နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှားနိုင်ငံသားများမှ လိုအပ်သည်ထက်ပို၍ အထောက်အပံ့ပစ္စည်းများ ပေးအပ်


RB News
1.9.2012

မလေးရှားနိုင်ငံသားများ၏သဘောထားကြီးမှုကို တန်ချိန် ၅၆၀ ရှိသည့်အစားအသောက်များ၊ အိမ်သာ သုံးပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်းခြင်းဖြင့်သက်သေပြလိုက်ကြောင်းစက်တင်ဘာလ (၁) ရက်နေ့ထုတ် New Strait Times သတင်းစာမှ ရေးသားဖော်ပြထားသည်။

Putra 1 Malaysia Club မှသြဂုတ်လ (၂၂) ရက်နေ့တွင်စတင်စီစဉ်ထားခဲ့သည့် KD Indera Sakti သင်္ဘောတွင် တန်ချိန် ၄၈၀ အထိသာတင်ဆောင်နိုင်မည်ဖြစ်သော်လည်း မလေးရှားနိုင်ငံသားများမှတန်ချိန် ၅၆၀ ထိလှူဒါန်းခဲ့ကြသည်။ ပူထရာဝမ်းမလေးရှားကလပ်ဥက္ကဌ ဒါတွတ်အဗဒူလ်အဇစ်ရဟင်မှ မလေးရှားနိုင်ငံ သားများမှအပြိုင်အဆိုင်လှူဒါန်းမှုကြောင့် တပတ်အတွင်းလိုအပ်သည်ထက်ပို၍ အထောက် အပံ့ ပစ္စည်းများကိုစုဆောင်းမိခဲ့ကြောင်းပြောကြားခဲ့သည်။

သင်္ဘောကို သြဂုတ် (၃၁) ရက်နေ့တွင်ထွက်ခွာရန်စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံစစ်တွေ ဆိပ်ကမ်းတွင် ဆိုက် ကပ်ရန် အာဏာပိုင်များမှခွင့်ပြုချက် မရသေးသဖြင့်စောင့် ဆိုင်းနေရသည်။ လာမည့်ဗုဒ္ဓဟူးနေ့တွင် ထွက်ခွာရန်မျှော်လင့်ထားပြီး စစ်တွေမြို့မှ တဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ ကီလိုမီတာ ၁၂၀ အကွာရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများသို့ လည်းသွားရောက်၍ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ပြီး စက်တင်ဘာလ (၁၆) ရက်နေ့တွင်မလေးရှားနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဟုသိရသည်။ သင်္ဘောနှင့် အတူလိုက်ပါရန် ၉၀ ဦးအသင့်ရှိနေသော်လည်း ၃၈ ဦးသာသင်္ဘောဖြင့်လိုက်ပါ နိုင်မည်ဖြစ်သည်။

အထောက်အကူပြုပစ္စည်းများနှင့်အတူ ဒေါ်လာ ၁၂၄၀၀၀ တန်ဖိုးရှိဆေးဝါးများ၊ အစ္စလာမ်ဘာသာ ၀င်များသဂြိုလ်ရာတွင် အသုံးပြုသည့် ကဖန်ပိတ်စ ၁၅၀၀၀ တို့လည်းပါဝင်သည်။

Comment ရေးရန်

Rohingya Exodus