စစ်တွေတွင်ဟိန္ဒူလူမျိုးတစ်ဦးကိုဓါတ်ဆီပုံးဖြင့်ဖမ်းဆီးရမိ
6.8.2012
စစ်တွေ ။ ။ရခိုင်ပြည်နယ် စစ်တွေမြို့အောင်မင်္ဂလာ ရပ်ကွက် သြဂုတ်လ (၆) ရက်နေ့ည (၁၁) နာရီ တွင် ဗျူဟာမှူး ခင်မောင်ဝင်း၊ တပ်ရင်းမှူး ဖုန်းမြင့်ဆွေ တို့ကင်း လှည့်နေစဉ် အသက် (၁၈) နှစ် အရွယ်ရှိ ဟိန္ဒူလူမျိုး၊ ဗုဒ္ဓဘာသာဝင်အာ ကာခ်ျဆိုသူကို ဓါတ်ဆီ ပုံးဖြင့်ဖမ်း ဆီးရမိကြောင်း သတင်းရရှိပါသည်။ ထိုလူငယ်ကို စစ်ဆေး ရာ ကသဲရွာမှ အုပ်ချုပ်ရေး မှူးဦးလှဝင်း၊ ဦးစံထွန်း၊ ဦးအောင်ဆန်းဦး တို့မှ အစ္စလာမ် ဘာသာ ၀င်များ၏နေအိမ်များကို မီးရှို့ဖျက်ဆီး ရန်ပေး လိုက်ကြောင်း ထွက် ဆို သည် ဟုသိရ သည်။ စစ်တပ် မှ အာ ကာခ်ျနှင့်ကြံရာ ပါအပေါင်း အပါများ ကိုလိုက် လံရှာဖွေလျက်ရှိပြီး၊ ဖမ်းဆီး ထားသူကို အရေး ယူဆောင်ရွက်ရန် ဒုရဲအုပ်ခင်မောင်လှ သို့လွှဲအပ်ပေးလိုက်သည်။