နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာတွေကိုအစိုးရညွန်ကြားချက်အရမတရားထောင်ချနေခြင်းဖြစ်သည်ဟုပြော


TGM 
RB News 
၂၀၁၂ ဒီဇင်ဘာ ၁၉ 

အစွန်းရောက် လူမျိုးရေးနဲ့ ဗုဒ္ဓ၀ါဒီရခိုင် အကြမ်းဖက်သမားတွေက တစ်ဖက်သတ် မီးမွေးပြီး ကျူးလွန် ခဲ့တဲ့ရခိုင် ပြည်နယ်က ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုကြီးမှာ အဖမ်းခံထားရသူတွေ အားလုံးနီးပါးက ရိုဟင်ဂျာ မူဆလင်တွေဖြစ်ပါတယ်။ အဲဒီအစွန်းရောက် လူမျိုးရေးနဲ့ ဗုဒ္ဓ၀ါဒီရခိုင် အကြမ်းဖက်သမားတွေရဲ့ ရိုင်းပျစော်ကား တိုက်ခိုက်လာတာကို ခုခံမိလို့ အဖမ်းခံရ ခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ (၁၀၀၀) ကျော်ရှိ တယ်။ များသော အားဖြင့်မောင်းတောနဲ့ ရသေ့တောင်မြို့နယ်တွေက ရိုဟင်ဂျာတွေဖြစ် ပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး လူတစ်ထောင်ကျော် ဖမ်းဆီး ထားပြီးပြီ ဆိုတာက အဲဒီ အဖမ်းခံ ထားရတဲ့မူဆလင်အရေအတွက်ကိုဘဲရည်ညွှန်းခြင်းဖြစ်ပါတယ်။

မောင်းတောနဲ့ ရသေ့တောင်မြို့တွေမှာ ရခိုင်အကြမ်းဖက်သမားတွေကို ခုခံမိလို့ မပြောပလောက်အောင် ထိခိုက် ခဲ့ရတဲ့အတွက် ရိုဟင်ဂျာ ၁၀၀၀ ကျော်ကိုဖမ်းဆီး ရတယ်ဆိုရင် တောင်ကုတ်ကမူဆလင် ၁၀ ယောက်ကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှု၊၊စစ်တွေ၊ရသေ့တောင်၊ ကျောက် တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊  မြေပုံ၊ ကျောက်ဖြူစတဲ့မြို့နယ်တွေကမူဆ လင်တွေရဲ့ ရပ်ရွာတွေကိုမီးတင်ရှို့ပြီး  ထောင်သောင်း ချီတဲ့မူဆလင်တွေပြုတ်ပြုတ်ပြုန်းအောင်ခေါင်းဖြတ်၊ မီးရှို့သတ်ခဲ့မှု၊ မောင်းတော၊ ရသေ့ တောင်မြို့ နယ်တွေမှာ ရာချီရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ ကိုမုဒိန်းကျင့်မှု၊ ရိုဟင်ဂျာ များရဲ့ စည်းစိမ် ဥစ္စာတွေကို လုယက် ဖျက်ဆီးမှု စတဲ့ ကျူးလွန်မှုတွေ အတွက် ဘီလူး သဘက်ရခိုင်အကြမ်း သမား ဘယ်နှစ်ယောက် ကို ဖမ်းဆီး ထားပြီး ပြီလဲလို့ လူတွေကမေး ခွန်း ထုတ်နေကြတယ်။

ဦးသိန်းစိန်ရဲ့ ကလိမ်အစိုးရက တကယ့်ရာဇ၀င်ဇတ်ကောင်ဇတ်တူ ၀ါဒီရခိုင်အကြမ်းဖက်သမားတွေကို မဖမ်းပါဘူး။ “လူမျိုးခြား၊ ဘာသာခြားကုလားများ” ကိုသတ်ဖြတ်မှုအတွက်က ဇတ်တူဝါဒီရခိုင်တွေကိုအပြစ် မပေးနိုင်ဘူးလို့ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အတိအလင်းပြောပါတယ်။ ရခိုင် ပြည်နယ်မှာ လက်နက်ကိုင် အပါအ၀င်နဲ့ အစိုးရဌာနအားလုံးမှာ ဗုဒ္ဓဘာသာဝင် ချည်းဖြစ်နေအောင် နှစ်ပေါင်း များစွာ ကတည်းကသန့်စင်ထားပြီးဖြစ်ပါတယ်။ ဒီတရားလွန် အမျိုး သားရေးနဲ့ ဗုဒ္ဓ၀ါဒီတွေက ဘူးသီးတောင်၊ စစ်တွေထောင်တွေမှာ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ ရိုဟင်ဂျာ မူဆလင် အကျဉ်းသားတော်တော် များများကို လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ပြီး အလောင်းတွေ ကိုအစဖျောက်ပစ်ခဲ့တယ်။

အခုတော့ ကျန်ရှိနေတဲ့ မူဆလင်အကျဉ်းသားတွေကို လူစဉ်မမှီအောင် အထိနှိပ်စက်ပြီး၊ မတရားအမှုဆင် တရားစွဲပြီးတော့ မညှာမတာနှစ် ရှည်ထောင်ဒဏ်တွေ ချနေတယ်။ အဲဒီမူဆလင်တွေကိုဖမ်းတုန်းက တချို့ကိုကျောင်းမှာ အစည်းအဝေးရှိတယ် ဆိုပြီးဖိတ်စာတွေဝေတယ်။ အချို့ကိုဧည့်စာရင်းစစ်ရာမှာ ခဏ ကူညီပါ ဆိုပြီးတစ်မျိုး၊ လှည့်ဖြားပြီးခေါ်သွားပြီးတော့ ဖမ်းခဲ့တာပါ။ ပြီးတော့လမ်းမှာ၊ အလုပ်ခွင်မှာတွေ့သမျှ မူဆလင်တွေကိုလည်း သိမ်းကျုံးဖမ်းခဲ့တယ်။ (၇) နှစ်၊ (၈) နှစ်အောက် ရိုဟင်ဂျာကလေးငယ်တွေကိုပါ ဖမ်းထားတယ်။ အဲဒီလိုဖမ်းပြီးတုတ်၊ ဓါး၊ လှံစတာတွေကိုအတင်းအဓမ္မကိုင်ခိုင်း ပြီးဓါတ်ပုံရိုက်၊ ပြီးတော့ဆူပူ အကြမ်းဖက်သူတွေပါဆိုပြီးကြေညာတယ်။ အဲဒီနောက် မဟုတ်မမှန်စွပ်စွဲချက် အမျိုးမျိုးနဲ့ ပုဒ်မတွေတပ်ပြီး တရားရုံးပို့ပါတယ်။ ဘူးသီးတောင်ထောင်ကနေ ဘူးသီးတောင်တရားရုံးအ ထိခေါ်သွားတဲ့အခါမှာ အစွန်းရောက် ရခိုင်တွေနဲ့ဇတ်တူ ၀ါဒီရဲတွေက မူဆလင်အကျဉ်းသားတွေကို လူ့ဂုဏ်သိက္ခာ ညိုးနွမ်းအောင် နှိပ်စက်စော်ကား ကြတယ်။ တရားရုံးထဲထိ ၀င်ပြီး တရားသူကြီး ရဲ့ရှေ့မှောက်မှာ လူမဆန်စွာ ထိုးကြိတ်နှိပ်စက်တယ်။ ရှေ့နေငှား လည်း အလကား ဘဲဒီအတိုင်းချမှာ ဘဲလိုတရားသူကြီး ကပြောတယ်။အခုလိုမတရား ထောင်ချခံလိုက်ရတာ ရိုဟင်ဂျာ လူမျိုး ၆၃ ယောက်ရှိသွားပြီ။ အဲဒီ ၆၃ ယောက်ထဲက လတ် တလောထောင် ဒဏ်ချခံလိုက်ရတဲ့ ၂၁ ယောက် ကတော့ ---

(၁) ဦးရှာကဲရ် (ဘ) ဦးဆုလ်တာန် (၃၆ နှစ်) ရွာမ
(၂) ဦးဆယဒ်အာမတ် (ဘ) ဦးအိမာန်ရရှိဒ် (၆၄ နှစ်) ရွာမ
(၃) ဦးယာကုလ်အာလီ (ဘ) အာယုအာလီ (၄၂ နှစ်) ရွာမ
(၄) ဦးမိုဟာမတ်အာဇစ် (ဘ) ဦးယာကုလ်အာလီ (၂၀ နှစ်) ရွာမ
(၅) ဦးမာမတ်တော်ယုပ် (ဘ) ဦးယာကုလ်အာလီ (၂၂ နှစ်) ရွာမ
(၆) ဦးညီညီလွင် (ခ) ဟူးစိန်ဂျိုဟာရ် (ဘ) ဦးအာတိအုလ္လာ (၃၅ နှစ်) အမှတ် (၃) ရပ်ကွက်
(၇) ဦးမိုဟာမတ်စလင်းမ် (ဘ) ဦးအဒူလ်အာမီးန် (၃၀ နှစ်) ရွာမ
(၈) ဦးမော်ဇူအာမတ် (ဘ) ဦးရှာကဲရ်အာမတ် (၄၇ နှစ်) ရွာမ
(၉) ဦးအဒူရဟင် (ဘ) မော်လ၀ီအဒူဆာလာခ် (၂၀ နှစ်) အမှတ် (၅) ရပ်ကွက်
(၁၀) ဦးမိုဟာမတ်စလင်းမ် (ဘ) ဦးဆွေတာမောက် (၃၃ နှစ်) ရွာမ
(၁၁) ဦးမိုဟာမတ်ရော်ဖိခ် (ဘ) ဦးဆီရာဇုလ်ဟောခ် (၃၅ နှစ်) ရွာမ
(၁၂) ဦးအဗ်ဒုလ် (ခ) မာမတ်ဟာရှင် (ဘ) ဦးအာမိရ်ဟာမ်ဇာ (၅၀ နှစ်) ညောင်ချောင်း
(၁၃) ဦးကာလာမျာ (ခ) မိုဟာမတ်အစ္စလာမ် (ဘ) ဦးအဒူဆလာမ် (၆၅ နှစ်) ညောင်ချောင်း
(၁၄) ဦးအာလီအာမတ် (ဘ) ဦးအာဘုလ်ကာဆိမ်း (၄၅ နှစ်) စေတီတောင်
(၁၅) ဦးကာလာ (ခ) ဦးအာမိရ်ဟူဆောင် (ဘ) ဦးအာနူမျာ (၅၁ နှစ်) စေတီတောင်
(၁၆) ဦးနူရ်မာမတ် (ဘ) ဦးမာမတ်ဟူဆောင် (၃၅ နှစ်) စေတီတောင်
(၁၇) ဦးဂူရာဆာန် (ဘ) ဦးအာန်ဒါဟူးစိန် (၅၃ နှစ်) စေတီတောင်
(၁၈) ဦးနူရ်အာမတ် (ဘ) ဦးအီဆုပ်အာလီ (၅၈ နှစ်) စေတီတောင်
(၁၉) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးအူမော်အူဒိန် (၄၇ နှစ်) စေတီတောင်
(၂၀) ဦးမိုဟာမတ်စလင်း (ဘ) ဦးဆုလ်တန်အာမတ် (၂၇ နှစ်) စေတီတောင်
(၂၁) ဦးအစ္စမိုင်လ် (ဘ) ဦးအဘူတာလဲခ် (၅၃ နှစ်) စေတီတောင်

တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်ပြီး အပြစ်ထင်ရှား မတွေ့တဲ့ သူတွေကို ဘာကြောင့် အသား ကုန် ထောင်ဒဏ်ချ လိုက်ရတာလဲလို့ ထောင်ဒဏ်ချခံရတဲ့ သူတဦးရဲ့ဆွေမျိုး တယောက်က ဘူးသီးတောင် တရားရုံးက တရားသူကြီးကိုမေးကြည့် ပါတယ်။ တရားသူကြီး “မတရားမှန်းကျနော်လဲ သိပါတယ်။ ဒါပေ မယ့်ထောင်ဒဏ်ကို ကျနော့် သဘောနဲ့ ကျနော်ချတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် အစိုးရရဲ့ ညွန်ကြားချက် အရချနေ ရတာပါ” လို့ဖြေတယ်။ အဲဒီလိုဆိုရင် မြန်မာနိုင်ငံမှာလွတ်လပ်တဲ့ တရား စီရင်ရေးစနစ်ရှိပြီဆိုတာ ရိုဟင်ဂျာလူမျိုးတွေအတွက် အကျုံးမ၀င်ဘူး လို့ပြောရမှာပါ။

ရိုဟင်ဂျာလူမျိုးများဟာ လူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရခြင်းဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကိုပေးထားတဲ့ကတိကိုဖျက်ပြီး ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့လက်ဝါးချင်းရိုက်ပြီး ရိုဟင်ဂျာ လူမျိုးတုန်းရေးပေါ်လစီကို စနစ်တကျချမှတ်အကောင်အထည်ဖော်နေခြင်းဘဲဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus