March 15, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စကို တိတိကျကျ ကိုင်တွယ်ဖို့ အိုဘားမားကို တောင်းဆို


2012-11-14

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ထိပ်တန်းအကြံပေး အရာရှိတွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စကို တိတိကျကျ ထည့်သွင်းဆွေးနွေးဖို့ တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။


ဇူလိုင်လ ၂၄ရက်နေ့က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အောင်မြင်မှု အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် အမေရိကန် ဒီမိုကရက်တစ် သမ္မတလောင်း ဘားရက်အိုဘားမား မိန့်ခွန်းပြောနေစဉ်

အဲဒီ အစည်းအဝေးမှာ သမ္မတအိုဘားမားရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအကြံပေးအရာရှိ Samantha Power က သမ္မတ အိုဘားမားဟာ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးမှာဖြစ်တဲ့အကြောင်း ရှင်းပြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

လူ့အခွင့်အရေးကိစ္စကို ရှေ့တန်းထားဆွေးနွေးမှာအပြင် ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော် အရာရှိက လူ့အခွင့်အရေး အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ ကနေ ၂၀ ရက်နေ့အထိ ကြာမြင့်မယ့် သမ္မတအိုဘားမားရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အမေရိကန်သမ္မတတစ်ဦးရဲ့ သမိုင်းဝင် ခရီးစဉ်လည်းဖြစ်သလို အရှေ့တောင်အာရှဒေသဖက်ကို အလေးထားလာတဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲအတွက်လည်း အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောကြပါတယ်။

-RFA-

Comment ရေးရန်

Pages 22123456 »
Rohingya Exodus