နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာတစ်ဦးအား ရခိုင်အကြမ်းဖက်သမား တစ်စုက အရှင်လတ်လတ်မီးရှို့ရန် စီစဉ်မှုဖြစ်ပွားခဲ့


မျိုးမြင့်ရွှေ
RB News
22.8.2012

ရိုဟင်ဂျာမူဆလင်တစ်ဦးအား ရခိုင်အကြမ်းဖက်သမားတစ်စုနှင့် သံဃာတစ်ပါးတို့ ဦးဆောင်၍ မီးရှို့သတ်ဖြတ်ရန်စီစဉ်ခဲ့ရာမှ လွတ်မြောက်အသက်ရှင်ကျန်ရစ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၁၊ ၈၊ ၂၀၁၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း 

ရခိုင်ပြည်နယ်စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးယာဆိန်သည် အခုတလော စစ်တွေမြို့ တည်ငြိမ်အေးချမ်းနေသည်ဟု ယူဆ၍ မိမိအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သော ဆိုက်ကားနင်းလုပ် ငန်းကို စတင်ခဲ့သည်။ ၄င်းဆိုက်ကားသမားသည် မိမိဆိုက်ကားကို နင်းလာရာ မကျည်းမြိုင်ရပ်ကွက်ရှိ ရှော်ဖီခါန်ဗလီအ ရောက်တွင် ရခိုင်အကြမ်းဖက်သမားတစ်စုက ၀ိုင်းဝန်းရိုက်နှက်ပြီး၊ အနီးအနားရှိ ဘုန်းကြီးတစ်ပါးအား အပ်နှံ၍ ၄င်းရိုဟင်ဂျာ အမျိုးသားအား အရှင်လတ်လတ်မီးရှို့ရန် စီစဉ်ကာ စစ်တွေမြို့ဘောလုံးကွင်းအနီးရှိ လမ်းကြားတစ်ခုသို့ ခေါ်ဆောင်လာ ခဲ့သည်။ ထို့နောက်၎င်းရိုဟင်ဂျာအမျိုးသားအား လမ်းကြားရှိဗာဒံပင်တစ်ပင်တွင် ကြိုးဖြင့်ချည်နှောင်ပြီး၊ ၄င်းဝတ်ထား သောလုံချည်အား မီးစာလုပ်ကာ မီးရှို့ရန်ကြံစည်ဆောင်ရွက်နေစဉ်၊ ဘုန်းကြီးက `ဤကုလားအား မီးရှို့ရန် ရခိုင်ရဲဘော် များထွက်ခဲ့´ဟုအော်ဟစ်လိုက်ရာ ဘောလုံးကွင်းရပ်ကွက်ဥက္ကဋ္ဌမှ အချိန်မီကြားသိလိုက်ရသဖြင့် မီးရှို့သတ်ဖြတ်မှုမ အောင်မြင်ခဲ့ပေ။ ဘောလုံးကွင်းရပ်ကွက်ဥက္ကဋ္ဌသည် ရခိုင်အကြမ်းဖက်သမားးတစ်စုနှင့် ဘုန်းကြီးတစ်ပါးတို့က ရိုဟင်ဂျာ အမျိုးသားအား အရှင်လတ်လတ် အကြမ်းဖက်မီးရှို့သတ်ဖြတ်ရန်ကြံစည်နေခြင်းကို အချိန်မီကယ်တင်နိုင်ခဲ့သည်။ ယခုအခါ ထိုရိုဟင်ဂျာ အမျိုးသားအား စစ်တွေမြို့ရဲစခန်းတွင်အပ်နှံထားပြီး စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှ ဒု-ရဲအုပ် မျိုးဆွေမှ အမှုဖွင့်အရေးယူထားကြောင်း စစ်တွေ မြို့ခံများမှ သိရှိရပါသည်။ 

Comment ရေးရန်

Rohingya Exodus