နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာကို ဆန်ရောင်းသည့်အတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် သတ်ဖြတ်မှု ဖြစ်ပွား

မဟာမင်းခန့်
RB News
21.8.2012

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လောင်းကြတ်တောင်ရွာတွင် လူသတ်မှု တစ်ခု ဖြစ် ပွားကြောင်း ဒေ သခံများမှ သိရှိရပါသည်။ ဖြစ်စဉ်မှာ- ယနေ့ နေ့လည်၁၂း၃၀ နာရီအချိန်ခန့်တွင် အဆိုပါ မြို့နယ်၊ လောင်းကြတ်တောင် ကျေးရွာနေ ဦးငပြားကြီး အသက် ၅၅နှစ် ဆိုသူက ရိုဟင်ဂျာ မူဆလင် တစ်ဦးအား ဆန်အိတ် ၃ အိတ် အရောင်းအ ၀ယ်လုပ်ရန်စီစဉ်ခြင်းကြောင့် ၄င်းကျေးရွာနေ ဦးမောင်အေးသာ အသက် ၅၀ ခန့်သည် ဦးငပြားကြီးအား ဓါးဖြင့်ခုတ် သတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဦးမောင်အေးသာဆိုသူသည် ရွာစဉ်ရှိ လယ်ကွင်းများတွင် ငါးမြှုံ့ထောင်၍ ရောင်းဝယ် လုပ်ကိုင် စား သောက်သူဖြစ်သော်လည်း အခုတစ်လော ရခိုင်အမျိုးသားဝါဒီများ၏ ဆော်သြလှုံ့ဆော်မှုအရ ရိုဟင်ဂျာ များအား အစားအသောက်၊ ဆန်၊ ဆီ နှင့် အခြားအခြေခံသုံး စားဝတ်နေရေးအတွက် လူ့အသုံးအဆောင် ပစ္စည်းများ မရောင်းရဆိုသည့် တားမြစ်ချက်အရ ဦးမောင်အေးသာ၏ စားဝတ်နေရေးသည်လည်း မလွှဲမရှောင်သာ အခက်ကြုံနေ ရသော ကာလဖြစ်နေသည်။ ၄င်းလှုံ့ဆော်ချက်အရ ရခိုင်တစ်မျိုးသားလုံး လိုက်နာစောင့်ထိန်းမှ `ရိုဟင်ဂျာမျိုးပြုတ် ငတ်ပြတ် သေစေရေးစီမံကိန်း` အောင်မြင်မည်ဖြစ်သောကြောင့် စားဝတ်နေရေး တဖြည်းဖြည်း ကျပ်တည်းလာသော ဦးငပြားကြီးကဲ့သို့ရခိုင်အမျိုးသားတစ်ချို့သည်လည်း ရိုဟင်ဂျာများအား လျှိ့ဝှက်စွာ ဆန်၊ ဆီ နှင့် အခြား ရောင်းဝယ်ဖောက်ကားဘွယ် ရာများကို တိတ်တ ဆိတ် ရောင်းဝယ်လျှက် ရှိပါသည်။ 

သို့ရာတွင် ရခိုင်အမျိုးသားဝါဒီများ၏ ကတိက၀တ်များကိုလည်း တစ်ဘက်က ရခိုင်အမျိုးသားအားလုံး လိုက်နာရန်လိုအပ်သဖြင့် ဦးမောင်အေးသာသည် မိမိလက်တွင် အသင့်ဆောင်ထားသော ဓါးဖြင့် ရိုဟင်ဂျာတစ်ဦးအား ရောင်းရန် စီစဉ်ထားသော ဦးငပြားကြီး၏ ဆန်အိတ် ၃ အိတ်အား ၄င်းရွာရှိ လ္ဘက်ရည် ဆိုင်ရှေ့တွင် ဒေါသအပြည့်ဖြင့် ခုတ်ထစ်နေသည်ကို ဦးငပြားကြီးက တားမြစ်သဖြင့် တားမြစ်သူ ဦးငပြားကြီးအား ဓါးဖြင့်ခုတ်သတ်ဖြတ်ခဲု့ခြင်း ဖြစ်ကြောင်းသိရပါသည်။ 

ချက်ချင်းဆိုသလို ဦးမောင်အေးသာကို ရဲစခန်းမှ ဖမ်းဆီးခဲ့သည်။ ဦးမောင်အေးသာ၏မိသားစုမှ အကျိုးအ ကြောင်းတင်ပြခဲ့သော်လည်း မြောက်ဦးမြို့နယ် ဒု-စခန်းမှူးက ဦးမောင်အေးသာသည် ကုလား အယောက် ၁၀၀ ကို သတ်ဖြတ်ခဲ့မှုအတွက် ခွင့်လွှတ်နိုင်သော်လည်း ရခိုင်လူမျိုးတစ်ယောက်အား သတ်ဖြတ်ခဲ့မှု အတွက်ခွင့်မလွှတ်နိုင်ကြောင်း၊ရခိုင်လူမျိုးစုထဲမှ ရခိုင်တစ်ယောက် လျှော့ပါးသွားပြီဖြစ် ကြောင်း စသည်ဖြင့် ပြောလွှတ်လိုက်သည်ဟု ဒေသခံများမှ သိရှိရပါသည်။ 

Comment ရေးရန်

Rohingya Exodus