March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကျောက်တော်မြို့၌ရွာများမီးရှို့ဖျက်ဆီးခံရပြီး၊ လူအများအပြားသတ်ဖြတ်ခံရ

RB News
6.8.2012

ကျောက်တော် ။ ။ ယမန်နေ့သြဂုတ်လ (၅) ရက်နေ့တွင် ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့ရှိ ရိုဟင်ဂျာ မွတ်စလင်များနေ ထိုင်ရာ ရွာ ၄ ရွာ မီးရှို့ ဖျက် ဆီးခံခဲ့ရသည်။ 

အပေါက်ဝကျေးရွာတွင်မွတ်စလင်များ၏အိမ်ခြေ (၈၀) မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အပြစ်မဲ့ရိုဟင်ဂျာမွတ်စလင် (၅) ဦးသတ်ဖြတ် ခံခဲ့ရသည့်အပြင် (၉) ဦးပြင်းထန်စွာ ဒဏ် ရာရရှိခဲ့သည်။ ရက်စက်စွာအသတ်ခံခဲ့ရသူ (၅) ဦးမှာ - 

(၁) ဖေဒန် (ဘ) နေဇမ် (အသက် ၃၀ နှစ်) 
(၂) နူးရ်ဂျနာသ် (ဘ) ရွှေလှ (အသက် ၁၂ နှစ်) 
(၃) အဘ်ဒူဆူဝန် (ဘ) အဘ်ဒူခါလစ် (အသက် ၂၅ နှစ်) 
(၄) ကိုရွှေမီ (ဘ) အဲနာမ် (အသက် ၃၅ နှစ်) 
(၅) ဟာလာရာ (ဘ) ဘိုဒူယာ (အသက် ၁၈ နှစ်) 

ပြားပေါက်ကျေးရွာ (ဖိုးကပါရာ) သို့လည်း ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ အိမ်ခြေ (၈၀) ခန့်မီးရှို့ ခဲ့သည်။ သတ်ဖြတ်ခံ ရခြင်းနှင့်ဒဏ်ရာရစာရင်းများကိုစုံစမ်းလျက်ရှိသည်။ 

ဂိုဗိတောင်ကျေးရွာတွင် အိမ်ခြေ (၁၅၀) ခန့်မီးရှို့ခံရသည့်အပြင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီတစ်လုံးလည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင်ဗလီရှေ့ဆောင် ဆရာကိုပြင်းပြင်းထန်ထန် ရိုက်နှက် ရာ ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။ ရွာသားငါးဖမ်းသမားနှစ်ဦးကို စစ်တွေမြို့ နေမောင်စိန်ဝင်းဆိုသူဦးဆောင်သည့်အဖွဲ့မှ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ 

ရွှေလှိုင်ကျေးရွာတွင် အိမ်ခြေ (၉၉) လုံးမီးရှို့ဖျက်ဆီးခဲ့ရပြီး၊ ရိုဟင်ဂျာမွတ်စလင် (၁၆) ဦးရက်စက်စွာ အသတ်ခံခဲ့ရသည့် အပြင် (၇) ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ 

နေဒန်ကျေးရွာတွင် လယ်အလုပ်လုပ်ကိုင်သည့်ရွာသားညီအစ်ကို နှစ်ဦးတို့သည် လယ်မှ အလုပ်လုပ် ၍ အပြန် တွင်ရခိုင် အစွန်းရောက်များကတိုက်ခိုက်ရာ၊ အေလီယာစ်ဆို သူသည် ထိုနေရာတွင် ပင်ပွဲ ချင်းပြီးသေ ဆုံးခဲ့ပြီး၊ အစ်ကိုဖြစ်သူမှာ ကံကောင်းစွာထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ 

သီးဒေကျေးရွာကိုယမန်နေ့ သြဂုတ်လ (၅) ရက်နေ့ညတွင် ရခိုင်အစွန်းရောက်များ က၀ိုင်းရံ ထားကြောင်း သိရသည်။ 

အသက်(၁၂) နှစ်အရွယ်နူးရ်ဂျနာသ် (ဘ) ရွှေလှကို အပေါက်ဝကျေးရွာတွင်ရခိုင်အစွန်းရောက်များကို တိရိစ္ဆာန်တစ် ကောင်ကိုသတ်ဖြတ်သကဲ့သို့လည်လှီး၍ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့ကြောင်းသိရသည်။ ကျန်သောအသတ်ခဲ့ရသူ များကို လှံများအသုံးပြုခြင်းဖြင့်သတ်ခဲ့သည်။ အချို့ကိုနေအိမ်များ အတွင်းမှာ ထွက်ခွင့်မပေးဘဲ အိမ်တွင်းပိတ်၍မီးရှို့ သတ်ဖြတ်ခဲ့သည်။ ထွက်ပြေးလွတ်မြောက်လာ သူအချို့ ကိုရခိုင် အစွန်းရောက်များက ဖမ်းဆီး၍ ကုလားတန်မြစ်ကမ်းရှိ သင်္ချိုင်းတွင်ထားရှိပြီး အချို့မှာ ကုလား တန်မြစ်ထဲသို့ ခုန်ချ၍လွတ်မြောက်ရာသို့ တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။ 

ကျောက်တော်မြို့တွင်ရွာပေါင်း ၂၃ ရွာရှိရာ ရိုဟင်ဂျာမွတ်စလင်များနေထိုင်ရာရွာအနည်းငယ်သာရှိသည်။ ရွာသူရွာသား များမှအခြေအနေများကိုကြိုတင်သတင်းအရအာဏာပိုင်များကိုအကြောင်းကြားခဲ့သော်လည်း ထိရောက်သောအရေးယူ ဆောင်ရွက်မှုများမပြုလုပ်ခဲ့ပေ။ ကျောက်တော်မြို့ ရှိရိုဟင်ဂျာမွတ်စလင် များ၏ ရွာ အနည်းငယ်ကိုလွန်ခဲ့သောလတွင် မီးရှို့ ဖျက်ဆီးခြင်းများ လည်းရှိခဲ့သည်။ နိုင်ငံတ ကာနှင့်ပြည် တွင်း မှအစိုးရတာဝန်ရှိသူများလာရောက်ကြည့်ရှုမှုကြောင့် အခြေအနေမှာ အနည်း ငယ်အေး ချမ်းခဲ့သော် လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာကွန်တားနားနှင့် နိုင်ငံတော် ဒု-သမ္မတ ဦးစိုင်းမောက် ခမ်းတို့၏ ခရီးစဉ်အပြီးတွင်ယခုကဲ့သို့ အကြမ်းဖက်မှုပြန် လည်စတင်လာခဲ့သည်။ နိုင်ငံတကာမှ အကြမ်း ဖက်မှုများ ရပ်တန့်ရန်တောင်း ဆိုနေသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ရိုဟင်ဂျာမွတ်စလင်များကို အပြီးရှင်းလင်းရန် ဦးတည်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ဆိုးရွားသည်မှာပြည်တွင်းမီဒီယာများနှင့်ဒေါက်တာလွဏ်းဆွေ၏ ဘလော့တို့မှ ရိုဟင်ဂျာမွတ်စလင်များ မှရခိုင်ရွာ များ ကို တိုက်ခိုက်နေသည်ဟု သတင်းကိုပြောင်းပြန်လုပ်၍ဖြန့်ဝေနေခြင်းဖြစ်သည်။ 

ယနေ့အခြေအနေမှာအထူးစိုးရိမ်ဖွယ်ရာဖြစ်သည်။ ကျောက်တော်မြို့တွင်အမ်ဘီးကျေးရွာ၊ ဟိုင်ရ်ကျေး ရွာတို့ရှိနေအိမ်များ ကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ရာပေါင်းများစွာသော အသက်ကြီးအိုများ၊ ကလေးငယ် များ၏ အသက်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိ သည်။ စစ်တပ်နှင့် လုံထိန်းများကလည်း ရခိုင်အစွန်းရောက် များနှင့် ပူးပေါင်း၍ မွတ်စလင်များကိုနေအိမ်အတွင်းမှထွက်ခွင့် မပေးဘဲ မီးရှို့ပြီး၊ ထွက်လာသူ များကိုလည်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။ လူအများအပြားအရှင်လတ်လတ်မီးရှို့ခံခဲ့ရပြီး၊ သေဆုံး သူများ စာရင်းကို ယခုအချိန်ထိစုံစမ်းလျက်ရှိကြောင်း သတင်းပေးပို့သူ ဘူးသီးတောင်မြို့ မှမောင်မောင်မှပြောကြား သည်။ 

မောင်းတောမြို့အမှတ် (၁) နှင့် (၂) ရပ်ကွက်တို့တွင် ညအချိန်ဧည့်စာရင်းစစ်ရန်အကြောင်းပြ၍ ရိုဟင်ဂျာ မွတ်စလင်များ၏ နေအိမ်များတွင်လုယက်ခြင်း၊ အုပ်စုဖြင့်အမျိုးသမီးများကိုမုဒိန်းကျင့်ခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ နစကများက ကျူးလွန်လျက်ရှိကြောင်း မောင်းတောမြို့ဒေ သ ခံတစ် ဦးဖြစ်သူမှသတင်းပေး ပို့ပါသည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus