နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗုဒ္ဓဘာသာဝင်တွေသာဆိုရင်














O'Laie Manzu
31.10.2012

မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို ရွံ့ရှာမုန်းတီးကြတယ်ဆိုတာ သဘာဝတရား တစ်ရပ်လိုဖြစ် လာနေပါတယ်။ အများစုက လူရှေ့မှာ မကောင်းတက်လို့ မပြောကြပေမယ့် ရင်ထဲမှာ အစ္စလာမ်ဘာသာ ဝင်တွေကို မုန်းတီးတဲ့စိတ်က အမြစ်တွယ်နေတယ်။ နှစ်ပေါင်းများစွာကတည်းက မကြိုက်မနှစ် သက်ပါဘူး လို့ အတန်တန်ပြောတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကိုမှ မြိန်ရည်ရှက်ရည်ပြော တက်ကြ တယ်။ မွတ်စ လင်တွေ အပေါ်အမုန်းစကားတွေပြောတယ်။ အမုန်းမျက်စီနဲ့ကြည့်တယ်။ အမုန်းတရားတွေ နဲ့ ဝေဖန် သုံး သပ်ကြတယ်။ 

လွတ်လပ်ရေးရပြီးကတည်းက ခေတ်အဆက်ဆက်မှာ မြန်မာပြည်က မွတ်စလင်တွေကို ဖိနှိပ်ထားလို့ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ ပိပြားနေပြီးပြီ။ မြန်မာနိုင်ငံမှာ မွတ်စလင်တွေက အစ္စလာမ်ဘာသာပြန့်ပွားအောင်ဘာသာရေးစည်းရုံးမှုတွေလည်း လုပ်မနေဘူး၊ ဘယ်စီးပွားရေးကိုမှလည်း လက်ဝါးကြီးအုပ်မထားဘူး၊ ဗုဒ္ဓဘာသာကိုလည်း မစော်ကားနေဘူး။ ဒါပေမယ့် နည်းနည်းလောက်ဆိုရင် ဘာသာရေးအဓိကရုဏ်းလို့ ခေါင်းစဉ်တက်ပြီး မွတ်စလင်တွေ နေအိမ်ကိုဖျက်၊ ဆိုင်တွေထဲက ပစ္စည်းတွေလု၊ ဗလီဝတ်ကျောင်းတော်တွေကို ဖျက်၊ ကိုရ်အာန်စာအုပ်တွေကို မီးရှို့၊ ကမ္ဘာ့ရန်သူတွေလို အငြိုးထားကြတယ်။ 

ဒါထက်အပြင်ကို သတင်းမီဒီယာတွေကနေ မွတ်စလင်မုန်းတီးရေးကို နည်းအမျိုးမျိုး လူတွေစိတ်ထဲမှာ ကိန်းအောင်းနေအောင်ဖန်တီးကြတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာပြဿနာမှာ သတင်းမီဒီယာတွေက အင်္ဂလိပ်လိုရေးရင်တော့ ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာ လူမျိုး၊ စာရင်းအတိ အကျမသိ ရပေ မယ့် ရိုဟင်ဂျာက ပိုပြီးအထိနာတယ်လို့ရေးကြတယ်။ ဗမာလိုရေးရင်တော့ တိုင်းရင်းသားရခိုင်လူမျိုးနဲ့ ဘင်္ဂလီ လိုပြော၊ ရခိုင်လူမျိုးတွေက ဘင်္ဂလီလူမျိုးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံနေကြရတယ်ဆိုတဲ့ အာဘော်နဲ့ရေးသားကြတယ်။ 

ရခိုင်နဲ့ ရိုဟင်ဂျာပြဿနာက လူမျိုးရေးပြဿနာတစ်ရပ်ဖြစ်ပေမယ့် ဘာသာမတူတဲ့ လူမျိုးနှစ် မျိုးဖြစ်နေတော့ ဘာသာရေးပြဿနာအသွင်ကူးပြောင်းသွားနိုင်လို့ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ မွတ်စ လင်တွေ က ရင်တ ထိတ်ထိတ် အံတကြိတ်ကြိတ်နဲ့ စိုးရိမ်မှုအောင်မှာ နေ နေရတယ်။ ဒီကိစ္စမှာ နှစ်ပေါင်း များစွာ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တော် လှန်ရေးခေါင်းဆောင်တွေ ကလည်း ရိုဟင်ဂျာတွေဖိနှိပ်ခံနေရတာကို သိသိရက်နဲ့၊သတင်းမီဒီယာတွေကတစ်ဖက်စောင်းနှင်းဖော်ပြနေ တာကို သိသိရက်နဲ့ အခုတော့ လူသားချင်းစာနှာတဲ့ အတွေးအခေါ်တွေ ကိုမကြား ဖူး သလို၊ တရားဥပဒေစိုး မိုးရေးဆိုတာမလိုအပ်တော့သလို၊သတင်းမီဒီယာရဲ့ကျင့်ဝတ်တွေကအရေးမကြီးတော့သလို ရှောင်ဖယ်ရှောင် ဖယ်လုပ်သူလုပ်၊ လူအများက ငြိုငြင်မှာ စိုးရိမ်လို့ မမြင်ချင်ယောင်ဆောင်သူဆောင်နဲ့ ပါးစပ်ပိတ် မျက်နှာ လွဲပြီးနေကြတယ်။ 

သတင်းမီဒီယာတွေကနေ ဗုဒ္ဓဘာသာဝင်တွေ အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်၊ တိုင်းရင်းသားရခိုင်လူမျိုးတွေ ဒုက္ခရောက်နေကြတယ်၊ တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီမွတ်စလင်တွေနဲ့ ပြဿနာတက်နေတယ်။ မြို့တွေ မီးလောင်ကုန်ပြီ၊ ရွာတွေပျက်ဆီးကုန်ပြီ ဆိုပြီး လူတွေရဲ့စိတ်ထဲမှအမုန်းတရားတွေကိန်းအောင်လာအောင်၊ ကိန်းအောင်နေတဲ့အမုန်းတရားတွေကြီးထွားလာအောင်၊ ဒေါသမီးတွေတောက်လောင်လာအောင်၊ ရေး သားဖော်ပြကြတယ်။ သတင်းဓါတ်ပုံတွေမှာ တွေ့ရပါလိမ့်မယ်။ ရိုဟင်ရျာတွေနေတဲ့ မြို့တွေရွာတွေ မီးလောင်နေတဲ့ ပုံတွေကိုပြပြီး ရခိုင်လူမျိုးတွေ အိုးမဲ့အိမ်မဲ့ဖြစ်တယ်လို့ပြော၊ ဘင်္ဂလီတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြေးတယ်လို့ပြောလိုကြော၊ အိုးမဲ့အိမ်မဲ့ဖြစ်တာအများစုက ရိုဟင်ဂျာတဲ့၊ ဓါတ်ပုံတင်တော့ ဘုန်းကြီးကျောင်းကရခိုင်ဒုက္ခသည်တွေ။ဒီလိုသတင်းမီဒီယာတွေကအမျိုးမျိုး သွေးထိုးနေတော့ မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကလည်းရခိုင်လူမျိုးတွေဘက်ကမခံမရပ်နိုင်အောင်ဖြစ်ကြ တယ်။ အမုန်းတရားတွေက အမှန်တရားတွေကို ဖုံးကွယ်သွားကြတယ်။ 

အမှန်တကယ်တော့ အခုအခင်းဖြစ်ပွားနေတဲ့ ဘူးသီးတောင်-မောင်းတော ပါတ်ဝန်ကျင်ဒေသတွေက ရိုဟင်ဂျာတွေရဲ့ဘိုးဘွားအစဉ်အဆက်က နေထိုင်လာခဲ့တဲ့နေရာဖြစ်တယ်။အင်္ဂလိပ်အစိုးရက မြစ်ချောင်းတွေ၊ တောင်တန်းတွေကိုအဓိကထားပြီးနယ်နမိတ်သက်မှတ်ပေးခဲ့တဲ့အတွက်နတ်မြစ်ရဲ့ အရှေ့ ဘက်အခြမ်းမှာရှိ တဲ့ ဘူးသီးတောင်-မောင်းတောကလည်း မြန်မာနိုင်ငံရဲ့ နယ်နမိတ်ဖြစ်လာခဲ့ရတာပါ။ တရားမခင်ခိုးဝင်လာ တာမျိုးမဟုတ်ဘဲ ရှေ့ရှေ့ကတည်းက ကိုယ်ဒေသမှာကိုယ်လာခဲ့တဲ့ လူမျိုးစုတစ်စုဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၇ ဖွဲ့စည်းအုပ် ချုပ်ပုံအရ တိုင်းရင်းသားလူမျိုးစုတစ်စုရဲ့ အင်္ဂါရပ်တွေနဲ့ ကိုက်ညီပြီး တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးရပြီးနောက်မှ ရိုဟင်ဂျာ လူမျိုး ၇၅%ကျော်ရှိတဲ့ ဘူးသီးတောင်၊ မောင်းတောနဲ့ ရသေ့တောင် အနောက်မြောက်ဒေသတွေ ကို မေယုခရိုင်လို့ သက်မှတ်ခဲ့ပြီး နယ်ခြားဒေသအုပ်ချုပ်ရေးဌာနကနေတဆင့် အုပ်ချုပ်စေခဲ့တယ်။ ဒါတွေအား လုံးကို ဦးနေဝင်အစိုးရတက်လာပြီး ပြောင်းလဲခဲ့ပါတယ်။ တိုင်းရင်းသားစာရင်းဝင် ကနေဖြုတ် ရုံတင်မက ဘူး တရားမဝင်ခိုးဝင်လာသူတွေလို့ စွပ်စွဲခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တွန်းပို့ခဲ့တယ်။ အဲဒီအချိန်တုန်းကရင်း ရိုဟင်ဂျာတွေ နလှန်မထူနိုင်တော့တာ အခုအထိလို့ဆိုရမယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့ လူမျိုးရဲ့ အမည်ကိုခံယူပြီး အမျိုးမျိုးဖိနှိပ်နေတဲ့ နေရာကို တရားမဝင်ခိုးဝင် လာနေကြတယ်ဆိုတာကို ဘယ်လိုဦးနှောက်နဲ့ ယုံနိုင်ပါ့မလဲ။ ဒါပေမယ့် နှစ်ရှည်လများ အမုန်းတွေ ကိန်းအောင်နေ တဲ့ လူထုကြီးကတော့ သတင်းမီဒီယာမှာဖော်ပြထားတာတွေကို ယုံကြည်ကြတယ်။ အမုန်း တရားတွေကြီး ထွားလာပြီး ဘုန်းကြီးတွေကိုယ်တိုင်က ဦးဆောင်တဲ့အဆင့်ကို ရောက်လာတာကို သတိပြုမိပါလိမ့်မယ်။ 

ဒီမိုကရေစီရပြီးရင် ရခိုင်-ရိုဟင်ဂျာပြဿနာရှင်းရလိမ့်မယ်ဆိုတာ တော်လှန်ရေးအသိုင်းအဝိုင်းက အနည်းနဲ့ အများ သိထားပြီးဖြစ်တဲ့ ကိစ္စတစ်ခုပါ။ ဒီမိုကရေစီအသွင်ပြောင်းရင် အခြားလူမျိုးတွေနည်းတူဘဲ ရိုဟင်ဂျာတွေကလည်း လူ့အခွင့်အရေးရကြလိမ့်မယ်။ သမိုင်းအထောက်အထားတွေအရ ရိုဟင်ဂျာတွေက လည်း တချိန်တုန်းက အသိအမှတ်ပြုခံခဲ့ရသလို တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုခံရလိမ့်မယ်။ ရိုဟင်ဂျာတွေရဲ့ ဒေသကနေလည်း ကိုယ်စားလှယ်တွေတက်လာလိမ့်မယ် ဆိုတာကိုရခိုင်ခေါင်းဆောင်တွေ က လက်မခံဖြစ်နေတာ ကြာပါပြီ။ အချိုးကျကိုယ်စားပြုစနစ်ကို ရိုဟင်ဂျာကိစ္စအပျက် မရှင်းပြီးမချင်း ကျင့်သုံးဖို့မစဉ်းစားနိုင်ဘူးလို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ကန့်ကွက်ခဲ့တဲ့ သတင်းကို မှတ်မိကြပါ လိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ကိုယ့်လူမျိုးအသာစီးရမှသာ အပြည့်အဝကျင့်သုံးမယ်ဆိုတာ သဘာဝ မကျတဲ့ ကိစ္စတစ်ခုပါ။ 

အခုလို ရိုဟင်ဂျာတွေကို ဆန့်ကျင်နေတာ ရိုဟင်ဂျာတွေက အသားပိုမည်းလို့မဟုတ်ဘူး။ နာခေါင်းပိုချွန် လို့လည်းမဟုတ်ပါဘူး။ မျက်လုံးပိုပြူးလို့လည်းမဟုတ်ပါဘူး။ လူမျိုးမတူလို့ဖြစ်တဲ့ ကိစ္စထက် ဘာသာမတူလို့ ပြဿနာကြီးတစ်ရပ်နေနဲ့ ပေါ်ထွက်ကြီးမားလာတာဖြစ်ပြီး ရိုဟင်ဂျာတွေသာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြမယ်ဆိုရင်ရခိုင်နဲ့ရိုဟင်ဂျာအချစ်နလှန်ထနေကြလိမ့်မယ်လို့ တွေးတောသုံးသပ်မိ ပါတယ်။

Comment ရေးရန်

Rohingya Exodus