နောက်ဆုံးသတင်း/ဆောင်းပါးများ

RNDP မှ အကြမ်းဖက်မှုတွင် အောက်ခြေ ပါတီဝင်များ ပါဝင်ကြောင်း ၀န်ခံပြီ


RB News
13.11.2012

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် အောက်တိုဘာလတွင် ထပ်မံဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးတွင် အောက်ခြေပါတီဝင်များ ပါဝင်ခဲ့ကြောင်း နိုင်ငံတကာတွင်အကျော်ကြားဆုံးသတင်းဌာနတစ်ခုဖြစ်သည့် ရိုက်တာ (Reuters) သတင်းဌာနမှ သတင်း ထောက်များနှင့်အင်တာဗျူးတွင် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) မှအထွေထွေအတွင်းရေးမှူးဦးလှစောမှ ၀န်ခံပြောကြားခဲ့ကြောင်း နိုဝင်ဘာလ (၁၂) ရက်နေ့ထုတ် ရိုက်တာသတင်းဌာန၏ သတင်းဆောင်းပါးတွင်ရေးသား ဖော်ပြ ထားသည်။

ရိုက်တာသတင်းဌာနမှ ရေးသားထားရာတွင် ဦးလှစောသည် ၁၉၇၀ ခုနှစ်များတွင် အာဏာရှင်နေ၀င်း အစိုးရဆန့်ကျင်ပွဲ များကိုဦးဆောင်စည်း ရုံးလုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ ယခုရင်ဆိုင် ကြုံတွေ့နေရသောတိုက်ပွဲသည် ရခိုင်ပါတီတစ်ခု တည်းကိုသာကိုယ်စား ပြု၍တိုက်ခိုက်နေသော တိုက်ပွဲဖြစ်ကြောင်း၊ ယင်းပါတီသည် မွတ်စလင်များကို အကြမ်းဖက်တိုက်ခိုက်သည့် အမည်ဖြင့် ကျော်ကြားနေသည့် ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာကို ကိုယ်စားပြုသည့် ပါတီဖြစ်သည်။

RNDP အထွေထွေအတွင်းရေးမှူး ဦးလှစောမှ RNDP ပါတီဝင်များသည် လွန်ခဲ့သည့်လတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှု ကိုကြိုးကိုင်၍ဦးဆောင်ခဲ့ခြင်းမရှိဟုငြင်းဆိုခဲ့သည်။ သို့သော်လည်း အောက်ခြေပါတီဝင်များပါဝင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။ ရိုက်တာသတင်းဌာနသို့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးမှ ပြောကြားရာတွင် RNDP ပါတီသည် အကြမ်းဖက်မှုကြီးဖြစ်ပွားအောင်သွေးထိုးလှုံ့ဆော်ခဲ့သည့်အဖွဲ့များတွင်တစ်ဖွဲ့ဖြစ် ကြောင်းပြောသည်။

အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း အထောက်အထားများရရှိပါက RNDP ပါတီကိုဖျက်သိမ်းမည်ဟု သမ္မတ ဦးသိန်းစိန်မှသတိပေးထားကြောင်း ရိုက်တာသတင်းဌာနမှ RNDP ပါတီနှင့် စစ်တပ်နှစ်ဘက်စလုံးမှရရှိခဲ့ကြောင်းသိ ရသည်။ သို့သော်လည်း RNDP ပါတီအနေနှင့်ထိုသို့သတိပေးခြင်းကို ဂရုစိုက်ပုံမရဟုရိုက်တာမှရေးသားထားသည်။ ယခုလ အစောပိုင်းတွင်လည်း ဦးလှစောမှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံခဲ့သည်ဟု ရိုက်တာသို့အသိပေးခဲ့သည်။ ၀န်ကြီးဦးအောင်မင်းမှ အစိုးရအနေဖြင့်အကြမ်းဖက်မှုကြီးနှင့် မည်သည့်နိုင်ငံရေးပါတီကိုမှဆက်နွယ်ရန်ရည်ရွယ်ချက်မရှိ ကြောင်းပြောကြားခဲ့ကြောင်း ဦးလှစောမှဆိုသည်။ သို့သော်အောက်ခြေပါတီဝင်များပါဝင်ခဲ့ကြောင်းကိုဝန်ကြီးကပြောကြား ခဲ့ကြောင်းဦးလှစောမှရိုက်တာသို့ထပ်မံပြောဆိုသည်။ ရိုက်တာမှ ၀န်ကြီးဦးအောင်မင်းနှင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော် လည်းမရရှိခဲ့ပါ။

ဦးလှစောမှမိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားကြောင်း၊ သို့သော်လည်းအောက်ခြေပါတီဝင်များ ဖြစ်ပွားခဲ့သောအကြမ်း ဖက်မှုကြီးတွင်ပါဝင်နိုင်ကြောင်း၊ အိမ်တွင်းလုပ်လက်နက်များဖြင့် လူများကိုလည်းအာဏာပိုင်များမှဖမ်းဆီးထားကြောင်း၊ ထိုသူများမှာ RNDP ပါတီဝင်များဖြစ်နိုင်ကြောင်း ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

Comment ရေးရန်

Rohingya Exodus