March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်များမှ မွတ်စလင်မ် ဗလီများဖျက်စီးရန် လူထုအား လုပ်ကြံသတင်းများ လွှင့်ထုတ်လျက်ရှိ



ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဈေးရောင်းတဲ့ ဆယ်ကျော်သက် အရွယ် လူငယ် တဦး ပျောက်ဆုံး နေတယ် ဆိုတဲ့ သတင်းတွေ ပံျ့နှံ့ ခဲ့ရာ ကနေ မူဆလင် တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် အနီးမှာ ရခိုင် လူမျိုးတွေ စုရုံး ခဲ့ကြ ပါတယ်။

အလားတူ စစ်တွေ မြို့ပေါ်က ဗလီတခု ကိုလည်း လူစု လူဝေးနဲ့ သွားရောက် ခဲ့တဲ့ အတွက် နောက်ထပ် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာ နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ ပါတယ်။

စစ်တွေ တဖက်ကမ်း ကျေးတောရွာမှာ နေထိုင်တဲ့ ရေခဲချောင်းသည် မောင်အောင်နိုင်ဦး ကို မူဆလင် တွေက သတ်လိုက်တယ် ဆိုတဲ့ သတင်း ထွက်ခဲ့ တာပါ။

ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဝင်းမြိုင် ကတော့ အဲဒီ ကလေးကို ပြန်တွေ့ပြီ ဖြစ်ပြီး ဒါဟာ နားလည်မှု လွဲမှား တာသာ ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

မူဆလင်တွေ သောကြာနေ့ ဗလီ ဆင်းတဲ့ အချိန်မှာ လူပျောက်တယ် ဆိုတဲ့ သတင်းကြောင့် ရခိုင် လူမျိုး ထောင်နဲ့ချီပြီး သွားဝိုင်းခဲ့ကြတယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ ဟုတ်မှန်ကြောင်း သူက ပြောပါတယ်။

အောင်မင်္ဂလာ ရပ်ကွက်မှာ ရှိနေတဲ့ မူဆလင်တဦးကတော့ ဒီလူငယ် အသတ်ခံရတယ် ဆိုတာ မဟုတ်ကြောင်းနဲ့ ရသေ့တောင် မြို့မှာ ရခိုင် တိုင်းရင်းသားတွေ စုရုံးပြီး ညီလာခံကျင်းပ ခဲ့ကြပြီး တဲ့နောက် သူတို့အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တော ဒေသတဝိုက်မှာ နေထိုင်ကြတဲ့ မူဆလင် အများစုကို ရခိုင် တိုင်းရင်းသား တွေက ဘင်္ဂါလီတွေလို့ ဆိုကြပြီး အဲဒီမူဆလင် တွေကတော့ သူတို့ဟာ ရိုဟင်ဂျာ တွေဖြစ်တယ်လို့ ဆိုပါတယ်။

ညနေပိုင်းမှာတော့ လမ်းပေါ်မှာ စုဝေးနေကြ သူတွေ လူစုခွဲပြီး ပြန်ကုန် ကြပြီလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

သူက အခြေအနေ တည်ငြိမ် နေတဲ့ သဘောမျိုး ပြောပေမယ့် ညမထွက်ရ အမိန့်ထုတ် ထားတဲ့ အချိန်အထိ အင်ဘာလာ ရပ်ကွက်မှာ လူ ၁၀၀ လောက် လုံခြုံရေး အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတယ် လို့ ကိုယ်တိုင် မြင်ခဲ့ရသူ ဦးသိန်းထွန်းအေးက ပြောပါတယ်။

သူတို့က ဒီကလေးဟာ သေဆုံးခဲ့ပြီလို့ ယူဆနေပြီး အလောင်းကို ထုတ်ပေးပါ လို့ တောင်းဆို နေကြ တယ်လို့ သူက ပြောပြပါတယ်။

ဒါ့အပြင် အစိုးရကိုလည်း မူဆလင်တွေဘက် လိုက်တယ်ဆိုပြီး သူတို့က စွပ်စွဲ အော်ဟစ်ခဲ့ကြကြောင်း ပြောပါတယ်။

ပျောက်ဆုံးနေတယ် ဆိုတဲ့ မောင် အောင်နိုင်ဦးဟာ ညနေပိုင်းမှာ သူ့နေအိမ်ကို ပြန်ရောက်လာတာမို့ သူ့ကိုခေါ်ပြီး ထုတ်ပြခဲ့ ပေမယ့် ဒါဟာ အောင်နိုင်ဦး အစစ် မဟုတ်ဘူး ဆိုပြီး လုံခြုံရေး နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ လူအုပ်က လက်မခံ ခဲ့ဘူးလို့ ဒီပဋိပက္ခကို ကူညီ ဖြေရှင်း ပေးနေတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် ကပြောပါတယ်။

ဒါပေမယ့် ညမထွက်ရ အမိန့် ရှိတာကြောင့် နောက်ပိုင်းမှာ လူစုခွဲပြီး အိမ်ပြန်ကြ လိမ့်မယ်လို့ ထင်ကြောင်း ဦးအောင်မြတ်ကျော် ကပြောပါတယ်။

မှီငြမ်း-ဘီဘီစီမြန်မာပိုင်း

Comment ရေးရန်

Pages 22123456 »
Rohingya Exodus