April 27, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်စည်းမခြား ဆရာဝန်များ (MSF) ရခိုင်မှာ ခြိမ်းခြောက်ခံရ



ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို ဒေသခံတချို့က ခြိမ်းခြောက်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထားရသည်။

စစ်တွေမြို့တွင် ရခိုင် ဗုဒ္ဓဘာသာဝင်တချို့က ပိုစတာများနှင့် လက်ကမ်းစာရွက်များ ဝေငှကာ ကျန်းမာရေးလုပ်သားများကို ခြိမ်း ခြောက်နေကြောင်း၊ ဒေသခံဝန်ထမ်းများမှာ ဒုက္ခသည်စခန်းများအတွင်းသို့ သွားရောက်ပြီး လူမျိုးရေး ပဋိပက္ခအတွင်းက ဒဏ်ရာရသူများကို သွားရောက်ကုသခြင်း မပြုနိုင်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

MSF အဖွဲ့၏ မန်နေဂျာ ဂျိုးဗယ်လီဗျူး က“တဘက်နဲ့ တဘက် ဒီလောက်ရန်စောင်နေတာ တခါမှမတွေ့ဖူးဘူး၊ ဒါပေမယ့် ကျနော် တို့ ဆေးဝါး အထောက်အပံပေးတယ်ဆိုတာ နိုင်ငံရေး မဟုတ်ဖူး ဆိုတာတော့ နားလည်စေချင်တယ်”ဟု ဆိုကြောင်း New York Times သတင်းစာက ရေးသားသည်။

ယခုအခါ ဒုက္ခသည်စခန်းများ၌ ကလေးအများစုမှာ အဟာရချို့တဲ့နေပြီး၊ ငှက်ဖျားရောဂါများလည်း ဖြစ်ပွားမှုများပြားနေသည်ဟု ၎င်းကဆက်ပြောသည်။

MSF အဖွဲ့သည် မြန်မာအစိုးရ၊ အခြား ပြည်တွင်းအခြေစိုက် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့များနှင့်အတူ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ကုသမှုများကို အခမဲ့ ပေးနေသော အဖွဲ့ဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး များနှင့် မူစလင်ဘာသာ ၀င်များအကြား တဖက်နှင့် တဖက် ယုံကြည်မှုကင်းမဲ့ကာ တင်းမာနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား လူ ၃ ဦးက အဓမ္မကျင့်ပြီး ပစ္စည်းယူ၊ လူသတ်မှုမှ စတင်ခဲ့ကာ လူမျိုးရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ရသည်။

ပထမအကြိမ် အဓိကရုဏ်းများဖြစ်ပွားသည့် ဇွန်လ ပဋိပက္ခအတွင်း သေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၅၄ဦး၊ အဆောက် အအုံ ၂၂၃၀ ဆုံးရှုံးခဲ့ရသည်။

ထိုနောက် ဒုတိယအကြိမ် အောက်တိုဘာလအတွင်း ပဋိပက္ခများ တကျော့ပြန်ဖြစ်ပွားလာသည့်အတွက် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ နေအိမ် ၅၃၅၁ လုံး မီးလောင်ခဲ့ပြီးနောက် လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရသည်။

Irrawaddy News  

Comment ရေးရန်

Pages 22123456 »
Rohingya Exodus