နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည် မြို့နယ်ဘက် အဓိကရုဏ်းကူးစက် (ဘီဘီစီ)

ရခိုင်ပြည်နယ် တွင်းရှိ မြောက်ဉီး၊ မင်းပြား ဘက်မှာ တနင်္ဂနွေနေ့ ညဘက်က စဖြစ်တဲ့ အဓိကရုဏ်း ဟာ မနေ့ ညနေ က ကျောက်ဖြူ မြို့ဘက်ကူးစက်ပြီး၊အပြန်အလှန်တိုက်ခိုက်မှု တွေနဲ့မီးရှို့မှု တွေ ပေါက်ခဲ့ပါတယ်။

နှစ်ဘက် အသေအပျောက်လည်း ရှိပေမယ့် အရေအတွက်ကို အတည်ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေ ကို ဒေသခံ တွေ က ဆက်သွယ် အကူအညီ တောင်းရာမှာ အခြေအနေ ထိန်းသိမ်းလို့ ရအောင်ကူညီတဲ့အပိုင်းရှိသလို၊အကူအညီကင်းမဲ့ရာကထွက်ပြေးတိမ်းရှောင်သူ တွေရှိကြောင်း ဒေသခံတွေ က ပြောပါတယ်။

မင်းပြားမြို့မှာ စစ်တပ် က ဖိဖိစီးစီး ကာကွယ်ပေးတဲ့ အနေနဲ့ သေနတ် ကို မိုးပေါ်ထောင်ပစ်တာ၊ လူအုပ်စု ကို ခွဲတဲ့ အနေနဲ့ လူအုပ်ထဲ မျက်ရည်ယိုဗုံး ဖေါက်ခွဲတာ ရှိပေမယ့် မြောက်ဦး မှာ ကာကွယ်ပေးမှု မရှိတဲ့ အကြောင်း ရွာခံတွေ က ရန်ကုန်မြို့ရှိ အစ္စလာမ် သာသနာရေး ကောင်စီ ကို တဆင့် ပြောပါတယ်။

ကျောက်ဖြူမြို့မှာအိမ်ခြေနှစ်ဆယ်ခန့်မီးလောင်ပြီး၊ဒဏ်ရာရသူနှစ်ဆယ်ကို ဆေးရုံတင်ထားရကြောင်း   ကျောက်ဖြူမြို့ခံ က ဘီဘီစီ ကိုပြောပါတယ်။ နှစ်ဘက် တိုက်ခိုက်မှု အတွင်း လေးခွ၊ ဂျင်ဂလိ၊ ဓါးရှည် တွေ အသုံးပြုကြောင်း၊ နေအိမ်တွေ ကိုလည်း မီးရှို့ ကြကြောင်း၊ နှစ်ဘက်စလုံး က ဘီဘီစီ ကိုပြောပါတယ်။

အခုလို အစ္စလမ်ဘာသာဝင်တွေ နဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေ အကြား ပဋိပက္ခ တွေ ပြန်လည်ဖြစ်ပွားတဲ့ အတွက် အခု ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် အစ်နေ့ အထိမ်းအမှတ် ကုရ်ဘာနီ ကို ဒီနှစ် မလုပ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့က အသိပေး ကြေညာ လိုက်ပါတယ်။


ဘီဘီစီမြန်မာပိုင်း။

Comment ရေးရန်

Rohingya Exodus