက်ဖများကို စားသုံးပြီး ည ၁၂ နာရီ အချိန်တွင် ရွာထဲသို့ ၀င်ရောက်သွားရာ အလယ်ရွာ လမ်းကြားသို့ ရောက်သည့်အခါ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးဖူခူန္နားက ရာသီဥတု ပူပြင်း၍ အိမ်ရှေ့တွင် လေခံနေသည်ကို တွေ့၍ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။
မေလ (၅) ရက်နေ့ ည (၉) နာရီ အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့် ရဲများသည် ကံပူးကျေးရွာသို့ သွားရောက်ပြီး စောင့်နေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် ဥဒေါင်း ကျေးရွာမှ အလယ်သံကျော် ကျေးရွာ အုပ်စု လေယာဉ်ကွင်း (မဒီနာ ဖာရာ) ရှိ မိမိတို့၏ နေအိမ်များသို့ ပြန်သွား နေသည့် လူငယ် (၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။
နယ်ခြားစောင့် ရဲများကို ရွာထဲသို့ လုံးဝ မ၀င်ရန် အထက် အရာရှိကြီးများက အမိန့် ထုတ်ပြန် ထားသော်လည်း နယ်ခြားစောင့်ရဲများက ၎င်းတို့၏ အထက် အရာရှိ အမိန့်ကို မနာခံဘဲ ရွာထဲသို့ ၀င်ရောက်၍ နေ့စဉ်နှင့် အမျှ သောင်းကျန်း လျက်ရှိသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
9.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းကို ယခု စခန်း တည်ရှိသည့် နေရာနှင့် အနည်းငယ် အကွာရှိ တောင်ကုန်းပေါ်တွင် ပြောင်းရွှေ့ ဆောက်လုပ်လျက် ရှိသည်။ စခန်း ဆောက်လုပ်ရန် အတွက် ကျောက်ပန္ဒူ ကျေးရွာမှ နေ့စဉ် အလုပ်သမား ၁၀ ဦးစီ အတင်း အဓမ္မ လုပ်အားပေး ခိုင်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ကျောက်ပန္ဒူ ကျေးရွာအုပ်စု ရွာကြီးမှ နယ်ခြားစောင့် ရဲများ၏ သတင်းပေးများ ဖြစ်သည့် ဦးကေဖာယတ်အုလ္လာ၊ ဦးအာဘူလ်ကာဆိမ်း၊ ဦးအာဘူဘော်ကော်ရ် (ဘ) ဦးဆွေတာလောမ်၊ ဦးကာမာလ် (ဘ) ဦးနော်ဘီဟူစိန်း တို့နှင့် ပူးပေါင်း၍ အချိန်မတော် ရွာထဲသို့ ၀င်ရောက်ပြီး ရွာသားများက နေအိမ် ပြုပြင်ရန်၊ အိမ်သာ ဆောက်လုပ်ရန် အတွက် စုဆောင်း ထားသော သစ်သားများကို ခွင့်ပြုချက် မရဘဲ ခုတ်ဖြတ် စုဆောင်း ထားသည်ဟု စွပ်စွဲ၍ သိမ်းဆည်းပြီး စခန်းသစ် ဆောက်လုပ်ရာတွင် အသုံးပြုလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
သစ်ပိုင်ရှင် အချို့ကို ရိုက်နှက်သည့် အပြင် အချို့ထံမှ ငွေညှစ်ခြင်းများပါ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် စခန်းရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ အတင်း အဓမ္မ လုပ်အားပေးခိုင်းလျက် ရှိပြီး၊ ဖြတ်သန်း သွားလာသူ ကလေး၊ လူကြီး၊ မော်လ၀ီ၊ ကျောင်းဆရာ၊ ပညာတတ်၊ အလုပ်သမား လူတန်းစား မရွေးကို ရေခပ်ခိုင်း လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။ ၎င်းတို့ ခိုင်းသည့် အတိုင်း ရေမခပ်ပါက ရိုက်နှက်သည်ဟု ဆိုသည်။
မေလ (၄) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် အဆိုပါ နယ်ခြားစောင့် ရဲများသည် ၎င်းတို့၏ သတင်းပေး (၃) ဦးနှင့် အတူ ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးအာဘုလ်ဟိုရ်၏ နေအိမ်သို့ ၀င်ရောက်၍ သစ်ရှာသည်ဟု ဆိုကာ တစ်အိမ်လုံး ရှာဖွေ စစ်ဆေးခဲ့သည်။ သစ်နှင့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပြန်ထွက်သွားစဉ် ဦးအာဘူလ်ဟာရှိမ်း၏ ညီဖြစ်သူ ဦးဖော်ယာစ်အာမတ်၏ သားတစ်ဦး အိမ်ရှေ့ကြမ်းပြင်ပေါ်တွင် တွေ့ရာ ၎င်းကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။
သင်္ဘောကွေ့ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ အချင်းချင်း သေနတ် ပစ်ဖောက်၍ သေဆုံးမှု ဖြစ်ပွားပြီးနောက် စခန်းကို သင်္ဘောကွေ့ ကျေးရွာမှ ဦးအဒူလော်တီ၏ စားကျက်မြေ ပေါ်တွင် ပြောင်းရွှေ့ ဆောက်လုပ် ခဲ့သည်။ စခန်းပြောင်းရွှေ့ လိုက်၍ ယခင် စခန်းတည်ရှိရာ နေရာမှ လစ်လပ်သွားရာ မူလ မြေပိုင်ရှင်များ ဖြစ်သော သင်္ဘောကွေ့ ကျေးရွာမှ မော်လ၀ီ အာမီးန်အုလ္လာ (ဘ) ဦးအဒူရှကူရ်နှင့် ကျောက်ပန္ဒူ ကျေးရွာမှ ဦးအာမာန်အုလ္လာ (ဘ) ဦးဟောလိလ် တို့က ၎င်းတို့၏ မြေများ ပြန်လည် ပိုင်ဆိုင်နိုင်ရန် သွားရောက် ပြောဆိုသဖြင့် ၎င်းတို့ထံမှ ငွေကျပ် ၃ သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့် ရဲကင်းစခန်း တာဝန်ခံက ထိုငွေကို နယ်ခြားစောင့် ရဲများ စားသုံးရန် မဟုတ်ဘဲ ယခု စခန်းသစ် အတွက် မြေသိမ်းခံရသော ဦးအဒူလော်တီအား ပေးရန် ဖြစ်သည်ဟု ပြောကြောင်း သိရသည်။ ဦးအဒူလော်တီအား နိုင်ငံတော် အစိုးရမှ လျော်ကြေး ပေးရမည် ဖြစ်သော်လည်း နယ်ခြားစောင့် ရဲများက သင်္ဘောကွေ့ ကျေးရွာရှိ ငွေကြေး တတ်နိုင်သူများထံမှ ငွေတောင်းခံလျက် ရှိသည်ဟု ဆိုသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ တာဝန်ခံက အိမ်ပြုပြင်သူ ဒေသခံ တစ်ဦးကို ဖမ်းဆီး ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၉) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ စခန်း တာဝန်ခံ တပ်ကြပ်ကြီး စန်းဝင်းနှင့် ၎င်း၏ တပည့်များ ဖြစ်သော မောင်တူလာရွာမှ ဦးအဒူလ္လာ (ဘ) ဦးဇော်ဖော်ရ်နှင့် ဦးအေနာတုလ္လာ (ဘ) ဦးဆွေဒူလ္လာ (ခ) ဦးမျိုးအောင် တို့သည် မြင်းလွတ် ကျေးရွာသို့ သွားရောက်ပြီး မြင်းလွတ် အရှေ့ရွာမှ ဆေးဆိုင် ရောင်းသူ ဦးအာဇီမူလ္လာ (ဘ) ဦးအဒူဆလာမ်အား တရားမ၀င် နေအိမ် ပြုပြင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
စခန်းသို့ ခေါ်ဆောင် သွားပြီးနောက် ဦးအာဇီမူလ္လာက သက်ဆိုင်ရာ မြို့နယ်မှ ခွင့်ပြုချက် ရယူ၍ အိမ်ပြုပြင် နေခြင်း ဖြစ်ကြောင်း အထောက်အထား ပြသရာ၊ စခန်း တာဝန်ခံ တပ်ကြပ်ကြီး စန်းဝင်းက တရားမ၀င် ဆေးထိုး၊ ရမ်းကု ပြုလုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း မပေးပါက မောင်တော ရဲစခန်းသို့ ပို့၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခဲ့သည်။
စခန်းတာဝန်ခံ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ၍ ညနေ (၅) နာရီ အချိန်တွင် အလယ်သံကျော် ဈေးရှိ မိတ်ဆွေ ဆိုင်ရှင်များထံမှ ငွေကျပ် ၄ သိန်း ချေးယူပြီး ပေးသည့်အခါမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

| လူသေ အလောင်းများ ထပ်မံ တူးဖော် ရရှိ။ (မေ ၂၀၁၅) |
ကိုဥာဏ်ဝင်းအောင်
8.5.2015
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မလေးရှား နယ်စပ်နဲ့ နီးတဲ့ ထိုင်းနိုင်ငံ ထဲမှာ သေဆုံးသွားသူ ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်ရပ်နဲ့ ဆက်နွှယ်ပြီး ထိုင်း မြန်မာ နဲ့ မလေးရှား ၃ နိုင်ငံ ပူးပေါင်း အစည်းအဝေး တရပ် ခေါ်ယူဖို့ လိုတယ်လို့ ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။ မြန်မာနိုင်ငံဖက် ကတော့ လူကုန်ကူး မှု တားဆီး တိုက်ဖျက်ရေးမှာ အိမ်နီးချင်း ထိုင်း တရုတ်နိုင်ငံ တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရှိနေသလို၊ နောက်ထပ် လည်း တိုးချဲ့ပြီး ပူးပေါင်း ဆောင်ရွက် သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တားဆီး ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှား နယ်စပ်နားမှာ လူကုန်ကူး သူတွေကြောင့် သေဆုံးနေတဲ့ ရိုဟင်ဂျာ မူဆလင်လို့ ယူဆရသူ အလောင်း ၃၀ ကျော်ကို ရှာဖွေတွေ့ခဲ့ပြီးနောက်မှာ ဒေသတွင်း လူကုန်ကူးမှု ပြသနာကို ထိုင်း-မြန်မာ-မလေးရှား ၃နိုင်ငံ ပူးပေါင်းဖြေရှင်းသွားနိုင်အောင် အစည်းဝေးပွဲ တရပ် ခေါ်ယူဖို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်-ချန်အိုချာက မေလ ၈ရက် သောကြာနေ့မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအခြေချသူ ၃၀ ကျော်ရဲ့ အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း ဆုမ်ကလာ ခရိုင်မှာ ပြီးခဲ့တဲ့ သီးတင်းပတ်ထဲ ရှာတွေ့ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ဆက်နွှယ်ပြီးလူကုန်ကူးမှု တိုက်ဖျက်ရေးကို ဆောင်ရွက်သွားဖို့ မြန်မာနဲ့ မလေးရှား နိုင်ငံက တာဝန်ရှိသူတွေကို အစည်းအဝေး တရပ် ဖိတ်ကြားဖို့ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကို ညွှန်ကြားထားပီး ဖြစ်ပါတယ်။
ဒီ ဖိတ်ကြားမှုကို သူတို့ မသိရှိရသေးပေမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ အရင်ကတည်းက အိမ်နီးချင်းနိုင်ငံ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ဗွီအိုအေကို ပြောပါတယ်။
" အခုလောလောဆယ်တော့ အဲ့ဒီ့အစည်းအဝေးတွေနဲ့ ကျနော်တို့ဆီတော့ တရားဝင် ဖိတ်ကြားထားတာ မရှိပါဘူး ခင်ဗျ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့လေ။ ကျနော်တို့ ထိုင်းနဲ့ရော တရုတ်နဲ့ရောကတော့ Border- Office တွေ ဖွင့်ပြီး ပေါင်းပြီးတော့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေ လုပ်နေကြတယ်။"
ထိုင်းနိုင်ငံမှာ အခုကြုံရတဲ့ ရိုဟင်ဂျာမူဆလင်တွေ သေဆုံးသွားတဲ့ လူကုန်ကူးမှု ပြသနာ စဖြစ်လာရတဲ့ မူလ ဇစ်မြစ် ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာ နယ်စပ်ဒေသတွေမှာ စပြီး ဖြေရှင်းသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ချန်အိုချာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံမှာ လတ်တလော ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းကိစ္စမျိုးဟာ တကယ်တော့ လူကုန်ကူးခံရမှု ဆိုတာထက် လူမှောင်ခိုမှုသာ ဖြစ်တယ်လို့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက မှတ်ချက်ပေးပါတယ်။
"အခုသုံးစွဲနေတာ လူကုန်ကူးလို့သာ ပြောနေတာလေ။ ကျနော့်အမြင်တော့ human smuggling လူမှောင်ခိုမှုလို့ပဲ ကျနော်ကတော့ မြင်တယ်ဗျ ဒီကိစ္စကလေ။ လူကုန်ကူးမှုတော့ မဟုတ်သေးဘူးလို့ထင်တယ်။ လူကုန်ကူးမှုကျတော့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာ ၊ လုပ်အားပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာတွေ ပါမှပဲ သူတို့က လူကုန်ကူးမှုမြောက်တယ်လို့ ကျနော်တို့ Law တွေမှာရော definitionတွေမှာရော ဆိုထားတာရှိတယ်။ ဒါပေမဲ့ ဟိုဘက်နိုင်ငံရောက်ပြီး တခုခုဖြစ်တာနဲ့ လူကုန်ကူးမှုကြီးပဲ စွတ်ရေးနေကြတဲ့ အနေအထားတွေ့ရတယ်။ အခု မလေးရှား border နယ်စပ်မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ကျနော့်အမြင်တော့ လူမှောင်ခိုကူးမှု ကိစ္စပဲလို့ ကျနော်ကတော့ မြင်ပါတယ်။ Migrate လုပ်တဲ့အနေအထားပဲလေ။ Migration လုပ်တဲ့ Issue ပါပဲလေနော်။
လူကုန်ကူးခံရတဲ့သူကို ပြန်ပြီးတော့ အကာအကွယ်ပေးရတဲ့ Protection အပိုင်းတွေ ကျတော့ Rights တွေက အများကြီးဖြစ်တယ်ဗျ လူမှောင်ခိုဆိုရင်တော့ သက်ဆိုင်ရာ နှစ်နိုင်ငံရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရယ်၊ ဥပဒေအတိုင်းပဲ လဝက အက်တွေပေါ့နော်။ အဲ့တာတွေနဲ့ပဲ အရေးယူကြတယ်ဆိုတဲ့ အပိုင်းတွေပဲ ရှိပါတယ်"
ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုကိစ္စမှာ ကြားခံနိုင်ငံတခုဖြစ်ပြီးထိုင်းဒေသခံ အာဏာပိုင်တွေ ကိုယ်တိုင် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ် လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။
လူကုန်ကူးမှုတိုက်ဖျက်ဖို့ ထိုင်းနိုင်ငံဟာ တာဝန် ပျက်ကွက်နေတယ်ဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလဲ ထောက်ပြလေ့ရှိပြီး ဒီပြသနာကိုအမြန်ဖြေရှင်းဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။
သြစတြေးလျဝန်ကြီးချုပ် ဂျူလီဘီရှော့ကလဲ ထိုင်းမှာအခုကြုံရတဲ့ ကိစ္စဟာ အလွန် ၀မ်းနည်းစရာကောင်းပြီး ဒါကိုအချိန်မီ ဖြေရှင်း ပေးဖို့ သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တိုက်တွန်းပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ခ်ျနယ်စပ်ကလာတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ထားပြီး မူဆလင်အများစုရှိတဲ့ မလေးရှား နိုင်ငံကို ရွှေ့ပြောင်း ၀င်ရောက်နေကြတာ ဖြစ်ပါတယ်။

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် စေတီပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၂) မှ နယ်ခြားစောင့် ရဲများသည် အောက်နန်းရာ ကျေးရွာ အုပ်စုနှင့် အထက်နန်းရာ ကျေးရွာအုပ်စု တို့မှ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေသိန်းချီ၍ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ရသေ့တောင် မြို့နယ်၊ စေတီပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၂) မှ နယ်ခြားစောင့် ရဲများသည် အောင်နန်းရာ ကျေးရွာ အုပ်စု (ရာဇာဘိလ်) မှ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ဆွဲ၊တင်၊စစ် တွင် မပါဝင်ရန် ရွာသားများကို စည်းရုံးခဲ့သည်ဟု ဆိုကာ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် အဆိုပါ ကင်းစခန်းတွင် ချုပ်နှောင်ထားခြင်း ခံရသည့် အခြားသော အဖမ်းဆီးခံ နှစ်ဦးနှင့် ဆွဲ၊တင်၊စစ် တွင် မပါဝင်ရန် စည်းရုံးခဲ့သူများဟု စွပ်စွဲ ဖမ်းဆီးခံရသူ (၄) ဦးတို့ အချုပ်ခန်းမှ ထွက်ပြေး သွားခဲ့ကြသည်။
ထွက်ပြေးသွားသူ (၄) ဦးကို ရှာဖွေသည်ဟု နယ်ခြားစောင့် ရဲများက အကြောင်းပြ၍ ရွာထဲသို့ အချိန်မတော် ၀င်ရောက်၍ ထွက်ပြေးသွားသူ (၄) ဦးကို ထမင်းကျွေးထားသည်၊ အိမ်များတွင် ထားထားသည်ဟု စွပ်စွဲ၍ လူနေအိမ်များ စစ်ဆေးခြင်း၊ ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထိုသို့ ပြုလုပ်ရာတွင် ယင်းကျေးရွာမှ ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦး ဖြစ်သည့် မုစ်တာခ်အာမတ်နှင့် ဂျော်မိလ်တို့၏ မဟုတ်မမှန် သတင်းပေးမှု များကြောင့်လည်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူ (၄) ဦး ထွက်ပြေး သွားသည်ကို အကြောင်းပြု၍ ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦးက ရွာသားများ ထံမှ ငွေတောင်းခံခြင်း၊ ရွာသားများက ငွေမပေးလျှင် ထွက်ပြေး သွားသူ (၄) ဦးကို ထမင်းကျွေးခဲ့သည်၊ အိမ်တွင် ထားသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ နယ်ခြားစောင့် ရဲများထံ သတင်းပို့သည်ဟု ဒေသခံများက ပြောပါသည်။ ထို့ကြောင့် နယ်ခြားစောင့် ရဲများ လာရောက်၍ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်းများ ပိုမို ပြုလုပ်လျက် ရှိသည်ဟု ၎င်းတို့က ပြောသည်။
မတ်လ (၃၀) ရက်နေ့တွင် နယ်ခြားစောင့် ရဲများက အောက်နန်းရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီးန် (ဘ) ဦးဘောက်ရှုးကို ထွက်ပြေး သွားသူ (၄) ဦးကို ရွာတွင် နေထိုင်စေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းအား ချုပ်နှောင် ထားစဉ် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် လူမျိုးဘာသာ ခွဲခြား၍ စော်ကား ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းထံမှ နယ်ခြားစောင့် ရဲများက ငွေကျပ် ၅၅ သိန်း ညှစ်ယူ၍ ဧပြီလ (၁၅) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့အပြင် အောက်နန်းရာ ကျေးရွာမှ ဒေသခံ ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ (၂၅) ဦးမှ ဦးဘော်နီအာမီးန် (ဘ) ဦးအာယုဖ်ကို ယခင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့ပြီး၊ ဆွဲ၊တင်၊စစ် တွင်လည်း ပါဝင်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲ၍ ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့သည်။ ကျန်သည့် (၂၄) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းမှ ၃ သိန်းထိ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ အထက်နန်းရာ ကျေးရွာအုပ်စု၊ နီလာမ်ဘော်ရွာနှင့် အဒူလ္လာရွာ (ပေါက်ပြင်ရွာ) တို့မှလည်း ဒေသခံ (၄) ဦးကို ဖမ်းဆီး၍ ငွေကျပ် ၄ သိန်းစီ ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။
မေလ (၅) ရက်နေ့တွင် တစ်ဖန် အောက်နန်းရာ ကျေးရွာမှ မော်လ၀ီ ယာကုဖ်အား ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ၎င်းငွေကို နယ်ခြားစောင့် ရဲများက တိုက်ရိုက် မယူဘဲ ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦး ထံမှ တစ်ဆင့် ညှဏ်ယူခဲ့သည်။ မေလ (၆) ရက်နေ့တွင် ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦးက မော်လ၀ီ တစ်ပါးကို ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း တောင်းခံလျက် ရှိနေကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ယခုအခါ နယ်ခြားစောင့် ရဲများ ကိုယ်တိုင် ရွာထဲသို့ သွားရောက်၍ ရွာသားများကို နှောက်ယှက်ခြင်း မပြုတော့ဘဲ ၎င်းတို့ လိုချင်သည့် ငွေကြေးကို ဦးမော်ဂုလ်အာမတ်၏ သားနှစ်ဦး ဖြစ်သည့် မုစ်တာခ်အာမတ်နှင့် ဂျော်မိလ်တို့ ထံမှ တဆင့် ခြိမ်းခြောက်၍ တောင်းခံလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

7.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာ များတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ နယ်ခြားစောင့် ရဲများက မတရား ဖမ်းဆီး ငွေညှစ်ခြင်း၊ စော်ကား ပြောဆိုခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ရွာထွက် လက်မှတ် စစ်ဆေးရာတွင် ရွာထွက် လက်မှတ် ပြနိုင်လျှင်လည်း ရွာထွက် လက်မှတ်တွင် ဓါတ်ပုံ မပါ၊ ဓါတ်ပုံ ပါလျှင်လည်း ယာယီ အပ်နှံ၍ ရရှိထားသည့် ကဒ်ပြခိုင်းခြင်း၊ ယင်းကဒ် ပြနိုင်လျှင်လည်း မသင်္ကာ ဖြစ်နေသည် စစ်ဆေးမည်ဟု အကြောင်း အမျိုးမျိုး ပြ၍ နောက်ဆုံးတွင် ငွေကျပ် တစ်ထောင်စီ ညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် ဗမာ စကား မတတ်သူများကို ရိုက်နှက်ခြင်း၊ စကားပြော တတ်သူများကို မနေ့တစ်နေ့က ခိုးဝင်လာသည့် ခိုးဝင် ဘင်္ဂလီကောင်များ၊ ကုလားများဟု အမျိုးမျိုး ဆဲဆို၍ စော်ကားလျက် ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် မော်လ၀ီ ဘာသာရေး ဆရာများကို ပစ်မှတ်ထား၍ စော်ကားလေ့ ရှိကြောင်း သိရသည်။
အမျိုးသမီးများကို ခန္ဓာကိုယ်တွင် ဘင်္ဂလားဖုန်း ၀ှက်ထားသည်ဟု ဆို၍ နယ်ခြားစောင့် ရဲများ ကိုယ်တိုင် ခန္ဓာကိုယ်ကို ကိုင်တွယ် စစ်ဆေးသည့် အပြင် ညစ်ညမ်းစွာ ပြောဆို ဆက်ဆံလျက် ရှိသည်ဟု ဆိုသည်။ ၎င်းကင်းစခန်းမှ ကင်းစခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအေးက လက်အောက်ငယ်သား များကို ထိုသို့ ဥပဒေမဲ့ ပြုမှု ဆက်ဆံခြင်းနှင့် ပတ်သက်၍ တားဆီး ဟန့်တားခြင်း မရှိသည့် အပြင် ၎င်းကိုယ်တိုင် “ကုလားမတွေ အသိဥာဏ် မရှိတဲ့ ကောင်မတွေ၊ နင်တို့ကို ငါတို့ နိုင်ငံကနေ နှင်ထုတ်ရမယ်” ဟု ဆဲဆို စော်ကားခြင်းများ ပြုလုပ်ကြောင်း သိရသည်။ အလားတူ ဇော်မတက် ကင်းစခန်းမှ နယ်ခြားစောင့် ရဲများကလည်း ထိုကဲ့သို့ ပြုမှု ဆက်ဆံလေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။
မေလ (၆) ရက်နေ့ နေ့လည် ၁း၂၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာမှ ငါးဖမ်းသမား တစ်ဦးသည် အာရုဏ်တက်ချိန်မှ စ၍ မွန်းလွှဲချိန် အထိ ကညင်တန်း လမ်းတစ်လျှောက်တွင် ကြိုးကွင်းပစ် ဖမ်းဆီးရမိသည့် ဂဏန်း ၇ ကောင်၊ ငါးအနည်းငယ်ဖြင့် အိမ်ပြန်နေစဉ် ကညင်တန်းရှိ CARE ရုံးရှေ့ရှိ လုံခြုံရေး ကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့် ရဲက ခေါ်ယူ၍ တစ်နေကုန် နီးပါး အားထုတ်၍ ဖမ်းဆီး ရမိသည့် ဂဏန်း ၇ ကောင်နှင့် ငါးများကို လုယက်၍ ပြန်လွှတ် ပေးခဲ့သည်။ မြို့မ ကညင်တန်းရှိ INGO နှင့် အခြားသော NGO ရုံးများ ရှေ့တွင် လုံခြုံရေး တာဝန်ယူသည့် နေ့စောင့် နယ်ခြားစောင့် ရဲများသည် ရုံးများ၏ လုံခြုံရေး အတွက် တာဝန်ပေး ခံရသော်လည်း လမ်းသွား လမ်းလာများကို အမြဲတစေ အနှောက်အယှက် ပေးလျက် ရှိပြီး တစ်ခါတစ်ရံ အကြောင်းမဲ့ ငွေညှစ်ခြင်းများလည်း ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ဧပြီလ (၂၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ စားကုန်ပစ္စည်းများ၊ သကြား၊ ဂျုံ၊ အချိုရည်ဘူးများ တင်ဆောင်၍ ကြိမ်ချောင်း ဈေးသို့ သွားနေသည့် ကြိမ်ချောင်း အလယ်ရွာမှ ဦးမုခ်တာရ်အာမတ် (ဘ) ဦးနူရူလ်ဟောက် (အသက် ၃၉ နှစ်) မောင်းနှင်သော ကားကို ဖမ်းဆီး၍ ကားနှင့် တန်ဖိုးအားဖြင့် ကျပ် ၅၅ သိန်းဖိုးခန့် ရှိသည့် ကုန်ပစ္စည်းများကို ကြိမ်ချောင်း စခန်းတွင် သိမ်းဆည်း ထားခဲ့သည်။ ထို့နောက် ယာဉ်မောင်း ဖြစ်သူကို ဧပြီလ (၃၀) ရက်နေ့တွင် မောင်တော တရားရုံးမှ ရမန် ယူ၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
ဦးမုခ်တာရ် အာမတ် မောင်းနှင်သည့် ကားမှာ ၎င်း၏ ကိုယ်ပိုင်ကား ဖြစ်ပြီး ကြိမ်ချောင်း ဈေးမှ ကုန်သည် အချို့က ငှားရမ်းပြီး တောင်ပြို - ကြိမ်ချောင်း လမ်းတစ်လျှောက်ရှိ ဂိတ်စခန်းနှင့် ကြိမ်ချောင်းနှင့် တောင်ပြိုရှိ အာဏာပိုင်များ ထံမှ ခွင့်ပြုချက် ရယူပြီး တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ကြိမ်ချောင်း ဈေးသို့ စားကုန်ပစ္စည်းများ သယ်ယူလာစဉ် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ရဲအုပ်က တစ်ဖက်နိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ပစ္စည်းများ ဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကားကို ဖမ်းဆီးပြီးနောက် ကုန်ပစ္စည်းများ၏ ပိုင်ရှင်များကို ရှာဖွေသဖြင့် ကုန်သည်များ တိမ်းရှောင် နေရသည်။ ကုန်သည်များက ကြိမ်ချောင်း စခန်းမှ ခွင့်ပြုချက် ရယူစဉ် ကားကို ဖမ်းဆီးသည့် ရဲအုပ် မဟုတ်ဘဲ အခြားသော ရဲအုပ် တစ်ဦး ရှိခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ ခွင့်ပြုချက် ရယူစဉ် အဆိုပါ ရဲအုပ်၏ လက်အောက်ငယ်သားများ အားလုံးလည်း သိရှိခဲ့သည်။
ဦးမုခ်တာရ်အာမတ် ဖမ်းဆီးခံရ၍ ၎င်း၏ သားသမီးငယ်များ စားဝတ်နေရေး အခက်ကြုံရမည့် အပြင် ပညာရေးပါ ဆုံးရှုံးရမည့် အနေအထားတွင် ရှိနေသည်ဟု မိသားစုဝင် များက ပြောပါသည်။
MYARF
RB News
7.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက လောင်းဒုံ ကျေးရွာမှ ငွေညှစ်ခံရသူကို ခံဝန်ချက် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် (နယ်မြေ ၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် လောင်းဒုံ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက်၍ ဧပြီလ (၁၇) ရက်နေ့တွင် လောင်းဒုံ ကင်းစခန်းမှူး၏ ငွေညှစ်ခြင်းကို ခံရသည့် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးရှောမ်ရှုလ် အာမီးန် (ဘ) ဦးဖော်ဇိလ်အာမတ်ထံ နယ်ခြားစောင့်ရဲ (၃) ဦး စေလွှတ်၍ ငွေညှစ်မှုကို စစ်ဆေးရန် ခေါ်ခိုင်းခဲ့သော်လည်း ဦးရှောမ်ရှုလ်က ကြောက်ရွှံ၍ တိမ်းရှောင် သွားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဦးရှောမ်ရှုလ်၏ အစ်ကို မော်လ၀ီ ဟိုင်ရုလ်အာမီးန်က ရွာမှ ရပ်မိရပ်ဖများ ဖြစ်သည့် ဦးရှောမ်ရှုလ်အာမီးန်၊ ဦးလှတင်နှင့် ရာအိမ်မှူး ဦးနူရူလ်ဟောက်တို့နှင့် အတူ လောင်းဒုံ ကင်းစခန်းသို့ သွားရောက်၍ ရဲမှူးနှင့် တွေ့ဆုံခဲ့သည်။
ရဲမှူးက မော်လ၀ီ ဟိုင်ရုလ်အာမီးန်ကို ရိုက်နှက်ခံရခြင်းနှင့် ငွေညှစ်ခံရခြင်းများ အကြောင်းကို မေးမြန်းခဲ့ပြီး၊ ရဲမှူးက မော်လ၀ီအား ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့်ရဲများကို တရားဆွဲမည်လား၊ ခွင့်လွှတ်ပေးမည်လားဟု မေးမြန်းခဲ့သည်။
မော်လ၀ီ ဟိုင်ရုလ်အာမီးန်က မိမိသည် အစ္စလာမ် ဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ အစ္စလာမ် ဘာသာတွင် တစ်ဦး တစ်ယောက်က အပြစ်တစ်ခု ကျူးလွန်လျှင် ၎င်းကို ပြန်လည် အစားမယူဘဲ သနား၍ ခွင့်လွှတ်ခြင်းသည် မွန်မြတ်လှကြောင်း၊ သို့ဖြစ်၍ မိမိသည် မော်လ၀ီ တစ်ပါး ဖြစ်သည့် အလျောက် မိမိအား ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့် ရဲများကို ခွင့်လွှတ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် နောက်နောင် မည်သူ တစ်ဦး တစ်ယောက်ကိုမှ ထိုကဲ့သို့ ရိုက်နှက်ခြင်း မပြုအောင် ရဲမှူး အနေဖြင့် ဆုံးမ သွန်သင် ပေးရန် လိုလားကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ရဲမှူး ဖြစ်သူသည် ကြိမ်ချောင်း ဈေးရှိ ကွန်ပျူတာ ဆိုင်မှ ဦးရှောမ်ရှုလ်အာမီးန်နှင့် မော်လ၀ီ ဟိုင်ရုပ်အာမီးန် တို့ထံမှ လောင်းဒုံ ကင်းစခန်းမှူးက ငွေကြေး တစ်စုံတစ်ရာ ညှစ်ယူခြင်း မရှိဟု ၀န်ခံချက် စာရွက် ယူဆောင် လာပြီး မော်လ၀ီ ဟိုင်ရုလ်အာမီးန် အား လက်မှတ် ရေးထိုး စေသည့် အပြင် ၎င်းနှင့် အတူ ပါလာသည့် ရပ်မိရပ်ဖ နှစ်ဦးနှင့် ရာအိမ်မှူး တို့ကို အသိသက်သေ များအဖြစ် လက်မှတ် ရေးထိုး စေခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်က ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၌ ယခင် ကျေးရွာ တာဝန်ခံ သတ်ဖြတ်ခံရပြီးနောက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွှေရင်အေး န.တ.လ ရွာမှ ဦးအောင်ထွန်းလှကို ခန့်အပ်ခဲ့သည်။ အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် မေလ (၂) ရက်နေ့တွင် အိမ်နီးချင်း ရွာသား နှစ်ဦး အချင်းချင်း အချေအတင် စကားများခဲ့သည်ကို အကြောင်းပြု၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဖေရာန် (ဘ) ဦးဟာလာယာ (အသက် ၂၁ နှစ်) ထံမှ ငွေကျပ် ၅ သောင်းနှင့် ဆွေယာဒ်ကာဆိမ်း (ဘ) ဦးမာမောတ် (၁၈ နှစ်) ထံမှ ငွေကျပ် ၇ သောင်း ၅ ထောင် ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
အလားတူ မေလ (၄) ရက်နေ့တွင် ဇာဖောရ်အာလောမ် (ဘ) ဦးအီလီယာစ် (အသက် ၂၀ နှစ်) သည် အုပ်ချုပ်ရေးမှူးနှု့် အပေါင်းအပါ များအား မထီလေးစား ပြုခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ရုံးတွင် ထိန်းသိမ်းထားပြီး ညှဉ်းပန်း နှိပ်စက်သည့် အပြင် ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ ဦးအောင်ထွန်းလှ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ခြေထောက် နှစ်ဖက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
အုပ်ချုပ်ရေးမှူးသစ် ဦးအောင်ထွန်းလှသည် ပြဿနာများ လုပ်ကြံ ဖန်တီး၍ ရွာသားများကို ညှဉ်းပန်း နှိပ်စက် ငွေညှစ် နေသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ရွာသားများ အကြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို အထူး စိုးရိမ်ပူပန် နေရကြောင်း ဒေသခံ ရွာသားများက ပြောဆို နေကြသည်။
မအေးအေးမာ
7.5.2015
ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးနေတဲ့ ရုပ်အလောင်း အတော်များများ တွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံ ဆုံခလာခရိုင်ထဲက ရာဘာ တောထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ရွှေ့ပြောင်း နေထိုင်သူလို့ သံသယ ရှိရတဲ့ ရုပ်အလောင်း ၆ လောင်းကို ထိုင်းရဲတွေက ထပ်မံ တွေ့ရှိကြောင်း အတည်ပြု ပြောကြားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက ထိုင်းနိုင်ငံ ဆုံခလာခရိုင်၊ ဖန်ငခရိုင်တွေမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေလို့ သံသယရှိတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရာကစလို့ ထိုင်းအာဏာပိုင်တွေက ဆက်တိုက် ရှာဖွေမှုတွေ လုပ်ခဲ့ပြီး လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိတဲ့သူတွေကိုပါ ဖမ်းဆီး စစ်ဆေး အရေးယူနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်ကျော်အတွင်းမှာ ရုပ်အလောင်း ၂၆ လောင်းခန့် ရှာဖွေခဲ့ပြီးတဲ့နောက်မှာတော့ ဆုံခလာခရိုင်တွင်းမှာပဲ နောက်ထပ်အလောင်း ၆ လောင်း တွေ့ရှိရတယ်လို့ ဆုံခလာခရိုင် (PADANG BESAR) ရဲစခန်းက တာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောကြားပါတယ်။ အဲဒီမှာမြှုပ်ထားတဲ့ အလောင်းတွေဟာ အဲဒီအနီးအနားတ၀ိုက်မှာရှိတဲ့ လူမှောင်ခိုကုန်ကူးသူတွေရဲ့ စခန်းအတွင်းမှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်တယ်လို့ ရွာသားတွေက သူတို့ကိုပြောကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် ဆုံခလာခရိုင် (PADANG BESAR) ရဲစခန်းက ရဲစခန်းမှူးကိုလည်း ရဲချုပ်ရုံးကို ရာထူးရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဖန်င စတဲ့ နေရာတွေကနေတဆင့် ထိုင်း-မလေး နယ်စပ်အထိ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေကို လူကုန်ကူးသူတွေက ပို့ဆောင်နေတာဖြစ်လို့ ထိုင်းတောင်ပိုင်းမှာ မကြာခဏ ဖမ်းဆီးမှုတွေလည်း ရှိနေတာပါ။ ဖန်ငခရိုင် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ရှိသူ ကိုမိုးဝေကတော့ လူကုန်ကူးခံရသူတွေဟာ ရနောင်း၊ ဖန်ငခရိုင်တွေကတဆင့် မလေးနယ်စပ်ထိ သွားသူတွေရှိသလို မလေးရှားနယ်စပ် ဆုံခလာမြို့နယ်အထိ တိုက်ရိုက် လှေတွေနဲ့ ပို့ဆောင်ခံရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
“ဖန်ငကနေတဆင့် မလေးရှားနယ်စပ်အထိ ဖြတ်တာကိုး။ ဖြတ်တာကတော့ ကျနော်တို့အဖွဲ့က တောက်လျှောက်ဖြတ် အဲဒီ ရနောင်း ဖန်င လှေလာစိုက်ပြီးရှိသလိုမျိုး ဟိုး ဆုံခလာဘက်ကို လှေတခါတည်း သွားစိုက်တာတွေလည်း ရှိတယ်။ ကျွန်းရှိတဲ့နေရာတွေမှာ သူတို့က လှေလာစိုက်ပြီးတော့ ရိုဟင်ဂျာတွေကို ဒီကျွန်းပေါ်တွေမှာ ထားထားတာပေါ့နော်။ မရွေးနိုင်တဲ့သူတွေ ကျန်ခဲ့တဲ့သူတွေလည်း အစာရေစာပြတ်ပြီး သေတာတွေ၊ အဖမ်းခံရတာတွေ အဲဒီလိုမျိုးတွေ ရှိတယ်ခင်ဗျ။”
၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို လူကုန်ကူးခံရသူ ၃ ထောင်လောက် ၀င်ရောက်လာတာကို တွေ့ခဲ့ရကြောင်း ကိုမိုးဝေက ပြောပြပါတယ်။ ထိုင်းနိုင်ငံကို ၀င်ရောက်လာတဲ့ မူဆလင်တွေထဲမှာ တချို့က မလေးရှားရောက်ဖို့အတွက် ငွေကြေးကုန်ကျခံပြီး သူတို့ဆန္ဒနဲ့ လာသူတွေလည်းရှိသလို၊ တချို့ကတော့ အလုပ်လုပ်ပြီး လမ်းစရိတ်ဆပ်ရမယ်ဆိုပြီး သဘောတူညီချက်နဲ့ လာကြသူတွေလည်း ရှိပါတယ်။ အဲဒီထဲက တတိယအမျိုးအစားကတော့ သူတို့သဘောဆန္ဒမပါဘဲ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်လာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒီထဲက ဒုတိယအမျိုးအစားနဲ့ တတိယအမျိုးအစားက ငွေကြေးမပေးနိုင်တဲ့အတွက် ရောင်းစားခံရတာ များတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကစလို့ ထိုင်းနိုင်ငံမှာရှိတဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအများစုဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာမူဆလင်တွေ ဖြစ်ကြပါတယ်။ လူမှောင်ခိုကူးတဲ့သူတွေဟာ တနှစ်ကို လူ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံကို ခေါ်ဆောင်လာကြပြီး၊ အဲဒီလူတွေကိုတော့ တောထဲမှာဖွက်ထားပြီး၊ မူဆလင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကို ပို့ပေးဖို့အတွက် ပိုက်ဆံတွေ တောင်းယူနေတာဖြစ်ပါတယ်။
မေလ ၅ ရက်နေ့ကတော့ လူမှောင်ခိုကူးသူတွေ အသုံးပြုခဲ့တဲ့ ဒုတိယစခန်းတခုကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲဒီအနီးအနားက ၃ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။ ထိုင်းသတင်းတွေမှာတော့ လူကုန်ကူးမှုမှာ လူမှောင်ခိုဂိုဏ်းက လူတွေနဲ့အတူ ထိုင်းရဲတွေ၊ ရပ်ရွာအာဏာပိုင်တွေ ၈ ဦးထက်မနည်း ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဖော်ပြကြပါတယ်။ လူကုန်ကူးသူတွေဟာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကို ခေါ်ဆောင်လာပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ သူတို့ရဲ့မိသားစုတွေထံမှာ ငွေညစ်တောင်းခံတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ သတ်ပစ်တာ၊ ရောင်းစားတာတွေ လုပ်ခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေက လူကုန်ကူးမှုနဲ့ ဆက်နွယ်နေသူတွေကို ဆက်လက်ဖမ်းဆီးနေပါတယ်။ လူကုန်ကူးသူတွေ ဖမ်းထားတဲ့တန်စာခံဟာ လွတ်သွားပြီး စစ်တပ်ကိုတိုင်ကြားရာကနေစပြီး ဒီအမှုက စတင်ပေါ်ပေါက်လာတာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။ အခုလို လူတွေ အစုလိုက်၊ အပြုံလိုက် သေဆုံးနေတာကို တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကလည်း တောင်းဆိုထားပါတယ်။

| ထိုင်းလူကုန်ကူးဂိုဏ်း သံသယ ရှိသူတွေ ဖမ်းဆီး ရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာ ရှင်းလင်း။ (မေ ၅-၂၀၁၅) |
မအေးအေးမာ
7.5.2015
ထိုင်းရဲတပ်ဖွဲ့ ထဲမှာ လူကုန်ကူးမူနဲ့ ဆက်စပ် ပတ်သက်တယ်လို့ သံသယရှိနေတဲ့ ထိုင်းရဲ ၅၀ ထက် မနည်းကို အရေးယူ ဆောင်ရွက်မူတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံ ရဲချုပ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ကလည်း မလေးနယ်စပ်က လူကုန်ကူးနေတဲ့ စခန်းတွေကို ရှာဖွေပြီး ၁၀ရက်အတွင်း ပိတ်ပစ်ဖို့ အတွက် အမိန့်ပေး ထားပါတယ်။ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်း ပေးပို့ ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်း တပတ်ကျော်က ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်က ဆုံခလာ ခရိုင်ထဲမှာ ရုပ်အလောင်းတွေ တွေရှိပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံက လူကုန်ကူးမှုနဲ့ ပတ်သက် ဆက်နွယ်သူတွေလို့ သံသယရှိတဲ့ ရဲအာဏာပိုင်တွေကိုပါ စစ်ဆေး အရေးယူနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့ Burma Rohingya Association in Thailand (BRAT) အဖွဲ့က ဦးမောင်ကျော်နုကတော့ ဒီလို ဖမ်းဆီးစစ်ဆေးမူတွေ လုပ်တာဟာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေ အတွက် သင်္ခန်းစာဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။
"Police တွေဆိုရင် သူတို့ အစုလိုက် အပြုံလိုက် မဟုတ်တာတောင်မှ ကျနော် သိသလောက် အယောက် လေးငါးဆယ်လောက် ပြောင်းရွှေ့လိုက်ပြီ။ သူတို့ကို Demotion လုပ်တယ်။ နောက်ပြီးတော့ နေရာပြောင်းလိုက်တာတွေ ဘာတွေရှိပါတယ်။ အဲ့တာကောင်းပါတယ်။ အဲ့တာ သင်္ခန်းစာ တခုဖြစ်သွားပါတယ်။"
ရိုဟင်ဂျာတွေကို လူကုန်ကူးမူတွေနဲ့ ပတ်သက်လို့ ထိုင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ အနုစစ်က တော့ ဒီနေ့မှာပဲ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။
"ဒီလို လူကုန်ကူးတဲ့စခန်းတွေ မြှုပ်နှံထားတဲ့ နေရာတွေ တခြားနယ်မြေတွေမှာရော ရှိနေသေးသလား ဆိုတာ စစ်ဆေးနေကြောင်း အလားတူ ဖြစ်ရပ်မျိုးတွေ အိမ်နီနားချင်းနိုင်ငံတွေမှာရော ရှိနေသလားဆိုတာ စုံစမ်းနေကြောင်းနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ လူကုန်ကူးမှုတွေ ကွင်းဆက်တွေကို သေချာ စုံစမ်းဖော်ထုတ် သွားမယ်လို့ ပြောသွားပါတယ်။ လူကုန်ကူးမှုတွေ ပြသနာတွေ ကိုဖြေရှင်းဖို့ အခု အစိုးရလက်ထက်မှာ သေသေချာချာလုပ်ဆောင်နေပါတယ် ဒါအပြင် နိုင်ငံတော် လုံခြုံရေးနဲ့ လူအခွင့်အရေးကို ညီမျှအောင်လုပ်ဖို့လိုကြောင်း ရိုဟင်ဂျာတွေ အပြင် တခြားလူကုန်ကူးမူတွေကိုပါ စစ်ဆေးအရေးယူ သွားမှာဖြစ်ပါတယ်" ဆိုပြီး ပြောကြားသွားခဲ့တာပါ။
မြန်မာပြည် အနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားနယ်စပ်ကနေ တရား မ၀င်လှေတွေနဲ့ သယ်ဆောင် လာရာမှာ တချို့ကတော့ အလုပ်အကိုင် ရှာဖွေ လိုတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေဖြစ်ကြပါတယ်။ ထိုင်းရေတပ်ကလည်း မကြာခန ဖမ်းဆီးမိသလို ထိုင်းနိုင်ငံ ဖန်းငခရိုင်တွင်းမှာလည်း ဖမ်းဆီးမိ တာတွေရှိပါတယ်။ သူတို့ကို ထိန်းသိမ်းရေးစခန်း ပို့ထားပေမဲ့ ထွက်ပြေး လွတ်မြောက် သွားတာတွေ ရှိသလို အဲ့ဒီနေရာတွေက ပြန်လွတ်တဲ့ အခါမှာ လည်း ရောင်းစားခံရမူတွေ ရှိနေတယ်လို့ ဦးမောင်ကျော်နုက ဆက်ပြော သွားပါတယ်။
"၉၀ကျော်% ဟာ လူကုန်ကူးတဲ့လူရဲ့ လက် ရောက်သွားပါတယ်ဗျ။ ဘယ်လိုရောက် လဲ ဆိုတော့ သူတို့ ကို ပြန်လွှတ်ပေးမယ်ဆိုပြီး ရနောင်း ကနေ ကော့သောင်း ကို လွှတ်ပေးမယ်လို့ လုပ်ပေမဲ့လို့ ဒီကြားမှာပဲ နယ်စပ် ကနေပြီးတော့ ပြန်လွှတ်ပေး တယ်ဆိုတဲ့နေရာကနေ ပြန်ပြီးတော့ တခါ သူတို့ လက်ထဲမှာပဲ ရောက် သွားတယ် ခင်ဗျ။ "
ဒီလို ရွှေ့ပြောင်း အခြေချနေထိုင်နေသူတွေ နဲ့ ပတ်သက်လို့ လူကုန်ကူးခံရ တာတွေရှိနေတဲ့ အတွက် ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရတာပါ။ ဒီအတွက် ထိုင်းနိုင်ငံက စစ်အစိုးရ တက်လာပြီးတဲ့နောက် တင်းတင်းကြပ်ကြပ် သေချာကိုင်တွယ်မှု တွေ လုပ်လာပါတယ်။
အခု ရုပ်အလောင်းတွေ တွေရှိပြီးတဲ့နောက်မှာ ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူဆောင်ရွက် တာအပြင် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သံသယရှိတဲ့ ရဲအရာရှိတွေ အပါအ၀င် ဒေသဆိုင် ရာနိုင်ငံရေးသမားတွေကိုပါ စစ်ဆေး အရေးယူမူတွေလုပ်လာခဲ့တာပါ။ ဒီအစိုးရ လက်ထက်မှာ သေချာ ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာကို ယုံကြည်ကြောင်း ဦးမောင်ကျော်နုက ဆက်ပြောသွားပါတယ်။
"ယုံကြည်ပါတယ်။ ကျနော် ယုံကြည်ပါတယ် အခုတက်လာတဲ့အစိုးရက တိုက်ဖျက်မှာပဲ။ ကျနော် လုံးဝ ယုံကြည်ပါတယ်။ တခြားအစိုးရတွေထက်ကို လုပ်မှာပါ။ ဗမာအစိုးရကလည်း ဦးသိန်းစိန် အစိုးရကလည်း ပူးပေါင်းဖို့ကောင်းပါတယ်။ ပူးပေါင်းအောင်လို့လည်း ဒီကနေ ဆက်သွယ်တယ်လို့ ကျနော် သတင်းကြားရပါတယ်။"
အခုဆိုရင် မြေမြုပ်ထားတဲ့ကျင်းပေါင်း ၃၀ကျော် ၄၀နီးပါး ရှာဖွေတွေရှိခဲ့ရာမှာ ရုပ်အလောင်း ၃၂လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ သေဆုံးသူတွေ ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလား နယ်စပ်က ရွှေ့ပြောင်း အခြေချသူတွေအဖြစ် ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပြိး သူတိုတွေဟာ မလေးရှားနိုင်ငံကို သွားဖို့ အတွက် ထိုင်းနိုင်ငံကို တထောက်နားစခန်းအဖြစ် အသုံးချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ ဆိုတဲ့နေရာမှာ ဆလွန်းကားနောက်ခန်းမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေကို ထည့်ပြီး လူကုန်ကူးခဲ့တဲ့ ထိုင်းလူမျိုး တဦးကို ဖမ်းဆီးခဲ့ပါတယ် ။
လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန် တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ ထဲ မှာ မြန်မာနိုင်ငံ ကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားပေ မယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံ ထားရပါတယ်။
ဒီအတွက် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံတကာ အစိုးရတွေ နဲ့ တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း လူကုန်ကူးမူနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် ရွှေ့ပြောင်း အလုပ်သမားတွေ စီစစ်ရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။
![]() |
| အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့် ရသူ Jeff Rathke |
ကိုသားညွန့်ဦး
5.5.2015
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အတွက် အဆိုပြု တင်သွင်း ထားတဲ့ ဥပဒေ မူကြမ်းတွေ အပေါ် စိုးရိမ်မကင်း ဖြစ်မိပြီး၊ မြန်မာနိုင်ငံ အနေနဲ့ လူ့အခွင့် အရေး စိန်ခေါ်ချက် တွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ် နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆို လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အမေရိကန်အာဏာပိုင် တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန် ဘက်က အခုလို ထောက်ပြ ပြောဆို ခဲ့ကြတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထား ပါတယ်။
လူနည်းစုဘာသာဝင်တွေ အပါအ၀င် မတူကွဲပြားတဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ အခွင့်အရေး တန်းတူ အကာအကွယ် ရစေဖို့အတွက် လိုအပ်ချက် ရှိတဲ့အကြောင်း သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး Benjamin Rhodes က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ မနေ့တုန်းက တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။ ဒီအတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားရပ်တည်မှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရသူတွေရဲ့ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာဖို့ အစိုးရအနေနဲ့ ကတိက၀တ်အတိုင်း အလျှင်အမြန် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း Mr.Ben Rhodes က လွှတ်တော်နာယက သူရဦးရွှေမန်းကို ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သူရဦးရွှေမန်းဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း မနေ့တုန်းက တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတဲ့အချက်နဲ့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ကိုင်တွယ်ခဲ့မှုတွေအတွက် ပွင့်လင်းလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဒု နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က ပြောသွားပါတယ်။
“အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်ပြီး အများလက်ခံယုံကြည်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အပံ့ဖြစ်စေဖို့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အရေးပါတဲ့ ခေါင်းဆောင်တွေ အားလုံးအကြား အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအကြောင်း ပြောဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်ရေးအတွက် ရည်မှန်းတဲ့ ဥပဒေမူကြမ်းလေးရပ်နဲ့ပတ်သက်လို့ စိုးရိမ်ကင်း ဖြစ်ရတဲ့အကြောင်းလည်း ဒုနိုင်ငံခြားရေးဝန်ကြီး Blinken က ပြောခဲ့ပါတယ်။ ယာယီနိုင်ငံသားမှတ်ပုံတင် White Card ကိုင်ဆောင်တွေရဲ့ အခြေအနေတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စိန်ခေါ်ချက်တွေအပေါ် ခိုင်ခိုင်မာမာ အဖြေထုတ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့သလို၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကိစ္စအပေါ် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။”
မျိုးစောင့်ဥပဒေကြမ်းတွေလို အသိများတဲ့ ဥပဒေမူကြမ်းလေးရပ် လွှတ်တော်မှာ ဆွေးနွေးကြစဉ်ကတည်းက ဒီဥပဒေကြမ်းတွေအပေါ် ပြည်တွင်းရော ပြည်ပက လူ့အခွင့်အရေးအဖွဲ့တွေ အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ ဘာသာရေးဘက်မှာတော့ တင်းမာမှုတွေရှိနေပြီး၊ လူနည်းစု ဘာာသာဝင်တွေအတွက် အခက်ကြုံမှုတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein ကလည်း ဗွီအိုအေကို ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမေရိကန်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ရှည်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှုရနေတာကို အသိအမှတ်ပြုသလို၊ ဆက်ပြီးတော့လည်း နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် တည်တံ့မယ့် ငြိမ်းချမ်းရေးရအောင်လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes နဲ့ တွေ့ဆုံစဉ်မှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
RB News
5.5.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် ယခင်က အတိုင်း ဆက်လက်၍ အပြစ်မဲ့ ဒေသခံများထံမှ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မြတ်ထွေးသည် ၎င်း၏ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှု၊ ငွေညှစ်မှုများကြောင့် တာဝန်မှ ပြောင်းရွှေ့ ခံရမည်ကို သိရပြီးနောက် နေပြည်တော်သို့ သွားရောက်ပြီး ၁၅ ရက်ကြာ နေထိုင်ပြီးနောက် ရဲချုပ်ကို သိန်း ၅၀၀ လာဘ်ငွေပေးပြီး မူလ နေရာတွင် တာဝန်ထမ်းဆောင် နေခြင်း ဖြစ်သည်ဟု ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်း အသိုင်းအ၀ိုင်းမှ ပြောကြားချက်များ အရ သိရှိရပါသည်။ ရဲအုပ်မြတ်ထွေး ခရီးသွားနေစဉ် ကာလတွင် ဘူးသီးတောင်မြို့မှာ တည်ငြိမ် အေးချမ်းနေခဲ့ပြီး ယခု ပြန်လည် ရောက်ရှိလာသည့် အချိန်မှ စ၍ ကျေးလက်ဒေသများမှ ဒေသခံများ မြို့ပေါ်သို့ ဈေးဝယ်လာရန်ပင် အလွန် အခက်အခဲ ကြုံလျက် ရှိသည်ဟု ဒေသခံများက RB News သို့ ပြောသည်။ လမ်းသွားလမ်းလာ များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး ခေါင်းစဉ်တပ်ကာ ခြိမ်းခြောက် ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။
ကျေးလက် ဒေသမှ ဒေသခံများမှာ တစ်နှစ်ပတ်လုံး လယ်လုပ်၊ ငါးဖမ်းဖြင့် ရရှိသည့် ငွေများကို ရဲအုပ်မြတ်ထွေးသို့ တစ်ရက်တည်း ပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။ ရဲအုပ်မြတ်ထွေး၏ လုပ်ရပ်များကြောင့် ဘူးသီးတောင် မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းများလည်း ထိခိုက်လျက် ရှိနေပြီး၊ ဆိုင်များမှာလည်း ပိတ်ရမည့် အခြေအနေတွင်ပင် ဆိုက်ရောက်နေသည်ဟု ဆိုသည်။ ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီး ငွေညှစ်နေခြင်းကို ပြည်နယ် အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန အမြန်ဆုံး တားဆီး ပိတ်ပင် အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် အကယ်၍ ဆက်လက်၍ လုပ်ဆောင်ခွင့် ပေးထားပါက ဒေသခံများနှင့် ရဲအုပ်မြတ်ထွေးတို့ အကြား မလိုလားအပ်သည့် ပြဿနာ ဖြစ်ပေါ် လာလိမ့်မည်ဟု ဒေသခံများက ပြောပါသည်။
မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေ ကလည်း ရဲအုပ်မြတ်ထွေး ထံမှ ဝေစု ရနေသည့် အတွက် အရေးယူ ဟန့်တားခြင်း မရှိကြောင်း၊ မြို့နယ် အတွင်းရှိ ရဲတပ်ဖွဲ့ဝင် များမှာ တရားဝင် ဓါးပြ လိုင်စင်ရ သောင်းကျန်းသူ များပမာ ဖြစ်နေသည်ဟု ဆိုသည်။
လတ်တလော ငွေညှစ်ခံရသူ အချို့မှာ --
(၁) ဦးနူရ်မာမတ် (ဘ) ဦးဖော်ဇော်လ်ကော်ရီးမ် -- ဦးလှဖေ - တောင်ရွာမှ -- လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲခံရပြီး ငွေကျပ် ၆ သိန်း ညှစ်ခံရ
(၂) ဦးဇော်မိလ် (ခ) ဦးစိုးမြင့် (ဘ) ဦးမောန်ဇူရ် -- ပွဲရုံလုပ်ငန်းရှင် - မြို့မဈေးကြီးမှ - နိုင်ငံခြားငွေ လဲလှယ်သည်ဟု စွပ်စွဲခံရပြီး ငွေကျပ် ၅ သိန်း ညှစ်ခံရ
(၃) ဦးအာမီးရ် အီဆုပ်အလီ (ဘ) ဦးကျောက်ဆိပ် -- ဈေးကြီးမှ မတရား ဖမ်းဆီးခံရပြီး ငွေကျပ် ၆ သိန်း ညှစ်ခံရ --- တို့ဖြစ်သည်။
(၃) ဦးအာမီးရ် အီဆုပ်အလီ (ဘ) ဦးကျောက်ဆိပ် -- ဈေးကြီးမှ မတရား ဖမ်းဆီးခံရပြီး ငွေကျပ် ၆ သိန်း ညှစ်ခံရ --- တို့ဖြစ်သည်။
Rohingya Eye
RB News
4.5.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ထင်းခုတ်သမား (၁၅) ဦးကို စစ်သားများက ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မေလ (၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာမှ ရော်ဖိခ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၀ နှစ်)၊ ရာဟမတ်အုလ္လာ (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၄၀ နှစ်) နှင့် ဦးအိဒိရီစ် (အသက် ၄၅ နှစ်) အပါအ၀င် ထင်းခုတ်သမား (၁၅) ဦးတို့သည့် နံနက်လင်းအားကြီး အချိန်တွင် ရွာ၏ အရှေ့ဘက် တောင်တန်းသို့ သွားရောက်၍ ထင်းခုတ်ပြီး နံနက် ၉ နာရီအချိန်တွင် ရွာသို့ ပြန်လာရာ လမ်းတွင် အဆိုပါ ကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက တွေ့၍ ဖမ်းဆီးရန် ကြိုးစားစဉ် ထွက်ပြေးကြသဖြင့် မိုးပေါ်ထောင်၍ သေနတ် ၆ ချက် ပစ်ဖောက်၍ ဖမ်းဆီးပြီး ရိုက်နှက်၍ စစ်တပ် စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နေ့လည် ၁၂ နာရီ အချိန်တွင် စစ်သားများက အဆိုပါ ထင်းခုတ်သမား များထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် နောက်နောင် တောင်တန်းသို့ မသွားရန်လည်း တားမြစ်ခဲ့သည်ဟု ဆိုသည်။
ဒေသခံ တစ်ဦးက “ကျွန်တော်တို့ အနေနဲ့ တောင်ပေါ်ကို သွားပြီး လုပ်ကိုင် စားသောက် နေရတဲ့လူတွေပါ၊ အခုလို တောတောင်ကို မသွားနိုင်ရင်၊ ပင်လယ်ပြင် ငါးဖမ်းဖို့ အတွက် ခွင့်ပြုချက် ရဖို့ ပိုက်ဆံပေးရရင် ကျွန်တော်တို့ ဘာလုပ်ငန်း လုပ်ကိုင် စားသောက်ပြီး အသက်ရှင် နေရမှာလဲ” ဟု စိတ်မကောင်းစွာဖြင့် ပြောပါသည်။
ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်
- ရာမူး(ကော့ဘ်ဘဇား) အရေး-ချက်ချင်းထိန်းချုပ်ရန် မြန်မာမွတ်ဆလင်တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ မေတ္တာရပ်ခံ
- ကော့သောင်းမြို့အနီး စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦး အသက်အန္တရာယ် စိုးရိမ်နေရ
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- အမှန်ကို ချစ်ပါ - အပိုင်း (၈)
- ငွေညှစ်မှု တိုင်တန်း ထားသူ တစ်ဦးကို ရုံးချိန်းရက်တွင် ရဲကဖမ်းဆီး၍ ချုပ်နှောင်ထား
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ