နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက NVC ကဒ် လက်ခံရန် အတွက် ရိုဟင်ဂျာများကို ခြိမ်းခြောက်သော်လည်း မည်သူမှ လက်မခံ

MYARF
RB News
11.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း မှ ရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို NVC ကဒ် လက်ခံရန် ခြိမ်းခြောက် ပြောဆိုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း ၁၅) မှ ရဲမှူး ကျော်သူရီ အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် ငါးစီးဖြင့် တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စုသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်း၊ ရပ်မိရပ် ဦးမာမတ်နုရ် တို့ကို ခေါ်ယူကာ ယင်းကျေးရွာအုပ်စု၊ နူရူလ္လာရွာ သို့သွားရောက်၍ ယင်းရွာမှ NVC လက်ခံမည်ဟု ပြောကြားထားသော အာမတ်ရှား (ဘ) ဦးအာမိရ်ဟမ်ဇား (ပါတီကောင်စီခေတ် ကျေးရွာ အတွင်းရေးမှူးဟောင်း) နှင့် ရှောမ်ရှုအာလောမ် (ဘ) ဦးလာလ်မာမတ် တို့နှင့် အတူ ရွာအတွင်း လှည့်လည်၍ တွေ့သမျှ ရွာသားများကို NVC လက်ခံမည်လားဟု မေးမြန်းခဲ့သည်။

ရွာသားများက လက်မခံနိုင်ဟု ဖြေကြားသောအခါ ရဲမှူးနှင့် အဖွဲ့က NVC လက်မခံလျှင် ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမည် ဖြစ်ကြောင်း၊ တစ်နေရာမှ တစ်နေရာသို့ သွားခွင့် ပေးမည် မဟုတ်တော့ကြောင်း၊ လုပ်ငန်းများ အားလုံး ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထောင်ချမည် ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ခြိမ်းခြောက်မှုမျိုးစုံ လုပ်သော်လည်း ရွာသားတစ်ဦး တစ်ယောက်ကမှ NVC ကဒ် လက်ခံရန် သဘောမတူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရဲမှူးနှင့် အဖွဲ့ ညနေ ၄ နာရီထိ ရွာအတွင်း လှည့်လည်၍ ရွာသားများကို ခြိမ်းခြောက်ခဲ့သော်လည်း NVC ကဒ် လက်ခံမည့်သူ မရသဖြင့် ညနေ ၄ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus