April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင်တွင်တပ်ရင်းမှူးမှရိုဟင်ဂျာလူငယ်တစ်ဦးကိုရိုက်နှက်


M. Rafiq 
RB News 
၂၀၁၂ ဒီဇင်ဘာ ၂၀ 

ဘူးသီးတောင် ။ ။ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိတပ်ရင်း (၃၇၈) မှတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဘသန်းသည် ဘူးသီးတောင်ဈေးအတွင်းရှိ ထမင်းဆိုင်လုပ်ငန်းဖြင့်အသက်မွေးဝမ်း ကျောင်းပြုနေသော ဦးဟာဆောန်အား ဆိုင်အတွင်းသို့လာရောက်၍ ရိုက်နှက်ခဲ့ကြောင်းသတင်းရရှိပါ သည်။ 

ဦးဟာဆောန်သည်ဘူးသီးတောင်မြို့အတွင်းထမင်းဆိုင်ရောင်းပြီး၊ ၎င်း၏ယောက်ဖတော်စပ်သူမှ တပ်ရင်း မှူးဒုတိယဗိုလ်မှူးကြီးဘသန်း၏တပည့်ဖြစ်သူ တာရိခ်ထံမှငွေချေးယူထားကြောင်းသိရသည်။ ဦးဟာဆောန် ၏ယောက်ဖတော်စပ်သူမှ အချိန်မှီအတိုးမပေးနိုင်သဖြင့်၊ ငွေယူထားသူမဟုတ်သောဦးဟာဆောန် ကိုဆွေမျိုးတော်စပ်သည့်ကြောင့်လာရောက်၍ ရိုက်နှက်သွားခြင်းဖြစ်သည်။ 

“အမှန်တကယ်အဲဒီငွေတွေက တာရိခ်ဆိုတဲ့လူရဲ့ငွေမဟုတ်ဘူး။ တပ်ရင်းမှူးက တာရိခ်ကိုတပည့်ထားပြီး လုပ်စားနေတာလေ။ အဲဒီတပ်ရင်းမှူးကရခိုင်လူမျိုးပါ။ မူဆလင်ကိုလည်းအရမ်းမုန်းတယ်။ ဘူးသီးတောင်မှာ ရာဘာဆေးပြားရောင်းတဲ့ဂိုဏ်းခေါင်းဆောင်ဆိုတာ အဲဒီတပ်ရင်းမှူးဒုဗိုလ်မှူးကြီးဘသန်းပါ။” ဟုမြို့ခံ တစ်ဦးမှ RB News သို့ပြောသည်။ 

ဦးဟာဆောန်ကိုရိုက်နှက်ခဲ့သည်ကိုမြင်သူတစ်ဦးမှ “ဆိုင်ထဲကိုဝင်သွားပြီး ငါ့တပည့်တာရိခ်ဆီက မင်းယောက်ဖယူထားတဲ့ ငွေတွေရဲ့အတိုးတွေကိုတစ်ပတ်အတွင်းမပေးနိုင်ရင် ဒီလိုထိုးမယ်ဆိုပြီး ထိုးလိုက်တာ။ အဲဒီလိုထိုးပြီး မပေးရင်မင်းယောက်ဖ အိမ်ကိုငါသိမ်းမယ်လို့ခြိမ်းခြောက်သွားတယ်” ဟုပြော သည်။ 

တရားဥပဒေကိုဥပက္ခောပြု၍ ရာထူးအရှိန်အ၀ါဖြင့်ရိုက်နှက်နှိပ်စက်နေခြင်းများ ရခိုင်ပြည်နယ်တွင်နေ ထိုင်သောရိုဟင်ဂျာ မူဆလင်များအပေါ်ကျူးလွန်နေခြင်းများသည် သီးခြားဥပဒေတစ်ရပ်ကဲ့သို့ဖြစ်နေသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus