နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး ကာကွယ် ခုခံပိုင်ခွင့်လည်း မရှိသော ရခိုင်ပြည်နယ် ရသေ့တောင် ပဋိပက္ခ


RB News
2.9.2012

၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင်(၁၉.၆.၁၂) နေ့ နံနက်(၇း၃၀) နာရီခန့် အချိန် ကူတောင် ရခိုင်ရွာနှင့် ဥဂါရခိုင်ရွာ တို့ ပူးပေါင်းပြီး လူအင်အား(၃၀၀၀)ခန့် သည် အနောက်ပြင် မူဆလင်ရွာသို့ အကြမ်းဖက်ကျူးကျော်ဝင်ရောက်လာပြီး မီးရှို့ဖျက်စီးခဲ့သော ဖြစ်စဉ်တွင် စုစုပေါင်းအိမ်ခြေ(၅၂၅) လုံးရှိသည့်အနက် အိမ်ခြေ(၅၈)လုံး မီးရှို့ဖျက်ဆီးခံရပြီး၊ ဗလီ(၂)လုံးလည်း အနည်းငယ် ဖျက်ဆီးခံရပါသည်။

 ရွာသား မူဆလင်(၃)ဦး သေနတ်ထိမှန်သေဆုံးပြီး၊လူ(၁၀၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။သေ ဆုံးခံရသူများမှာ(၁)ဦးရာကူဗ်(အဘ-ဦးကာလူကြီး)၊(၂)ဦးလာလူး(အဘ ဦးနာဂူ)၊မဘူရီဘီ(အဘ ဦးဒီလ်မာမတ်) တို့ဖြစ်ရာ ဦးရာကူဗ်အား ဦးသိန်းဂွေးက တူမီးသေနတ်ပစ်သတ်ပြီး လည်းကောင်း၊ ဦးလာလူကို ကူတောင်စခန်းမှုး ဒု-ရဲအုပ် သက်ဦးက သေနတ်ဖြင့်ပစ်သတ်ပြီး လည်းကောင်း၊မဘူးရီးဘီကို ကူတောင်ရွာမှ ကျောင်းဆရာ ဦးရွှေသန်းမောင်းမှ လှံဖြင့်ထိုးပြီး လည်းကောင်း သတ်ခြင်းဖြစ်ပါသည်။ယခုကဲ့သို့ ရွာမီးရှို့ဖျက်ဆီးခံရခြင်း၊ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကင်းမဲ့နေပြီး၊ မူဆလင်များ ရရာတုတ် ၊ဓါးများဖြင့် ပြန်လည်ခုခံရာတွင် ရခိုင်အမျိုးသားများ ဘက်မှ(၁၀)ဦးသေဆုံးခဲ့ပါသည်။

အခင်းစတင် ဖြစ်ပွားချိန်မှာ နံနက်(၇း၃၀)နာရီဖြစ်သော် လည်း(၁၁း၀၀)နာရီခန့်တွင် အမှတ်(၅၃၈)တပ်ရင်းမှ တပ်သား(၃၀)ခန့်လာ ရောက်ပြီးအခြေအနေကို ထိန်းသိမ်းခဲ့ပါသည်။အဆိုပါ ဖြစ်စဉ်ကိုမူဆလင်ရွာကိုကျူးကျော်ဝင်ရောက် လုယမီးရှို့လူသတ်သူ တစ်ဦးတစ်ယောက်ကိုမျှအရေးယူခြင်းမရှိဘဲ(၁၉.၆.၁၂) နေ့မှ(၂၃.၆.၁၂)နေ့ထိ ခုခံကာ ကွယ် သော မူစလင်အမျိုးသား(၁၇၄)ဦး၊ အမျိုးသမီး(၁)ဦး၊အသက်(၁၃)အောက် အရွယ်မရောက် သေးသော ကလေး(၉)ဦးကို အာဏာပိုင်များမှ ဖမ်းဆီးခဲ့ပါသည်။ ထို့နောက်(၁၃)နှစ် အောက် ကလေး(၉) ဦးကို ပြန်လွှတ်ပေးပြီး၊လူကြီး(၁၇၅)ဦးကို ရသေ့တောင် ရဲစခန်း (ပ) ၆၄/၂၀၁၂ တွင် ၃၀၂/၃၄ ဖြင့် အမှုဖွင့်ပြီး၊ယခုအခါ စစ်တွေခရိုင် တရားရုံး ပြစ်မှုကြီးမှု ၆၀/၂၀၁၂ ပုဒ်မ ပုဒ်မ-၃၀၂/၃၄၊တရားခံ ဦးမာမတ်နူရ် အပါအ၀င်(၁၇၅)ဦးအားတရားစွဲဆိုပြီး တရားရုံးတွင် စစ်ဆေးကြားနာ လျက်ရှိပါသည်။ ထိုအမှုနှင့် ဆက်စပ်ပြီး ပြစ်မှုသေမှု(၂၀/၂၀၁၂) ကို ဦးအဒူရော်မာန် အပါအ၀င်(၁၄)ဦး အပေါ်ဖွင့်လှစ်တရား ခံပြေးကြေငြာထား သည်ဟုလည်း သိရှိရပါသည်။ ယခုအချိန်ထိ ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်း မှုမရှိသေးသဖြင့် ရှေ့နေ ရှေ့ရပ်ငှါးရမ်းခုခံ နိုင်ခြင်းမရှိသေးပါ။


 ဥပဒေရုံးမှ ငှါးရမ်းပေးသောရှေ့နေများမှာလည်း ရခိုင်အမျိုးသားများသာဖြစ်သဖြင့် ကာကွယ်ခုခံပိုင်ခွင့်ကို ထိထိရောက်ရောက် ပြန်လှန်မေးမြန်းခြင်းမရှိပါ။ (၃.၆.၂၀၁၂)နေ့တွင် တောင်ကုတ်မြို့တွင် ညနေ(၄း၀၀)နာရီအချိန် သံတွဲမြို့မှ ရိုးမသစ္စာကားဖြင့် နေရပ်ပြန်သူ အီစ္စလာမ်ဘာသာဝင်(၁၀)ဦးအား တုတ်၊ဓါး စသည့် လက်နက်များကိုင်ဆောင်ကာ လူအုပ်ကြီးဖြင့်ဝိုင်းဝန်းရက်စက်စွာ သတ်ဖြတ်ခံရခြင်း အတွက် အဖြစ်မှန်ဖော်ထုတ်ရန် နိုင်ငံတော် သမ္မတမှ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှုးချုပ် ကျော်စံမြင့် ဥက္ကဋ္ဌ အဖြစ်ပါဝင်သောစုံစမ်းရေးကော်မရှင်အဖွဲ့တွင် တာဝန်ပေးပြီး (၃၀.၆.၂၀၁၂) နေ့ နောက်ဆုံးအစီ ရင်ခံစာရယူ ထားပြီးဖြစ်သော်လည်း ယနေ့အထိ တရားခံများကို ဖော်ထုတ်နိုင်ခြင်းပင် လုံးဝမရှိသေးပါ။ သို့ရာတွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့၊ အနောက်ပြင်ကျေးရွာတွင်မူ မိမိတို့ဧ။် ကာကွယ်ခုခံပိုင်ခွင့်အရ ရွာထဲသို့ကျူးကျော်ဝင်ရောက် တုတ်၊ ဓါး လက်နက်များဖြင့် အိမ်မီးရှို့၊ လုယက်သတ်ဖြတ်နေခြင်းအတွက် ပြန်လည်ခုခံသူ မူဆလင်ဘာသာဝင်(၁၇၅)ဦးကို မူ လူသတ်မှုဖြင့် တရားစွဲဆိုစစ်ဆေးနေပြီး၊ တောင်ကုတ်မြို့တွင် မူဆလင်(၁၀)ဦးသတ်ဖြတ်ခြင်းကိုမူ တရားစွဲဆိုခြင်းမရှိသေးခြင်းမှာ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု လုံးဝအားနည်းလျက်ရှိပြီး လူမျိုးဘာသာခွဲခြားပြီး တရားစီရင်ရေးမှာလည်း ဥပဒေကို မျက်ကွယ်ပြု အုပ်ချုပ်သူများ အလိုကျစီရင်နေသော တရားစီရင်ရေးစနစ်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက်မှုကို စတင်ဦးဆောင်နေခဲ့သူမှာလည်း RNDP ပါတီမှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းဖြစ်ပါသည်။ ဥပဒေ အထက်တွင် မည်သူမျှမရှိရ ဟုဆိုသော်လည်း RNDP ပါတီမှာ ဥပဒေ အထက်တွင်ရှိနေပြီး RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် သည် နိုင်ငံတော် သမ္မတ နှင့် သမ္မတရုံးကိုပင် ခြိမ်းခြောက်စကား များပြောနိုင် သူဖြစ်နေ ပါသဖြင့် မြန်မာနိုင်ငံတွင် RNDP ပါတီမှာ ဥပဒေအထက်တွင်ရှိနေပါသည်။

ရခိုင်ပြည်နယ်တွင် RNDP ပါတီဝင်များ ဥပဒေချိုးဖောက်သော်လည်း အရေးယူခြင်းမခံရဘဲ ၊ဖမ်းဆီးသော်လည်း ဆန္ဒပြလျင်ပြန်လွှတ်ပေးလေ့ ရှိပါသည်။မြောက်ဦးမြို့တွင် မူဆလင်များအား ဆန်မရောင်းရန် လူမျိုးဘာသာ လှုံဆော်သူ RNDP ပါတီဝင်(၂)ဦးဖမ်းဆီးရာ ဆန္ဒပြသော အခါပြန်လွတ်မှာ ထင်ရှားနေပါသည်။၎င်းအပြင် ကျောက်တော်မြို့တွင် တူမီးသေနတ်ဖြင့် လက်ရဖမ်းဆီးခံရသူ ရခိုင်အမျိုးသားအချို့ကိုလည်း ယခုအခါ အာမခံဖြင့်လွှတ်ပေး ထားကြောင်း သိရှိနေပြီး၊ မဟုတ်မတရား အဖမ်းခံရသည့် မူဆလင်များကို ထောင်ချရန် RNDP ပါတီမှ ကြိုးစားလျက်ရှိသည့် အပြင် ၄င်းဖမ်းဆီးခံရသူ မူဆလင်လူမျိုးများကို အာဏာပိုင်များမှ အမျိုးမျိုး နှိက်စက်နေကြောင်းကို သိရှိရပါသည်။အထက်ပါအကြောင်းအရာ နှင့်ပက်သတ်ပြီး နိုင်ငံတော် သမ္မတ အနေဖြင့် မူဆလင်များ မဟုတ်မတရား နှိက်စက်ခံနေရသည်ကို သေချာလေ့လာစုံစမ်းပြီး ငဲ့ညာပေး သင့်ပါသည်။

Comment ရေးရန်

Rohingya Exodus