ရိုဟင်ဂျာမိန်းကလေးတစ်ဦးမှ အိုဘားမားထံစာပို့ရန်လက်မှတ်ခြောက်သောင်းကျော်ရရှိထား
နိုင်ငံတကာတွင် Petition လုပ်ရာတွင် CNN, The New York Times, Bloomberg ကဲ့သို့သောသတင်းဌာနများ၏ ထောက်ခံမှုများကြောင့် Change.org သည်အလွန်ကျော်ကြားလာသည်။
အမေရိကန်သမ္မတဘားရက်ဟူစိန်းအိုဘားမားသည် မြန်မာနိုင်ငံသို့အလည်အပတ်သွားရောက်မည်ဟုတရားဝင်ကြေညာပြီး နောက် နိုင်ငံတကာရှိလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာမွတ်စလင်များကိုလူမျိုးတုန်းသတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ အိုဘားမားထံသို့စာရေးသား၍ မြန်မာနိုင်ငံအစိုးရနှင့်ဆွေးနွေးရန်တိုက်တွန်းကြသည်။
အလားတူ Change.org တွင်ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ Petition ပေါင်းများစွာလုပ်ခဲ့ရာတွင် အမေရိကန်နိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိသော ရိုဟင်ဂျာမိန်းကလေးတစ်ဦးဖြစ်သည့် Aisha Shashudin မှလွန်ခဲ့သည့်ရက်ပိုင်းတွင်စတင်ခဲ့ သည့် President Obama: Speak Out Against Ethnic Cleansing in Burma အမည်ရှိ Petition သည် ထောက်ခံအားပေး၍လက်မှတ်ရေးထိုးသူအများဆုံးနေရာတွင်နေရာယူထားသည်။ ယခုအခါလက်မှတ်ရေးထိုးသူပေါင်း ခြောက်သောင်း ကျော်ရှိနေပြီဖြစ်သည်။
Aisha Shashudin သည်အသက်တစ်နှစ်အရွယ်တွင် မိဘများနှင့်အတူ မလေးရှားနိုင်ငံသို့ရောက်ရှိခဲ့ပြီး ထိုမှတဆင့် အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့၍အခြေကျနေထိုင်နေခြင်းဖြစ်သည်။ သူမ၏မိဘများသည်မြန်မာနိုင်ငံတွင်လုံခြုံစွာနေထိုင်ခွင့်မရသဖြင့်မလေးရှားနိုင်ငံသို့ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ယခုအခါသူမ၏ဘ၀သည်လုံခြုံစိတ်ချစွာနေထိုင်နိုင်ပြီးဖြစ်သော် လည်း၊ နိုင်ငံတွင်းရှိရိုဟင်ဂျာမောင်နှမများအတွက်အလွန်တရာပင်စိတ်ပူမိကြောင်း သူမ၏ အိုဘားမားထံရေးသားထား သောစာတွင်ဖတ်ရှုရသည်။
Aisha Shashudin ၏ Petition ကိုအောက်ပါလင့်ခ်အတိုင်းသွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။
-RB News Desk-