March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စိစစ်ရေး လုပ်မရတဲ့ကိစ္စဘယ်လို ဖြေရှင်းမလဲ ?



ဘီဘီစီမြန်မာပိုင်း
14.11.2012

ရခိုင် ပြည်နယ် အရေး ပြဿနာကို ပြေလည် အောင် ဖြေရှင်း နိုင်စေရေး အတွက် အစိုးရ ဘက်က နည်း လမ်း ရှာ ဆောင်ရွက်တဲ့ အနေနဲ့ နိုင်ငံသား စိစစ်မှု စတင် လုပ်ဆောင် နေရာမှာ အခက် အခဲ တွေ ရင် ဆိုင် နေရပါတယ်။

ပေါက်တောမြို့နယ် အတွင်း ကျေးရွာတွေကို သွားရောက်ပြီး လူဦးရေ စာရင်း ကောက်ယူကြသူ တွေကို တခိျု့ ကျေးရွာက မွတ်ဆလင်တွေက ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ ပြဿနာ ဖြစ်နေတယ်လို့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကိုယ်စားလှယ် ကိုထွန်းအေးသိန်းက ဘီဘီစီ ကို ပြောပါတယ်။
သူသွားရောက်ခဲ့တဲ့ ကျေးရွာ ခြောက်ရွာ လောက်ရှိခဲ့ရာမှာ အများစုက နိုင်ငံသား ဆိုတဲ့ နေရာကို ဘင်္ဂါလီ လို့ ရေးသား ခဲ့ကြပေမဲ့ ကျေးရွာ တစ်ရွာမှာတော့ ရိုဟင်ဂျာလို့ မဖြည့်ရရင် လက်မှတ် မထိုး နိုင် ဘူး လို့ ငြင်းဆန် ခဲ့ကြကြောင်း ပြန်ပြောပါတယ်။

အဲဒီကျေးရွာက ပေါက်တော အမှတ် ၃ ကျေးရွာလို့ ဆိုပါတယ်၊ အဲဒီရွာက မွတ်ဆလင်တွေက နိုင်ငံသား ကဒ်ပြားလည်း မပြနိုင်၊ နိုင်ငံခြားသား ကဒ်တွေ လည်း မပြကြဘူးလို့ သူက ပြောပါတယ်။စစ်ဆေးရေး အဖွဲ့ ထဲ မှာ ပါဝင်တဲ့ မွတ်ဆလင် ရပ်မိရပ်ဖတွေကိုလည်း လက်ခံ စကား မပြောကြတဲ့ အပြင် သူတို့ ကျေး ရွာတွေ ဆီ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အခါ ရန်ပြုမယ့် အနေအထားနဲ့ ရင်ဆိုင် ခဲ့ရတယ် လို့ ကိုထွန်းအေး သိန်းက ပြောပါတယ်။

မွတ်ဆလင် ဘက်က ပြောစကား

ပေါက်တော မြို့နယ် ငှက်ချောင်း ကျေးရွာ မွတ်ဆလင် ဒုက္ခသည် စခန်းက လူတွေကတော့ သူတို့ရဲ့ မိဘ ဘိုးဘွားတွေဟာ အစဉ် အဆက် ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ကြသူတွေ ဖြစ်တာကြောင့် ဘင်္ဂါလီ လူမျိုး လို့ ရေးသား လက်မှတ် ရေးထိုးလိုက်မယ် ဆိုရင် သူတို့ဟာ အလိုလို တဘက်နိုင်ငံက ဝင်ရောက် လာတဲ့ နိုင်ငံခြားသားတွေ လို့ သတ်မှတ်ခံရမှာ ဖြစ်တယ်၊ ဒီလို အဖြစ် မခံနိုင်ဘူးလို့ ပြောကြပါတယ်။

၁၉၆၀ ခုနှစ်က အမျိုးသား လူ့အခွင့် အရေး ပါတီက ထုတ်ပေးထားတဲ့ ကဒ်ပြားထဲမှာ ရိုဟင်ဂျာ လူမျိုး လို့ ရေးသား ဖော်ပြခံရသူ တွေလည်း ရှိတယ်လို့ ဒုက္ခသည် စခန်းက မွတ်ဆလင် တစ်ယောက် က ပြော ပါ တယ်။

အဲဒီ ဒုက္ခသည် စခန်းမှာ လူပေါင်း ၈ ထောင် နီးပါး ရှိပြီး ရိုဟင်ဂျားလို့ လက်မှတ်ရှိသူ သုံးယောက် ရှိတယ်လို့ သူက ဆိုပါတယ်။ ကျန်သူတွေကတော့ သူတို့ အိုးအိမ်တွေကို မီးရှို့ တိုက်ခိုက် ခံခဲ့ရတုန်းက သူတို့ အထောက် အထား လက်မှတ်တွေ မီးလောင်တဲ့ အထဲ ပါသွား ပြီလို့ စောစောက မွတ်ဆ လင် က ပြောပါတယ်။

ဘယ်လို ရှေ့ဆက်နိုင် မလဲ

အခု လက်ရှိ ရခိုင်ပြည်နယ် အတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံ ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး တရားမဝင် နေထိုင်ကြသူတွေကို စစ်ဆေးမှု လုပ်တာဟာ အစိုးရ ဘက်က ဒီပြဿ နာ ဖြေရှင်းနိုင်ရေးမှာ တိကျ ပြတ်သားတဲ့ မူဝါဒ ချမှတ် လုပ်ဆောင်နိုင်ဖို့ စာရင်း အချက် အလက် စုဆောင်းတာ ဖြစ်တယ်လို့ ပဋိပက္ခ ဖြေရှင်းရေး ကျွမ်းကျင်သူ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
မကြာသး ခင်က ဖွင့်လှစ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဌာန တာဝန်ခံ တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးက ဒီလို အချက် အလက်တွေ ရဖို့ လူမျိုးစု စာရင်း ကောက်ခံတဲ့ နေရာမှာ မြန်မာ နိုင်ငံ မှာ တရားဝင် ပြဌာန်းထားတဲ့ လူမျိုးစုတွေထဲကပဲ ပြလို့ ရမယ်၊ မပါတဲ့ လူမျိုးစုတွေကို ထည့်သွင်း ရေးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။
မွတ်ဆလင်တွေ ဘက်က ၁၉၆၀ ခုနှစ်လောက်တုန်းက ရိုဟင်ဂျာလို့ ခေါ်တဲ့ လူမျိုးစု နာမည် တစ်ခု ဖန်တီးပြီး အဲဒီလူမျိုးစု အခွင့် အရေးကို ရခိုင်ပြည်နယ်ထဲမှာ ရဖို့ ကြိုးပမ်း လာတာ ရှိခဲ့တယ်လို့ သူ က ပြောပါတယ်။
လက်ရှိ စာရင်းကောက်ခံသူ တွေဟာ သူတို့ လုပ်ရမယ့် တာဝန်အရ တရားမဝင် နေထိုင်သူ စာရင်း ကို ကောက်ခံနေကြတာ ဖြစ်ပြီး နိုင်ငံသား ဆိုတာကို ဖန်တီး ပေးလို့ မရဘူး ဆိုတာ မွတ်ဆလင်တွေ ဘက်က လက်ခံဖို့ လိုတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus