နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်း ဖြစ်စဉ်များ


RB News
21.10.2012

တည်ငြိမ်မူကို ပျက်ပြားစေရသည့်အကြောင်းအရင်း။

၁။ ၂၀၁၀ ခုနှစ် ဒီမိုကရေစီရွေးကောက်ပွဲပြီးနောက် တိုင်းရင်းသားပါတီများထဲတွင် လွတ်တော်အမတ် အများစု အနိုင်ရရှိခဲ့သော (RNDP) ပါတီသည် ရွေးကောက်ပွဲပြီးနောက်၊ ပေါက်တောမြို့နယ် မဲဆန္ဒနယ်မြေရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ၎င်းတို့ (RNDP) ကိုယ်စားလှယ်လောင်း ကသာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း။ ထိုကြောင့် ပြည်ခိုင်ဖြိုးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ အခြေခံဥပဒေခုံရုံးတွင် တရားစွဲ ဆိုခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ အခြေခံခုံရုံးမှ တိုင်ကြား ချက်ကို အမှုဖွင့်စစ်ဆေး ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အား အနိုင်ပေး ခဲ့ကြောင်း ပြည် ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်၏ တရားမျှတစွာ အနိုင် ရရှိမှုကို အသိအမှတ် မပြုနိုင်သော (RNDP) ပါတီ သည် ပြည်ထောင် စုရွေးကောက်ပွဲဆိုင်ရာ အခြေခံခုံရုံး၏ ဆုံးဖြတ် ချက်ကို တရားဥပဒေအား လေးစား လိုက်နာ ကျင်ကြံတတ်သော စရိုက်အမြင်ဖြင့်လက်မခံဘဲ ထိုခုံရုံး၏ ဆုံးဖြတ်ချက် သည် တရားမျှတမှု မရှိကြောင်း မမှန်မကန်စွပ်စွဲပြီး ပါတီဗဟိုအလုပ်အမှုဆောင် များအားလုံးစုပေါင်းလက်မှတ်ရေး ထိုး ကာ ဆန့်ကျင်ကန့်ကွက်သော ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ဆိုင် ရာ အခြေခံခုံရုံး၏ အဆုံးအဖြတ်သည် မှန်ကန်မှုမရှိ၍ လက်မ ခံနိုင်ကြောင်း ကန့်ကွက်ခဲ့ သည့် ကြေညာ ချက်သည် ရွေး ကောက်ပွဲဆိုင်ရာအခြေခံခုံရုံး၏ အဆုံးအဖြတ်သည်သာ နောက်ဆုံး အ တည်ဖြစ်ရ မည်ဟု ပြဌာန်း ပါရှိသော ရွေး ကောက်ပွဲဆိုင်ရာဥပဒေကို အတိအလင်း ဆန့် ကျင်နေသောကြောင့် (RNDP) ပါတီ သည် ထိုကြေညာချက် ထုတ်ပြန် သည့်နေ့မှစ၍ မိမိတို့စိတ် ထင်တိုင်း တရား ဥပဒေစိုး မိုးရေးကို ခြေနင်းလို သည့်စိတ် ဓါတ်များ လွမ်းမိုးနေသောပါတီ တစ်ခုဖြစ်ကြောင်း သိသာမြင် လာနိုင်သည့်အပြင် (RNDP) ပါတီသည် တခြားသောပါတီအဖွဲ့အစည်းများထက် နိုင်ငံ တော် တရားရေး ဆိုင်ရာ အမြင့်ဆုံးတစ်ခုတည်းဖြစ်သော ခုံရုံးအား ဆန့်ကျင်စိန်ခေါ်ခဲ့သော လုပ်ရပ်သည် တရားဥပဒေ စိုးမိုးရေးကို မထီမြဲ့မင် ပြုလုပ်ရန် ၀န်မ လေးတတ်သော နိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်း သုံးသပ်မိပါသည်။

ဆက်လက်ဖတ်ရှုပါရန်-

Comment ရေးရန်

Rohingya Exodus