July 30, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ကြေညာချက်များ

အယ်ဒီတာ့အာဘော်

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

RNDP မှအစ္စလာမ်ဘာသာဝင်များအားရိုင်းပျစွာစော်ကား


RNDP ၏ တိုးတက်ရေး သတင်းလွှာတွင် ပါရှိသည့် အစ္စလာမ်ဘာသာဝင်များ အားစော်ကားထားသည့်အရေးအသားများ

ကျော်စွာဝင်း
RB News
27.12.2012

ရခိုင်ပြည်နယ်တွင် အင်အားကြီး ပါတီဖြစ်ပြီး၊ ဇွန်လနှင့်အောက်တိုဘာလများ တွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက် မှုများကို ဦးဆောင်ခဲ့သည့် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) မှ  မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များအား လွန်စွာရိုင်းပျ၍စော်ကားရေးသားထားသည်ကိုတွေ့ရသည်။

RNDP မှလစဉ် ထုတ်ဝေသည့် တိုးတက်ရေးသတင်းလွှာ အတွဲ (၂) အမှတ် (၁၂) နိုဝင် ဘာလ ထုတ် တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များအား တိရိစ္ဆာန်နှင့် ခိုင်းနှိုင်း၍ရေးသား ခဲ့သည်။ (RNDP မှရေးသားခဲ့သည်ကို အထက်ပါ ဓါတ်ပုံတွင်ကြည့်ပါ) အဆိုပါကိစ္စနှင့်ပတ်သက်၍မြန်မာနိုင်ငံမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်မှဟာဂျီဦးလှဝင်းက သမ္မတရုံးသို့တိုင်တန်းခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့တွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှRNDPပါတီဝင်များအား နေပြည်တော် သို့ခေါ်ယူ၍ သတိပေးခဲ့သည်ဟု သတင်းများအရ သိရသည်။ နိုင်ငံတကာတွင် ဘာသာရေး စော်ကားမှု သည်လွန်စွာပြင်းထန်သောပြစ်မှုဖြစ်ပြီး၊ အစိုးရများကပြင်းပြင်းထန်ထန် အရေးယူလေ့ရှိသည်။ သို့သော် လည်း ဤကိစ္စကိုမြန်မာ အစိုးရမှသတိပေးရုံမျှဖြင့်သာနိဂုံးချုပ်လိုက်သည်။

RNDP မှ OIC နှင့် အစ္စလာမ်နိုင်ငံများ အားလုံးကို လွန်စွာစော်ကား၍ရေးသားထားသည်ကိုလည်းတွေ့ရပါ သည်။ ဇွန်လနှင့်အောက်တိုဘာလအကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူ အများစုမှာ ရိုဟင်ဂျာနှင့် ကမန်မွတ်စလင်များဖြစ်သည်။ ဆော်ဒီအာရေဗျာနှင့် အခြားသော အစ္စလာမ်နိုင်ငံများမှ လှူဒါန်းသော ယာယီတဲများ၊ အစားအသောက်များကို လူမျိုးမရွေး၊ ဘာသာမရွေး၊ သုံးစွဲခွင့်ပေးထားသည်။ ပေါက်တော မြို့တွင် ရိုဟင်ဂျာမွတ်စလင်များမှာ လယ်ကွင်းဟင်းလင်းပြင်တွင် နေထိုင်နေရသော်လည်း၊ ရခိုင်ဗုဒ္ဓ ဘာသာဝင်များမှာ ဆော်ဒီအာရေဗျာနိုင်ငံမှလှူဒါန်းသောယာယီတဲများဖြင့် ကျန်းမာရေးနှင့်ညီညွတ်စွာနေ ထိုင်နေရသည်ကိုလွန်ခဲ့သည့်ရက်ပိုင်းတွင် ဘီဘီစီသတင်းဌာန မှရေးသားဖော်ပြခဲ့သည်။

RNDP ပါတီဥက္ကဌဒေါက်တာအေးမောင်သည် ဇွန်လတွင် အကြမ်းဖက်မှုများ စတင်သည့်အချိန်မှ စ၍ အကြမ်းဖက်မှုများ ကြီးထွားစေရန် နည်းလမ်းမျိုးစုံဖြင့်လောင်စာဖြည့်ပေး ခဲ့သူဖြစ် သည်။ ဒေါက် တာအေးမောင် မှ ဥပဒေကို သတိမမူ ၍ပြောဆိုနေခြင်းကို နိုင်ငံတော်အစိုးရမှ ယခုအချိန်ထိ အရေးယူခြင်း တစ်စုံတစ်ရာမရှိ သေး သည်ကိုတွေ့ရပါသည်။

“အစိုးရက အစ္စလာမ်ဘာသာကို ဆန့်ကျင်စော်ကားနေတာတွေကို အရေးမယူဘူး။ ဦးဝီရသူလည်း အစ္စလာမ် ကိုပေါ်တင်စော်ကားတာဘဲ။ RNDP အေးမောင်အတွက် ဥပဒေဆိုတာမရှိ သလိုပုံစံမျိုး လုပ်နေတာ တော်တော်ကြာပြီ။ အစိုးရက ရခိုင်အရေးအတွက် တကယ်အရေး ယူမယ်ဆိုရင် အေးမောင်ကို အရင်ဆုံးဖမ်း ရလိမ့်မယ်။ အစိုးရကိုယ်တိုင်က ဒီကိစ္စတွေ အားလုံးရဲ့နောက်ကွယ်မှာရှိနေတော့ လူကြားကောင်းအောင် လုပ်ပြတာပါ။ အခုစော်ကားတဲ့ကိစ္စကို သတိပေးရုံနဲ့ အစ္စလာမ် ဘာသာဝင်တွေ ကကျေနပ်ကြမှာလား။ အစိုးရ အနေနဲ့သေချာကိုင်တွယ်ဖြေရှင်းဖို့သိပ်အရေးကြီးတယ်” ဟု ရန်ကုန်မြို့မှ မွတ်စလင်တစ်ဦးက RB News သို့ပြောသည်။

  1. ဟာဂျီ ဦလှဝင်ခင်ဗျာ စိတ်မစိုပါနှင့် ရခိုင်တွေဟာကမဘာမှာ အရိုင်းဆုံးနှင့်ဦးဏောက်ဖွဲ့ဖြိုး
    မှုအနည်းဆုံးလူမျိုး တမျိုးဖြစ်ပါတယ် မူဆလင်တွေရဲ့ဦးဏောက်ဖွဲ့ဖြိုးမှု့နှုန်းသူတို့သိခဲရင်

Comment ရေးရန်

Pages 22123456 »
Rohingya Exodus