March 15, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က ပိတ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကူးသန်းသွားလာခွင့်ကို မြန်မာဘက်က ပိတ်ထားလိုက်ပြီး နယ်စပ်တွင် ဖမ်း ဆီး ခံရကာ ပျောက်ဆုံးနေသော မြန်မာစစ်သား ၃ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရှာဖွေ မပေး သည့် အတွက် ဖြစ်နိုင်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေး လုပ်ငန်းခွင်မှ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့ဝင် စစ်သား ၃ ဦးကို ဖမ်း ဆီးခေါ်ဆောင်သွားပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။

မောင်တောမြို့နယ် အောင်ဗလရွာသား လှေသမားတဦးက “ခြံစည်းရိုးလုပ်ရင်း အဖမ်းခံလိုက်ရတဲ့ တပ်က လူတွေကို ဘင်္ဂလားဘက်က ပြန်ရှာမပေးလို့ မြန်မာဘက်က ပိတ်ထားတာပါ။ ဘယ်တော့ ပြန်ဖွင့် မယ်ဆို တာ မသိဘူး။ လောလောဆယ်တော့ ကျနော်တို့ တရားမဝင်လှေတွေ ထွက်လို့မရဘူး။ တရား ဝင် နေ့ ချင်းပြန် ပတ်စ်ပို့သမားတွေကိုလည်း ပိတ်ထားတယ်လို့ ကြားပါတယ်” ဟု ပြောသည်။

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းရာ နယ်စပ်ပိတ်လိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသော်လည်း အသေးစိတ်ဖြေဆိုရန်မှု ငြင်းဆန်သွားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တရားမဝင်နှင့် တရားဝင် ကူသန်းသွားလာခွင့်ကို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဇွန်လ ၈ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး သြဂတ်လ ၂၇ ရက်နေ့တွင် နေ့ချင်းပြန် နယ်စပ် ကူးလက် မှတ်နှင့် တရားမဝင်လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ၇ ရက်သက်တမ်း နယ်စပ်ကူး လက် မှတ် ကိုမူ ယနေ့အထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့နယ်ရှိ မြစ်နားရွာသားတဦးက “အခြေအနေကတော့ ဟိုဘက်ဒီဘက် သွားလာတာတွေ မရှိဘူး။ ဘင်္ဂလားဘက်က ပိတ်ထားတာတော့ မဟုတ်ဘူး။ တာ့ခ်နာက နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိပ်ကမ်းမှာလည်း မြန်မာဘက်က လှေတွေ မရှိသလောက်ပဲ။ တရားဝင်လမ်းက ၂ စီးလောက်ပဲ ရှိတယ်” ဟု မြစ်နားရွာသားက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်သားများ ပြန်လည်ရရှိရေးအတွက် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် (BGB) တို့ ၇ ကြိမ်ထက်မ နည်း တွေ့ ဆုံ ဆွေးနွေး ခဲ့သည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ သစ်၊ နွား၊ ဝါး၊ ဆား၊ ငါး၊ ငါးခြောက်၊ သွားရည်စာ ယိုထုတ်များ၊ အဝတ်အ ထည် စသည်တို့ကို တင်သွင်းကြောင်း၊ တရားဝင်ရော မှောင်ခိုကုန်ပစ္စည်းကိုပါ ဘင်္ဂလားဒေ့ရှ်က တရားဝင် အဖြစ် လက်ခံကာ ယင်းပစ္စည်းများပေါ်တွင် အခွန်ကောက်ခံကြောင်း သိရသည်။

“သစ်တို့၊ နွားတို့ကျတော့ မြန်မာဘက်က တရားဝင် ခွင့်ပြုတာတော့ မဟုတ်ဘူး။ ကျနော်တို့ ကုန်သည်တွေ ကလည်း အလုပ်အကိုင်ရှားပါတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပေးကမ်းပြီး လာနေကြရတာပဲ။ ဘင်္ဂလားဒေ့ရှ်က ကျတော့လည်း သစ်တို့၊ နွားတို့ အပေါ်ကရတဲ့ အခွန်က အများဆုံး။ နောက်ပြီး သူတို့နိုင်ငံကို ဝင်လာတာဆိုတော့ ဘယ်လိုနည်းနဲ့လာလာ လက်ခံနေတာပေါ့” ဟု တောင်ကုတ်မှ သစ်ကုန် သည်တဦးက ပြောသည်။
 
ဧရာဝတီ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus