သမ္မတကြီး အိုဘားမား၏ မိန့်ခွန်းအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာချက်
ရက်စွဲ ၂၀၁၂ ခု၊ နိုဝင်ဘာ ၁၉ ရက်
(၁) အမေရိကန်သမ္မတကြီး မစ္စတာ ဘရက် ဟူစိန် အိုဘာမား၏ မြန်မာနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်၊ မြန်မာ ဒီမိုကရေစီရေး လမ်းစဉ်အတွက် ကမ်းလှမ်းမှုနှင့် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမတွင် မိန့်ကြား သည့် မိန့်ခွန်းတို့အား ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့မှ အားရ ကျေနပ်စွာဖြင့် ချွင်းချက်မရှိ ကြိုဆိုပါသည်။
(၂) သမ္မတကြီး၏ မိန့်ခွန်း၌ မြန်မာပြည်တွင် အရပ်သား အစိုးရ ဖွံ့ဖြိုးတိုးတက်ခိုင်မာလာရေး၊ မြန်မာ့စစ်တပ်အနေဖြင့် လည်း ပြည်သူဘက်မှ ရပ်တည်လျှက် ပြည့်သူ့စစ်တပ်ဖြစ်လာရေး၊ အသားအရောင်- အမျိုးအနွယ်၊ ဘာသာတရား ကျားမ မခွဲ လူသားချင်းကြား တန်းတူညီမျှ အခွင့်အရေး ရရှိလာရေးတို့အား ဆောင်ရွက်ချီတက်ခြင်းအားဖြင့် မြန်မာ နိုင်ငံအား ကမ္ဘာ့အလယ်တွင် ထည့်ဝါတင့်တယ်လာရန် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားချက်တို့ အတွက် လွန်စွာပင် ကျေနပ်လက်ခံလိုက်ပါသည်။
(၃) ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခမ်းသည် မြန်မာ့လွတ်လပ်ရေးအား စတင်သန္ဓေပေးရာ ဌာနေ၊ မြန်မာ့ဒီမိုက ရေစီလမ်းကြောင်းအား စတင်မျိုးစေ့ချပေးရာ ဌာနေဖြစ်သည်နှင့် အညီ- အငြင်းပွားနေသော ရခိုင်နယ်မှ မွတ်ဆလင် တို့၏ အမည်နာမ ဖြစ်သည့် “ရိုဟင်ဂျာ” ဟူသည့် ဝေါဟာရအား အမေရိကန် သမ္မတကြီးကိုယ်တိုင် စတင် ကမ္ဘာသိ စတင် ကင်းပွန်းတပ်ရာ ဌာနေ ဖြစ်ခဲ့ပြီ။- ထို့အတွက်လည်း ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့မှ လှိုက်လှဲစွာ အသိအမှတ်ပြု ကြိုဆိုလိုက်ပါသည်။
(၄) အပြစ်မဲ့ပြည်သူလူထုအား ကျူးလွန်သတ်ဖြတ်သည့် မည်သည့် ရာဇ၀တ်မှု၊ ရာဇ၀တ်ကောင် အတွက်မှ ကင်း လွတ်ခွင့် မရှိ ဟူသည့် သမ္မတကြီး အိုဘာမား၏ မိန့်ခွန်းနှင့်အညီ- ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့် အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့မှ - မြန်မာပြည်တွင်း လူသတ်၊ ကျူးလွန်ခဲ့သည့် ရာဇ၀တ်ကောင်တို့အား ကမ္ဘာ့ခုံရုံး အသီးသီးသို့ တင်ရင် ခိုင်မာစွာ သံဓိဌာန် ချမှတ်လိုက်ပါသည်။
မိုးကျော် (LA)
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ