နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တောသတင်း | ကိုယ်ရေးရာဇာဝင် စစ်ဆေးစာရင်း ပြုစုရန်ကွင်းဆင်း

RB News
7.11.2012

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ပြိုင်းတောင်အုပ်စု၊သစ်ကဲပြင်ကျေးရွာ တွင် အမျိုးသားမှတ်ပုံ တင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လ၀က) နှင့် နယ်စပ်ဒေသကွပ်ကဲရေးဦးစီးဌာန(နစက) တို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်ရှိ၊အစ္စလာမ်ဘာသာဝင်၊ရိုဟင်ဂျာလူမျိုးတွေကို ကိုယ်ရေးရာဇာဝင် စစ်ဆေး စာရင်း ပြုစုရန် ကွင်းဆင်း စာရင်းစာရင်းပြုစုခဲ့သည်။ စာရင်းရေးသားရာတွင် စစ်ဆေးစာ ရင်းပြုစုသူတို့(လ၀က၊နစက)က လူမျိုးနေရာမှာ ဘာလူမျိုးရေးရမလဲလို့ ရိုဟင်ဂျာတွေ ကို မေးသည်။ ရိုဟင်ဂျာတွေ ခေတ်အဆက်ဆက် ရှိနေလျက်ရှိသော ရိုဟင်ဂျာ လူမျိုး နဲ့ရေးသားရန်ပြောသည်။ စစ်ဆေးရေးအဖွဲ့က ရိုဟင်ဂျာနဲ့မရေးပဲ ဘင်္ဂါလီနဲ့ရေးသားပြီး ရိုဟင်ဂျာတွေကို လက်မှတ်ထိုးခိုင်းရာ ရိုဟင်ဂျာ တွေက လက်မခံပဲ လက်မှတ် မထိုးခဲ့ပါ။ စစ်ဆေးရေးအဖွဲ့ကပဲ သူတို့ကိုယ်တိုင်သူတို့ လက်မှတ်နေရာမှာ လက်မှတ်ထိုး ခဲ့ပါသည်။ ရိုဟင်ဂျာတွေ ကလည်း ဘင်္ဂါလီဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကိုပဲခေါ်လို့ရတာ၊ကျနော်တို့ ရိုဟင်ဂျာတွေ ကို ခေါ်လို့မရဘူး။ရေးသားလို့မရဘူး လို့ပြောပြီး လက်မှတ်မထိုးပဲပြန်ခဲ့ပါသည်။

ဒါပေမဲ့ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ဒုံရွာ၊လာမ်ဘာဒီယာကျေးရွာ၊ချအဲပ်ရွာဟောင်း/ရွာသစ်၊ငှက်ချောင်း  ရွာ ၊ကြက် ကြီးကျေးရွာ တို့ တွင် ရိုဟင်ဂျာနဲ့ ရေးသားပြီး လက်မှတ်လည်း ထိုးခဲ့ပါသည်။

Comment ရေးရန်

Rohingya Exodus