မောင်တောမြို့သရေကုန်းဘောင်ရွာဗလီအား ရခိုင်အကြမ်းဖက်များနှင့် ရဲများက ဖျက်ဆီးလိုက်ခြင်း
မောင်ရင်လှိုင်
RB News
22.8.2012
(၂၁၊ ၈၊ ၂၀၁၂) ရက်နေ့ညတွင် မောင်တောမြို့တောင်ပိုင်း၊ သရေကုန်းဘောင်ရွာ ကားလမ်းအရှေ့ပိုင်းရှိ Black Mosque ဒေသအခေါ် ကာလာမာဆ်ဂျိဒ်ကို မောင်တောမြို့အပိုင်ရဲတပ်သားများနှင့် ရခိုင်လူမျိုးအကြမ်းဖက်သမားများ ပူးပေါင်း၍ ၀ိုင်းဝန်းဖျက်ဆီးလိုက်ကြောင်း သိရသည်။ ၄င်းဗလီသည် ရိုဟင်ဂျာမူဆလင်များက ရှေးဟောင်းဗလီအဖြစ် ထိန်း သိမ်းစောင့်ရှောက်လာခဲ့သောဗလီဖြစ်ပါသည်။ ၄င်းဗလီအဖျက်အဆီးကို ပတ်ဝန်းကျင်ကျေးရွာများမှ ရိုဟင်ဂျာများက ချဉ်း ကပ် ကြည့်ရှုရန် ကြိုးစားခဲ့သော် လည်း လုံထိန်းများနှင့် နစကတပ်သားများက ၀ိုင်းရံထားခြင်းကြောင့် ဒေသခံမူဆလင်များ က သွားရောက်မကြည့်ရှုနိုင်ခဲ့ချေ။
၎င်းပြင် မောင်တောမြို့ ကာဒိရ်ဘီလ် (ခ) ညောင်ချောင်းကုန်းပြင်မြင့်နှင့် ဘဂုံးနားရွာတစ်ဝိုက်ရှိ ကုန်းမြင့်နေ ရာ တို့တွင် မူလက မည်သည့်အရာများမရှိသော်လည်း၊ (၂၁၊ ၈၊ ၂၀၁၂ )မှစ၍ ၄င်းနေရာ များတွင် ရခိုင်ပြည်အနှံ့မှ သက်ဆိုင် ရာ အာဏာပိုင်တို့က လိမ်ညာဖန်တီးထားသော အယောင်ဆောင် ရခိုင်ဒုက္ခ သည်များအား နေရာချထားပေးကာ၊ သက် ဆိုင်ရာ(ကမ္ဘာ့ကယ်ဆယ်ရေး) သို့ပြသပြီး ကယ်ဆယ်ရေးရိက္ခာများရရှိခံစားနိုင်ရန် ရည်ရွယ်၍ စခန်းများ ဆောက်လုပ်နေ ကြောင်း ဒေသခံများမှ သတင်းရရှိပါသည်။
ရခိုင်ပြည်အရေးအခင်းတွင် စစ်တွေမြို့၌ ဒုက္ခသည်အဖြစ်ယောင်ဆောင်ပြီး အချောင်ရိက္ခာရလိုသော ရန်ကုန်တိုင်း နှင့်အခြားဒေသများရှိ လက်လုပ်လက်စား ရခိုင်လူမျိုးများသည် (စစ်တွေမြို့ရှိ ရခိုင်လူမျိုး ဆွေမျိုးရင်းချာများ၏ သတင်း ပေးပို့ချက်အရ) သူထက်ငါအလုအယက် ဒုက္ခသည်အဖြစ် စာရင်းသွင်းလိုသောအားဖြင့် ရခိုင်ပြည်သို့ ပြန်နေကြရာ၊ ယခု တစ်လော ရန်ကုန်မြို့ရှိ စစ်တွေမြို့သို့ပြေးဆွဲနေသော အဝေးပြေးကားဂိတ်များတွင် အယောင်ဆောင် အချောင်ရိက္ခာရလို သောရခိုင်လူမျိုးများ ခြေချင်းလိမ်ကာ စုပြုံနေကြောင်း အဝေးပြေးဂိတ်မှ စစ်တွေကားလိုင်း ပြေးဆွဲနေသော ဂိတ်မှူးတစ်ဦး ထံမှသတင်းရရှိ ပါသည်။