နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၉၈၂ နိုင်ငံသားဥပဒေ ပယ်ဖျက်ပြီး အသစ်ရေးဆွဲမည့်အဆို မအောင်မြင်၊ မှတ်တမ်းအဖြစ်သာ ထားရှိ


ဘီဘီစီမြန်မာပိုင်း
6.11.2012

ယနေ့ (နိုဝင်ဘာလ ၆ရက်နေ့) တွင် ပြုလုပ်သည့်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိမြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၄)အားပယ်ဖျက်သင့်ကြောင်းအဆိုအားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးကဆွေးနွေးခြင်း၊ ပြည်ထောင်စုအ ဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။

ယင်းအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အထောက် အထား အချက်အလက် ခိုင်လုံ စွာဖြင့် ၁၉၈၂ ခုနှစ်ဥပဒေအား ပယ်ဖျက် ခြင်း မပြုဘဲ ပိုမိုခိုင်မာစေရန်သာ တိုးမြှင့်ဆောင်ရွက် သင့်ကြောင်း၊ ပြည်သူ့ဆန္ဒခံယူသင့်ကြောင်း၊ကန့်ကွက်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးဦးခင်ရီကလည်းပယ်ဖျက်ခြင်းမပြုသင့်ကြောင်း၊ ပြည်သူလူထုထံတင်ပြပြီး ရေး ဆွဲ ခဲ့သော ဥပဒေဖြစ်ကြောင်း သမိုင်းအထောက်အထား များနှင့် ပြန်လည်ရှင်းလင်း တင်ပြခဲ့ သည်။

နောက်ဆုံးတွင် ကန့်ကွက်သူများနေ၍ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိမည် ဖြစ်ကြောင်း အမျိုး သား လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ (လွတ်တော်အစည်းအဝေး)

***************************************************************************

၈၂နိုင်ငံသား ဥပဒေကို ပြန်ဆွဲဖို့ အဆို ရုပ်သိမ်း

လက်ရှိ ကျင့်သုံး နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပြီး ဥပဒေသစ် ပြန်လည် ရေးဆွဲဖို့ အမျိုးသား လွှတ်တော်မှာ တင်သွင်း ထားတဲ့ အဆိုကို အဆိုရှင်က ပြန်ရုပ်သိမ်း လိုက်ရ ပါတယ်။၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေဟာ လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်လို့ရနေတာကြောင့် အသစ် ပြန် လည် ရေးဆွဲစရာ မလိုဘူးလို့ လွှတ်တော် အမတ် အတော်များ များက ဆွေးနွေး ခဲ့တာ ဖြစ် တယ် လို့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။

အဆိုတင်သွင်း သူက အဲဒီ ဥပဒေဟာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီ ဖြစ်ပြီး ခေတ်၊ စနစ်နဲ့ မလျော်ညီ တာတွေ ရှိကြောင်း၊ အဲဒီ ဥပဒေကို လေ့လာကြည့် ရာမှာ ပြင်ဆင် ရမယ့် အချက်တွေ အများ အပြား တွေ့ ရတဲ့ အတွက် ပြန်ပြီး ပြင်ဆင် နေမယ့်အစား ဖျက်သိမ်းလိုက်ပြီး အသစ် ပြန်ဆွဲဖို့ အတွက် ကို ပြောခဲ့ တာ ဖြစ်ပါတယ်။ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ထဲက အများစုက ဒီဥပဒေ ဟာ ၁၉၄၈ နိုင်ငံ သား ဥပဒေ ရဲ့ အားနည်းချက်တွေ ကနေ သင်ခန်းစာ ယူပြီး ရေးဆွဲထား တဲ့အတွက် ပြည့်စုံ လုံလောက် နေတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေ ရေးဆွဲစဉ်က လမ်းစဉ် ပါတီခေတ် ဖြစ်လို့ အဲဒီ အထဲမှာ ပါတဲ့ အသုံးအနှုန်း တွေနဲ့ ဒဏ်ကြေးတွေ ကိုတော့ ပြင်ဖို့ လိုအပ်မယ် လို့ ပြောခဲ့ကြ ပါ တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ အရဆိုရင် ၁၉၄၈ ခုနောက်ပိုင်း မြန်မာနိုင်ငံကို ဝင်ရောက် နေ ထိုင် သူတွေကို မြေးအဆင့် တတိယ မျိုးဆက်ကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးဖို့ ပါ ဝင် နေ ပါတယ်။  

Comment ရေးရန်

Rohingya Exodus