နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်း

Tuesday, 23 October 2012 21:07 ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်မှစတင်ပြီး မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် ကျေးရွာအခိျု့မှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် လူမျိုးစုအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့အထိ ဆူပူအကြမ်းဖက် မီးရှို့မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။အဆိုပါဖြစ်စဉ်များကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ (၆)ရွာ၊ အိမ်ခြေ (၅၃၁) အိမ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာ (၂)ရွာ၊ အိမ်ခြေ (၅၀၈)အိမ်၊ စုစုပေါင်း အိမ်ခြေ (၁၀၃၉) မီးလောင် ဆုံးရှုံးခဲ့ကာ ယင်းဖြစ်စဉ်များတွင် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး အမျိုးသား (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပဋိပက္ခများ ထပ်မံ မဖြစ်ပွားအောင်တားဆီးရေး၊တရားဥပဒေစိုးမိုးရေး၊ ပြန်လည်တည်ငြိမ်ရေး၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း တာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြန်ကြားရေးဝန်ကြီးဌာန။

မှီငြမ်း-

Comment ရေးရန်

Rohingya Exodus