March 15, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ချက် (၂/၂၀၁၂)


သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေနှင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဖြစ်စေ ရန် ဆောင် ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီ အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် အောက်ပါ ကိစ္စများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

၁။ လူ့အခွင့်အရေးကိစ္စများ။

မြန်မာနိုင်ငံ အစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင် များအ တွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ ကို ပြန်လည် ဆောင် ရွက်နိုင် ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင် အတွင်း အကျဉ်း သား များ၏ လူမှုဖူလုံရေးကိစ္စများနှင့် နေရေးထိုင်ရေး ကိစ္စများကို ကူညီခွင့်ပြု သွားမည် ဖြစ် သည်။
ပြည်ထောင်စု အစိုးရအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံးခွဲ ကို မြန်မာနိုင်ငံ တွင် စတင် ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက် သွား မည် ဖြစ်ပါ သည်။
ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ်များ စာရင်း ကိုလည်း ပယ်ဖျက် ပေးထားပြီး ဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေး နိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံ တစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။

၂။ အကျဉ်းသားများကိစ္စ။
ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာအစိုးရဌာနများနှင့်အဖွဲ့အစည်းများအကြားယခုနှစ်ဒီဇင်ဘာလမကုန်မီညှိနှိုင်း ဆွေးနွေးမှု များ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်း သား များ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များကို ပြန်လည် စဉ်းစား သုံးသပ်နိုင်ရန် စီမံဆောင်ရွက် သွား မည် ဖြစ်ပါသည်။

၃။ ပဋိပက္ခများဖြေရှင်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး။
ပြည်ထောင်စုအစိုးရအနေနှင့် တာဝန်ယူသည့် အချိန်မှစတင်၍ ငြိမ်းချမ်းရေး ကိစ္စများကို အထူးအလေး ထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး ရရှိပြီး ဖြစ်သည့်အပြင် ဆက်လက်၍ နိုင်ငံရေးအရ ဆွေးနွေး မှုများ ဆောင်ရွက်သွား မည် ဖြစ်ပါ သည်။ ပြည်ထောင်စု အစိုးရအနေနှင့် ကချင် ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်စေရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက် ကြိုးပမ်း ဆောင် ရွက်သွား မည် ဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စု အစိုးရအနေ နှင့် ကောင်းမွန် သည့် အုပ်ချုပ်မှုနှင့် တိုင်းရင်း သား အခွင့်အရေးများကို ရေရှည် အာမခံချက်ပေးနိုင်ရန် နိုင်ငံရေး နည်းလမ်းများကို အသုံးပြု၍ လိုအပ် သည်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိသည့် အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ပြန မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူသွားမည်ဖြစ်ပါသည်။ ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်း စာနာ သည့် အထောက်အပံ့များ ရရှိရေးကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူလက် တွဲ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာဖြစ်စေသည့် ရင်းမြစ်များကို လည်း ကြိုး ပမ်းဖြေရှင်း သွား မည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လို အပ်သော နိုင်ငံရေး အရ ဖြေရှင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံတကာ လူသားချင်းစာနာသော အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက် ပံ့နိုင်ရန် ပြည်ထောင်စုအ စိုးရက ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

၎။ အဏုမြူမပြန့်ပွားရေး။
ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင် ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော် သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါ သည်။မြန်မာနိုင်ငံ အနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာ တွင် အဏုမြူ လက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့် ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂ လုံခြုံရေး ကောင် စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာ ဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ် ချက်ချထားပြီး ဖြစ်ပါသည်။

၅။ ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး။
ပြည်ထောင်စုအစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ် ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှု ကို မြှင့် တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားများ၏ပါဝင်မှုကို မြှင့်တင်ခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍကို မြှင့်တင် ပေးခြင်းတို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှု ရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံ ပူးပေါင်းပါဝင်သော အစီအစဉ်ဖြစ်ပါသည်။

၆။ လူကုန်ကူးမှုတိုက်ဖျက်ရေး။
ပြည်ထောင်စုအစိုးရအနေနှင့် “လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း စီမံချက် များကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါသည်။ ယင်းစီမံချက် များတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာ ပိုင်း ဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆို သွားမည်ဖြစ်ပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus