နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရခိုင်ပြဿနာကိုပြည်တွင်းရေးပြဿနာဟုကြေညာခြင်းကို HRW မှငြင်းဆို
ဘီဘီစီမြန်မာပိုင်း
22.8.2012
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး၊ နိုင်ငံတကာ ပြဿနာ တရပ်အနေနဲ့ ပုံဖေါ် နေမှုတွေကို လက်ခံမှာ မဟုတ် ကြောင်း မြန်မာ နိုင်ငံ ခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် လိုက်သည်။
ရခိုင်ပြည်နယ် ဖြစ်စဉ်မှာ ရာဇဝတ်မှု တခုကို အကြောင်းပြုပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုများသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ပသတင်း မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေက ဒီကိစ္စ အပေါ် မဟုတ်မမှန် ပုံကြီးချဲ့ သတင်း ထုတ်ပြန် နေမှုကြောင့်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကနေ သတင်း ထုတ်ပြန်မှုတွေ လုပ်ခဲ့ ရတာလို့ အဲဒီ ကြေညာချက် ထဲမှာ စွပ်စွဲ ထားပါတယ်။
HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဒေသဆိုင်ရာ အမှုဆောင် ညွှန်ကြားရေးမှူး Brad Adams ကတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ အနေနဲ့ ကြေညာချက် ထုတ် ပြန်တဲ့ နေရာမှာ အချက်အလက်တွေကို အသေအချာ လေ့လာသုံးသပ်ပြီး မှ ထုတ်ပြန်တာလို့ ဆိုပါတယ်။
ရခိုင်ဒေသ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး မြန်မာ လုံခြုံရေးတွေက ကြိုတင် တားဆီးနိုင် ရဲ့သားနဲ့ မတားဆီးခဲ့ဘူးလို့ HRW က စွပ်စွဲခဲ့ဘူး ပါတယ်။
အဲဒီအဖွဲ့ရဲ့အာရှဒေသဆိုင်ရာဒါရိုက်တာ Brad Adams ကို ဆက်သွယ်မေးကြည့်တော့ သူက အခုလို ပြောပါတယ်။
Brad Adams:Well, All Human Rights Issue are…….လူ့အခွင့်အရေးပြဿနာအားလုံးဟာ တကမ္ဘာလုံးမှာ ရှိနေတဲ့ လူတွေနဲ့သက်ဆိုင်ပါတယ်။မြန်မာဘဲဖြစ်ဖြစ်၊ အမေရိကန်ဘဲဖြစ်ဖြစ် ၊ထိုင်းဘဲဖြစ်ဖြစ် လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီးတန်းတူအခွင့်အရေးတွေရှိပါတယ်။ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားကလဲ မြန်မာအစိုးရရဲ့ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာနေတာပါ။ ဒါကြောင့် ဒါဟာနိုင်ငံတကာပြဿနာ ပါလို့အဓိပ္ပါယ်သတ်မှတ်ရမှာပါ။ Human Rights Watch အဖွဲ့အနေနဲ့က မြန်မာ ပြည်တွင်းနဲ့ပြည်ပမှာ ရှိနေတဲ့သူတွေ၊ အထူးသဖြင့် ပြည်တွင်းက လူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမေးမြန်းမှုတွေ လုပ်ပြီးတော့မှ အစီရင်ခံစာကိုရေးခဲ့တာပါ။ အဲဒီမှာ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အခြေအနေတွေကိုသိရပြီး၊ လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေအတွက်၊ မြန်မာနိုင်ငံသားတွေအတွက် ၊မြန်မာနိုင်ငံရဲ့ အနာဂါတ်အတွက် အစိုးရအနေနဲ့တာဝန်ယူဖြေကြားပေးဖို့လိုအပ်ပါတယ်။
ဘီဘီစီမေး--နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာတော့ ဒီပဋ္ဋိပက္ခဟာ မူဆလင်တွေ အပေါ်မှာ ဘာသာရေးအရ ဖိနှိပ်တာ၊ညှဉ်းပမ်းနှိပ်စက်တာတွေ ကြောင့် ဖြစ်တာမဟုတ်ဘူး၊ အစိုးရမှာလဲ ဒီလိုမူဝါဒမရှိဘူးလို့ပြောပါတယ်။ ပြီးတော့ဒီကိစ္စက အုပ်စုချင်း၊ အပြန် အလှန်အကြမ်းဖက် လက်တုန့်ပြန် ကြတာသာ ဖြစ်ပါတယ်လို့ ပြောထားပြီးတော့ လူ့အခွင့်အရေးပြဿနာ အမြင်နဲ့လည်း လက်မခံပါဘူးရှင့်။
Brad Adams: Burmese government has fifty years………..မြန်မာအစိုးရအနေနဲ့က လူ့အခွင့် အရေးကို အလေးထား ကာကွယ်သင့်တယ်ဆိုတာကို လက်မခံခဲ့တာ နှစ်(၅၀)လောက်ရှိပါပြီ၊ သူတို့ဟာမြန်မာလူထုကို စနစ်တကျ လူ့အခွင့်အရေးချိုးဖေါက်ခဲ့ကြတာပါ။ အခုပြုပြင်ပြောင်းလဲမှုကို လုပ်နေတယ်ဆိုပေမဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတာကိုကြည့်ရင်တော့ အရင်နှစ်(၅၀)တုန်းကလိုဘဲ ဆက်လုပ်နေတာ တွေ့ရပါတယ်။ တကယ်လို့ လူ့အခွင့်အရေးတွေချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ဒီပုံစံအတိုင်းဘဲ ဆက်တုန့်ပြန်သွားမယ်ဆိုရင် မြန်မာအစိုးရဟာမပြောင်းလဲသေးဘူးလို့လူတွေဟာ ယူဆကြပါလိမ့်မယ်။ ကျနော်တို့ဟာ ရခိုင်တွေဘက်ကိုရော ရိုဟင်ဂျာဘက်ကိုပါ စကားပြောကြည့် တဲ့အခါမှာ အစိုးရအနေနဲ့ဒီပြဿနာ ကိုစောစောစီးစီး တားဆီးမယ်ဆိုရင် သိရက်သားနဲ့ မတားဆီးခဲ့တာလို့ပြောကြပါတယ်။ပြီးတော့အစိုးရဟာဗုဒ္ဓဘာသာဝင်ဘက်ကဘဲရပ်တည်ခဲ့ပါတယ်။သတ်ဖြတ်မှုတွေနဲ့ စိတ်ထင်တိုင်းဖမ်းဆီးမှုတွေကိုလဲပြုလုပ်ခဲ့ပါတယ်။အခုအချိန် ထိပျောက် ဆုံးနေတဲ့ လူတွေရှိနေဆဲပါ။လူမျိုးစု(၂)စုကိုလဲ သက်သက်စီခွဲထားပြီး သမ္မတကဒီလူတွေကို တတိယနိုင်ငံတွေ ပို့ရင်ပို့၊ဒါမှမဟုတ်သက်သက်စီခွဲထားဖို့ပြောနေပါတယ်။ ဒီလိုပြသနာအများ ကိုဖြေရှင်းဖို့ ရှိနေချိန်မှာ၊အစိုးရက ဒါဟာပြည်တွင်း သက်သက်ပြောနေတာသိပ်မကောင်းပါဘူး။
ဘီဘီစီမေး--ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မဟုတ်မမှန်တဲ့ သတင်းအများကြီးပျံ့နေတာ၊အထူးသဖြင့် Internet နဲ့ မူဆလင်အများစုရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဝါဒဖြန့်သလို ဖြစ်နေတာတွေကို ကြားတော့ရော၊အစိုးရအနေနဲ့မစိုးရိမ်သင့်ဘူးလားရှင့်။
Brand Adams—I agree with that I have heard individual organization not to……ဒါကိုကျနော်တို့ သဘောတူပါတယ်။ တစ်ဦးချင်းအနေနဲ့ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ဖြစ်ဖြစ်၊ မှားယွင်းတဲ့ အချက်အလက်တွေကို မတင်ပြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။ ကျနော်ပါဝင်ခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီစဉ်မှာလဲ၊ လူတစ်သောင်းလောက်သေသွားပြီလို့ ပြောဒါမျိုး တွေရှိပါတယ်။ တကယ့်အထောက်အထားလဲ မပြနိုင်ပါဘူး၊ Internetပေါ်မှာ တွေ့ရတဲ့အချက်အလက်တွေဟာ မှန်တယ်လို့ ယုံကြည်ကြတဲ့ သူတွေလဲ အများကြီးရှိပါတယ်။ဒီ တော့ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းက သတင်းတွေကို ရှာဖွေကြဖို့ အရေးကြီးပါတယ်။ သတင်းအမှားတွေကို တွေ့တဲ့သူတွေကလဲ သက်သေ အထောက်အထား ဘယ်လိုပြရမလဲဆိုတာကို မေးခွန်းထုတ်သင့်ပါတယ်။
Human Rights Watch အဖွဲ့ရဲ့ Asia လူ့အခွင့်အရေးတိုက်ရိုက်တာ Brad Adams ပြောပြခဲ့တာပါ။