နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမှ ရှင်းလင်းပြောကြား


နိုင်ငံတော်သမ္မတရုံး
16.11.2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေ ဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြကုန်သော ဗုဒ္ဓ ဘာသာနွယ်ဝင် သူတော်စင် ဆ ရာတော် ဘုရား များနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည် ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီး အကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ဖြစ် စဉ်များ အပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက် နေမှုများနှင့် ကြွရောက်လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဉာဏ် ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံရခြင်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက် တိုက်ခိုက်မှု များ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောကျာ်း မိန်းမ (၁၆၇ ) ဦး၊ ဒဏ်ရာရ သူ ယောကျာ်း မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦပေါင်း (၁၀၁,၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉,၈၀)၊ လူဦးရေ (၁၁၁,၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုး ရနှင့် အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသမဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအခိျု့နှင့် အသင်း အဖွဲ့အခိျု့တို့မှအကူအညီများရယူပြီးလတ်တလောအဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက် ထား ရပါတယ်။

ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန် ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့် အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာ မှ ကြီးမား ကျယ်ပြန့် သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်း ရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိ ဒုက္ခ္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဤ ဆုံးရှုံးမှုအားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများ ပင် ဖြစ် ပါတယ်။

ဤကဲ့သို့ ဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာစေရန် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်သူ အခိျု့မှလည်း နောက်ကွယ်မှ မမှန်ကန်သော နည်းလမ်းများဖြင့် မြှောက်ပင့် သွေးထိုး လှုံ့ဆော်ပေးမှုများ ရှိခဲ့သည့်အပြင် ပြည်ပအဖွဲ့ အစည်း အခိျု့နှင့် နိုင်ငံအခိျု့တို့မှလည်း မမှန်မကန် လုပ်ကြံ သတင်းများ ထုတ်လွှင့်၍ ပြဿနာပိုမို ကြီးထွားလာအောင် လုပ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီး မှုများသည် မိမိတို့ အစိုးရသစ်လက်ထက် အဖက်ဖက်မှ ပြောင်းလဲ တိုးတက်နေသည့် အရှိန်အ ဟုန်ကို များ စွာ ထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ် ရာ ဖြစ်ခဲ့ရပါ တယ်။ မြန်မာနိုင်ငံ အပေါ် စွပ်စွဲ ပြစ် တင်မှု များလည်း ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံ အခိျု့နှင့် လည်း ပြဿနာများကို မိမိတို့ အစိုးရမှ ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ဘဂါင်္လီ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှ တို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၄င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တ ကျ နေထိုင် လာခဲ့ ကြပါတယ်။ အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ခိျု့ တရားမဝင် ဝင်ရောက် လာကြ သူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ် အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၇) မြို့နယ်အနက် (၁၁) မြို့နယ်၌ ပဋိပက္ခကြောင့် ပြည်သူများ ဒုက္ခခံစားခဲ့ကြ ရပါတယ်။ ဒုက္ခခံစားရသည့် ပြည်သူများတွင် အမျိုးသမီး (၅၃.၈%)၊ အမျိုးသား (၄၆.၂ %) နှင့် (၁၂) နှစ်အောက် ကလေး (၄၂.၉ %) ပါ ဝင်ကြောင်း တွေ့ ရှိရသဖြင့် အဓိက ထိခိုက် ခံစားရသူများမှာ အမျိုးသမီးများနှင့် ကလေးများ သာ ဖြစ်ကြောင်းတွေ့ ရှိ ရပါတယ်။

ဒုက္ခသည်များ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လတ်တလော လိုအပ်သည့် လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်ရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်စာ အမေရိကန် ဒေါ်လာ (၆၆.၅) သန်းခန့် လိုအပ်မည်ဟု ခန့်မှန်း တွက်ချက်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည် (၇၅,၀၀၀)အတွက် စားနပ်ရိက္ခာဖိုး သက်သက်ပင်လျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ်။

ယင်းလူမှုပဋိပက္ခဖြစ်စဉ်များကြောင့် ဒုက္ခသည် (၁၁၁၀၀၀) ခန့်မှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည် သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ (၃၂) သိန်း မှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကူးသန်းရောင်းဝယ် မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းလျက်ရှိသည့် အခြေ အနေနှင့် ရင်ဆိုင်နေရပါတယ်။ ပဋိပက္ခဖြစ်စဉ် မရှိခဲ့သော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီ ကျေးရွာ အခိျု့တွင် လည်း ကူးသန်း ရောင်းဝယ်မှု ရပ်ဆိုင်းခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါ တယ်။

ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သော ရခိုင်တိုင်းရင်းသား လူငယ် အခိျု့နှင့် အစ္စလာမ် ဘာသာရေး အခြေခံ ဘင်္ဂါလီလူမျိုးအခိျု့တို့၏ အပြန်အလှန် အနှောက် အယှက် ပြုမှုများသည် ကုလသ မဂ္ဂဝန်ထမ်းများနှင့် ပရဟိတ ဝန်ထမ်းများ၏ စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေ မှုများကို နေ့စဉ်နှင့်အမျှ အနှောက်အယှက်ပြု ဟန့်တားလျက်ရှိသဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းသော အခြေအနေ သို့ ဆိုက်ရောက်လျက် ရှိပါသည်။ ယင်းသို့သော အခက်အခဲ ကြားမှပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (၄) လ ကာလအတွင်း ဆန်အိတ် (၁၀၈၀၀၀) ခန့်ကို လက်ဝယ်ရောက်ရှိအောင် ဖြန့်ဝေခဲ့ရပါတယ်။

ရခိုင်ပြည်နယ်၏ လက်ရှိ အနေအထားကို သုံးသပ်ပါက လက်ရှိဖြစ်ပွားနေသည့် လူမှုပဋိပက္ခများ၏ အကျိုးဆက် အတိဒုက္ခများအပြင် မူလကပင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ( ၄၃.၅ %) ရှိပြီး ဒုတိယ အများဆုံး ပြည်နယ် ဖြစ်နေခြင်း ၊ ၂၀၁၀ ခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်၌ ရေကြီးမှုနှင့် ဂီရိမုန်တိုင်း တိုက် ခတ် မှုခံစားရသော မြို့နယ်များမှ ဒုက္ခသည်စုစုပေါင်း (၂၈၉,၀၀၀) ခန့် ရှိနေခြင်း၊ ရခိုင်ပြည် နယ် မြောက်ပိုင်းတွင် အာဟာရခိျု့တဲ့သူ ( ၂၀၀, ၀၀၀) ခန့် ရှိနေခြင်း တို့သည် ပကတိစိန်ခေါ်မှုအဖြစ် တည် ရှိနေပါတယ်။ ခြုံငုံသုံးသပ်ပါက ရခိုင်ပြည်နယ်ရှိ ပြည်သူ (၃၂)သိန်းခန့် အနက် ပြည်သူ ( ၆ )သိန်း (၁၉%)ခန့်မှာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသည့် အခြေအနေ ဖြစ်ပါတယ်။ ယင်းဒုက္ခသည်များ အတွက် အစိုးရနှင့် ပြည်သူများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးမှ စုပေါင်း၍ ညီညီညာညာ ဝိုင်းဝန်း ဆောင်ရွက် ပေးနိုင်မှသာ ဒုက္ခသည် ( ၆ ) သိန်း ခန့်၏ အသက်ရှင် ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ အမှန်တစ်ရပ်ကို သုံးသပ်တွေ့ရှိရမည် ဖြစ်ပါတယ်။

၁၉၄၂ခုနှစ်ခန့် မှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် လူမှု ပဋိပက္ခ ဖြစ်စဉ်များမှာ စုစုပေါင်း ( ၇ )ကြိမ်ခန့်ရှိပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖြစ်စဉ်များမှာ ယခင် ဖြစ်စဉ်များထက် ပိုမို ပြင်းထန်လာပြီး သာမန်လူမှုရေးဖြစ်စဉ်များမှ နိုင်ငံရေးဖြစ်စဉ် များသို့ ကူးပြောင်းအောင် ကြိုးပမ်း လှုံ့ဆော်မှုများ ပါဝင်လာ သည် ကို တွေ့ရှိရပါတယ်။ လူမျိုးစုနှစ်စု အကြားရှိ မူလကပင်တည်ရှိနေသော လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာ စကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံလျက် လူမှုရေးတံတိုင်း ခြားနားအောင် ပိုမို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။

ယင်းကဲ့သို့ လူမျိုးစုနှစ်ခု၏ ကွဲပြားခြားနားမှုကို အခြေခံလျက် ပိုမို ကွဲပြားခြားနားအောင် တစ်ဖက်နှင့် တစ် ဖက် အသာစီး ရအောင် ကြိုတင်စီမံ လုပ်ဆောင်နေကြသဖြင့် ပဋိပက္ခ ဖြစ်စဉ်များဆီသို့ ဦးတည်စေလျက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ စင်စစ်အားဖြင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွဲပြားခြားနား သည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကိုပင် နိုင်ငံ၏ ကြွယ်ဝသော စွမ်းအား အဖြစ် ပြောင်း လဲကာ အသုံးချနေသည့် သာဓကများကို သင်ခန်းစာ ရယူရမည်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများ အနေဖြင့်မူ နိစ္စဓူဝ စားဝတ်နေရေး အဆင်ပြေရေး၊ အလုပ် အကိုင် ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက် ရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက် လိုသည့် သဘောဆန္ဒများသာ ရှိနေပြီး ပဋိပက္ခ ကြောင့် အတိဒုက္ခ ရောက်နေရသည့် အခြေ အနေ မှလွတ်မြောက်အောင် အစိုးရမှ ဆောင်ရွက် ပေးစေလိုသည့် ဆန္ဒများ ရှိနေကြောင်း တွေ့ ရှိရပါတယ်။

လူမှုပဋိပက္ခ ဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားများကို သုံးသပ်ရာတွင် သမိုင်းဖြစ်စဉ် နှင့် လူမျိုးရေးခံစားမှု၊ နိုင်ငံရေး အခြေအနေများ သာမက ပကတိမြေပြင် အခြေအနေနှင့် လူမှု စီးပွားရေးဘဝ အခြေအနေ များသည်လည်း အရင်းခံအကြောင်းတရား ဖြစ်တည်မှုများ အနေဖြင့် တွေ့ရှိရပါတယ်။ ပဋိ ပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားတွင် အောက်ပါ လူမှုစီးပွားရေး အချက်အလက် များက ပြဿနာ၏ အဓိက ရေသောက်မြစ်များ အဖြစ် တည်ရှိ နေပါတယ်-

(က) လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ အထီးကျန် သီးခြား တည်ရှိနေခြင်း။
(ခ) ဆင်းရဲနွမ်းပါးမှု မြင့်မား၍ ပညာရေးနိမ့်ကျခြင်း။
(ဂ) စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း။

စင်စစ်အားဖြင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဝ ဖြစ်ပါတယ်။ အနောက်နိုင်ငံ များနှင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်း ဒေသနှင့် လည်းကောင်း၊ အာဆီယံ နိုင်ငံများနှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂါလားဒေ့ရှ်နိုင်ငံများ နှင့် လည်းကောင်း ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းကောင်းများ ရှိနေပါတယ်။ မြန်မာနိုင်ငံသာမက တရုတ်နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်များကပါ ရခိုင်ပြည်နယ် ဆိပ်ကမ်းထွက်ပေါက်များကိုအသုံးပြုရန် စိတ်ဝင်စားမှုအပေါ် မိမိတို့က ကူးသန်း ရောင်း ဝယ်မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းတို့သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဆိပ်ကမ်းများအဖြစ် စတင် အသက်ဝင်လာတော့မည် ဖြစ်ပါတယ်။ အလားတူ သံတွဲလေ ဆိပ်၊ ကျောက်ဖြူ လေဆိပ်နှင့် စစ်တွေ လေဆိပ်များကိုလည်း နိုင်ငံတကာလေ ဆိပ် များ ဖြစ်လာအောင် အစီအမံ များချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့အ ထိ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ သွယ်တန်း ထားပြီး ၄င်းတို့နှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများ ဆောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်မှု မှာ ပြည်မနှင့် သာမကအရှေ့အနောက် ကမ္ဘာ့နိုင်ငံများ၏ စင်္ကြံလမ်းကြောင်း အဖြစ် ကူးသန်း ရောင်းဝယ်မှု ဗဟို ချက် ဖြစ်လာမည် ဖြစ်ပါတယ်။

ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါတယ်။

စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေး အဆင့်အတန်းတိုးတက်မြင့်မားအောင် ဆောင်ရွက်ပြီးစည်ပင်သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ် လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။

သို့ရာတွင် ယင်းမျှော်မှန်းချက်များ၏ အဓိကသော့ချက်မှာ တည်ငြိမ်ရေး၊ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ယင်းသည်လည်းလူမှုပဋိပက္ခများချုပ်ငြိမ်းမှသာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါ တယ်။

ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ် တည် လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်း အတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ် ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ထိတွေ့ ဆက်ဆံနေရ သည့် အားလျော်စွာ လူသားများနှင့် သက်ဆိုင်သော ကိစ္စ အရပ်ရပ်တွင် နိုင်ငံတကာစံ ချိန်စံညွှန်း နှင့်အညီ ဖြေရှင်းလိုက်နာ ဆောင်ရွက်ရန် တာဝန် ရှိနေပါတယ်။ နိုင်ငံအများအပြားက လက်ခံကျင့် သုံးလျက် ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက် နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင် ရမည် ဖြစ်ပါ တယ်။ ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့ မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး ၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင် ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေး နှင့် သဟဇာတ ဖြစ်သော လူမှုအသိုက် အဝန်း ဖြစ် ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက လူမျိုးဘာသာ မခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်နှင့် ရခိုင်ပြည်နယ် နှင့် ပြည်နယ် သူ ပြည်နယ် သားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်း များ ပေးကြပါ ရန် လေးစား စွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

Comment ရေးရန်

Rohingya Exodus