နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တောမြို့ ရက်ကွက် (၃) တွင် ရိက္ခာ ပြတ်လပ်မှု နှင့် ဒဏ်ရာ များကြောင့် သေဆုံး သူများစာရင်း


RB News
30.8.2012

ပေါက်တောမြို့ ရက်ကွက်(၃)တွင် ရိက္ခာပြတ်လပ်မှု နှင့် ဒဏ်ရာများကြောင့်သေဆုံးသူများ စာရင်း 

1. မာမတ်ဟူဆောင်း (ဘ) အဘူဆီးဒီခ် ၁၄ နှစ်။ 
2. ဆောယောသူအာမိန် (ဘ) ဘာရှာမီးယား ၆ နှစ်။ 
3. ဒီလ်သာဘေဂေါမ် (ဘ) နော်ဘီဟူးဆောင်း ၁၉ နှစ။် 
4. နော် ဂျူ မခါတူ (ဘ) နူရ်အီစလာမ် ၂၁ နှစ်။ 
5. ရာဘီယာ ဘဆရီ (ဘ) အမိရ်ဟူးဆောင်း ၃ နှစ်။ 
6. အူမောရ်ဆီးဒီခ် (ဘ) ရှော်ဘီရာအာမောက် ၅ နှစ်။ 
7. ရှာဘီကူနာဟာရ် (ဘ) ရှော်ဘီအမောက်သ် ၅ နှစ်။ 
8. ဇိုက်သ်ဟူးဆောင်း (ဘ)ဦးဘူးလားယား ၁၅ နှစ်။ 
9. နူရ်ယာဆီယာခ် (ဘ) ဦးနူမာမတ် ၄ နှစ်။ 
10. အာရှ်မီရာခါတူ (ဘ) ဦးနူမာမတ် ရ နှစ်။ 
11. ရော်မီဒါဘေဂေါမ် (ဘ) အာမိရ်ဟူးဆောင်း ၁၀ နှစ်။ 
12. နူရ်မီနာ (ဘ) ဦဒဘောရှိရ် ၈ လ။ 
13. ရော်ကီမာခါတူ (ဘ) နော်ဇီအာမတ် ၁၀ နှစ်။ 
14. ရော်ရှီဒါဘေဂေါမ် (ဘ) အာဘူသာခေရ် ၁ နှစ်။ 
15. နူရ်ဘာရ် (ဘ)ဦးနူရ်အာလီ ၃၂ နှစ်။ 
16. မော်ဂျူ အာလောမ် (ဘ) နော်ဘီဟူးဆောင်း ၅ လ။ 
17. မာဂျီဒါ (ဘ) ဦးကာကာလမ်မီယာ ၄၅ နှစ်။ 
18. မာမတ်ရှော်ဖီး (ဘ) ဦးနူမာရ် ၄ နှစ်။ 
19. ရှော်ဘီယာခါတူ (ဘ) ဦဒနူရ်မာမတ် ၅ နှစ်။ 
20. ဆော်ကီနာ ဘေဂေါမ် (ဘ) ဦး လာမီယာ ၅၅ နှစ်။ 

၉ ရက် ဇူလိုင်လ 

အာဘူသောယောပ် (ဘ) ဇာမာလ် 
ငွေ ၉ သောင်းနှင့်အတူ ပိုက် အသိမ်းခံရသည်။ 

၂ရ ရက် ဇူလိုင် 

ညီအကိုဖြစ်သော အဒူမာလေကတ် နှင့် အဒူလာမိန် တို့ သည် ဒုံးရွာမှ အမျိုးဆီသို့ ရိက္ခာ တောင်းယူပြန် အလာ စစ်သားများမှ လုယူ ၀ိုင်းရိုက်ပြီး ပေါက်တော တပ်ရင်း ၃ တပ်မ ၇၁ တွင် ထိမ်းသိမ်းထားသည်။ 

၂၈ ရက် ဇူလိုင်လ 

မာဆောင်း (ဘ) ဆော်သားမောက် ဈေးမှ ဆန်ဝယ်ပြီး အပြန် ဘုန်ကြီးနှင့်တိုးတက်ရေးပါတီမှ အလုခံရပြီး ထိုဆန်များကို ဘုန်ကြီးကျောင်းသို့ယူဆောင်သွားသည်ဟု သိရှိရသည်။ 

အာဘူဘာရှရ် (ဘ) မာမတ်ဟူးဆောင်း ရိက္ခာ ပို့ဆောင်နေသည်ဟု စွတ်စွဲ၍ ရခိုင်တိုးတက်ရေးပါတီနှင့် နစကမှ ငွေ ၃ သောင်း လူယုပြီး ၀ိုင်းဝန်းရိုက်နက်ခဲ့သည်။ 

၃ရက် သြဂုတ်လ 

ဆော်တမာမှ ဘောရှီ နှင့် ဘောရှောရ် တို့တောင်ပေါ်အလုပ်လုပ်ရန် သွားစဉ် ရခိုင် ဆောင်တွင် ကျေးရွာသို့ ခေါ်သွားပြီး ရခိုင် ၅ ယောက် ၀ိုင်းဝန်းရိုက်နက်ခဲ့ပြီး သေပြီးအထင်ဖြင့် ပစ်သွားခဲ့သည်။ ထို ၂ ယောက်မှာ အသတ်မသေဆုံးခြင်းမရှိပဲ ဒဏ်ရာ အပြင်းအထန်ဖြင့်မေ့နေခဲ့ကြသည်။ အခုအချိန်တွင် ထိုသူ ၂ ယောက် မှာ ဒဏ်ရာ ပြင်းထန်ပြီး အသက်လုနေရသည့်အခြေအနေဖြစ်သည်။ 

၉ ရက် သြဂုတ် 

အာဒူဂေါဖူရ် (ဘ) မောင်ဆိုး ရိက္ခာ ၀ယ်စဉ် ပိုက်ဆံ အလုခံရ။ 

၁၀ ရက် သြဂုတ်လ 

အာဒူဟိုက် (ဘ) အာဒူရာမန် တော်ပေါ်အလုပ်လုပ်ရန် သွားစဉ် နစကနှင့် ရခိုင်များမှ ပေါင်းပြီး ကျောက်ပြင် နစက မှ ရိုက်နက်ပြီး လွတ်ပေးရန် ပိုက်ဆံ ၅ သောင်း ယူခဲ့သည်။ 

ဦးမာမတ်၏ သားများဖြစ်သော ရှော်ဘီ (အသက် ၃၀) နှင့် ရှုကူး (အသက် ၂၅)၊ နှင့် ဆီဒီရာ အသက် ၂၃နှစ် (ဘ) နူရှု တို့သည် ဆော်တမော် သို့ လှေဝင်လာချိန်တွင် နစက၊ရခိုင်များမှ စက်လှေဖြင့် ၀င်ရောက်တိုက်ခိုက် ရာ ဒဏ်ရာရခဲ့သည်။ 

၁၂ရက် သြဂုတ်လ 

မမတ်နောဆီးမ် (ဘ) ဇာဖေါရ် ၂၈ နှစ်၊ အာဒူရော်ရှိသ် (ဘ) အဒူမူနာဖ် ၂၅ နှစ်၊ အီမာန်ဟူးဆောင်း (ဘ) မားဆောင်း ၃၅ နှစ်၊ အဘူလဟာရှိမ်း (ဘ) အဒူမူဆား ၂ရ နှစ် တို့မှ ရခိုင်တိုးတက်ရေးပါတီနှင့် နစက တို့မှ ဆိတ်ကောင်ရေ (ရ) ကောင် သိမ်းယူခဲ့သည်။ 

၁၃ရက် သြဂုတ်လ 

ငါးဖမ်းရန်သွားနေသော ဟာဆူမီယာ ၏သား ၂ ယောက် မဆောင်းရှေ့အသက် ၅၀ နှစ် နှင့် ဘာရှားမီယား ၄၀ နှစ်တို့ အား ရခိုင်တိုးတက်ရေးပါတီ၊ နစက၊ ရဲ များမှဝိုင်းဝန်း ရိုက်နက်၍ ငါးများ ကိုသိမ်းယူခဲ့သည်။ 

၁ရ ရက် သြဂုတ် 

ဆော်ယောသ် အသက် ၃၀ နှစ် (ဘ) ဆော်ယောသ် အာလာမ် တို့ငါးဖမ်းစဉ် မင်းပြားလိုင်းဘုတ် မှ မြားစုလေးဂွ ဖြင့် ၀ိုင်းပစ်ကြရာ ဒဏ်ရာရခဲ့ကြသည်။ 

၂၃ ရက် သြဂုတ်လ 

ငါးမျှားရန်သွားနေသော ရှောဘီအမောက်သ် အသက် ၂၀နှစ် (ဘ) အဒူဂေါဖူးရ် ၊ အာမီရ်ဟူးဆောင်း အသက် ၂၅ နှစ် (ဘ) ဦးကာဆိန်း နှင့် အာဒူအာမိန် ၂၃ နှစ် (ဘ) ရော်ရှီ တို့သည် ကျောက်ပြင်မှ ရက်ကွက် ၃ သို့အ၀င် ရခိုင်နှင့်နစက ပူးပေါင်း၍ ရိုက်နက် ပြီး ငါးများကိုသိမ်းယူခဲ့သည်။ 

ထိုအကြောင်းအရာကို တပ်ရင်း တပ်မ ၃ရ၁ သို့တိုင်ကြားထားခဲ့သည်။ 

၂၆ရက် သြဂုတ်လ 

ပေါက်တော တင်းရင်းမှ တပ်မှုးဦးဝင်းမြင့်အောင် တပ်မ ၃ရ၁ ကို တိုင်ကြားပြီးခွင့်ပြုချက်ယူ၍ ရိက္ခာဝယ် ရန်စီစဉ်ခဲ့သည်။ 

ရွားသားများစုပေါင်းပေးလိုက်သော ငွေဖြင့်ရိက္ခာ ၀ယ်ယူရန် စစ်တွေသို့ ဦးအာဒူရာမန် ၏ ဘုတ် ဖြင့် ဦးအာဒူရာမန် ၊ နူမာမတ် ၊ အာလီအမောက်၊ ဘောရှီ၊ မူဟာမတ်ဆော်လိမ်၊ အာဒူရောဟိမ်း၊ ဘောရှေရ် တို့ သည် ဆော်တမော် ကျွန်းမှထွက်လာခဲ့သည်။ 

စစ်တွေမြို့ပေါ်တွင် ရိက္ခာဝယ်၇န် မဖြစ်နိုင်သဖြင့် ပင်လယ်မှတဆင့် စစ်တွေသဲချောင်းသို့ သွားခြင်းဖြစ် သည်။ စစ်တွေသဲချောင်း သို့ရောက်ရှိသောအခါ သဲချောင်း ရွာသားများ အတွက် ယူဆောင်လာသော ထင်းများကို ရောင်းချပြီး ၊ ရိက္ခာ များဝယ်ပြီးပြန် ရန် သဲချောင်းတွင် တာဝန် ထမ်းဆောင်နေသော တပ်ရင်း သို့  တိုင်းကြား ထားပြီးခွင့်ပြုချက်ယူခဲ့သည်။ ပစ္စည်းများဝယ်ပြီး ပြန်အလာ ပင်လယ်နားရွာ ပေါက်တော ချောင်းဝ ရှေ့တွင် ရခိုင် နှင့် နစက များစောင့်နေသောဘုတ်မှ သေနတ်ဖြင့် ချိန်၍ချောင်းဝကုန်း ပေါ်တွင် ရပ်  ခိုင်းခဲ့ သည်။ 

ထိုနောက် ပါလာသောလူများကို ရိုက်နက် ပြီး တန်ဖိုး ၁၃ သိန်း ၃ သောင်းရှိ ပစ္စည်း ထ၀က်ကို သိမ်းယူခဲ့ သည်။ နောက်ပစ္စည်း တ၀က် နဲ့ အတူ ကျောက်ပြင် နစက ဦးကျော်ဇော လှိုင် မှ ထိုလူများကို ရိုက်နက် ထိန်း သိမ်း  ထားခဲ့သည်။ ထိုသတင်းကိုရွာသားများမှ ကြားရာ ငွေ ၂ သိန်း ၃ သောင်းလာပေးရာ ထိုလူများ ကို ၂၈ ရက်နေ့ တွင် လွတ်ပေးခဲ့ပြီး ပစ္စည်းကို သိမ်းယူထားခဲ့ရာ ပစ္စည်းများပြန်မရခဲ့ပေ။ 

ထိုအကြောင်းအရာကို ရခိုင်နှင့် နစက များမှ ပစ္စည်းလုယက်မှု၊ ရိုက်နက်မှု၊ ပိုက်ဆံပေးပြီ ပြန်လည် လွတ်မြောက် ခဲ့ရကြောင်းကို ပေါက်တော တင်းရင်းမှ တပ်မှုးဦးဝင်းမြင့်အောင် တပ်မ ၃ရ၁ ကို ပြန်လည် တိုင် ကြားထား ခဲ့သည်။ 

၂၇ ရက် သြဂုတ်လ 

အာယူ ၂၂ နှစ် (ဘ) ရော်ရှိသ် ၊ နူရု အသက် ၄၀ နှစ် (ဘ) ဇော်လီအူလာ တို့သည် ငါးဖမ်းသွားစဉ် နစက နှင့် ရဲများမှ ပိုက်ကွန်များ သိမ်းယူခဲ့သည်။ 

မာမတ် လကရှိမ်း အသက် ၁၉ နှစ် (ဘ) ရှုးကူးရ် ၊ကာမလ်ဟူးဆောင်း ၃၅နှစ် (ဘ) မာမတ်ရှော်ဖီး နှင့် နူရ်အာမိန် အသက် ၁ရ နှစ် တို့ ရက်ကွက် ၄ မှ ငါးဖမ်းသွားစဉ် နစက၊ ရဲ တို့ ၀ိုင်းဝန်းရိုက်နက် ၍ ဒဏ်ရာရခဲ့သည်။ 

Comment ရေးရန်

Rohingya Exodus