နောက်ဆုံးသတင်း/ဆောင်းပါးများ

အိုဘားမားအားမကျေနပ်မှုကြောင့် ရိုဟင်ဂျာများကိုအကြမ်းဖက်


RB News
21.11.2012

အမေရိကန်သမ္မတဘားရက်ဟူစိန်းအိုဘားမားရဲ့မြန်မာနိုင်ငံခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ် တစ်ခုဖြစ်ပါတယ်။ အိုဘားမားရဲ့မြန်မာပြည်သူတွေကိုပေးတဲ့မိန့်ခွန်းမှာတော့ ရိုဟင်ဂျာလူမျိုးတွေဟာ လူ တိုင်း နဲ့တူညီတဲ့ဂုဏ်သိက္ခာရှိတဲ့ အကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံကနေနှစ်စဉ်နှစ်တိုင်းထုတ်ပြန်တဲ့ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့စာတမ်းတွေမှာ ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ ဘာသာရေးလွတ်လပ်ခွင့်ပျောက် ဆုံးနေတာတွေ ကိုထည့်သွင်းအစီရင်ခံလေ့ရှိတယ်။

အိုဘားမားမြန်မာနိုင်ငံကိုမလာခင်မှာလည်းရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့အလေးထားပြီးဆွေးနွေးမယ့် အကြောင်း နိုင်ငံတကာကိုအသိပေးခဲ့တယ်။ အိုဘားမားရဲ့မိန့်ခွန်းမှာ ရိုဟင်ဂျာလူမျိုးလို့ထည့်သွင်းပြောကြား တာနဲ့ပတ်သက်ပြီး ရိုဟင်ဂျာဆိုတဲ့ဝေါဟာရကိုခါးသီးနေသူများအဖို့ အလွန်တရာစိတ်ပျက်စရာဖြစ်ခဲ့ပြီး၊ အိုဘားမားမြန်မာနိုင်ငံကနေ ထွက်ခွာသွားတာနဲ့ ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာအစွန်းရောက်တွေက နယ်မြေခံအရာရှိတွေနဲ့ပူးပေါင်းပြီး ရိုဟင်ဂျာမွတ်စလင်များရဲ့နေအိမ်များကို မီးရှို့အကြမ်းဖက်တာတွေ စတင်ပြု လုပ်ခဲ့တယ်။

နိုဝင်ဘာလ (၁၉) ရက်နေ့ည ၈ နာရီခန့်မှာ မောင်းတောမြို့တောင်ပိုင်းကူးန်နာရွာက ရိုဟင်ဂျာလူမျိုးမှာရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေကိုးလုံးမီးလောင်ကျွမ်းသွားခဲ့တယ်။ မီးလောင်ကျွမ်းနေတဲ့ အိမ်တွေကိုရိုဟင်ဂျာအမျိုးသား တွေက၀ိုင်းဝန်းငြိမ်းသတ်ဖို့ကြိုးစားတဲ့အခါ နယ်မြေခံနစကတပ်ဖွဲ့ ၀င်တွေ ကတားဆီးခဲ့တယ်။

အလားတူမီးရှို့ဖျက်ဆီးတာတွေကိုနစကနယ်မြေမှူးနဲ့ပူးပေါင်းပြီး မောင်းတောမြို့ဟွန်ဆာရာနဲ့ဇော်မတက် ရွာတွေမှာ လည်းနိုဝင်ဘာလ (၁၉) ရက်နေ့မှာညပိုင်းဆက်လက်ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုအကြမ်းဖက်မီးရှို့ မှုတွေကို နယ်မြေမှူးနဲ့ အတူဦးဆောင်ခဲ့သူတွေ ကတော့  မောင်းတောမြို့ကရခိုင် စီးပွားရေးသမား တစ် ဦးဖြစ် တဲ့ ဦးလှမြင့်၊ မြို့နယ်တရားသူကြီး ဦးခင်မောင်ရွှေနဲ့ ကြံ့ခိုင်ရေးပါတီကဦးလှထွန်းဖြူတို့ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေဖြစ်ပေါ်တဲ့အချိန်ကစပြီး ရိုဟင်ဂျာလူမျိုးတွေကမိမိတို့နေအိမ်တွေကို မိမိတို့ကိုယ်တိုင် မီးရှို့တယ်ဆိုပြီးတော့ မဟုတ်တာကိုအဟုတ် လုပ်ပြီးဝါဒဖြန့်ချီနေတဲ့မြန်မာသတင်း ဌာနတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေ စိုက် နိရဉ္စရာ သတင်းဌာနလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ယခုလည်းအိုဘားမားရဲ့မှန်ကန်တဲ့အသုံးအနှုန်းကြောင့် အဲဒီညမှာဘဲရခိုင်အကြမ်း ဖက်တွေနဲ့နယ်မြေခံ တပ်ဖွဲ့တွေပူးပေါင်းပြီး မီးရှို့ခဲ့တာကို ရိုဟင်ဂျာတွေအချင်းချင်းမီးရှို့တယ်ဆို ပြီးသတင်းမှား ထုတ်ပြန်တဲ့အ တွက် သတင်းမှန်သိရဖို့ရည်ရွယ်ပြီးတင်ပြပေးလိုက်ပါတယ်။

အိုဘားမားရဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီး RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က တတိယအကြိမ်ဖြစ်မယ်လို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာပေါ်ပေါ်တင်တင်ပြောပြီး ခြိမ်းခြောက်နေပါတယ်။ ဒီလိုခြိမ်းခြောက်ပြောဆိုရဲတဲ့ သတ္တိရှိနေတာဟာ ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရရဲ့ နောက်ကွယ်ကနေ အားပေးမှုရှိနေတာကြောင့်ဖြစ် တယ် လို့ ရိုဟင်ဂျာအရေးလေ့လာသူတွေ ကဆိုပါတယ်။

Comment ရေးရန်

Rohingya Exodus