နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ နှင့် မောင်တောမြို့ အခြေအနေ


ခင်ငြိမ်းချမ်း
RB News
31.8.2012

ရမ်းဗြဲ ။ ။ ၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် တန့်ရွာ (အမှတ် ၆ ရပ်ကွက် တွင် ရခိုင်အကြမ်းဖက် လူအုပ်စုများ၏ လက်ချက်ကြောင့် မူဆလင် အိမ်ခြေ ၂၉ လုံး မီးရှို့ခံခဲ့ရပြီး အသက် ၇၀-၈၀ ရှိ အဖွားအိုတစ်ဦး မီးလောင်တိုက်သွင်း မီးရှို့ခံခဲ့ရကြောင်း သိရှိရပါသည်။ ကျောက်နီမော်နှင့် ၄င်းပတ်ဝန်းကျင်ရှိ ကမန်မူဆလင်များနေထိုင်ရာ ကျေးရွာပေါင်း (၇) ရွာကို ရခိုင်အကြမ်း ဖက်သမားများက မီးရှို့ဖျက်ဆီးရန်လည်း ခြိမ်းခြောက်လျှက်ရှိနေပါသည်။ အဆိုပါကျေးရွာ(၇) ရွာတွင် အိမ်ထောင်စု (၁၃၄၅)စု၊ အိမ်ခြေပေါင်း (၁၁၀၀) ကျော်နှင့် လူဦးရေ ၆၉၃၂ နေထိုင်ကြပြီး၊ အကြမ်းဖက်သမား များ၏ အဆက်မပြတ်ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ရခြင်းကြောင့် အသက်ရှင်နေ ထိုင်ရေးအတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပါသည်။ ရမ်းဗြဲမြို့နယ်နေ မူစလင်အများစုသည် အများအားဖြင့် ကမန်တိုင်းရင်းသားများဖြစ်ကြပြီး၊ တံငါလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်းနှင့် ကုန်သည်ပွဲစားလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြပါသည်။ ကျောက်နီမော်ဒေသ တစ်ဝိုက်နေ ကမန်မူဆလင်များသည်အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရေလုပ်ငန်း အပေါ်မှီခိုနေခဲ့ရာ၊ အရေးအခင်းကာလအပြီး ၄င်းတို့သည် ပင်လယ်၊ မြစ်၊ ချောင်းထဲ မဆင်းရခြင်း၊ ခရီးသွားလာရေးပိတ်ပင်တားဆီးခံရခြင်းနှင့် အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလဲ အစွန်.ေ၇ာက် ၇ခိုင်ဗုဒ္ဓဘာသာဝင်များမှနည်းလမ်းအမျိုးမျိုးဖြင်.ပိတ်ပင်တားဆီးထားခြင်း၊ဆ၇ာဝန် ဦးအောင်စစ်ထွန်းအား မွတ်စလင်များအားဆေးကုသပေးခြင်းမပြုလုပ်၇န် ၇ခိုင်စု ဘုန်းကြီးကျောင်း မှကျောင်း ထိုင်ဘုန်းကြီးနဲ. RNDP ပါတီမှတားဆီးထားခြင်းတို.ကြောင့် စားဝတ်နေရေးနဲ. အသက် ၇ှင်၇ပ်တည်ေ၇းအတွက်ပါ အလွန်တရာ အတိဒုက္ခ ရောက်နေရပါသည်။ အောက်ဖော်ပြပါ ကျေးရွာ များတွင် မူဆလင်များ နေထိုင်ပြီး၊ ရခိုင်လူမျိုးအကြမ်းဖက်များက မီးရှို့ဖျက်ဆီးရန် အမြဲခြိမ်းခြောက်လျက်ရှိနေ ပါသည်။ 

၁။   ကျောက်ထရံကျေးရွာ 
၂။   ရွာသာယာကျေးရွာ 
၃။   ရွှေပြည်သာကျေးရွာ 
၎။   ကျောက်နီမော်တောင်ပိုင်းရပ်ကွက် 
၅။   ကျောက်နီမော်အလယ်ပိုင်းရပ်ကွက် 
၆။   ကျောက်နီမော် မြောက်ပိုင်းရပ်ကွက် 
၇။   ချမ်းမြေ့ရိပ်ငြိမ်ရပ်ကွက် 

ကျောက်နီမော်ကျေးရွာသည် တောင်ကုတ်မြို့မှ အနောက်တည့်တည့်မိုင် ၄၀ အကွာတွင်လည်းကောင်း၊ မန်အောင်မြို့၏မြောက်ဘက်မိုင် ၃၀ အကွာတွင်လည်းကောင်း၊ မြေပု့မြို့၏ အနောက်မြောက်ဘက်မိုင် ၁၃၀ အကွာခန့်အကွာတွင်လည်းကောင်း၊ ရမ်းဗြဲမြို့နှင့် မိုင် ၂၀ အကွာတွင်လည်းကောင်း တည်ရှိသည်။ ရမ်းဗြဲနှင့် ကျောက်နီမော်နေ ကမန်မူဆလင်များသည် ၇ခိုင်လူမျိုးများနေထိုင်သော၇ွာများမှပတ်ပတ်လည် ၀ိုင်းရံထားပြီး၊ ရခိုင်အကြမ်းဖက်သမားတို့ အချိန်မေ၇ွး အကြမ်းဖက်ရန် ခြိမ်းခြောက်လျှက် ရှိနေကြောင်း သိရပါသည်။ အကြမ်းဖက် ရမ်းကားဖျက်ဆီးမှုကာလအတွင်း ဖျက်ဆီးခံလိုက်သော ရမ်းဗြဲမြို့နယ် ဗလီများမှာ- 

အမှတ်စဉ်   ဗလီအမည်                               မှတ်ချက် 

၁ ။           ဗလီသစ်                        ဖျက်ဆီးခြင်းခံရပြီး၊ အဖျက်အဆီးများ ကျန်နေသည်။ 
၂ ။           အလယ်စုဗလီ                 ဖျက်ဆီးခြင်းခံရပြီး၊ အဖျက်အဆီးများ ကျန်နေသည်။ 
၃ ။           လယ်သွန်တောင်ဗလီ       ဖျက်ဆီးခြင်းခံရပြီး၊ အဖျက်အဆီးများ ကျန်နေသည်။ 
၎ ။           တန်း၇ွာဗလီ                   ရှေးဟောင်းဗလီ(နှစ်ပေါင်း ၆၀၀ ကျော်ရှိပြီဟုခန့်မှန်းရသည်။) 
                                                     ဖျက်ဆီးရန်ကြိုးစား ခဲ့သော်လည်း အဖျက်အဆီးမခံလိုက်ရပေ။ 
၅ ။          တိန်းပြင်ကျေးရွာဗလီ        ရမ်းဗြဲအရှေ့ဖက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။
                                                     အရင်ကတည်းးက ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ 


မှတ်ချက်။ ။ အထက်ဖော်ပြပါသတင်းအား သြဂုတ်လ (၂၉) ရက်နေ့တွင်တင်ပြခဲ့ရာ၊ သတင်းအချက် အလက်အချို့လွဲမှားခဲ့မှု အတွက်စာဖတ်သူပရိသတ်များအား အနူးအညွတ်တောင်း ပန်အပ် ပါသည်။ 

ခင်ငြိမ်းချမ်း 
၂၉၊ သြဂုတ်လ၊ ၂၀၁၂ ခုနှစ် 

မောင်တောမြို့အခြေအနေ 

နိုင်ငံတော်သမ္မတကြီး၏ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်သို့ခရီးစတင်ရန် စီစဉ်လျှက်ရှိရာ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စုအသီးသီးမှ ရွာမျက်နှာဖုံး၊ မြို့မျက်နှာဖုံး (အာဏာပိုင်များနှင့် နီးစပ်သူဟု အာဏာပိုင်တို့ကယူဆသူ) ကျေးရွာတစ်ရွာမှ လူပုဂ္ဂိုလ် ၁၀ ဦးစီတို့ကို စည်းရုံးလျှက် အာဏာပိုင်ဘက်မှ ကာကွယ်ပြောဆိုပေးရန်၊ အဟုတ်ကို မဟုတ်၊ မဟုတ်ကို အဟုတ်လိမ်လည်ပြောဆို တွက်ဆိုပေးရန် အတင်းစည်းရုံးလျှက်ရှိကြောင်း ဒေသခံများမှ သိရပါသည်။ ထို့အပြင် မောင်တော တောင်ပိုင်းတွင် (မလိုအပ်ပဲ၊ ဒုက္ခသည်မရှိပဲ) လတ်တလောဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ဒုက္ခသည်စခန်းများတွင် တောင်ပေါ်တိုင်းရင်းသားများဖြစ်သော သက်၊ ဒိုင်းနက်၊ မြို (ခ)ခမွီးလူမျိုးတစ်ချို့ကို စည်းရုံး၍ ၄င်းယာယီစခန်းများတွင် နေရာချထားပေးရန် အာဏာပိုင်များမှ စီစဉ်ဆောင်ရွက်နေကြောင်း၊ ၄င်းတောင်ပေါ်တိုင်းရင်းသားများအား တောင်ပေါ်တွင် ဘင်္ဂလီများ ဒုက္ခပေး၍ မနေရဲ၍ ယာယီဒုက္ခသည်စခန်းတွင် နေကြောင်း စသည်ဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရှေ့မှောက်တွင် လိမ်လည်တွက်ဆိုရန်၊ သက်ဆိုင်ရာ အာဏာပိုင်များမှ မက်လုံးပေး စည်းရုံးထားကြောင်း၊ မောင်တောခရိုင်မှ အာဏာပိုင် အဖွဲ့အစည်းအသီးသီးတို့သည် စုံစမ်းစစ်ဆေးရေးကော်မရှင်အား အမှန်တရားတိုင်း ဖုံးကွယ်ရန်နှင့် အာဏာပိုင်တို့ ကျူးလွန်ခဲ့သော ပြစ်မှုများအားလုံးကို ဖုံးကွယ်နိုင်ရန် ဒေသနေ ပြည်သူများအား ချော၍တစ်ဖုံ၊ ခြိမ်းခြောက်၍တစ်လှည့် စည်းရုံးလျှက်၇ှိနေကြောင်းဒေသခံများမှ သိရပါသည်။ 

Comment ရေးရန်

Rohingya Exodus