MYARF
RB News
1.12.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင်၊ မြောတောင် ကျေးရွာများသို့ စစ်သားများ ၀င်ရောက်၍ လိင်အကြမ်းဖက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် ဖားဝပ်ချောင်းမှ ကျွဲ၊ နွားများ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စစ်သား ၉၈ ဦးနှင့် ရေမျက်တောင် ရခိုင်ရွာမှ ရခိုင်လူငယ် ၂၀ ဦးခန့်တို့သည့် ရေမျက်တောင်ရွာမှ ချောင်းကူး၍ ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသမီးများကို အိမ်ပြင်ထွက်ခိုင်း၍ အ၀တ်အစားများ ချွတ်စေကာ စစ်ဆေး၍ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ လုယက်ခဲ့သည့် အပြင် အမျိုးသမီးများကို မဖွယ်မရာ ပြုမှု ဆက်ဆံခဲ့သည်။ ထို့နောက် အိမ်များထဲသို့ ၀င်ရောက်၍ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ ဆန်များအပါအ၀င် အစားအသောက် များကို ရေကန်ထဲသို့ ပစ်ချခြင်း၊ လယ်ကွင်းများတွင် ဖြန့်ကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့အပြင် ဆိုင်ကယ်နှစ်စီးနှင့် စက်ဘီး ၅ စီးတို့ကို လုယက် ယူဆောင်သွားသည့် အပြင်၊ နောက်ဆိုင်ကယ် ၄ စီးနှင့် စက်ဘီး ၇ စီးကို ဖျက်ဆီးခဲ့သည်။ ဆိုင်ခန်း (၅)ခန်းမှလည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ အမျိုးသမီး အချို့ကို ရိုက်နှက်၍ အကြမ်းဖက်သမားတွေ ဘယ်မှာလဲ ပြပေးဟု ဆိုကာ နှိပ်စက်ခဲ့သည်။
ညနေ ၅ နာရီခန့် အချိန်တွင် ပွင့်ဖြူချောင်း ကျေးရွာကို ဖြတ်သန်း၍ မြောတောင် ကျေးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို အိမ်အပြင်ဖက်သို့ အတင်းထွက်ခိုင်းပြီး ရခိုင်လူငယ်များကို အိမ်များထဲသို့ ၀င်စေကာ ပစ္စည်းများ လုယက်၊ ဖျက်ဆီးခိုင်းခဲ့သည်။ စစ်သားများသည် အမျိုးသမီးများကို မဖွယ်မရာ ဆက်ဆံ စစ်ဆေး၍ လက်ဝတ်ရတနာများနှင့် ငွေသားများ လုယက်ခဲ့သည်။
ညနေ ၄ နာရီ အချိန်တွင် ဖားဝပ်ချောင်း ရခိုင်ရွာမှ စစ်သား ၅၀ ဦးနှင့် ရခိုင်လူငယ် ၅၀ ဦးခန့်သည် ဖားဝပ်ချောင်း ကျေးရွာအုပ်စု အောက်ရွာသို့ ၀င်ရောက်လာကာ စစ်သားများက လုံခြုံရေးပေးထားပြီး၊ ရခိုင်လူငယ်များကို လယ်ကွင်းနှင့် ပုဇွန်ကန်ရှိ စားကျက်နေရာသို့ ဆင်းစေပြီး ကျွဲ၊ နွား အကောင် ၅၀ ခန့်ကို လုယူသွားခိုင်းခဲ့သည်။ ရခိုင်လူငယ်များသည် ကျွဲ၊ နွားများဖြင့် ရခိုင်ရွာသို့ ၀င်သွားသည် အထိ စစ်သားများက လုံခြုံရေး ပေးခဲ့သည်။
အဆိုပါ စစ်သားများသည် ညနေ ၅ နာရီခွဲခန့် အချိန်တွင် လှေငယ်များဖြင့် ချောင်းကူး၍ မြောတောင် ကျေးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို အိမ်အပြင်ထွက်ခိုင်းပြီး စစ်ဆေးကာ လုယက်ခြင်း၊ အိမ်ထဲသို့ ၀င်ရောက်၍ ပစ္စည်းများ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင်လည်း စစ်သား ၇၃ ဦးသည် ဦးရှည်ကျ ကျေးရွာအတွင်းသို့ ၀င်ရောက်၍ နွားထီး ငါးကောင်ကို ဖမ်း၍ လုယက်သွားခဲ့သည်။
MYARF
RB News
30.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စုရှိ ရွာများ အတွင်းသို့ စစ်သားများ ၀င်ရောက်၍ ဒေသခံများကို လုပ်ကြံ ဖန်တီး၍ ဖမ်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ အုပ်ချုပ်ရေးမှူးမှ တဆင့် ရွာသားများကို ရွာပြင်သို့ မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် စစ်သားများသည် မောင်နှမ ကျေးရွာအုပ်စု၊ တောင်ရွာ (မစ္ဇီတိုလ္လာ) သို့ ၀င်ရောက်၍ ဦးဇော်ဟိရ်အာမတ်၏ အိမ်တွင် ဓါးရှည် သုံးလက် တွေ့ရှိခဲ့သည်ဟု လုပ်ကြံ ဖန်တီးကာ ဦးဇော်ဟိရ်အာမတ်၏ သား ၃ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်သားများနှင့် အတူ ပါလာသည့် အောင်မင်္ဂလာ ကျေးရွာမှ ရခိုင်များနှင့် အောင်သာယာ ကျေးရွာမှ န.တ.လ ရွာသားများ သယ်ဆောင် လာသည့် ဓါးများကို ဖမ်းဆီးထားသူ (၃) ဦးကို ကိုင်ဆောင်စေကာ ဓါတ်ပုံ ရိုက်ယူပြီး ခေါ်ဆောင်သွားခဲ့သည်။
စစ်သားများသည် မောင်နှမကြီးရွာမှ ဒေသခံတစ်ဦး၏ သမီး (၃) ဦးနှင့် ဘာသာရေးဆရာတစ်ဦး၏ ဇနီးတို့ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“သောကြာနေ့ကစပြီး ကျွန်တော်တို့ ရွာကို စစ်သားတွေ ၀င်ထွက်နေတယ်။ ရွာထဲရှိတဲ့ ကျွဲ၊ နွား၊ တိရိစ္ဆာန် အားလုံးကို လုသွားတယ်။ စနေနေ့က အပြစ်မဲ့ ရွာသား ၁၆ ယောက်ကို ဖမ်းသွားတယ်။ အသက် ၁၀ နှစ် အထက် ယောက်ျားလေး တွေ့တာနဲ့ ရိုက်တယ်၊ သူတို့ ရိုက်ပြီး မကျေနပ်သေးရင် ဖမ်းပြီး ဌာနချုပ်ကို ခေါ်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
ညနေ (၄) နာရီခန့် အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မောင် ရောက်ရှိလာပြီး၊ “အခု မင်းတို့ကို ငါ မကယ်နိုင်ဘူး။ မင်းတို့ရွာကနေ ထွက်သွားကြ၊ ညပိုင်းမှာ စစ်သားတွေ ပြန်ဝင်လာမယ်။ အဲဒီအချိန်ကျရင် မင်းတို့ကို သေနတ်နဲ့ ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆိုကာ တောင်ရွာမှ တစ်ရွာလုံးကို ရွာမှထွက်သွားခိုင်းခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်သဖြင့် ရွာသားများသည် အ၀တ်အစား အချို့ယူ၍ နေမ၀င်ခင် ရွာမှ ထွက်၍ အနီးအနားရှိ ကျေးရွာများသို့ သွားရောက် ခိုလှုံနေကြသည်။
ရွာသားများ မထွက်မီ အောင်မင်္ဂလာမှ ရခိုင် ရွာသားများ၊ အောင်သာယာမှ န.တ.လ ရွာသားများသည် ဓါးများ ကိုင်ဆောင်လျက် အုပ်စုလိုက် ၀င်ရောက်လာပြီး ၎င်းတို့ ရှေ့မှောက်တွင်ပင် ကျွဲ၊ နွား၊ ဆိတ်များနှင့် စပါးများကို ယူဆောင် သွားကြကြောင်း ဒေသခံများက ပြောပါသည်။ ယခုအခါ မောင်နှမ ကျေးရွာအုပ်စု တောင်ရွာတွင် မည်သူတစ်ဦး တစ်ယောက်မှမရှိကြောင်း သိရှိရသည်။
စစ်သားများသည် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် ဆက်လက် အသုံးပြုလျက် ရှိပြီး နိုဝင်ဘာလ (၂၉) ရက်နေ့ ညပိုင်းကလည်း လောင်းဒုံကျေးရွာအုပ်စု၊ ကျွန်းခေါင်းရွာမှ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာ အုပ်စု၊ ဆင်သေပြင် ကျေးရွာအတွင်းသို့ စစ်သားများနှင့် န.တ.လ ရွာသား အချို့ ၀င်ရောက်၍ ဗလီထဲတွင် ကုရ်အာန်ကျမ်းစာများ စုတ်ဖြဲခြင်း၊ ဒေသခံများ၏ နွားနှင့် ဆိတ်များ သတ်ဖြတ် စားသောက်ခြင်း၊ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် စစ်သား ၄၆ ဦးသည် လောင်းဒုံကျေးရွာ အုပ်စု၊ ကျွန်းခေါင်း ကျေးရွာမှ ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက်လာပြီး ဆင်သေပြင်အရှေ့ရွာ ဗလီထဲတွင် စခန်းချပြီး၊ ဗလီထဲရှိ ကော်ဇော်များ စုတ်ဖြဲခြင်း၊ ကုရ်အာန်ကျမ်း စာအုပ်များကို ခြေထောက်ဖြင့် ကန်ခြင်း၊ လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်သားများနှင့် အတူ စေတီပြင် န.တ.လ ရွာမှ လွင်မိုး (ဘ) မောင်သန့်မြင့်၊ လူဖြူ (ခ) မောင်သန်းလှိုင် (ဘ) စိန်သာပွင့်၊ ဇေယျာအောင် (ဘ) အောင်မြင့်၊ စိုးဝင်း (ခြေကျိုး)၊ ဒိုင်းနက်လူမျိုး တစ်ဦး အပါအ၀င် န.တ.လ ရွာသား အချို့ လည်း လိုက်လာခဲ့သည်။
လွင်မိုးဆိုသူသည် ရွာထဲသို့ သွားရောက်၍ ယောက်ျားတွေ အားလုံးထွက်သွား၊ ယောက်ျားမြင်ရင် စစ်သားတွေက သေနတ်နဲ့ ပစ်မယ် ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ၎င်းတို့ ၀င်ရောက်လာသည်နှင့် ရွာအတွင်းရှိ အမျိုးသမီးများ၊ ကလေးများပါ မကျန် အနီးအနားရွာများသို့ ထွက်သွားခဲ့သည်။ လွန်ခဲ့သည့် နိုဝင်ဘာလ (၂၅) ရက်နေ့က အမျိုးသမီးများ မုဒိမ်းကျင့်ခံရ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသဖြင့် ယနေ့လည်း စစ်သားများကို မြင်သည်နှင့် ထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။
၁၁း၄၅ နာရီ အချိန်တွင် ရဟတ်ယာဉ် တစ်စီးက ဝေဟင်မှ ဆင်သေပြင် ကျေးရွာကို အကြိမ်ကြိမ် ပတ်ကြည့်ခဲ့သည်။ ရဟတ်ယာဉ် ပျံဝဲနေစဉ် စစ်သားများအားလုံး ဗလီထဲသို့ ၀င်ရောက်၍ ငြိမ်နေခဲ့သည်။ နေ့လည် ၁၂ နာရီ အချိန်တွင် စစ်သားများသည် ရွာထဲသို့ သွားရောက်၍ ဦးအဒူမူနာဖ်၏ နွားထီးတစ်ကောင်ကို ဖမ်းယူသွားကာ ဗလီတစ်ဖက်ရှိ လယ်ကွင်းတွင် လှီးဖြတ်၍ ချက်ပြုတ် စားသောက်ခဲ့သည်။ စစ်သားတစ်ခု တစ်ဖန် ထွက်လာပြီး ရွာထဲရှိ လမ်းတွင် ကျက်စားနေသော ဆိတ် ၅ ကောင်ကို ဖမ်းဆီးကာ သတ်ဖြတ်၍ ထပ်မံ၍ ချက်ပြုတ် စားသောက်ခဲ့သည်။
စစ်သားအချို့ ချက်ပြုတ်နေစဉ် ကျန်စစ်သားများသည် ရွာထဲသို့ သွားရောက်၍ တစ်အိမ်ပြီး တစ်အိမ် ၀င်ရောက်ကာ ပစ္စည်းများ လုယက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ဦးအလီဂျူဟာရ် (ဘ) ဦးဆော်ယော်ဒူလ္လာ၏ နေအိမ် အတွင်းရှိ ပစ္စည်းများကို ဖျက်ဆီး၍ အိမ်ရှေ့ရှိ သောက်ရေကန် ထဲသို့ ပစ်ချခဲ့သည်။ ထို့နောက် ၎င်းအိမ်နှင့် ကပ်လျက် ရှိသော အိမ်အတွင်းသို့လည်း ၀င်ရောက်၍ အလားတူ ပြုလုပ်ခဲ့ပြီး၊ အိမ်နံရံများကို ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်တွင် နေထိုင်သော မူးယစ်ဆေးဝါး ဘုရင် ဦးနူရူလ်အာမီးန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ယူထားကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်တွင် နေထိုင်သော ဦးနူရူလ်အာမီးန် (ဘ) ဦးဒိလ်မာမတ် သည် မောင်တောခရိုင်မှ မူးယစ်ဆေးဝါး ဘုရင်တစ်ဦး ဖြစ်ပြီး၊ ၎င်းကို နိုဝင်ဘာလ (၂၈) ရက်နေ့က ၎င်း၏ တပည့်ဖြစ်သူ ဦးဟူစိန်းအာမတ် (ဘ) ဦးအဒူဇော်ဘော်ရ်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့က ဦးနူရူလ်အာမီးန်၏ တပည့်ဖြစ်သူ ဦးဟူစိန်းအာမတ်ကို ပြန်လွှတ်ရန် အတွက် ငွေကျပ် သိန်း ၁၀၀၀ တောင်းခဲ့ရာ ဦးနူရူလ်အာမီးန်က ငွေပေးရန် သဘောမတူသဖြင့် ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ဖမ်းဆီးရမိသည်ဟု အမှုဆင်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဦးဟူစိန်းအာမတ်၏ ဓါတ်ပုံနှင့်တကွ အကြမ်းဖက်သမား ဖမ်းဆီးရမိသည်ဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
ဦးနူရူလ်အာမီးန်ကို ပြန်လည် လွှတ်ပေးရန် အတွက် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ဖြင့် သဘောတူခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် သိန်း ၂၀၀၀ ကို ဦးနူရူလ်အာမီးန်၏ ယောက်ဖ ထံမှ လက်ခံရယူခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးမည်ဟု ထင်ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“မောင်တောမှာ နူရူလ်အာမီးန်က ဆေးပြားဘုရင်ပါ။ အဓိက လုပ်ငန်းရှင်တွေက ရခိုင်တွေ ဖြစ်ပေမယ့်လည်း နူရူလ်အာမီးန်ကို ဘယ်သူ့မှ ကျော်ပြီးလုပ်လို့မရဘူး။ ရခိုင်တွေက ရန်ကုန်၊ မန္တလေးကနေ တဆင့် ဆေးပြားတွေ သယ်လာတယ်။ အဲဒါတွေကို တဖက်နိုင်ငံ ပို့ပြီး နူရူလ်အာမီးန်က ရောင်းပေးတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
“နူရူလ်အာမီးန် မရှိရင် မောင်တောက မူးယစ်ဆေးဝါး လုပ်ငန်း တော်တော်လေး ကျသွားမယ်။ အဲဒါကြောင့် အခု ဒီလူကို ပြန်လွှတ်ရေးအတွက် ရခိုင်လုပ်ငန်းရှင်တွေ ကိုယ်တိုင် ရဲတွေနောက်လိုက်နေတယ်။ အခု ငွေယူတာမှာ ခရိုင်မှူး၊ မြို့နယ်မှူး အကုန်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။
ဦးနူရူလ်အာမီးန်သည် ရွှေဇားကျေးရွာ ဇာတိဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မူးယစ်ဆေးဝါး လုပ်ငန်းဖြင့် ငွေကြေးချမ်းသာလာကာ မြို့မတောင်ရပ်ကွက် လမ်းမတန်းတွင် ငွေကျပ် သိန်း ၅၅၀၀ ဖြင့် တိုက်ဝယ်၍ ပြောင်းရွှေ့နေထိုင်လျက် ရှိသူ ဖြစ်သည်။
ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် အဖြစ်မှန်ကို စုံစမ်း၍ မူးယစ်ဆေးဝါး လုပ်ငန်းရှင်များကို ထိုက်သင့်သည့် ပြစ်ဒဏ် ချမှတ်ရမည် ဖြစ်ပြီး၊ လာဘ်ငွေယူ၍ ပြန်လွှတ်ပေးခြင်း မပြုလုပ်ရန် အထူးလိုအပ်ပေသည်။

အထူး မေတ္တာရပ်ခံချက်
ပြည်တွင်းရှိ ရိုဟင်ဂျာ ညီအစ်ကို မောင်နှတို့အား မတရားသဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အဓမ္မကျင့်မှု ကျူးလွန်ခြင်း၊ အိုးအိမ် ဥစ္စာ လယ်ယာတို့အား ဖျက်ဆီးခြင်း၊ လူမျိုးတုံး သုတ်သင်သည် ထိ ကျူးလွန်နေမှုများ။ မြန်မာ မွတ်ဆလင် ညီအစ်ကို မောင်နှမတို့အား မတရားသော ပုဒ်မများဖြင့် အပြစ်ရှာ ဖမ်းဆီးနေခြင်း၊ ထောင်ချနေခြင်း၊ ဘာသာရေး အဆောက်အဦးတို့အား အတင်း အဓမ္မ ပိတ်ပင်ခြင်း ဖျက်ဆီးခြင်းများ အပြင် စိတ်ဓါတ်ရေးရာ သိမ်ငယ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း မီဒီယာများနှင့် ဆိုရှယ်မီဒီယာများမှ “ဘင်္ဂလီ” တံဆိပ်ထု လှုံ့ဆော်နေခြင်းများကြောင့်-- မခံမရပ် နိုင် လောက်အောင် ခံစားနေရသည် နာကြည်းနေရသည်ကို ကျွန်ုပ်တို့ Civil Rights အဖွဲ့နှင့် ညီအစ်ကို ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ မြန်မာမွတ်ဆလင် အဖွဲ့အစည်းများမှ နားလည်ခံစားပေးနိုင်ပါသည်။
အဆိုပါ ရာဇ၀တ်မှုတို့အား ကျူးလွန်သော၊ ကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ပေးသော ရာဇ၀တ်ကောင် တို့အား ဤနေ့ ဤရက်မှ စ၍- ပြင်းထန်ပြတ်သား ထိရောက်သော နည်းလမ်းများဖြင့် (ကမ္ဘာ့ ဥပဒေ ဘောင်တွင်းမှ) ဆက်တိုက် အရေးယူသွားမည် ဖြစ်ကြောင်း ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ အပေါင်းအား အသိပေးလိုပါသည်။
အရေးယူသည် ဆိုခြင်းမှာ ပြစ်မှုကျူးလွန်သော ရာဇ၀တ်ကောင်များကိုသာ အရေးယူရခြင်း ဖြစ်၍- ဘ၀ပေး အမျိုးမျိုးကြောင့် ပြည်ပတွင် လာရောက် လုပ်ကိုင်စားသောက်နေရသော အပြစ်မဲ့သူများ မပါဝင်ပါ။ မလေးရှား၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ် စသော မွတ်ဆလင် လူများစုနေထိုင်ရာ နိုင်ငံများ အပါအ၀င် အခြားသော (ထိုင်းနိုင်ငံကဲ့သို့) ပြည်ပနိုင်ငံများတွင် လုပ်ကိုင် စားသောက်နေ ရသော- (မြန်မာ နိုင်ငံသား) ဗုဒ္ဓဘာသာ၊ ခရစ်ယာန် မည်သည့် အပြစ်မဲ့ လူသား တစ်ဦးတစ်ယောက် ကိုမျှ မထိခိုက် မနစ်နာရစေရန်- ကျွန်ုပ်တို့ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ တစ်ဦးချင်းစီတွင် တာဝန်ရှိနေပါသည်။
သက်ဆိုင်ရာ နိုင်ငံတိုင်းတွင် ရှိသော ကျွန်ုပ်တို့၏ Civil Rights အဖွဲ့များနှင့် ကျွန်ုပ်တို့ဖြင့် နီးစပ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုလည်း - အပြစ်မဲ့ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အားလုံးကို ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားပြီး ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ လက်လှမ်းပြင်ဘက်ရှိ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကိုမောင်အားလုံးကိုလည်း ထပ်တူထပ်မျှ မေတ္တာရပ်ခံပါသည်။
မည်သူ တရားပျက်ပျက်၊ မိမိဘက်မှ တရားမပျက်ရန် လွန်စွာ အရေးကြီးပါသည်။ တရားသော သူများသည်သာ အောင်မြင်မှု ပန်းတိုင်ဖြင့် အပ်စပ်ကြောင်းကိုလည်း သတိမမေ့စေလိုကြောင်း ထပ်မံ၍ မေတ္တာရပ်ခံ လိုပါသည်။ -
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
MYARF
RB News
29.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးကျေးရွာအုပ်စုရှိ မီးလောင်ပြင်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ အချို့ကို အာဏာပိုင်များက တဲများထိုး၍ နေခိုင်းထားကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှ ၀န်ထမ်း အချို့နှင့် ဓါးကြီးစား ကျေးရွာအုပ်စု မြေတိုင်းစာရေး တာဝန်ခံ တို့သည် ဓါးကြီးစား ကျေးရွာမှ နေအိမ်များ မီးရှို့ခံရပြီးနောက် လယ်ကွင်းတွင် တဲထိုးနေသည့် ဒုက္ခသည်များထံ သွားရောက်၍ “ဓါးကြီးစား ကျေးရွာမှာ အိမ်ထောင်စု ဘယ်လောက်ရှိလဲ၊ အိမ်ခြေ ဘယ်လောက်ရှိခဲ့လဲ၊ အိမ်ခြေ အရေအတွက် ဘယ်လောက် မီးလောင်ပျက်စီးခဲ့သလဲ၊ ပိုင်ဆိုင်မှု ဘယ်လောက် ဆုံးရှုံးသွားလဲ” စသည့် မေးခွန်းများ မေးမြန်း၍ စာရင်းကောက်ခံခဲ့သည်။
ထို့နောက် လယ်ကွင်း၌ ဆက်မနေရန်၊ နေရပ်သို့ ပြန်သွားရန် ပြောကြားခဲ့သည်။ အမျိုးသမီး အချို့က “ကျွန်မတို့ အိမ်တွေ အကုန်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ နေရာစရာ ခိုလှုံစရာမရှိဘူး။ ဘယ်လိုသွားရမလဲ” ဟု မေးမြန်းခဲ့ရာ အဆိုပါ အာဏာပိုင်များက “ဒီအတိုင်း တဲထိုးနေရမယ်” ဟု ပြန်ပြော၍ ဒုက္ခသည် အချို့ကို နေရပ်သို့ ပြန်စေခဲ့သည်။
မိသားစုအချို့ သွားရောက်၍ တဲထိုးနေထိုင်လျက် ရှိသော်လည်း အချို့မှာ အနီးအနားရှိ ကျေးရွာများသို့ သွားရောက်၍ ခိုလှုံနေကြသည်။
နိုဝင်ဘာလ (၂၇) ရက်နေ့တွင် စစ်သားများသည် ဓါးကြီးစား ကျေးရွာသို့ သွားရောက်၍ တဲထိုးနေထိုင် နေကြသည့် အမျိုးသမီးများကို ခေါ်၍ “နင်တို့ ယောက်ျားတွေရော ဘယ်မှာလဲ” မေးမြန်းရာ အမျိုးသမီးများက ၎င်းတို့ မသိကြောင်း ဖြေဆိုခဲ့သည်။ ထို့နောက် စစ်သားများက “နင်တို့ ယောက်ျားတွေကို ခေါ်ပြီး ကိုယ့်နေရာမှာ ကိုယ်အေးဆေးနေကြ၊ ငါတို့ ဘာမှ မလုပ်ဘူး။ ဖမ်းလည်း မဖမ်းဘူး” ဟု ပြောဆိုခဲ့သည်။ စစ်သားများက ကလေးအချို့ကို ငွေအချို့ မုန့်အချို့ ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ထိုသို့ စစ်သားများ၏ အပြုအမှုများ ပြောင်းလဲလာသည်ကို ၎င်းတို့က “ယောက်ျားတွေ ရောက်လာရင် ဖမ်းဖို့ ကြံစည်နေတာ၊ ကိုဖီအာနန် ခရီးစဉ် ရှိလို့ စကားချိုချို ပြောပြီး လှည့်စားနေတာ” ဟု အမျိုးမျိုး ဝေဖန် သုံးသပ်နေကြသည်။
နိုဝင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့များတွင် စစ်သားများက ကြက်ရိုးပြင်၊ ငါးစားကြူး ပြောင်းပိုက်၊ ကျောက်ပြင်ဆိပ်၊ ငန်းချောင်း၊ ဖားဝပ်ချောင်း၊ မြောတောင်၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင် စသော ကျေးရွာများသို့ သွားရောက်၍ “ရွာသားတွေ ကိုယ့်ရွာကိုယ်လာကြ၊ ကိုယ့်အိမ်မှာ ကိုယ်နေကြ၊ စပါးတွေ ရိတ်သိမ်းကြ၊ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြ၊ မင်းတို့ကို ဘယ်သူကမှ မဖမ်းဘူး၊ ဘာမှ မလုပ်တော့ဘူး၊ စစ်တပ်က တာဝန်ယူမယ်” ဟု အသံချဲ့စက်များဖြင့် အော်ဟစ်ခဲ့ကြောင်း ဒေသခံ အချို့က ပြောပါသည်။
နိုဝင်ဘာလ (၂၈) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်သား အများစုကို မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်ချောင်း၊ မောရ၀တီ၊ သရေကုန်းဘောင်၊ ဥဒေါင်း၊ မြင်းလွတ် စသည့် ကျေးရွာများသို့ ပြောင်းရွှေ့ထားသည်။ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်သား အနည်းငယ်သာ ကျန်နေကြောင်း သိရှိရသည်။
ဓါးကြီးစား ကျေးရွာတွင် ယာယီတဲများ ထိုး၍ နေထိုင်နေကြသူများ
RB News
29.11.2016
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မီးတိုက် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် (၅) လုံးကို အာဏာပိုင်များက ဖျက်လိုက်ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့၊ မီးတိုက် ကျေးရွာအုပ်စု၊ ပေါင်းတည်ရွာသို့ မြို့အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ (၁၀) ဦး၏ နေအိမ်များကို ဖျက်ပစ်ရန် အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။
နေအိမ် (၁၀) လုံး ဖျက်ပစ်ရန် အမိန့်ပေးပြီးနောက် နေအိမ် (၂) လုံးကို ၎င်းတို့ ကိုယ်တိုင် ဖျက်ပစ်ပြီး၊ (၃) လုံးကို ရွာသားများအား အတင်းအဓမ္မ ဖျက်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
ယနေ့ ဖျက်ခံလိုက်ရသည့် အိမ် (၅) လုံး၏ ပိုင်ရှင်များမှာ --
(၁) မော်လ၀ီကာမာလ် (ဘ) ဦးဒိလ်ဝါရ်ဟူဆောင်း
(၂) ဦးကော်ရီမူလ္လာ (ဘ) ဦးဆာလေအာမတ်
(၃) ဦးရှေခ်ကာမာလ် (ဘ) ဦးဒူဒူမျာ
(၄) ဦးအော်လီအာမတ် (ဘ) ဦးရှိခ်ဒါတ်
(၅) ဦးဂျာဖော်ရ် (ဘ) ဦးနူရ်အစ္စလာမ် -- တို့ဖြစ်သည်။

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှ ဘာသာရေးဆရာ တစ်ဦးကို နယ်ခြားစောင့်ရဲ များက ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေ အုတ်ဖိုကျေးရွာအုပ်စု၊ ကံဆိပ် ကျေးရွာသို့ ရောက်လာပြီး၊ ဘာသာရေး ဆရာတစ်ဦး ဖြစ်သူ မော်လ၀ီ ဦးအဒူလာချေ (ဘ) ဦးအစ္စမိုင်လ် ကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအုပ်စု အတွင်းသို့ စစ်သားများ ၀င်ရောက်၍ အမျိုးသမီးများ၏ အ၀တ်အစားများကို ချွတ်ခိုင်းခြင်း၊ ရွှေ၊ ငွေများ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာအုပ်စု မြောက်ရွာသို့ စစ်သားများသည် ၂ ဦး၊ ၃ ဦး အဖွဲ့များ ဖွဲ့၍ ၀င်ရောက်လာရာ၊ ရွာမှ အမျိုးသားများသည် ရိုက်နှက် နှိပ်စက်၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာအပြင်သို့ တိမ်းရှောင် သွားခဲ့သည်။
ထို့နောက် စစ်သားများက အမျိုးသမီးများကို အ၀တ်အစားများ ချွတ်ခိုင်း၍၊ ရသမျှ ရွှေ၊ ငွေများကို လုယက်ခဲ့သည်။
“ကျွန်တော့်ရဲ့ အမျိုးသမီးဆီက ငွေသား ၃ သိန်း၊ ပြီးတော့ ကျွန်တော့်အိမ် ပတ်ဝန်းကျင်က ရွှေလုသွားတာ တစ်ဆယ်သားလောက်ရှိမယ်၊ တစ်ချို့ဆီက တစ်ကျပ်သား ဆွဲကြိုး၊ နောက်တစ်ချို့ဆီက ငါးမူးသား ဆွဲကြိုး၊ အဲလို လုတာ အားလုံး တစ်ဆယ်သား လောက်ရှိပါမယ်၊ ငွေသား အားလုံး သိန်း ၂၀ နီးပါးရှိတယ်။ အဲဒါ အားလုံး မြောက်ရွာက အိမ်အနည်းငယ်က လုတာပါ။ ကျန်တာတွေလည်း အများကြီး ရှိပါမယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ထို့နောက် စစ်သားများသည် အမျိုးသမီးများကို နေအိမ်များမှ အပြင်သို့ ထုတ်၍ တစ်နေရာတွင် စုဝေးပြီး ထပ်မံ၍ စစ်ဆေးခဲ့သည်။
တောင်ရွာသို့ သွားရောက်၍ အိမ်နှစ်အိမ်ကို စစ်ဆေးခဲ့ပြီး၊ တစ်အိမ်မှ မိုဘိုင်းဖုန်းတစ်လုံးနှင့် နောက်တစ်အိမ်မှ ငွေကျပ် ၃ သိန်း လုယက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
မြောက်ရွာရှိ ဒေသခံ ရိုဟင်ဂျာ အများစုမှာ ဆင်းရဲသားများ ဖြစ်ကြပြီး၊ စစ်သားများ၏ လုယက်မှုကြောင့် စုဆောင်းထားသည်များ ကုန်လုနီးပါး ဖြစ်သွားသည်ဟု ဆိုသည်။

28.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာအုပ်စု ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ယနေ့ ညနေပိုင်းတွင် စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ် အချိန်တွင် ငါးခူရ ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး ဖြစ်သည့် အာနောစ် (ဘ) မော်လ၀ီနူရ်အာလောမ် (အသက် ၂၂ နှစ်) ကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“လူငယ်က သူ့ဟာသူ အလယ်ရွာက လမ်းမှာ သွားနေတာ။ စစ်သားနှစ်ယောက်က မူးရူးနေပုံရတယ်။ အကြောင်းမဲ့ ပစ်လိုက်တာ။ သူတို့ မူးရူးပြီး ပစ်တာကြောင့် အပြစ်မဲ့ လူငယ်တစ်ယောက်ရဲ့ အသက်ဆုံးရှုံး ရတယ်" ဟု အဆိုပါ ဒေသခံက ပြောပါသည်။

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် လိပ်ရကျေးရွာရှိ ပုဇွန်ကန်မှ တဲများ၊ စပါးစည်းများကို စစ်သားများ မီးရှို့ခဲ့ပြီး၊ အပြစ်မဲ့ ဘာသာရေးဆရာ နှစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းမှ စစ်သား ၅၀ ခန့်သည် တောင်ပြိုလက်ဝဲမြို့ အပိုင် လိပ်ရကျေးရွာသို့ ရောက်ရှိလာပြီး ၎င်းတို့၏ အိတ်များကို လိပ်ရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၄ စခန်း) တွင် ထားရှိကာ နယ်စပ် ခြံစည်းရိုး အနားသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများပိုင် ပုဇွန်ကန်များရှိ တဲ (၈) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ထို့နောက် လယ်ကွင်းသို့ သွားရောက်ပြီး လိပ်ရကျေးရွာမှ ဦးအာဘူရှော်မ၏ တလင်းမှ စပါးစည်း ၃၆၀ စည်းနှင့် အခြားဒေသခံ တစ်ဦး၏ စပါးစည်း ၁၀၀ စည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကွမ်းသီးပင် ကျေးရွာအုပ်စု၊ မီးတိုက်ကျေးရွာ၌ ဆွဲ၊တင်၊စစ် ပုံစံမျိုး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ အိမ်ထောင်စု စာရင်းဖြင့် လူဦးရေ စစ်ဆေးခြင်း၊ မိသားစုများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် အပြစ်မဲ့ ဘာသာရေးဆရာ နှစ်ဦးကို အကြမ်းဖက်မှုနှင့် ဆက်နွယ်မှု ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူနှစ်ဦးကို တောင်ပြိုလက်ဝဲရှိ စခန်းတွင် ထိန်းသိမ်းထားစဉ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မောင်တောမြို့ရှိ ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ --
(၁) မော်လ၀ီ မိုဟာမတ်ရှာကဲရ် (ဘ) ဦးအာမီးရ်ဟမ်ဇာ (အသက် ၁၈ နှစ်)
(၂) မော်လ၀ီ အစ္စလာမ် (ဘ) ဦးရှော်ရိဖ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

27.11.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သင်္ဂနက်ကျေးရွာ အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ တပ်သား စန်းမြသည် အမှတ် (၈) ရပ်ကွက် (မာဇီးရွာ)၊ မိကျောင်းဈေး ကျေးရွာအုပ်စုမှ သားအဖ (၃) ဦးကို မလေးရှားနိုင်ငံတွင် ကျင်းပသည့် ဆန္ဒပြပွဲတွင် သားတစ်ဦးပါသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားပြီး၊ တစ်ညလုံး ချုပ်နှောင်ထားကာ ရိုက်နှက်၍ ငွေကျပ် ၁၃ သိန်းနီးပါး ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။
နိုဝင်ဘာလ (၂၅) ရက်နေ့ ညနေ ၄ နာရီခွဲခန့် အချိန်တွင် အမှတ် (၈) ရပ်ကွက် (ဒေသအခေါ် မာဇီးရွာ)၊ မိကျောင်းဈေး ကျေးရွာအုပ်စုမှ ဦးဖော်ယာစ် (ဘ) ဦးကာလူ (အသက် ၅၀ နှစ်) နှင့် ၎င်း၏ သားနှစ်ဦးကို ခမရ (၅၅၂) တပ်ရင်းမှ တပ်သား စန်းမြက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မလေးရှားနိုင်ငံတွင် ယင်းနေ့က ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် ဦးဖော်ယာစ်၏ သားတစ်ဦး ပါဝင်ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ပြီး၊ သားအဖ (၃) ဦးကို တစ်ညလုံး ချုပ်နှောင် ထားခဲ့သည်။
တပ်သားစန်းမြက လုပ်ကြံ စွပ်စွဲခဲ့ခြင်းဖြစ်ပြီး၊ သားအဖ (၃) ဦးကို ရိုက်နှက်၍ အတင်းအဓမ္မ ၀န်ခံခိုင်းခဲ့သည်။ ထို့နောက် ငွေကျပ် ၁၂ သိန်း ၇ သောင်း ညှစ်ယူပြီး နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
တပ်သားစန်းမြနှင့် အတူ ၎င်း၏ တပည့်များဖြစ်ကြသော အမှတ် (၉) ရပ်ကွက် ဆင်သေရွာမှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနာဒိရ်ဟူစိန်း၊ အမှတ် (၃) ရပ်ကွက် ဘိုကြီးချောင်းရွာမှ ဦးရော်ဖိခ် (ဘ) ဦးအေကရာမ်နှင့် ရွာသစ်ရွာမှ ဦးအာနိုဝါရ် (ဘ) ဦးအဲခ်ဘာလ်ဟူစိန်း တို့ပူးပေါင်း ပါဝင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။
ဦးဖော်ယာစ်၏ သားသည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ၎င်း၏သားသည် အိမ်မှထွက်ခွာသွားပြီး မည်သည့် နိုင်ငံသို့ ရောက်ရှိနေသည်ကို ဖခင် ကိုယ်တိုင်ပင် သိရှိခြင်း မရှိကြောင်း၊ နိုင်ငံမှ ထွက်ခွာသည်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စုစာရင်းမှ ပယ်ဖျက် လိုက်ပြီ ဖြစ်သောကြောင့် တပ်သားစန်းမြ၏ စွပ်စွဲမှုသည် တည်ဆဲဥပဒေနှင့်လည်း မည်သို့မှ ကိုက်ညီမှု မရှိကြောင်း ဒေသခံ လူ့အခွင့်အရေး လေ့လာသူ တစ်ဦးက ပြောပါသည်။
ဒေသခံများက ယခုကဲ့သို့ လုပ်ကြံ စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီး၍ ငွေညှစ်နေခြင်း များကို ပြည်ထောင်စု အစိုးရမှ ဟန့်တား ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။
![]() |
| ဓါတ်ပုံ - ရိုက်တာ |
MYARF
RB News
26.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာအုပ်စု (တပ်ဦးချောင်း) နူရူလ္လာရွာရှိ အစ္စလာမ် ဘာသာရေးကျောင်းမှ ခြံစည်းရိုးများကို နယ်ခြားစောင့်ရဲများက ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မန်ကျည်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း အမှတ် ၁၅) မှ ရဲမှူးနှင့် အဖွဲ့က နူရူလ္လာရှိ အစ္စလာမ် ဘာသာရေးကျောင်း၏ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
“မနက်ပိုင်းမှာ ရဲမှူးက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို အစည်းအဝေး လုပ်စရာ ရှိတယ်ဆိုပြီး လူ ၄၀ ခေါ်ခိုင်းတော့ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ လူ ၃၀ ကျော် ခေါ်လာတယ်။ ရဲမှူးက ဒီလို လက်ဗလာနဲ့ လာလို့မရဘူး။ တူတွေ တရွင်းတွေပါ ယူလာပြီး ဗလီနဲ့ ကျောင်းကို ဖြိုရမယ် ပြောတော့ ရွာသားတွေက မဖြိုပေးနိုင်ဘူးလို့ ပြန်ပြောတယ်။ အဲဒီမှာ ရဲမှူးက ဖြိုမပေးနိုင်ရင်လည်း ဗလီရှေ့ရပ်ပြီး ဓါတ်ပုံ ရိုက်ခံရမယ်လို့ ထပ်ပြောတယ်။ အဲဒီမှာ ရွာသားတွေက ဓါတ်ပုံ ရိုက်မခံဘဲ ပြန်သွားတဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ရွာသားများ ထွက်ခွာသွားပြီးနောက် နယ်ခြားစောင့်ရဲများက ဘာသာရေးကျောင်း၏ အုတ်ဖြင့်ကာရံထားသော ခြံစည်းရိုးများကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၀ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁၆ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း၊ ရွာသားများ အားလုံးကို ရွာပြင်သို့ နှင်ထုတ်၍ လုယက်ခဲ့ကြောင်း၊ အမျိုးသမီးများကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် မောင်နှမ ကျေးရွာသို့ ၀င်ရောက်လာပြီး အမျိုးသား ၆၆ ဦးကို ဖမ်းဆီး၍ မောင်နှမ ကျေးရွာ၏ တောင်ဖက် အောင်မင်္ဂလာ န.တ.လ ရွာသို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးသွားများကို လူမဆန်စွာ ရိုက်နှက်၍ ၅၀ ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ၁၆ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
လွှတ်ပေးလိုက်သူများထဲမှ အချို့မှာ လမ်းပင် လျှောက်နိုင်တော့သည့် အနေအထား မရှိတော့သဖြင့် ထမ်းပြီး ခေါ်ဆောင်လာခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ရွာသားများ အားလုံးကို စစ်သားများက ရွာမှ နှင်ထုတ်၍ လယ်ကွင်းပြင်တွင် တဲများထိုး၍ နေစေကြောင်း၊ အမျိုးသမီး အချို့ကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ အောင်မင်္ဂလာနှင့် အောင်သာယာ န.တ.လ ရွာသားများ ရွာထဲသို့ ၀င်ရောက်၍ အိမ်များမှ ပစ္စည်းများ၊ ကျွဲ၊ နွား၊ ဆိတ်များ ယူဆောင်သွားသည့် အပြင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၁၀၀ ကျော်ကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုဝင်ဘာလ (၂၅) ရက်နေ့တွင် စစ်သား ၅၀၀ ခန့်က လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာကို ၀င်ရောက် စီးနင်းခဲ့ရာ အမျိုးသား အများစု ထွက်ပြေးတိမ်းရှောင် နိုင်ခဲ့သော်လည်း၊ မတိမ်းရှောင်နိုင်ခဲ့သည့် အမျိုးသား ၇၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ အမျိုးသမီးများနှင့် ကလေးငယ်များကို အိမ်များမှ အပြင်ထုတ်၍ တစ်နေရာတွင် စုထားကာ အမျိုးသမီး အများအပြားကို မုဒိမ်းကျင့်ခဲ့သည့် အပြင် ချောမောလှပသည့် အမျိုးသမီး (၃) ဦးကို တောထဲသို့ ခေါ်ဆောင် သွားခဲ့သည်။ နေအိမ်များအတွင်းသို့ န.တ.လ ရွာသားများ ၀င်ရောက်၍ စိတ်တိုင်းကျ လုယက် ဖျက်ဆီးခဲ့သည်။
အသက် (၇၀) နှစ် အရွယ်ရှိသော ဦးအဒူလ်ဟာဖီးဇ် (ဘ) ဦးဆော်ယာဒ်အာမတ် ကို နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ဖမ်းဆီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့ရာ ကျန်းမာရေး ချို့တဲ့နေသဖြင့် ထွက်မပြေးနိုင်ဘဲ နေအိမ်တွင်ရှိနေခဲ့ရာ ၎င်းကို စစ်သားများက ယမန်နေ့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည်။
အမျိုးသမီးများ အားလုံးကို နံနက် ၉ နာရီမှ စ၍ အိမ်အပြင်တွင် ထားခဲ့ပြီး ည ၉ နာရီ အချိန်တွင် ပြန်လွှတ် ပေးခဲ့သည်။ ဦးအဒူလ်ဟာဖီးဇ်ကို အမျိုးသမီးများ အိမ်သို့ ပြန်ရောက်သည့် အချိန်မှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဖမ်းဆီးထားခဲ့သည့် အမျိုးသား ၇၀ ဦးကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ည ၁၁ နာရီတွင် ပြန်လွှတ်ပေးခဲ့ပြီး၊ စစ်သားများ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စစ်သား ၂၀၀ ခန့် ထပ်မံ ရောက်ရှိလာပြီး၊ အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်၊ အဓမ္မ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။
ဆင်သေပြင်အရှေ့ရွာနှင့် အလယ်ရွာမှ အမျိုးသမီးများသည် မုဒိမ်းကျင့်ခံရမည်ကို ကြောက်ရွံ၍ မူရာဖာရာသို့ ထွက်ပြေးကြရာ စစ်သားများက သေနတ်ပစ်ဖောက်၍ ရပ်တန့်ခိုင်းပြီး နေပူတစ်နေရာတွင် စုခိုင်းကာ အမျိုးသမီးများ အားလုံးကို အ၀တ်အစားများ အားလုံး အတွင်းခံများမကျန် ချွတ်ခိုင်း၍ ထိုင်ခိုင်းထားကြောင်း အမျိုးသမီးတစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် အမျိုးသမီးများထံမှ ရွှေ၊ ငွေများကိုလည်း လုယက်ခဲ့သည်ဟု ဆိုသည်။
အဝေးမှ မြင်သည့် မျက်မြင်သက်သေ တစ်ဦးက “ကျွန်တော် အကုန်မြင်နေရတယ်။ သေနတ်နဲ့ပစ်ပြီး အမျိုးသမီးတွေ အားလုံး ၃၀၀ နီးပါးရှိမယ်၊ အားလုံးကို နေပူထဲ လယ်ကွင်းပြင်မှာ စုလိုက်တယ်။ ပြီးတော့ ပုဝါတွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ ပြီးတော့ အင်္ကျီတွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ ပြီးတော့ ထမိန်တွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ အဲလို လုပ်နေတာ ကျွန်တော်ကိုယ်တိုင် မြင်နေရတာပါ” ဟုပြောသည်။
အမျိုးသမီးများကို အ၀တ်အစားမဲ့ အတိုင်း နှစ်နာရီခွဲခန့် ထားခဲ့သည်။ စစ်သားများက အမျိုးသမီး ၃၀၀ ခန့်ရှိသည့် အုပ်စုထဲမှာပင် ၎င်းတို့ စိတ်ထင်ရာ ပြုလုပ်ခဲ့သည်။
“ကျွန်မတို့ အမျိုးသမီး ၁၀၀ ကျော်လောက် မုဒိမ်းကျင့်ခံရတယ်။ အသတ်ခံရတာလည်း အနည်းဆုံး ၄၀ လောက် ရှိမယ်။ သူတို့က သတ်ပြီးတာနဲ့ အလောင်းဖျောက်လိုက်တော့ သေဆုံးသူ အတိအကျ ပြောဖို့ အရမ်းခက်နေတယ်။ မနေ့က အားလုံး ၁၉ ယောက်ကတော့ အတည်ပြုလို့ ရတဲ့ ဦးရေပါ” ဟု မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး တစ်ဦးက ပြောသည်။
ယမန်နေ့က စစ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် အမျိုးသမီးငယ် (၃) ဦး ယနေ့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။
ယခုအခါ အမျိုးသမီးများနှင့် ကလေးငယ်များမှာ အမိုးအကာမဲ့ လယ်ကွင်းပြင်တွင် နေထိုင်နေရသည်ဟု ဒေသခံများက ပြောပါသည်။
ယမန်နေ့က စစ်သားများ သတ်ဖြတ်ပြီး အလောင်းများ ယူသွားခဲ့ရာ အလောင်းအချို့ကို စံပယ်ကုံး ကျေးရွာရှိ သီဟိုဠ်တောထဲတွင် ကျင်းနှစ်ကျင်း၌ မြှပ်နှံထားသည်ကို ရွာသားများက တွေ့ရှိခဲသည်။ ယနေ့ ရွာသားများက ကျင်းတစ်ကျင်းကို တူးဖော်ခဲ့ရာ အလောင်း (၄) လောင်း တွေ့ရှိခဲ့သည်။ ကျန်ကျင်းတစ်ကျင်းတွင်လည်း အလောင်း (၈) လောင်းခန့် ရှိမည်ဟု ခန့်မှန်း ပြောနေဆိုနေကြသည်။ အခြားအလောင်း အချို့ကိုလည်း ရွာ၏ အရှေ့ဖက် သဲပြင်တွင် စစ်သားများက မြှပ်နှံထားခဲ့ကြောင်း ၎င်းတို့က ပြောပါသည်။
ယနေ့ နေ့လည်ပိုင်းတွင် စေတီပြင် န.တ.လ ရွာမှ စိုးဝင်း (ခြေကျိုး) အပါအ၀င် န.တ.လ ရွာသား ၅၀ ကျော် ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက်လာပြီး အိမ်များတွင် တွေ့ရှိသမျှ ပစ္စည်းများကို တွန်းလှည်းများဖြင့် ယူဆောင် သွားခဲ့ကြောင်း။ ကျွဲ၊ နွား၊ ဆိတ်များကိုလည်း ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။
![]() |
| ကျင်းတစ်ကျင်းမှ တူးဖော်ရသည့် အလောင်း |
MYARF
ဒဏ်ရာရရှိသူ အချို့မှာ --
သေဆုံးသွားသူ အချို့မှာ --
ဒီနေ့လုပ်သွားတာကို ကြည့်ရင် အာဏာပိုင်တွေက နိုင်ငံတကာကို လုံးဝဂရုမစိုက်ဘူး ဆိုတဲ့သဘော။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့သဘောပဲ။ ၂၅ ရက်နေ့မှာ နိုင်ငံတကာမှာ ဆန္ဒပြနေတာကြောင့် အခုလို လူသတ်ပွဲ လုပ်သွားတယ်လို့ ထင်တယ်။ ဘယ်လောက် ဆန္ဒပြပြ မင်းတို့အတွက် မထူးဘူး။ နိုင်ငံထဲက ထွက်သွား ဆိုတဲ့ ကြောက်စိတ်ဝင်လာအောင် လုပ်တာပဲလို့ ထင်တယ်။” သုံးသပ် ပြောဆိုသည်။
RB News
25.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာနှင့် ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာများကို စစ်သားများ၊ လုံထိန်းများနှင့် နယ်ခြားစောင့်ရဲများ အင်အား ၅၀၀ ကျော်တို့က ပိတ်ဆို့ဝန်းရံ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ၊ အပြစ်မဲ့ ဒေသခံ အနည်းဆုံး ၁၉ ဦး အသတ်ခံရပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့သည့် အပြင်၊ အမျိုးသမီး အများအပြားကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း၊ အပြစ်မဲ့ သာမာန် ပြည်သူ အနည်းဆုံး ၅၀ ဦးခန့်ကို ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၂ နာရီမှစ၍ စစ်သားများ၊ လုံထိန်းများ နှင့် နယ်ခြားစောင့်ရဲ အင်အား ၅၀၀ ဦးခန့်တို့သည် မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာနှင့် ငါးစားကြူးကျေးရွာအုပ်စု ပန်းမြောင်ရွာ တို့်ကို ပိတ်ဆို့ဝန်းရံထားခဲ့ပြီး၊ မနက် ၅ နာရီကစ၍ အဆက်မပြတ် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ရွာသား အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းများကိုလည်း ၎င်းတို့က ယူဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။
၎င်းတို့၏ ပစ်ခတ်မှုကြောင့် လူမမယ် ကလေးငယ်များ အပါအ၀င်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အမျိုးသမီး အများအပြား အတင်းအဓမ္မ မုဒိမ်းကျင့်ခံခဲ့ရပြီး၊ အပြစ်မဲ့ သာမာန် ပြည်သူ အနည်းဆုံး ၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
သတ်ဖြတ်ခံရသူ အများစုမှာ လည်လှီး သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောပါသည်။
နေ့လည် ၁၂ နာရီခန့် အချိန်တွင် အဆိုပါအဖွဲ့က နီးစပ်ရာ န.တ.လ ကျေးရွာဖြစ်သည့် စေတီပြင် ကျေးရွာမှ န.တ.လ ရွာသားများကို ခေါ်ယူလာပြီး သတ်ဖြတ်လိုက်သည့် ဆင်သေပြင်နှင့် ပန်းမြောင် ရွာသူရွာသားများ၏ အလောင်းများကို ယူဆောင်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
န.တ.လ ရွာသားများက အလောင်းများကို ဆင်သေပြင် ကျေးရွာ၏ အရှေ့ဖက် သဲပြင်တစ်နေရာတွင် ကျင်းတူး၍ မြှပ်နှံလိုက်ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။ ထို့အပြင် အလောင်းအချို့ကို ဆင်သေပြင်နှင့် ပန်းမြောင်ရွာကြားရှိ ချောင်းတွင် မျောပေးလိုက်ကြောင်း ၎င်းက ပြောပါသည်။
ဒေသခံများက အလောင်းအချို့ကို အသက်ဖြင့် ရင်း၍ ပြေးလွှားပြီး သယ်ဆောင်ခဲ့သော်လည်း အများစုကို န.တ.လ ရွာသားများကို စစ်သားများက မြှပ်နှံခိုင်းလိုက်ကြောင်း ဒေသခံများက ပြောပါသည်။
ဒဏ်ရာရရှိသူများထဲတွင် ပထမတန်း ကျောင်းသူတစ်ဦးလည်း ပါဝင်ပြီး ၎င်းအပါအ၀င် ဒဏ်ရာပြင်းထန်သူ (၄) ဦးမှာ ဆေးကုသခွင့် မရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
အမျိုးသမီးများ အများအပြားကို အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ပြီး ချောမောလှပသည့် အမျိုးသမီး (၃) ဦးကို တောထဲသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဖြည့်စွက် ပြောကြားသည်။
ထွက်ပြေး တိမ်းရှောင်ခဲ့နိုင်သူ တစ်ဦးက “သူတို့က ၂ နာရီမှာ ဝိုင်းတယ်။ ၅ နာရီက စပြီးတော့ ရွာထဲကို တရစပ် သေနတ်ပစ်နေခဲ့တယ်။ ကျနော်တို့က ထွက်ပြေးပြီး အသက်လုခဲ့ရတာ။ နေ့လည် ၁၂ နာရီမှာ အိမ်ကို ဖုန်းခေါ်နိုင်ခဲ့တယ်။ နောက်ပိုင်း ဖုန်းကိုပိတ်ထားတော့ အဆက်အသွယ် ပြတ်သွားတယ်။ ကျနော်တို့ အခု တိမ်းရှောင်နေတဲ့ နေရာက လှမ်းမြင်နေရတာက အလောင်းအချို့ကို ရွာရဲ့အရှေ့ဖက်ကို ဒရွတ်တိုက် ယူသွားနေတယ်။ ပြီးတော့ ချောင်းမှာလည်း အလောင်း ၄ လောင်း မျောနေတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူ အချို့မှာ --
(၁) ပါဘီန်ဖာတေမာ (ဘ) ဦးဟိုက်ရုလ်အာမီးန် (အသက် ၇ နှစ်) - ခြေထောက်တွင် ကျည်ဆံ ထိမှန်
(၂) ဆော်ဒူလ်အာမီးန် (ဘ) ဦးရှကူရ်အာမတ် (အသက် ၁၃ နှစ်) - ပေါင်တွင် ကျည်ဆံထိမှန်
သေဆုံးသွားသူ အချို့မှာ --
(၁) နူရူလ်အာမီးန် (ဘ) ဦးရှကူရ်အာမတ် (အသက် ၂၂ နှစ်)
(၂) ဦးဂျဟာန်ဂီးရ် (ဘ) မော်လ၀ီဦးဇာဖောရ်
(၃) မော်လ၀ီ မုစ်တာဖာကာမာလ် (ဘ) ဦးအဗ်ဒူရှကူရ်
(၄) ဦးနူရ်ကာမာလ် (ဘ) ဦးစလင်း
သေဆုံးသွားသူ ဦးဂျဟာန်ဂီးရ်၏ အလောင်းကို စစ်သားများက ကောက်ရိုးများဖြင့် ဖုံးထားခဲ့ပြီး၊ ရွာသားများက သွားရောက်၍ ယူဆောင် လာခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် အလောင်း (၆) လောင်းကို ရွာသားများ ရရှိခဲ့သော်လည်း ၎င်းတို့ အမည် အပြည့်အစုံကို RB News သို့ ပေးပို့နေစဉ် ပေးပို့သူ၏ ဖုန်းပိတ်သွား၍ အပြည့်အစုံကို ရယူနိုင်ခြင်း မရှိတော့ပေ။
စစ်တပ်၊ လုံထိန်းနှင့် နယ်ခြားစောင့်ရဲ များသည် ညမိုးချုပ်သည့် အချိန်ထိ ပြန်သွားခဲ့ခြင်း မရှိဘဲ ရွာများထဲတွင် ရှိနေသေးကြောင်း ဒေသခံများက ပြောပါသည်။
ယနေ့အခြေအနေနှင့် ပတ်သက်၍ မောင်တော အခြေစိုက် လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့် လေ့လာနေသူတစ်ဦးက “အစက ရွာထဲပိတ်မိနေသူတွေနဲ့ ဖုန်းအဆက်အသွယ် လုပ်နိုင်ခဲ့တယ်။ နေ့လည်အချိန်လည်းရောက်ရော ဖုန်းတွေအကုန် ပိတ်ထားတာ တွေ့ရတယ်။ ကနဦး မေးကြည့်နိုင်ခဲ့တုန်းက အာဏာပိုင်တွေက ကုလသမဂ္ဂ၊ OIC နဲ့ နိုင်ငံတကာမှာ ဆန္ဒပြနေသူတွေကို ဒီမှာ မင်းတို့ကို လာကယ်ခိုင်းပေါ့ ဆိုပြီး ပြောဆိုရင်း သတ်နေခဲ့တာလို့ ရွာသားတွေက ပြောပြတယ်။ သူတို့လာမကယ်မချင်း မင်းတို့ကုလားတွေကို အပြီးချေမှုန်းမယ် ဆိုပြီးလည်း ပြောခဲ့တယ်လို့ ဆိုတယ်။ ရွာက တိမ်းရှောင်လာခဲ့သူ အချို့ကို ဖုန်းခေါ်ကြည့်တော့ အလောင်းတွေ ရွာအရှေ့ဖက်သို့ ဒရွတ်တိုက် ယူဆောင်သွားနေတာ သူတို့မြင်နေကြောင်းပြောပြတယ်။ အလောင်းအချို့ကို ဆင်သေပြင်နှင့် ပန်းမြောင်ရွာကြားမှာ ရှိတဲ့ ချောင်းမှာ မျောနေတာကို တွေ့တယ်လို့ပြောပြကြတယ်။ အစက ရွာထဲကို ဖုန်းခေါ်နိုင်ခဲ့တုန်းက အမျိုးသမီးအတော်များများကို မုဒိမ်းကျင့်တယ် ပြောပြတယ်။ ချောမောလှပတဲ့ အမျိုးသမီး အချို့ကို တောထဲ ခေါ်သွားတယ်လို့လည်း ပြောပြတယ်။ အနည်းဆုံး ရွာသား ၅၀ ကိုဖမ်းဆီးသွားတယ်လို့လည်း သိရတယ်။ ၇ နှစ်အရွယ် မိန်းကလေး တစ်ဦးအပါအဝင် အများကြီး ဒဏ်ရာရကြတယ်။
ဒီနေ့လုပ်သွားတာကို ကြည့်ရင် အာဏာပိုင်တွေက နိုင်ငံတကာကို လုံးဝဂရုမစိုက်ဘူး ဆိုတဲ့သဘော။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့သဘောပဲ။ ၂၅ ရက်နေ့မှာ နိုင်ငံတကာမှာ ဆန္ဒပြနေတာကြောင့် အခုလို လူသတ်ပွဲ လုပ်သွားတယ်လို့ ထင်တယ်။ ဘယ်လောက် ဆန္ဒပြပြ မင်းတို့အတွက် မထူးဘူး။ နိုင်ငံထဲက ထွက်သွား ဆိုတဲ့ ကြောက်စိတ်ဝင်လာအောင် လုပ်တာပဲလို့ ထင်တယ်။” သုံးသပ် ပြောဆိုသည်။
![]() |
| ပေါင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် ဆော်ဒူလ်အာမီးန် (အသက် ၁၃ နှစ်) |
![]() |
| စစ်သားများက သတ်ဖြတ်ပြီး ကောက်ရိုးပုံတွင် ဖွက်ထားသည့် အလောင်း |
![]() |
| ဆေးကုသခွင့် မရ၍ သေဆုံးသွားသူ နူရူလ်အာမီးန် (အသက် ၂၂ နှစ်) |
MYARF
RB News
25.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာမှ နေအိမ်တစ်လုံးကို နယ်ခြားစောင့်ရဲများ မီးရှို့လိုက်ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၂) နာရီကျော် အချိန်တွင် ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလ္လာရွာမှ ဦးအဒူရော်ဟိမ်း၏ နေအိမ်ကို နယ်ခြားစောင့်ရဲများက မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“ဦးအဒူရော်ဟိမ်းရဲ့ အိမ်ကို နယ်ခြားစောင့်ရဲတွေက မီးရှို့လိုက်တာပါ။ ရဲကင်းနဲ့ အဲဒီအိမ်က ကိုက် ၁၀၀ လောက်သာ ဝေးပါတယ်။ ဟိုတလောက အဲဒီ ရဲကင်းမှာ နယ်ခြားစောင့်ရဲတွေ အချင်းချင်း ပစ်ခတ်တဲ့ ပြဿနာ ဖြစ်ချိန်ကစပြီး အဲဒီ အိမ်မှာ လူမနေတော့ဘူး။ ကြောက်လို့ ရွှေ့သွားတယ် ထင်ပါတယ်။ အဲဒီ အိမ်အလွတ်ကို နယ်ခြားစောင့်ရဲတွေက မီးရှို့ပြီးတော့ သေနတ်နဲ့ ပစ်ဖောက်တယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။
မီးရှို့ခံရခြင်းနှင့် ပတ်သက်၍ မြန်မာပိုင်း မီဒီယာတစ်ခုတွင် လွှဲမှားစွာ ဖော်ပြမှုနှင့် ပတ်သက်၍ ၎င်းက “ကျွန်တော်လည်း အခုပဲ အဲဒီသတင်း ဖတ်လိုက်ပါတယ်။ ဒုချရာတန်းကျေးရွာအုပ်စုလို့ ရေးထားတာ တွေ့တယ်။ ကျွန်တော်တို့က အခုတော့ တပ်ဦးချောင်း ကျေးရွာအုပ်စုပေါ့။ လူတိုင်းက အရင် ဒေသ အခေါ်အဝေါ် ဘဂုံးနားလို့သာ သိကြတယ်။ ဘဂုံးနား ကျေးရွာအုပ်စု၊ နူရူလ္လာရွာပါ။ မီးရှို့ပြီးမှ နယ်ခြားစောင့်ရဲတွေက သေနတ် ပစ်ဖောက်တာပါ။ အဓိက အကြမ်းဖက်သမားတွေ လာပြီး မီးရှို့လို့ သေနတ်နဲ့ ပစ်ဖောက်တယ် ဆိုပြီး ပုံဖော်တာပါ။ အဲဒီမှာ နိုင်ငံခြားသတင်း မြန်မာပိုင်း အစီအစဉ်တွေက အစိုးရဖက် လိုက်နေတော့ သူတို့ပါ ၀ိုင်းပြီး ပုံဖော်ပေးနေတယ် ဆိုတာ သိသာပါတယ်။ အမှန်ကတော့ နယ်ခြားစောင့်ရဲတွေ ကိုယ်တိုင် မီးရှို့တာပါ။ ဒီအချိန်မှာ ရွာထဲကို ဘယ်သူ့မှ မလာဘူးဆိုတာ တစ်ရွာလုံးသိပါတယ်” ဟု ပြောသည်။
ဦးအဒူရော်ဟိမ်း၏ အိမ်မီးလောင်နေပုံကို အဝေးမှ ရိုက်ကူးထားသော ဗီဒီယို
MYARF
RB News
24.11.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဂူတာပြင် ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ပြည်သူ (၇) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၅း၃၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် ညောင်ချောင်း အထက်တန်းကျောင်းတွင် စခန်းချ နေထိုင်ကြသော စစ်သားများက ဂူတာပြင် (ဂူဒါမ်ဖာရာ) ကို ၀ိုင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၇) ဦးကို ဖမ်းဆီး သွားခဲ့သည်။
ဖမ်းဆီးသွားသူများကို ညောင်ချောင်းရှိ နယ်မြေ စခန်းသို့ ခေါ်ဆောင်သွားပြီး၊ နေ့လည်ပိုင်းတွင် ၎င်းတို့ကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့သော်လည်း မည်သည့် အထောက်အထားများ မတွေ့ရှိခဲ့ကြောင်း၊ သို့သော်လည်း ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ --
(၁) ဦးရှော်ဖီအုလ်အစ္စလာမ် (ဘ) ဦးဖော်ယာစ် (အသက် ၃၉ နှစ်)
(၂) ဦးရှော်ဖီကုလ်အစ္စလာမ် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၃၅ နှစ်)
(၃) ဦးနူရ်အစ္စလာမ် (ဘ) ဦးဆော်ယာဒူလ်အစ္စလာမ် (အသက် ၂၀ နှစ်)
(၄) ဦးမာဆောန် (ဘ) ဦးမာတာဘောရ် (အသက် ၆၀ နှစ်)
(၅) ဦးအာဘူဆာလေ၏ သား (အသက် ၁၇ နှစ်)
(၆) ဦးဟာဘီအုလ္လာ (ဘ) ဦးအဒူဆောလာမ် (အသက် ၅၂ နှစ်)
(၇) မော်လ၀ီဇူဘိုင်ရ် (ဘ) ဦးမာမောတ် (အသက် ၃၃ နှစ်) -- တို့ဖြစ်ကြသည်။
Rohingya Eye
RB News
24.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဓါးကြီးစား ကျေးရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ ဒုက္ခသည် ကလေးများ ၀မ်းပျက်ဝမ်းလျှော ရောဂါ ဝေဒနာကို အပြင်းအထန် ခံစားနေရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း၊ ဓါးကြီးစား ကျေးရွာကို နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ စစ်သားများက စတင် မီးရှို့ခဲ့ရာ ယခုအခါ တစ်ရွာလုံးတွင် အိမ်တစ်လုံးမှ မကျန်တော့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများထဲမှ အိမ်ခြေ (၃၀၅) လုံးရှိ မိသားစုများသည် သရက်အုပ် ကျေးရွာ၏ အရှေ့ဘက်၊ သူဦးလာ ကျေးရွာ၏ အနောက်ဘက် လယ်ကွင်းပြင်တွင် အုပ်စု သုံးစုခွဲကာ ပလတ်စတစ် အမိုး၊ မိုးကာပြီး၊ ကောက်ရိုးခင်းကာ အုပ်စုသုံးစုခွဲ၍ ယာယီတဲထိုးကာ နေထိုင်လျက် ရှိသည်။ ကျန်သည့် အိမ်များမှ မိသားစုများသည် အခြားရွာများသို့ သွားရောက်၍ ခိုလှုံလျက် ရှိကြောင်း ဒုက္ခသည်များက RB News သို့ပြောသည်။
၎င်းတို့ တဲထိုး၍ နေထိုင်သည့် နေရာများသည် ဆားမြေများ ဖြစ်သောကြောင့် လေကောင်းလေသန့် မရရှိသည့် အပြင် ရေကောင်းရေသန့်လည်း မရရှိကြောင်း၊ သရက်အုပ် ကျေးရွာမှ တတ်နိုင်သမျှ အစာရေစာများ ပေးနေသော်လည်း လုံလောက်မှု မရှိကြောင်း၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရရှိမှုကြောင့် ကလေး ၅၀ ကျော်မှာ ၀မ်းရောဂါ ဖြစ်ပွားလျက် ရှိနေကြောင်း၊ ဆေးဝါး အပါအ၀င် အနွေးထည်များနှင့် အခက်ကြုံနေရကြောင်း အဆိုပါ ဒုက္ခသည်က ပြောပါသည်။ နေ့စဉ်နေ့တိုင်း ကလေး (၅) ဦးခန့် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်လာနေသဖြင့် ကလေးများ အသက်ဆုံးရှုံးရမည်ကို အလွန်စိုးရိမ်ရသည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။
ဓါးကြီးစား ကျေးရွာတွင် အိမ်ခြေ ၃၆၆ အိမ်ရှိပြီး နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စစ်သားများက အိမ်ခြေ ၃၅၀ ကျော်ကို လောင်ချာများဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့သည်။ ကျန်သည့် အိမ်များကို နိုဝင်ဘာလ (၂၂) ရက်နေ့တွင် အပြီးသတ် ထပ်မံ မီးရှို့ခဲ့သည်။ မီးရှို့မှုများကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရပြီး၊ အမျိုးသမီးများ။ ကလေးများနှင့် အမျိုးသား အများအပြားကို နေအိမ်များတွင် ပိတ်လှောင်၍ မီးရှို့ သတ်ဖြတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားသူများကို ကောက်ရိုးများဖြင့် အုပ်၍ မီးရှို့ခဲ့ကြောင်း ဒုက္ခသည်တစ်ဦးက ပြောပါသည်။
Rohingya Eye
RB News
24.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာသို့ စစ်သားများ ၀င်ရောက်၍ ရိုက်နှက် လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာ၏ အရှေ့ဘက်တွင် နိုဝင်ဘာလ (၂) ရက်နေ့မှစ၍ စစ်သား အင်အား ၁၀၀ ကျော် စခန်းချ နေထိုင်လျက် ရှိသည်။
ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စစ်သား (၁၇) ဦးခန့်သည် ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက် စီးနင်းပြီး၊ လမ်းတွင် တွေ့သော ဦးအာခ်ဘာရ်ဟူဆောင်း (ဘ) ဦးအော်လီဟူဆောင်း (အသက် (၇၀) နှစ်ကို စစ်သားတစ်ဦးက သေနတ်ဖြင့် ထုရိုက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသောကြောင့် သေလုမျောပါး ဖြစ်နေရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အဆိုပါ စစ်သားများသည် ဦးဟာဘီရော်မာန် (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်နှင့် ကပ်လျက် ရှိသော ဧက၀က် ရှိသည့် ငရုတ်စိုက်ခင်းကို ဖျက်ဆီးခဲ့သည်။ ထို့နောက် ခြံထဲသို့ ၀င်ကာ ခြံထဲတွင် အလုပ်လုပ်နေသော ဦးဟာဘီရော်မာန်၏ အသက် (၁၆) နှစ် အရွယ် သမီးကို မုဒိမ်းကျင့်ရန် ကြိုးစားရာ မိန်းကလေး ဖြစ်သူက ဟစ်အော် ငိုကြွေးသောကြောင့် မုဒိမ်းကျင့်ရန် ကြိုးစားမှု အထမမြောက်ခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
အလားတူ ဦးအဒူရှကူရ် (ဘ) ဦးအလီမျာ (အသက် ၄၈ နှစ်) က စပါးများ ရိတ်သိမ်းပြီး ပုံထားသည့် စပါးများကို စစ်သားများက ဖျက်ဆီးခဲ့သည်။
ဆင်သေပြင်ရွာ၏ အရှေ့ဘက်တွင် စခန်းချ နေထိုင်လျက် ရှိသော စစ်သားများသည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဦးဇာဖော်ရ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၆၀ နှစ်) ၏ နွားတစ်ကောင်နှင့် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ဦးအီလီယာစ် (ဘ) ဦးအဘူဆူဖီယာန် (အသက် ၃၀ နှစ်) ၏ ကျွဲတစ်ကောင် တို့ကို လုယက် ယူဆောင်သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
ရွာမှ လူကြီးတစ်ဦးက “စစ်သားတွေ ရွာထဲဝင်လာတာနဲ့ တွေ့သမျှ လူတွေကို ရိုက်တယ်၊ ဖမ်းတယ် ဆိုတော့ အမျိုးသားတွေ ရွာထဲမှာ မနေရဲတော့ဘူး။ အမျိုးသမီးတွေဘဲ အိမ်မှာ နေကြတယ်။ သူတို့က အိမ်ထဲ ၀င်တာနဲ့ ရုပ်ရည်သင့်တင့်တဲ့ အမျိုးသမီး ဆိုရင် မုဒိမ်းကျင့်တယ်။ မဖွယ်မရာ လုပ်တယ်။ အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံမှု မရှိဖြစ်နေတဲ့အတွက် ရွာမှာ မနေရဲတော့ဘဲ တစ်ဖက်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ် နေကြတယ်။ စစ်သားတွေက နယ်မြေ ရှင်းလင်း နေတာလား၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ အစိုးရက ခွင့်ပြုထားတာလား၊ အစိုးရကို မေးခွန်း ထုတ်ချင်တယ်” ဟု ပြောသည်။
MYARF
RB News
24.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာအုပ်စု တောင်ရွာတွင် ပေါ့ဆမီးကြောင့် အိမ်တစ်အိမ် မီးလောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုဝင်ဘာလ ၂၄ ရက်၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးစလောင်ခဲ့ခြင်း ဖြစ်ပြီး ဦးနူရ်အာလီ၏ သား အဒူလာမိန် (ကွယ်လွန်) ၏ နေအိမ်ဖြစ်ကြောင်း သိရှိရပါသည်။ မီးသည် မီးဖိုချောင်းမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကနဦး သိရှိရပါသည်။
အိမ်နီးနားချင်းများက ဝိုင်း၍ ငြိမ်းသတ်လိုက်သောကြောင့် မီးသည် အခြားအိမ်များသို့ ကူးစက်သွားနိုင်ခဲ့ကြောင်း မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဆောင်းဦးရာသီတွင် ပေါ့ဆမှုကြောင်း မီးလောင်ကျွမ်းတတ်သည်ကို အာဏာပိုင်များက မောင်တောမြောက်ပိုင်းတွင် ၎င်းတို့ အစုလိုက်အပြုံလိုက် မီးရှို့ခဲ့သည်ကို အာရုံလွှဲရန် ဤကဲ့သို့သာမန် ပေါ့ဆမီးလောင်ခဲ့သည့် သတင်းမျိုးကိုလည်း အလွှဲရေးသားတင်ပြပြီး အကြမ်းဖက်သမားများ မီးရှို့သည်ဟု ပြောလာမည်ဖြစ်၍ ရိုဟင်ဂျာများ အနေဖြင့် မီးကို အထူးသတိထား ထိန်းသိမ်းရန် လိုအပ်ပါသည်။
MYARF
RB News
24.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ မိန်းကလေး (၃) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ ညနေ (၅) နာရီ အချိန်ခန့်တွင် လောင်းဒုံကျေးရွာအုပ်စု၊ ကျွန်းခေါင်းရွာ (စိန်ဂရီဖာရာ) သို့စစ်သား ၁၀၀ ခန့် ၀င်ရောက် စီးနင်းခဲ့သည်။ ည (၈) နာရီ အချိန်တွင် ယင်းရွာမှ မိန်းကလေး နှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အလားတူ နိုဝင်ဘာလ (၂၃) ရက်နေ့ ညပိုင်းတွင် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာ အခြေစိုက် စစ်သားများက ယင်းကျေးရွာအုပ်စု၊ ဖောကီတောင်ရွာ သို့ဝင်ရောက်ပြီး ရိုဟင်ဂျာ မိန်းကလေး တစ်ဦးကို မုဒိမ်းကျင့်ခဲကြောင်း ယင်းရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။
အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး ဆိုကာ ရွာများအတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ဆက်တိုက် ကျူးလွန်လျက် ရှိရာ ယခုအချိန်ထိ အနည်းဆုံး အမျိုးသမီး ၂၀၀ နီးပါး စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ မုဒိမ်းကျင့်ခြင်း ခံထားရသည်။
နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၄ ရက်
မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်
(၁) ရိုဟင်ဂျာ လူမျိုးတို့အား ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြု၍၊ မြန်မာနိုင်ငံရှိ လူနည်းစုအားလုံး တန်းတူညီမျှ အခွင့်အရေး လက်တွေ့ခံစားခွင့်ရှိစေရမည် ဟူသည့် နိုင်ငံတော် အမိန့်ပြန်တမ်းအား ချက်ချင်း ထုတ်ပြန်ရန်၊ (လူနည်းစု အားလုံး အတွက် ဘ၀လုံခြုံမှု အာမခံချက် ချင်းချင်းပြဌာန်း ဆောင်ရွက်ရန်)
(၂) ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ခြိမ်းချောက်ခြင်းတို့အား ချက်ချင်းရပ်တန့်ရန်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ကမ္ဘာ့ မီဒီယာတို့ အား ချက်ချင်းဝင်ခွင့်ပြုရန်၊
(၃) ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်တို့တွင် ဖြစ်ပေါ်နေသော စစ်ဘေးဒုက္ခသည် အပေါင်းထံ နိုင်ငံတကာ အကူအညီများ ချက်ချင်းဝင်ရောက်ကူညီခွင့်ပြုရန်၊
(၄) ရိုဟင်ဂျာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မွတ်ဆလင်တို့အား ပုတ်ခတ်စော်ကားနေသော လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များ၊ မီဒီယာများအား ချက်ချင်း ထိရောက်စွာ အရေးယူပေးရန်၊ (မွတ်ဆလင် တို့အား ဘင်္ဂလီ ဟု သုံးနေသည့် မီဒီယာများအား ချက်ချင်း ဖမ်းဆီးအရေးယူပေးရန်)
(၅) ဖျက်ဆီးခံ ဗလီဝတ်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားသော သာသနိက အဆောက်အဦးများအား နိုင်ငံတော် ဘတ်ဂျက်ဖြင့် ချက်ချင်းပြန်ဆောက်ပေးရန်၊ ဖျက်ဆီးခဲ့သည့် တရားခံတို့အား ချက်ချင်း ဖေါ်ထုတ် ဖမ်းဆီးပေးရန်နှင့် ပိတ်ထားသည့် သာသနိက အဆောက်အဦး များအား ချက်ချင်းဖွင့်ပေးရန်၊
ကျွန်ုပ်တို့ Civil Rights Movement မှ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ (ဤတောင်းဆိုချက်များ မလိုက်လျှောလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် နိုင်ငံတော် အာဏာပိုင် အစိုးရများနှင့်သာ သက်ဆိုင်သည်။)
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
MYARF
RB News
23.11.2016
ဦးထွန်းအောင်ဇံရဲ့ သားဖြစ်တဲ့ မောင်အေးထွန်းက န.စ.က ခေတ်မတိုင်မီ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်မှာ အစ္စလာမ်ဘာသာကို ကူးပြောင်း သက်ဝင် ယုံကြည် ကိုးကွယ်လာတဲ့ ရခိုင်တိုင်းရင်းသား တစ်ဦးပါ။ အစ္စလာမ်ဘာသာကို လက်ခံပြီးတဲ့နောက်မှာ သူ့ရဲ့ နာမည်ကို အဒူမူနာဖ် လို့ အမည်ပြောင်းခဲ့တယ်။
ရေခဲချောင်းခွဆုံရွာမှာ လယ်ယာလုပ်သား အဖြစ်နဲ့ သူများဆီမှာ အလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုလာခဲ့တယ်။ အဲလိုနဲ့ အဲဒီရွာက ရိုဟင်ဂျာအမျိုးသမီး တစ်ဦးနဲ့ ထိမ်းမြားလက်ထပ်ပြီး အဲဒီရွာမှာဘဲ အခြေချ နေထိုင်လာခဲ့တယ် အခု သေဆုံးသွားတဲ့ အချိန်ထိပါပဲ။
လက်ထပ်ပြီးတဲ့နောက် သား ၆ ဦး၊ သမီး ၂ ဦး ထွန်းကားခဲ့တယ်။
မောင်အေးထွန်း (ခ) အဒူမူနာဖ် က ရခိုင်တိုင်းရင်းသား စစ်စစ် တစ်ဦး ဖြစ်ပေမယ့်လည်း အစ္စလာမ်ဘာသာကို ကူးပြောင်းလိုက်တဲ့ အတွက် နိုင်ငံသား စီစစ်ရေး ကဒ်ပြား (ပန်းရောင်) ကိုင်ဆောင်ခွင့် မရှိတော့ဘဲ၊ ယာယီသက်သေခံ ကဒ်ပြားကိုသာ ကိုင်ဆောင်ခဲ့ရတယ်။ သူနဲ့ သူ့ရဲ့ သားသမီးတွေရဲ့ ကဒ်ပြားတွေမှာ ရခိုင်-ဘင်္ဂလီလို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ရေးပေးတယ်။
ဦးအဒူမူနာဖ်ရဲ့ နေအိမ်က ရေခဲချောင်းခွဆုံ အနောက်ရွာမှာ ရှိခဲ့ပြီး သူ့ရဲ့ သားကြီး အသက် ၂၄ နှစ် အရွယ် အာဘူလ်ဟာရှိမ် အိမ်ကတော့ ဂုံးနားရွာမှာ ရှိခဲ့တယ်။ အာဘူလ်ဟာရှိမ်က ရေခဲချောင်းခွဆုံ ရွာလယ်မှာ ဆိုင်ခန်းလေးနဲ့ ဆန်၊ ဆီ၊ ဆား၊ ရေနံဆီ၊ ဓါတ်ဆီနဲ့ စားကုန်ပစ္စည်းတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုတယ်။
သူတို့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ဖြစ်တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီ အချိန်မှာ စစ်သားတွေက သေနတ် အဆက်မပြတ် ပစ်တော့ အာဘူလ်ဟာရှိမ်ရဲ့ ခါးနဲ့ လည်ပင်းမှ ကျည်ဆံ ထိမှန်ခဲ့တယ်။ တစ်ရွာလုံး မီးရှို့ခံရတော့ သူတို့ သားအဖ နှစ်ယောက်လုံးရဲ့ အိမ်နှစ်လုံးနဲ့ အရင်းအနှီး (၇၅) သိန်းလောက် ရှိတဲ့ အာဘူလ်ဟာရှိမ်ရဲ့ ဆိုင်လေးလည်း ပြာကျတဲ့ထဲ ပါသွားခဲ့တယ်။
အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဦးအဒူမူနာဖ်တို့ မိသားစုက နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရေတွင်းကျွန်း ကျေးရွာကို သွားပြီး ခိုလှုံခဲ့ကြတယ်။ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ ရေတွင်းကျွန်း ကျေးရွာကို စစ်သားတွေ ၀င်စီးတော့ ဦးအဒူမူနာဖ် အပါအ၀င် လူတစ်ချို့ကို ဖမ်းဆီးပြီး ခေါ်သွားခဲ့တယ်။ ဖမ်းခံရသူတွေထဲက ချမ်းသာသူနဲ့ ပညာတတ်သူ ၁၆ ယောက်ကို ငါးခူရ နယ်မြေစခန်းကို ခေါ်သွားခဲ့တယ်။ ဦးအဒူမူနာဖ် အပါအ၀င် ကျန်တဲ့လူတွေကို ရွက်ညိုတောင် စခန်း (၁၂) မှာ ချုပ်နှောင်ထားခဲ့တယ်။
ဦးအဒူမူနာဖ်ကို စခန်း (၁၂) မှာ ချုပ်နှောင်ထားတာကို ကံပြင်ကျေးရွာမှာ နေတဲ့ အစ်ကိုအရင်းက (ရခိုင် - ဗုဒ္ဓဘာသာဝင်) က သိသွားတဲ့အခါ စခန်းကို လိုက်သွားပြီး၊ ဦးအဒူမူနာဖ်က ရခိုင်သားတစ်ဦး ဖြစ်ပြီး၊ အစ္စလာမ်ဘာသာကို ကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်း၊ သူ့ရဲ့ ညီအရင်း ဖြစ်ကြောင်း စစ်သားတွေကို ပြောပြခဲ့တယ်။ အဲဒါနဲ့ စစ်သားတွေက ဦးအဒူမူနာဖ်ကို အစ္စလာမ်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို ပြန်ကူးပြောင်းဖို့၊ အဲဒီလို ကူးပြောင်းရင် ကံပြင်ကျေးရွာမှာ အိမ်ဆောက်ပေးမှာ ဖြစ်ပြီး၊ မဟုတ်ဘူးဆိုရင် အသေသတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
ဦးအဒူမူနာဖ် ကတော့ ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် အစ္စလာမ်ဘာသာကို မစွန့်လွှတ်နိုင်ဘူးလို့ ပြန်ပြောခဲ့တယ်။ အဲဒီလိုပြောတော့ စစ်သားတွေက ဦးအဒူမူနာဖ်ရဲ့ မုတ်ဆိတ်ကို မီးရှို့လိုက်တယ်။ ပြီးတော့ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်တာ သေသွားတယ် ထင်ပြီး နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် စခန်း (၁၂) ရဲ့ အပြင်ဘက် လမ်းဘေးက မြောင်းနားမှာ ပစ်ချထားခဲ့တယ်။ အဲဒီနေ့ နေ့လည် (၁၂) နာရီလောက်မှာ စခန်း (၁၂) မှာ ချုပ်နှောင်ခံထားရသူ အချို့ကို ပြန်လွှတ်ပေးတော့ အဲဒီလူတွေက အိမ်ပြန်နေတဲ့ အချိန် ဦးအဒူမူနာဖ်ကို တွေ့ရှိသွားခဲ့တယ်။
အဲဒီလူတွေက ဦးအဒူမူနာဖ်ကို ရေတွင်းကျွန်းရွာကို သယ်ယူသွားခဲ့တယ်။ ရက်ရက်စက်စက် နှိပ်စက်ခံထားရတဲ့ ဦးအဒူမူနာဖ် (ခ) မောင်အေးထွန်း (အသက် ၅၅ နှစ်) ခမျာ ဆေးကုသခွင့် ဆိုတာ မရခဲ့ဘူး။
မိမိယုံကြည်လို့ ကိုးကွယ်တဲ့ သာသနာကို မစွန့်လွှတ်ဘဲ စစ်သားတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခါးစည်းခံခဲ့တဲ့ ဦးအဒူမူနာဖ်က နိုဝင်ဘာလ (၁၈) ရက်နေ့ (သောကြာနေ့) နံနက် (၇) နာရီ အချိန်မှာ ကွယ်လွန်သွားခဲ့ပြီး၊ အဲဒီနေ့ နေ့လည် (၂) နာရီမှာ ရေတွင်းကျွန်းရွာမှာဘဲ ရွာသူရွာသားတွေက မြေမြှပ်သဂြိုဟ်ခဲ့ကြတယ်။

22.11.2016
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ၁၀ ဦးစီကို နေ့စဉ် အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။
တောင်ပြိုလက်ဝဲမြို့၊ သဲချောင်း ကျေးရွာအုပ်စု သင်္ဘောလှ ကျေးရွာတွင် အသစ် ဆောက်လုပ်လျက် ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း အတွက် နေ့စဉ် နေ့တိုင်း ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးစီကို အခမဲ့ အတင်းအဓမ္မ လုပ်အား ပေးခိုင်းလျက် ရှိသည်။
သဲချောင်း ကျေးရွာအုပ်စု၊ သင်္ဘောလှ ကျေးရွာတွင် ရိုဟင်ဂျာ အိမ်ခြေ (၃၀) နှင့် ဒိုင်းနက် အိမ်ခြေ (၁၀၀) ကျော် ရှိသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ဆောက်လုပ်ရန် အတွက် ဒိုင်းနက်လူမျိုးများကို လုပ်အားပေးခိုင်းခြင်း လုံးဝ မရှိဘဲ ရိုဟင်ဂျာ လူမျိုးများကို နေ့စဉ် (၁၀) ဦးစီ ဆင့်ခေါ်၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ယခုကဲ့သို့ နေ့စဉ် အတင်းအဓမ္မ ခိုင်းစေနေသည်မှာ ယခုဆိုလျှင် ၁၅ ရက်တိတိ ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
သင်္ဘောလှကျေးရွာရှိ ရိုဟင်ဂျာများမှာ စားဝတ်နေရေး အတွက်ပင် ခက်ခဲစွာ ရှာဖွေ စားသောက် နေရသည့် ဆင်းရဲသားများ ဖြစ်ကြသည်။ အာဏာပိုင်များက လူမျိုး၊ ဘာသာ ခွဲခြား၍ တမင် နှိပ်ကွပ်၍ ရိုဟင်ဂျာ လူမျိုးများကိုသာ သီးသန့်ခေါ်၍ ခိုင်းခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုနေကြသည်။
အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု အဖွဲ့မှ တိုးချဲ့ ဆောက်လုပ်လျက် ရှိသော ကင်းစခန်း (၃၀) ခု အနက် တောင်ပြိုလက်ဝဲမြို့ အပိုင်တွင် သင်္ဘောလှ ကျေးရွာနှင့် သာယာကုန်း (ရခိုင်) ရွာ တို့တွင် တစ်ခုစီ ဆောက်လုပ်လျက် ရှိကြောင်း သိရှိရသည်။

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ကျောက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ဒေသခံ ပြည်သူများကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် လူများ ဖမ်းနိုင်ဖွယ် ရှိသောကြောင့် စစ်ကြောင်းမှူး၊ တပ်ရင်းမှူးတို့ အတွက်ဟု ဆိုကာ ရွာသားများထံမှ ငွေကျပ် သိန်း ၃၀ ကောက်ခံခဲ့သည်။ ယင်းငွေမှ စစ်ကြောင်းမှူးနှင့် တပ်ရင်းမှူး တို့ကို ငွေကျပ် သိန်း ၁၀ ပေးခဲ့ကြောင်း သိရှိရသည်။ လိပ်ရမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးကို ငွေကျပ် ၅ သိန်း ပေးပြီး၊ ကျန်သည့် ၁၅ သိန်းမှာ ၎င်း၏ လက်ထဲတွင် ရှိသည်ဟု ရွာသားများကို အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကျန်သည့် ငွေများကို ရွာသားများက ပြန်ပေးရန် တောင်းခံသည့် အခါ အမျိုးမျိုး ခြိမ်းခြောက်ကြောင်း၊ ရွာသား အချို့က မတတ်နိုင်သည့်ကြားက ပေးခဲ့ရသောကြောင့် ၎င်းတို့ စားဝတ်နေရေး အတွက် ပြန်လည် ရယူလိုကြောင်း၊ လုပ်ကိုင်စားသောက်ရန် ခက်နေသည့် အချိန်တွင် မိမိတို့၏ ငွေများ ပြန်မရသည့် အတွက် အခက်အခဲ ကြုံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅) ရက်နေ့ကလည်း လိပ်ရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူး ရဲမှူးပြည်ဖြိုးအောင်က ကျောက်ချောင်း ကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖိ လူကြီး ၂၀ ဦးကို အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးမှ တဆင့် အစည်းအဝေး တက်ရန် ဆင့်ခေါ်ခဲ့သည်။ ရပ်မိရပ်ဖများက အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အစည်းအဝေးသို့ မသွားဘဲ အုပ်ချုပ်ရေးမှူးမှ တဆင့် ငွေကျပ် နှစ်သိန်းစီ - စုစုပေါင်း ငွေကျပ် သိန်း ၄၀ ပေးရန် အုပ်ချုပ်ရေးမှူးက တဆင့် ပေးခဲ့သည်။ သို့သော်လည်း နယ်မြေမှူးက ငွေကို လက်မခဲ့ဘဲ အုပ်ချုပ်ရေးမှူးကို ငွေပေးထားသူများကို ပြန်ပေးရန် မှာကြားခဲ့သည်။
ငွေပြန်လိုက်သည့် သတင်းကို သက်ဆိုင်သူများက သိရှိသောအခါ အုပ်ချုပ်ရေးမှူး ထံမှ ပြန်တောင်းသော်လည်း ပေးပါမည်၊ နယ်မြေမှူးက လက်ခံလာအောင်သာ ပြောကြားခဲ့သည်။ ငွေပေးထားသူများကလည်း နယ်မြေမှူးကို ကြောက်လန့်ပြီး အုပ်ချုပ်ရေးမှူး ပြောသမျှကို ခေါင်းညိတ်ခဲ့ရသည်။ နယ်မြေမှူးက ငွေပြန်မပေးသေးသည့် သတင်းကို ရရှိသွားပြီး အုပ်ချုပ်ရေးမှူးထံ လူလွှတ်၍ ပြောဆိုသောအခါ အုပ်ချုပ်ရေးမှူးက နယ်မြေမှူးကို သတင်းပို့သူအား စုံစမ်းပြီးနောက် နယ်မြေမှူးထံသို့ နိုဝင်ဘာလ (၂၀) ရက်နေ့က မဟုတ်မမှန်သည့် အစီရင်ခံစာများ ပေးပို့ခဲ့သည်။
“၁၂ ရက်နေ့ နောက်ပိုင်းမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို ပွဲစားတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ငွေယူပြီး ပို့ပေးနေတာတွေ ရှိတယ်။ အဲဒါကို အုပ်ချုပ်ရေးမှူးက သူတစ်ဦးတည်း လုပ်ချင်တော့ ရွာသား ပွဲစားတွေကို လူပို့ချင်ရင် သူ့ကို တစ်ယောက်အတွက် ငွေ ၁၀ သိန်းစီ ပေးရမယ်ဆိုပြီး တောင်းတယ်။ ပွဲစားတွေကို ဆယ်သိန်းစီ မပေးနိုင်ရင် မလုပ်နဲ့ဆိုပြီး တားပေမယ့်လည်း ပွဲစားတွေက သူ့စကားနားမထောင်ကြဘူး။ အဲဒီတော့ ၂၀ ရက်နေ့မှာ နယ်မြေမှူးဆီကို ရွာသားတွေက တဖက်နိုင်ငံကို လူမှောင်ခို လုပ်နေတယ် ဆိုပြီး အစီရင်ခံစာ တင်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
အစီရင်ခံစာ တင်ပြီးနောက် နယ်မြေမှူးက ရေတပ်မှ အရာရှိထံ ဖုန်းဆက်၍ နတ်မြစ်တစ်လျှောက် လှည့်ကင်းချထားရန် မှာကြားထားသောကြောင့် ယင်းနေ့ညတွင် လူပေါင်း ၅၀၀ နီးပါး တဖက်နိုင်ငံသို့ မကူးနိုင်ဘဲ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ အစီရင်ခံစာ တင်ရခြင်းမှာလည်း ပွဲစားအလုပ်ကို ၎င်းကိုယ်တိုင် လုပ်ချင်သည့် အတွက် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး များကို တဖက်နိုင်ငံသို့ သွားချင်သူများကို ငွေကျပ် ၂၅၀၀၀ ဖြင့် ပို့ပေးမည်ဟု ဆိုကာ ဒေသခံများကို လိုက်လံ စည်းရုံးခိုင်းခဲ့သည်။ ငွေကျပ် ၂၅၀၀၀ တွင် ရဲမှူးအတွက် ငွေကျပ် ၁၀၀၀၀၊ လှေပွဲစား အတွက် ငွေကျပ် ၁၀၀၀၀ နှင့် အုပ်ချုပ်ရေးမှူး အတွက် ၅၀၀၀ ဖြစ်ကြောင်း စည်းရုံးသူများက ပြောဆိုကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးသည် အခြေအနေကို အခွင့်ကောင်းယူ၍ ရွာသားများထံမှ ငွေညှစ်လျက် ရှိသည့် အပြင် ဒုက္ခရောက်နေသူ များနှင့် စီးပွားရှာရန်ပင် ပြုလုပ်နေသဖြင့် သက်ဆိုင်ရာမှ အရေးယူပေးရန် ဒေသခံများက တောင်းဆိုသည်ဟု ပြောပါသည်။
Rohingya Eye
RB News
22.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစားကျေးရွာအုပ်စုရှိ ရှေးဟောင်းဗလီနှင့် ကျန်သည့် နေအိမ်များကို ယနေ့ နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာ၏ အစွန်းပိုင်းတွင် ကျန်ရှိနေသည့် ရိုဟင်ဂျာများ၏ နေအိမ် (၁၅) လုံးကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။
မီးရှို့ခံရသည့် အိမ်များ၏ ပိုင်ရှင် အချို့မှာ --
(၁) ဦးရဟီးမ် (ဘ) ဦးရှောမ်ရှု
(၂) ဦးမုစ်တာအဟမတ် (ဘ) ဦးဂူရာမျာ
(၃) ဦးမိုဟာမတ်အလီ (ဘ) ဦးအဒူဂဖူရ်
(၄) ဦးမိုဟာမတ်ဇူဟာရ် (ဘ) ဦးအဒူရဟမန်
(၅) ဦးအဒူဆလာမ် (ဘ) ဦးအဒူရဟမန်
(၆) မော်လ၀ီနူရ်အစ္စလာမ်
(၇) ဒေါ်ဆူဖီယာခါတူ
(၈) ဦးဘိုနီအာမီးန်
(၉) ဦးအီဒိရိစ် (ဘ) ဦးကော်ဘီရ်အာမတ်
(၁၀) ဦးမာမွတ်နိုဘီ (ဘ) ဦးအဒူဇော်လိလ်
(၁၁) ဦးအဒူရှကူရ် (ဘ) ဦးအဒူဇော်လိလ် -- တို့ဖြစ်ကြသည်။
ဓါးကြီးစားကျေးရွာတွင် “အီဗရာဟီမ် ဗလီ” ဟူသည့် နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ဗလီဝတ်ကျောင်းတော် ရှိပြီး၊ ယင်းဗလီကိုလည်း ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောပါသည်။
ဓါးကြီးစား ကျေးရွာရှိ နေအိမ်များကို စစ်သားများက နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ မီးရှို့ဖျက်ဆီးခဲ့သည့် အပြင်၊ ဒေသခံ ရွာသားများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လောင်ချာများသုံး၍ ပစ်သတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များအတွင်း ပိတ်လှောင်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း တို့ကြောင့် အများအပြား သေဆုံးခဲ့ရသည်။

ဘာသာပြန်သူ - Ahkter Husin
RB News
22.11.2016
ဒါကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dainik Purbokone သတင်းစာမှာ ရေးထားတဲ့ သတင်းတစ်ပုဒ်ပါ။
မြန်မာနိုင်ငံက ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အစုလိုက်အပြုံလိုက် ၀င်လာ
မြန်မာနိုင်ငံက ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ အစုလိုက်အပြုံလိုက် ၀င်လာ
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ မှောင်မိုက်တဲ့ ညအချိန်ခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇားပြည်နယ်၊ တပ်ခ်နာဖ်မြို့နဲ့ အူးကီးယားမြို့တွေမှာ ရှိတဲ့ နယ်စပ်တွေကနေ ခိုးဝင်နေကြတယ်။ ၀င်ရောက်လာသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။ BGB (Border Guard Bangladesh) က ရိုဟင်ဂျာတွေ မ၀င်နိုငအောင် နယ်စပ်ကို တင်းကျပ်ထားပေမယ့်လည်း နယ်စပ်တစ်လျှောက် လူမှောင်ခို အဖွဲ့တွေ ရှိတာကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၀င်ရောက်လာနိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်။
လွန်ခဲ့တဲ့ ၃ ရက်အတွင်း ရိုဟင်ဂျာ ၃ ထောင်လောက် ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာပြီး၊ အူကီးယားမြို့မှာရှိတဲ့ ကူတူပါလောင် တရားဝင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းနဲ့ တပ်ခ်နာဖ်မြို့ လေးဒါးကျေးရွာတွေမှာ ရှိတဲ့ တရားမ၀င် ဒုက္ခသည်များနေရာ တွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစခန်းတွေက တဆင့် ကော့ဇ်ဘာဇားပြည်နယ် နေရာအနှံ့မှာ ယခင်က ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေနဲ့ အတူ နေထိုင်ဖို့လည်း ကြိုးစားနေကြတယ်။ တဖက်မှာလည်း မြန်မာ့စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ပူးပေါင်းပြီး ရိုဟင်ဂျာအမျိုးသမီးများနဲ့ ကလေးသူငယ်တွေကို မြန်မာပြည်ကနေ နှင်ထုတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ စနေနေ့က ရိုဟင်ဂျာ (၃၂) ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ တပ်ခ်နာဖ်မြို့ ဟွိုက်ကောင်ကျေးရွာအုပ်စုရဲ့ ဇီးမောင်းခါလီ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာခဲ့တယ်။ အဲဒီ ၃၂ ဦးကတော့ -- နူရ်ဘေဂမ်၊ ရှာဟာနုရ်၊ မော်လ၀ီဆော်ယောဒ်ကော်ရီးမ်၊ ရှမီလာဘေဂမ်၊ ဂရီဘူလ္လာ၊ အာယေရှာဘေဂမ်၊ ဖရီဒုလ်ကာလာမ်၊ အာဇီဇ်ကာလာမ်၊ ရှမိန်အာရာ၊ ကုရ်ရှိဒါဘေဂမ်၊ အာရ်ဖာတ်ဟူစိန်း၊ ဟာဘီဘုလ္လာ၊ ဟာလီခါတူ၊ ကာမာလ်ဟူဆောင်း၊ နာဇ်မာ၊ မောဟိုစေနာ၊ ခိုက်ရုလ်ဘော်ရှော်ရ်၊ နူရ်ကာမာလ်၊ တာစ်မီးန်အာရာ၊ ယာစ်မီးန်အာရာ၊ အာဇီဇ်ခါးန်၊ ဒိလ်မိုဟာမတ်၊ ဒိလ်ဒါရ်ဘေဂမ်၊ အေကေရာမ်၊ မိုဟာမတ်ဖုရ်ခါးန်၊ ကော်အိုဆဲရ်ဘီဘီ၊ ဒူးစ်မိုဟာမတ်၊ နုရ်ဖော်ယာစ်၊ အေကေရာမ်၊ နုရ်ခါလေဒါ နဲ့ ရှာဘေကုန်နာဟာရ် တို့ဖြစ်ကြပါတယ်။ သူတို့တွေဟာ ရာမ္မားဂူးနား (ရေတွင်းကျွန်း)၊ ရွာအိမ်ကဒေါင် (ရွက်ညိုတောင်)၊ နိုင်းချောင်း (ငန်းချောင်း)၊ ကီယာရီဖာရာန် (ကြက်ရိုးပြင်)၊ ဇာမ္မားနား (ပွင့်ဖြူချောင်း) စတဲ့ ရွာများက ဖြစ်ကြတယ်။
မောဟိုစေနာနဲ့ ရှာမီလာတို့က ပြောတာကတော့ “ကျွန်မတို့အိမ်တွေမှာ စစ်သားတွေ လာပြီးတော့ ခင်ပွန်းနဲ့ အဖေကို ဖမ်းဆီးခေါ်ဆောင် သွားကြတယ်။ သူတို့ဘယ်မှာလဲ ဆိုတာ ကျွန်မတို့ ဘာသတင်းမှ မရတော့ဘူး။ ပြီးတော့ အိမ်တွေကိုလည်း မီးရှို့လိုက်ကြတယ်။ အဲဒါကြောင့် ကျွန်မတို့ အသက်ရှင်နေဖို့ အတွက် ဒီကိုလာရတာပါ။” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသား ရိုဟင်ဂျာ မိုဟာမတ်ဖုရ်ခါးန် ကတော့ “ပြီးခဲ့တဲ့ သောကြာနေ့က စပြီး ကျွန်တော်တို့ ရွာက အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် အပါဝင် အားလုံး နှစ်ထောင်ကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို လာဖို့ ရည်ရွယ်ချက်နဲ့ ထွက်ပြေးလာခဲ့တယ်။ ပြီးတော့ စနေနေ့ကျမှ ကျွန်တော်တို့ တစ်ထောင်လောက် ဇီးမောင်းခါလီ နယ်စပ်ကနေ ဒီကိုလာနိုင်ခဲ့တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေ ဘယ်မှာလဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။” လို့ ပြောပါတယ်။
လောလောဆယ်တော့ သူတို့ ၃၂ ယောက် အဖွဲ့က လေးဒါး ဒုက္ခသည်စခန်းနဲ့ အဲဒီနေရာ တ၀ိုက်မှာ ရှိတဲ့ အငှားအိမ်တွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းမှာလည်း ရိုဟင်ဂျာ တစ်ရာလောက် ဇီးပေါင်းခါလီ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ၀င်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တပ်ခ်နာဖ် အမှတ် (၂) တပ်ရင်းက တပ်ရင်းမှူး အာဘူဇာလ် အာဇာဟိဒ် ကတော့ “မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို အကြောင်းပြပြီး ရိုဟင်ဂျာတွေဟာ နတ်မြစ်ကနေ တဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ၀င်လာဖို့ နေ့စဉ်နဲ့ အမျှ ကြိုးစားနေတယ်။ BGP (မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့) ကတော့ သူတို့ ဒီဘက်ကို မလာနိုင်အောင် တားဆီးနေတယ်။ BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) တွေကလည်း နေ့ရောညပါ ကင်းလှည့်နေတယ်။ စစ်တကောင်းက BGB အဖွဲ့တွေလည်း ကော့ဇ်ဘာဇားကို ခေါ်လာခဲ့တယ်။ နယ်စပ်တစ်လျှောက်မှာ လုံခြုံရေး တင်းကျပ်ထားတယ်” လို့ ပြောပါတယ်။
နောက်တစ်ဖက်မှာ စနေနေ့ညအမှောင်ထဲမှာ (၁၃) ဦး ပါဝင်တဲ့ မိသားစုတစ်စုက ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်ဖြစ်တဲ့ အူးကီးယား - ရှိလ်ခါလီ နယ်စပ်ကို ဖြတ်ကျော်ပြီး ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ၀င်ရောက် ခိုလှုံနေပါတယ်။ အဲဒီမိသားစုကတော့ မောင်တောမြို့နယ် ကီယာရီဖာရာန် (ကြက်ရိုးပြင်) ကျေးရွာက ဖြစ်ပြီး၊ အဖေ၊ အဖေ၊ သားနှစ်ယောက်နဲ့ ချွေးမ၊ မြေးတွေ အပါအ၀င် အားလုံး (၁၃) ယောက် ဖြစ်ပါတယ်။
မောင်တောမြို့နယ် အာခ်ဘောရ်ဂျာ (သရက်အုပ်ကျေးရွာအုပ်စုမှ ရွာ) ကျေးရွာက ဦးနောဇူမျာရဲ့ သားဖြစ်သူ ဇာဘဲရ်ဟူစိန်းက “ကျွန်တော်တို့ သောကြာနေ့ ညပိုင်းမှာ လောင်းလှေကို အသုံးပြုပြီး ၂၈ ယောက် ဒီကို ရောက်လာတယ်။ ဒါပေမယ့် အခု ဘယ်သူက ဘယ်မှာဆိုတာ အတိအကျ မသိဘူး” လို့ ပြောပါတယ်။
မောင်တောမြို့နယ် ကီယာရီဖာရာန် (ကြက်ရိုးပြင်) ကျေးရွာက ဦးဆွေဒုလ်အာမီးန်နဲ့ ဇနီး ဒေါ်မီနာရာဘေဂမ်၊ ညီမဖြစ်သူ ဟာမီဒါဘေဂမ်၊ ညီဖြစ်သူ ဇူဘိုင်ရ်ဟူစိန်းရဲ့ သားနှစ်ယောက် တို့ဟာ လွန်ခဲ့တဲ့ ၅ ရက်က အုန်းဆီပြင် နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ဇ်ဘာဇား ပြည်နယ်အုပ်ချုပ်ရေးမှူး အလီဟူစိန်းကတော့ “မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်က ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတယ်။ BGB ကလည်း သတိ အနေအထားမှာ ရှိနေတယ်။ ရိုဟင်ဂျာ အချို့က ညဘက် အမှောင်ထဲမှာ ခိုးပြီး ၀င်နေတာ ရှိတယ်။ ဒါပေမယ့် ဘယ်နည်းနဲ့မှ ၀င်လို့မရအောင် ကျွန်တော်တို့ အနေနဲ့ တာဆီးနေတယ်” လို့ Dainik Purbokone ပြောပါတယ်။
RB News
22.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုမှ စိတ်ဝေဒနာရှင် တစ်ဦးကို စစ်သားများက သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၂၁) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီ အချိန်တွင် အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု၊ နှာခေါင်းတိုရွာမှ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်သူ ဦးဟာရှိမ်အုလ္လာ (ဘ) ဦးရော်ရှိတ် (အသက် ၃၅ နှစ်) သည် ဆေးလိပ်သောက်၍ လမ်းလျှောက်နေစဉ် စစ်သားများက တွေ့ရှိသွားပြီး သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
“ဒီလူ စိတ်ဝေဒနာရှင် ဆိုတာ လူတိုင်းသိတယ်။ ညက သေနတ်ပစ်သံ အချက် ၂၀ ကျော် ကြားတယ်။ သူ့ကို ပစ်သတ်တာပါ။ အလောင်းကို အခုထိ ပြန်မပေးဘူး။ ပြီးတော့ သူ့အလောင်းနားမှာ ဓါးတစ်လတ် ထားတာလည်း တွေ့လိုက်တယ်။ ဒေသခံတွေ အားလုံးက သူက စိတ်ဝေဒနာရှင် ဖြစ်တယ်ဆိုပြီး သက်သေခံပြောပြီးတော့ အလောင်းပြန်အပ်ဖို့ တောင်းဆိုနေတယ်။ လောလောဆယ်တော့ ဗျူဟာမှူး ရောက်လာမယ် ကြားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက “ မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုး အနီးသို့ ည ၁၂ နာရီ မိနစ် ၅၀ တွင် မသင်္ကာဖွယ် လူအုပ်စု တစ်စု ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးအား တွေ့ရှိရသည်။” ဟု ရေးသား ထုတ်ပြန်ခဲ့သည်။
“အမှန်တော့ အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု က အမှတ် (၄) နယ်ခြားစောင့် ဒေသ တပ်ရင်း နယ်မြေ (၇) ထဲမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ သတင်းထဲမှာလို နယ်မြေ (၈) ထဲမှာ မဟုတ်ဘူး။ ပြီးတော့ သတင်းဓါတ်ပုံမှာလည်း ဘူးသီးတောင်မြို့နယ် နှာခေါင်းတိုလို့ ရေးထားတယ်။ အဓိက လိမ်ချင်ဇောနဲ့ အလွဲတွေ ဖြစ်နေတာပါ” ဟု မောင်တောမြို့မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက RB News သို့ပြောပါသည်။
“အသတ်ခံရတဲ့ စိတ်ဝေဒနာရှင်ကလည်း ရွာထဲမှာ အပြင်ထွက် ဆေးလိပ်သောက်တာ ဖြစ်နိုင်ပါတယ်။ အဲဒါကို စစ်သားတွေက ပစ်သတ်ပြီး စခန်းနားကို ပို့ထားတာလို့ ယူဆရပါတယ်။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ရေးထားသလို နှာခေါင်းတို စခန်းကို လူအုပ်စုတစ်စု ချဉ်းကပ်တယ် ဆိုတာလည်း လုံးဝ မမှန်ကန်တဲ့ သတင်းပါ။ ညအချိန် လူတွေ ဖြတ်သန်းသွားလာရင် ကျွန်တော်တို့ လူတွေ အပြင်ထွက် မရရင်တော့ အိမ်ထဲကနေ လေ့လာလို့ရတယ်။ ကျွန်တော်တို့ အဲဒီက ဒေသခံတွေ အားလုံးနဲ့ မေးမြန်းကြည့်ပြီးပြီ။ အဓိက စိတ်ဝေဒနာရှင်ကို ပစ်သတ်လိုက်တဲ့ သတင်းကို ဖုံးဖို့ အတွက် လုပ်ကြံသတင်း တစ်ခု ထုတ်လိုက်တာပါ။ နယ်မြေ (၈) ဆိုရင်လည်း နယ်မြေ (၈) ရုံးမှာ ခြံစည်းရိုး မရှိဘူး။ အဲဒီတော့ လိမ်ရင်လည်း ဒေသခံတွေ လက်ခံနိုင်လောက်အောင် လိမ်မှ တော်ကာကျလိမ့်မယ်။” ဟု ၎င်းက ဆက်လက် ပြောပါသည်။

| နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဖော်ပြထားသည့် ဓါတ်ပုံ၊ |
MYARF
RB News
21.11.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအုပ်စုနှင့် မျောတောင် ကျေးရွာအုပ်စုတို့မှ ရိုဟင်ဂျာ အမျိုးသမီး အများအပြား မုဒိမ်းကျင့်ခံရပြီး၊ အမျိုးသား ၂၅ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား ၂၀၀ ဦးခန့်သည် ကျားခေါင်းတောင် ကျေးရွာသို့ ၀င်ရောက်လာပြီး အစည်းအဝေးပြုလုပ်ရန် ရှိကြောင်း၊ ရွာသားများကို ဖမ်းဆီးရန် မဟုတ်ကြောင်း အသံချဲ့စက်ဖြင့် အော်ခဲ့သည်။ သို့သော်လည်း အမျိုးသားများသည် ဖမ်းဆီး ရိုက်နှက်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့ကြသည်။ စစ်သားများက ရွာအတွင်းရှိ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီးများကို ရွာ၏ လယ်ကွင်းတစ်နေရာတွင် စုဝေးစေခဲ့ပြီး နေ့လည် (၃) နာရီခန့်တွင် အမျိုးသမီးများကို နေအိမ်များသို့ ပြန်စေခဲ့သည်။
ညနေ (၅) နာရီခန့်တွင် စစ်သားများသည် နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ စစ်ဆေးရန်ဟု ဆိုကာ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်သည့် အပြင် အမျိုးသမီး အချို့ကို မုဒိမ်းကျင့်ခဲ့သည်။ ရွာအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အချို့ကိုလည်း ရိုက်နှက်ခဲ့သည်။
ကျားခေါင်းတောင် ကျေးရွာအုပ်စု၊ တောင်ရွာရှိ အုပ်ချုပ်ရေးမှူး ဦး ----- ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ၎င်း၏ ဇနီး၊ သမီးပျိုတစ်ဦးနှင့် အိမ်ဖော် မိန်းမပျိုနှစ်ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောသည်။
နေအိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးစဉ် တွေ့ရှိခဲ့သော အမျိုးသား (၁၅) ဦးကို ဖမ်းဆီးခဲ့သည်။ နေ၀င်သည့် အချိန်တွင် အမျိုးသမီးများကို နေအိမ်များ အတွင်းမှ ပြန်ထွက်ခိုင်းကာ ည ၁၁ နာရီ အချိန်ထိ လယ်ကွင်းပြင်တွင် စုထားခဲ့သည်။ ထိုနေရာမှ အမျိုးသမီး အချို့ကို ခေါ်ထုတ်သွားပြီး မုဒိမ်းကျင့်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
“ကျွန်တော် သိရသလောက် အနည်းဆုံး အမျိုးသမီး ၅၀ လောက် မုဒိမ်းကျင့်ခံရတယ်။ အမျိုးသား ၂၅ ယောက် ဖမ်းခံထားရတယ်။ သူတို့ကို အခုထိ ချုပ်နှောင်ထားဆဲပါ။ စစ်သားတွေကတော့ အခုထိ မပြန်သေးဘူး” ဟု အဆိုပါ ဒေသခံက ယနေ့ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီခန့်တွင် ပြောပါသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့ ညပိုင်းတွင် ကျားခေါင်းတောင်၊ တောင်ရွာမှ ဦးအာမီးရ်ဟူစိန်း၏ နွားထီးကြီး တစ်ကောင်ကို စစ်သားများက သတ်ဖြတ်၍ ချက်ပြုတ် စားသောက်ခဲ့သည်။ ရွာအတွင်းမှာ ဆိုင်ကယ်ငါးစီး၊ ဆိုလာပြားများနှင့် အခြားသော တန်ဖိုးရှိ ပစ္စည်းများ လုယက်ထားသည်ဟု သိရှိရသည်။
ယနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် နွားထီးကြီး လုယက်ခံရသူ ဦးအာမီးရ်ဟူစိန်း၏ နေအိမ်နှင့် ဆာမွန်နာရွာမှ နေအိမ်အချို့ကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။
ယနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် နွားထီးကြီး လုယက်ခံရသူ ဦးအာမီးရ်ဟူစိန်း၏ နေအိမ်နှင့် ဆာမွန်နာရွာမှ နေအိမ်အချို့ကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မျောတောင် ကျေးရွာအုပ်စု ကို စစ်သား ၃၀၀ ကျော်က ၀န်းရံ ပိတ်ဆို့ စစ်ဆေးခဲ့သည်။ ရွာအတွင်း အမျိုးသားများ မရှိသဖြင့် မတွေ့ရှိခဲ့သော်လည်း သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်း ဖြစ်နေသည့် အမျိုးသားများကို ရိုက်နှက်ခဲ့သည်။ ညပိုင်းတွင် အမျိုးသမီးများကို ရွာလယ်တွင် စုထားခဲ့ပြီး၊ အမျိုးသမီး အချို့ကို ခေါ်ထုတ်သွားကာ မုဒိမ်းကျင့်ခဲ့ကြောင်း၊ စစ်သားများမှာ ယခုအချိန်တွင် ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
![]() |
ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ပြင်သစ်သမိုင်း ပညာရှင်နှင့် ဦးသာအေးတွေ့ဆုံ
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ သတင်းစာရှင်းလင်းပွဲ ကျင်းပ (ရုပ်/သံ)
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးကို ရောင်းချ
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- Brisbane မြို့ အီးဒ်ပါတီသို့ သြစတြေးလျ လွှတ်တော်အမတ် တက်ရောက် အားပေး
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၃)
- အမျိုးသမီး နယ်သတင်းထောက် ထောင်ချခံရမှု RSF နှင့် CPJ ရှုတ်ချ
- ရာမူး(ကော့ဘ်ဘဇား) အရေး-ချက်ချင်းထိန်းချုပ်ရန် မြန်မာမွတ်ဆလင်တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ မေတ္တာရပ်ခံ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ