နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာမွတ်ဆလင် စီးပွားရေးရှင်တို့အား ပစ်မှတ်ထား တိုက်ခိုက်


မြန်မာပြည်လုံး ဆိုင်ရာ မွတ်ဆလင် သုတ်သင်ရေး အစီအစဉ်ကို နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေတဲ့ မြန်မာအာဏာပိုင်များက မြန်မာပြည် ပြည်မရှိ မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်များ ဆောက်လုပ်ရေး ကုပ္မဏီ များကို လာဘ်ပေးလာဘ်ယူ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ နာမည်ပျက် (black list) စာရင်းသွင်းလိုက် ကြောင်း သိရပါတယ်။

နာမည်ပျက်စာရင်း သွင်းခံရတဲ့ စီးပွားရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ under table လုပ် ထားတာ ဘာမှ မရှိဘူး။ လုပ်ငန်းစဉ်အားလုံးမှာ တရားဝင် စာချုပ်စာတမ်းနဲ့ လုပ်ဆောင်ခဲ့တာပဲ ရှိပါတယ်။ အခု ကျွန်တော်တို့ကို နာမည်ပျက် စာရင်း သွင်းတယ်ဆိုတာ- စီးပွားရေး ယန္တရားယိုင်နဲ့သွားအောင် လုပ်ကြံမှု တစ်ခု သာ ဖြစ်ပါတယ်၊”လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်နဲ့ ဗုဒ္ဓမဖြစ်မှီကလည်း အာဏာပိုင်များက မွတ်ဆလင် စီးပွားရေးရှင်တို့အား ခရီး သွားလာမှု ပိတ်ပင်ခြင်း၊ မွတ်ဆလင် ရောင်းကုန် ၀ယ်ကုန်တို့အား ပို့ဆောင်ရေး ဆောင်ရွက်ပေးသည့် အကျိုး ဆောင်တို့အား ခြိမ်းခြောက်ပြီး စီးပွားရေး ဖြတ်တောက်မှုကို လုပ်ဆောင်ခြင်း ပြုခဲ့ပါတယ်။

ဒီလို ပြုမှု ဆောင်ရွက်ခြင်းဟာ လူမျိုးရေး၊ ဘာသာရေးကို သီးသန့် ရည်ရွယ်ပြီး စီမံချက်တစ်ကျ ဆောင်ရွက် ခြင်းသာ ဖြစ်တယ်လို့- သုံးသပ်သူ တစ်ချို့က သုံးသပ်နေပါတယ်။ ပိတ်ပင်ခံထားရတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင် စီးပွားရေးရှင်တို့အား အခုအချိန်ထိ လုပ်ဆောင်ပိုင်ခွင့်များ မပေးသေးတဲ့ အပြင်- အခုတစ်ခါ ပြည်မ မှာပါ-၊ မွတ်ဆလင် စီးပွားရေးရှင်တို့ကို ထပ်မံ ပိတ်ဆို့လိုက်ခြင်းဟာ အစ္စလာမ် ဘာသာဝင်တို့အပေါ် စနစ်တကျ စီမံချက်နဲ့ နှိပ်ကွပ်နေခြင်းသာ ဖြစ်တယ်လို့ ပြည်ပ အခြေစိုက် Myanmar Muslim Civil Rights Movement ခေါင်းဆောင် ဦးဌေးလွင်ဦးက ဝေဖန်လိုက်ပါတယ်။

RB news Desk

Comment ရေးရန်

Rohingya Exodus