နိုင်ငံတော်သမ္မတရုံးမှအစ္စလာမ်ဘာသာဝင် အကြီးအကဲများဟု သုံးနှုန်းခဲ့ခြင်းအား ကန့်ကွက်ကြောင်း ကြေညာချက်
နိုင်ငံတော်သမ္မတရုံးမှ လိမ်လည်၍ အစ္စလာမ်ဘာသာဝင် အကြီးအကဲများဟု သုံးနှုန်းခဲ့ခြင်းအား ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်။
အတ်စ်လာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ္လာဟ် ၀ဗရကားသုဟ်
လေးစားအပ်တဲ့ မြန်မာ့ မုစ်လင်မ်လူထုကြီး ခင်ဗျာ.....
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်၊ သောကြာနေ့ ယနေ့နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုဒ်မှနေ၍ “ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ ရှင်းလင်း ပြောကြား”ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် တင
်လာပါသည်။ ထိုသတင်းတွင် နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံအရပ်ရပ်ရှိ ပြည်သူလူထုနှင့် အုပ်ချုပ်သူအာဏာပိုင်အစိုးရများ၊ ကမ္ဘာအရပ်ရပ်ရှိ အဖွဲ့အစည်းကြီး များနှင့် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်း များအား ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်စဉ်းလဲစွာဖြင့် လိမ်လည်ရန် အစ္စလာမ်ဘာသာဝင် သာမာန် မုစ်လင်မ်အချို့အား “အစ္စလာမ်ဘာသာဝင် အကြီးအကဲများ”ဟု သုံးနှုန်း ဖော်ပြခဲ့ပါသည်။ ထိုသူများအနက် ကျွန်ုပ်တို့ မြန်မာ့မုစ်လင်မ်လူထုတစ်ရပ်လုံးမှ အစ္စလာမ်ဘာသာဝင်များ၏ လူထုခေါင်းဆောင် (၀ါ) အကြီး အကဲဟု သတ်မှတ်ထားသူ မည်သူ တစ်ဦးတစ်ယောက်မှ ပါရှိခဲ့ခြင်း မရှိချေ။
ယင်းသို့ သမ္မတရုံးမှ လိမ်လည်၍ သာမာန်မုစ်လင်မ် အစ္စလာမ်ဘာသာဝင်များကို “အစ္စလာမ်ဘာသာဝင် အကြီးအကဲများ”ဟု သုံးနှုန်းခဲ့ခြင်း၏ နောက်ကွယ်တွင် ထပ်ကာထပ်ကာ လိမ်လည်ရန် အစီအစဉ်များရှိ သေးသည်ကို ကျွန်ုပ်တို့ လှမ်းမျှော်၍ မြင်နိုင်ကြပါသည်။ သို့ပါ၍ ကျွန်ုပ်တို့ မြန်မာ့မုစ်လင်မ်လူထုကြီးမှ ထိုကဲ့သို့ စစ်အာဏာရှင်ဟောင်း ဦးသိန်းစိန်နှင့် ၎င်းအစိုးရအဖွဲ့နှင့် ယနေ့တွေ့ဆုံခဲ့သော မုစ်လင်မ်များသည် ကျွန်ုပ်တို့ မြန်မာ့မုစ်လင်မ်လူထုတစ်ရပ်လုံးမှ လက်ခံ ယုံကြည်၍ ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရွေးချယ် ခန့်အပ်ထားသော ခေါင်းဆောင်များ လုံးဝ၊ လုံးဝ မဟုတ်ကြောင်းနှင့် ယင်းသို့ ရည်ရွယ်ချက်ရှိရှိ နိုင်ငံတော် သမ္မတရုံးမှ လိမ်လည်၍ “အစ္စလာမ်ဘာသာဝင် အကြီး အကဲများ”ဟု ဖော်ပြခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက် ပါကြောင်း ဤကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။
လေးစားစွာဖြင့်
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ