ရိုဟင်ဂျာတို့ရဲ့ သတ္တိ
အေးမင်း (MMCRM)
RB News
13.11.2012
မြန်မာပြည်အတွင်း ဘာသာရေးခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ မတရား အနိုင်ကျင့်မှု ဒဏ်များကို နှစ်ရှည်လများ အခံစားရဆုံး လူမျိုးစုမှာ ရိုဟင်ဂျာများသည် ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂကပင် ရိုဟင်ဂျာသည် ကမ္ဘာပေါ်တွင် မရားအနိုင်ကျင့်မှု အခံရဆုံး လူမျိုးစုတစ်စု အနက်မှ ဖြစ်သည်ဟု အတည်ပြုလူသိရှင်ကြား ကြေငြာထားပေ သည်။ သို့သော် ရိုဟင်ဂျာများမှာ ဇွဲမလျှော့၊ သူတို့၏ ယုံကြည်ချက် တစ်ပြားတစ်ချပ်မှ မလျှော့ပါးခဲ့ပါ။
ရိုဟင်ဂျာတို့သည် မိမိတို့၏ အနစ်နာခံမှုအားဖြင့်--
(၁) မြန်မာ အုပ်ချုပ်ရေးခေါင်းဆောင်များသည် ကမ္ဘာပေါ်၌ လူ့ကျင့်ဝတ် လုံးဝ မရှိသော ခေါင်းဆောင်များ ဖြစ် ကြောင်းကို သော်လည်းကောင်း၊ လူ့အသင်းအဖွဲ့အား ဦးဆောင်အပ်သည့် ခေါင်း ဆောင် အင်္ဂါရပ်များနှင့် လုံးဝ မရှိသူများ အဖြစ်သော်လည်းကောင်း၊ အရှက်မရှိ ဗြောင်တိုက်လိမ်လည်တတ် သူများ ဖြစ်ကြောင်းကို သော် လည်းကောင်း- သက်သေပြလျှက် ရှိနေသည်။
(၂) မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာမှ သာသနာ့ဝန်ဆောင်ဟု နေရာယူထားသူမှ အများစုသည်- အမှန်တစ်ကယ် တွင် မေတ္တာတရား အလွန်ခေါင်းပါးပြီး မိမိနှင့် အယူမတူသူတို့အား မျိုးပြုတ်သတ်ဖြတ်ရန်သာ လိုလားလှုံ့ဆော် သူများဖြစ်ကြောင်း- သက်သေပြလျှက်ရှိသည်။
(၃) ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်သူများမှ အများစုကြီးသည်- အမှန်တရားထက် အာဏာကို သာ ပိုမိုမက်မောကြောင်း- လူများစုကြီးအား အမှန်တရားကို သွန်သင်လမ်းပြရမည့်အစား အမျိုးသားရေး မျက် ကန်းမှိုင်းကိုသာ အလိုလိုက်နေကြောင်း မွတ်ဆလင်တို့အား တစ်ဘက်သတ် မုန်းတီးရာတွင် အာဏာရှင်များ နှင့် အတူတူသာ ဖြစ်ကြောင်း- သက်သေပြလျှက်ရှိသည်။
မည်မျှပင် အင်အားကြီးစေမူ၊ ထုနှင့်ထည်နှင့် သတ်ဖြတ်ခြိမ်းချောက်စေမှု၊- ရိုဟင်ဂျာများသည်ကား လက်နက် မချ- လက်မှိုင်မချ မိမိ၏ အမှန်တရားအတွက် ဆက်လက် ချီတက်ဆဲဖြစ်တော့သည်။ သူတို့၏ အောင်ပွဲမှာ လက်တစ်ကမ်း၌သာ ရှိတော့သည်။ အောင်မြင်မှုအား မျက်ဝါးထင်ထင် တွေ့ရတော့မည်မှာလည်း သေချာနေ သည်။ ကမ္ဘာကြီးမှ လက်ပိုက်ကြည့်နေသည့် အချိန်နာရီသတ်မှတ်ချက်မှာ- ပြည့်တော့မည် ဖြစ်သည်။ လူနည်းစု ဖြစ်သော်လည်း အမှန်တရား၌- အင်အားရှိနေသည်တကား။