နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း | မင်းပြားမြိုမူဆလင်ရွာကိုရခိုင်အကြမ်းဖက်သမားများကမီးရှို့



၂၁.၁၀.၂၀၁၂ ရက် ညဥ့် ၁၁း၀၀ နာရီပတ်ဝန်ကျင်တွင် မင်းပြားမြို့ အဝေးပြေး ကားဂိတ်နားအနီ ပိုက်သည်မူဆလင်ရွာကို ရခိုင်အကြမ်းဖက်သမားများက မီးရှိုးပြီး ထွက်ပြေးလျှက်ရှိပါသည်။ ယခုအခါ မီးသည် အချိန်ပြင်းစွာ လောင်းလျှက်ရှိပြီး မင်းပြားမြို့ တခုလုံးမှာ စိုးရိမ်းလျှက်ရှိပါသည်။ အခြေအနေကို လုံခြုံရေး ရဲများမှ သေနပ်များ ပစ်ဖောက်ပြီး ထိန်းသိမ်းနေရသည်ဟု သိရှိရပါသည်။ ၁၂း ၀၀ နာရီတွင် စစ်တပ်မှ လုံခြုံရေးကို ၀င်ယူလာသည်ဟု သိရှိရပါသည်။

နောက်ဆုံးရ သတင်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ၊အောင်ဒိုင်( ရိုဟင်ဂျာ)ကျေးရွာ အား (၂၂.၁၀.၁၂)နေ့
နေလည့် (၂း၀၀)နာရီ အချိန်တွင် ရခိုင်အကြမ်းဖက်သမား (၄၀၀၀)ကျော်ကအကြမ်းဖက် မီးစတင်ရှို့ခဲ့ပါသည်။ ယခု အချိန်တွင် အောင်ဒိုင် (ရိုဟင်ဂျာ)ကျေးရွာ တစ်ရွာနီးပါး မီးလောင်းကျွမ်း
သွားပါသည်။ ထိုရွာအနီးတွင် လုံခြုံရေး ၀န်ထမ်းများ ရှိသော်လည်း အရေးမှုတစ်စုံတစ်ရာ မပြုလုပ်
ခဲ့ကြောင့် သိရှိရပါသည်။ထိုကြောင့်
လက်ရှိ အောင်ဒိုင်ကျေး၇ွာမှ ရိုဟင်ဂျာလူမျိုးများ၏ အသက်အ
္တန္တာရာယ် ကို စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေပါသည်။ အခုအခါတွင် ရခိုင်ပြည်နယ် တစ်ပြည်နယ်
လုံးရှိ ရိုဟင်ဂျာလူမျိုးများ၏ အသက်အန္တာရာယ်ကို စိုးရိမ်းရသည့် အခြေအနေရှိနေပါသည်။
ထိုကြောင့် ကမ္ဘာနိုင်ငံအသီးသီ နှင့် ကုလသမ္မက လုံခြုံရေး စစ်တပ်အား အမြန်ဆုံးစေလွှတ် ပေးပါ
ရန် အနူးအညွှန်တောင်းဆိုအပ်ပါသည်

ရိုဟင်ဂျာလူမျိုးများ
***********************************************************
Update News
မင်းပြားမှာ မွတ်စလင်မ်များ သီးသန့်နေထိုင်တဲ့ရွာ (၁၄)ရွာရှိပါတယ်။ ဒီရွာတွေ အားလုံးကို မီးရှို့ဖျက်ဆီးမယ်လို့ မြို့ပေါ်က ဓမ္ဘာရုံမှာအစည်းအဝေးခေါ်ပြီး စည်းရုံးခဲ့တာပါ။ ရခိုင်ပဋိပက္ခတွေဖြစ် ကတည်းက မင်းပြားမြို့မှာ မည်သည့်ပြဿနာမှ မဖြစ်ခဲ့သော်လည်း အခုတော့ မွတ်စလင်မ်များအား ဆိုးရွားစွာ ချေမှုန်းခံနေရပါပြီ။ မနေ့ကစပြီး ဖြစ်တာ အခုထိ စုစုပေါင်း ရွာနှစ်ရွာ ပြာကျ သွား ပါပြီ။ လောလော ဆယ် တစ်ရွာကို ၀င်ပြီး စတင် မီးရှို့ဖျက်ဆီးနေပါပြီ။ ပျက်ဆီး မီးလောင် သွားတဲ့ မွတ်စ လင်မ် ရွာနှစ်ရွာ ဟာ အိမ်ခြေ (၂၀၀)ကျော်ရှိပြီး ဗလီတွေ မဒရ်စာတွေ ရှိကြပါတယ်။ မွတ်စလင်မ် အမျိုးသမီး (၃)ဦး၊ အမျိုးသား(၁)ဦးရှဟီးဒ်ဖြစ် သေဆုံးခဲ့ပြီး လူခြောက်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ ထားပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ တစ်ဦးက အရမ်းစိုးရိမ်ရတဲ့အခြေရှိပါတယ်။ အားလုံး ဟာ ဆေး ကုသမှု ခံယူဖို့ လိုအပ်နေပါတယ်။ သို့ပေမယ့် ပုန်းအောင်းနေကြရပါတယ်။ စစ်တပ်က အကြမ်း ဖက်သ မားတွေကို သေနတ်တွေ မိုးပေါ်ထောင်ပစ်ဖောက် ခြိမ်းခြောက်ပေ မယ့် နောက် ဆုတ်မ သွားကြပါ။ မီးလောင် ကျွမ်းခဲ့တဲ့ နေရာတွေမှာ မီးသတ်ဌာနက မီးငြိမ်းသတ်တာလဲ မရှိတာကြောင့် ကိုယ်ထူကိုယ်ထ မီးတွေ ကို ၀ိုင်းဝန်းငြိမ်းသတ်နေတဲ့မတ်စလင်မ်တွေကို အကြမ်းဖက် သမားတွေ က ၀င်ရောက်ရန်ပြုရာက လူသေခြင်း၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်လာရပါတယ်။

အခုမေးမြန်းထားတာမင်းပြားမြို့ပိုက်သည်ရွာက ဒေသခံတစ်ဦးကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကြောက်ရွံ့ တုန်လှုပ်စွာနဲ့ ရခိုင်ဘာသာနဲ့ဖြေကြားပေးထားတာကို ကြိုးစားပြီး ဘာသာပြန်ပေးထားတာပါ။ သူနဲ့ဆက် သွယ်တာ (၁၅)မိနစ်ကြာခဲ့သော်လည်း ရခိုင်သံ အရမ်းကို ၀ဲနေလို့ နားလည် သလောက်ပဲ ရေးလိုက် ပါတယ်။ မွတ်စလင်မ်ရွာတွေရဲ့အမည်တွေကိုလည်း သူပြောပြပါတယ်။ ရွာတစ်ရွာဆိုလျှင် အိမ်ခြေ (၈၀၀)ကျော်လောက် မွတ်စလင်မ်တွေ နေထိုင်တဲ့ ရွာကြီးပါ။ အဲ့ဒီရွာကို ချေမှုန်းဖို့ အခု လူအင်အား စုနေတယ်လို့လည်း ပြောပြပါတယ်။ အခုတော့ ကြောက်ရွံ့စွာ ပုန်းအောင်းနေကြရပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာတွေကို မေးမြန်းမိလို့ ပြောပြသွားပါတယ်။

(သူတို့အတွက် ဆုတောင်းကြဖို့ကိုလည်း ငို၍ ပြောပြပါတယ်။)
Face Book.
*******************************************************************
News Update
မင်းပြားမြို့နယ်၊ သရက်အုပ်ကျေးရွာ ဘင်္ဂလီများ ကိုယ့်အိမ်ကိုယ်မီးရှို့(အဖြစ်မှန်သိရှိစေရန် လက်ဆင့်ကမ်း Share ပေးပါရန်)

မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာတွင် ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ဦးအစ္စမန် ၏ နေအိမ်အညူ အဆိုပါကျေးရွာနေ ဘင်္ဂလီ(၁၀၀) ဦးခန့်မှ ၀ိုင်းဝန်းမီးရှို့ခဲ့ကြောင်း သိရှိရသည်။ ထိုသို့မီး ရှို့ရခြင်းမှာ သရက်အုပ်ကျေးရွာမှာ သိမ်းတောင်(ရခိုင်)ရွာနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေရာ သိမ်းတောင် (ရခိုင်
) ရွာသို့ မီးကူးစက်လောင်ကျွမ်းစေရန် ရည်ရွယ်မီးရှို့ခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ မီးလောင်စဉ် လေမှာ သိမ်းတောင် (ရခိုင်)ရွာဘက်မှ သရက်အုပ်(ဘင်္ဂလီ)ရွာဘက်သို့ တိုက်ခတ် သဖြင့် သ ရက် အုပ်ရွာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘင်္ဂလီနေအိမ်(၁၅၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မ နက် ၉ နာ ရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်
RB News Desk

Comment ရေးရန်

Rohingya Exodus